ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

 ႏုိင္ငံတကာ ေငြေၾကး ေစ်းကြက္တြင္ ကန္ေဒၚလာတန္ ဖိုးျမင့္တက္လာေသာ္လည္း အစိုး ရ႐ုံးပိတ္ရက္မ်ားေၾကာင့္ ျမန္မာ ႏုိ္င္ငံ ေငြေၾကးေစ်းကြက္တြင္ ေဒၚလာတန္ဖိုး အေျပာင္းအလဲမရွိ ေၾကာင္း စီးပြားေရးလုပ္ငန္းရွင္ အခ်ဳိ႕ ေျပာသည္။

တန္ေဆာင္တုိင္႐ုံးပိတ္ရက္ မ်ားေၾကာင့္ ျပင္ပေစ်းကြက္တြင္ ကန္ေဒၚလာ  ၀ယ္လိုအားႏွင့္ ေရာင္းလုိအား က်ဆင္းေနၿပီး ေစ်းႏႈန္းလည္း တည္ၿငိမ္ေနသည္ ဟု ျပင္ပေငြလဲလုပ္ငန္း လုပ္ကုိင္ သူတစ္ဦးက ေျပာသည္။ ႏုိ၀င္ဘာ ၁ ရက္တြင္ ျမန္မာႏုိင္ငံဗဟိုဘဏ္ ၏ ရည္ၫႊန္းေငြလဲႏႈန္းသည္ တစ္ ေဒၚလာလွ်င္ ၁,၃၆၆ က်ပ္ဟု ေဖာ္ျပထားေသာ္လည္း  ျပင္ပေစ်းကြက္တြင္ တစ္ေဒၚလာလွ်င္ ၁,၃၅၆ က်ပ္ေစ်းဖြင့္သည္။ ႏုိ၀င္ ဘာ ၄ ရက္တြင္လည္း ျပင္ပေစ်း ကြက္၌ ကန္တစ္ေဒၚလာလွ်င္ ၁,၃၅၆ က်ပ္ခန္႔ ေစ်းဖြင့္သျဖင့္ ေစ်းႏႈန္း ေျပာင္းလဲမႈမရွိေၾကာင္း ၎ကေျပာသည္။

‘‘ေဒၚလာက ႏုိင္ငံတကာမွာ လည္း တက္ေနတဲ့အတြက္ ႐ုံးဖြင့္ ရက္ေတြမွာ အေျပာင္းအလဲေတြ ျဖစ္လာႏုိင္တယ္’’ဟု စီးပြားေရး ပညာရွင္ေဒါက္တာေအာင္ကိုကို က ခန္႔မွန္းသည္။

အေမရိကန္ ဗဟိုဘဏ္က အတုိးႏႈန္း အေျပာင္းအလဲ မျပဳလုပ္ဟု ႏုိ၀င္ဘာ ၁ ရက္တြင္ ေၾက ညာခဲ့ၿပီးေနာက္ ႏုိင္ငံတကာ ေငြ ေၾကးေစ်းကြက္တြင္ ကန္ေဒၚလာ တန္ဖိုးျမင့္တက္လာသည္။ ႏုိင္ငံ တကာေငြေၾကးမ်ားႏွင့္ ကန္ေဒၚ လာလဲလွယ္ရာတြင္ ၀ ဒသမ ၁ ရာခိုင္ႏႈန္းေက်ာ္ ျမင့္တက္လာ သည္ဟု ႏုိင္ငံတကာမီဒီယာအခ်ဳိ႕ က ေဖာ္ျပၾကသည္။

ႏုိင္ငံတကာ ေငြေၾကးေစ်း ကြက္တြင္ ေဒၚလာတန္ဖိုး ျမင့္ တက္လာျခင္းက လက္ရွိအခ်ိန္ တြင္ ျပည္တြင္းေငြလဲႏႈန္းကို အ ေျပာင္းအလဲမျဖစ္ေစေသာ္လည္း မၾကာမီ ျပည္တြင္း၌ ေဒၚလာတန္ဖိုးတက္လာႏုိင္သည္ဟု စီးပြားေရးလုပ္ငန္းရွင္ အခ်ဳိ႕က ခန္႔မွန္းသည္။

ယခုရက္ပုိင္း ႏိုင္ငံတကာ ေငြလဲႏႈန္းမ်ားတြင္ ကန္ေဒၚလာ တန္ဖိုး ဆက္တုိက္ျမင့္တက္ေန ျခင္းေၾကာင့္ ကမၻာ့ေရႊေစ်းတစ္ ေအာင္စလွ်င္ ကန္ေဒၚလာ ခုနစ္ေဒၚလာခန္႔ ေစ်းက်လာသည္။ ေအာက္တိုဘာ ၃၁ ရက္တြင္ တစ္ေအာင္စလွ်င္ ၁,၂၇၆ ေဒၚလာျဖင့္ ေစ်းဖြင့္ၿပီး ႏုိ၀င္ဘာ ၄  ရက္တြင္ ၁,၂၆၅ ေဒၚလာခန္႔သို႔ က်ဆင္းလာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 နိုင်ငံတကာ ငွေကြေး ဈေးကွက်တွင် ကန်ဒေါ်လာတန် ဖိုးမြင့်တက်လာသော်လည်း အစိုး ရရုံးပိတ်ရက်များကြောင့် မြန်မာ နိုင်ငံ ငွေကြေးဈေးကွက်တွင် ဒေါ်လာတန်ဖိုး အပြောင်းအလဲမရှိ ကြောင်း စီးပွားရေးလုပ်ငန်းရှင် အချို့ ပြောသည်။

တန်ဆောင်တိုင်ရုံးပိတ်ရက် များကြောင့် ပြင်ပဈေးကွက်တွင် ကန်ဒေါ်လာ  ဝယ်လိုအားနှင့် ရောင်းလိုအား ကျဆင်းနေပြီး ဈေးနှုန်းလည်း တည်ငြိမ်နေသည် ဟု ပြင်ပငွေလဲလုပ်ငန်း လုပ်ကိုင် သူတစ်ဦးက ပြောသည်။ နိုဝင်ဘာ ၁ ရက်တွင် မြန်မာနိုင်ငံဗဟိုဘဏ် ၏ ရည်ညွှန်းငွေလဲနှုန်းသည် တစ် ဒေါ်လာလျှင် ၁,၃၆၆ ကျပ်ဟု ဖော်ပြထားသော်လည်း  ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၁,၃၅၆ ကျပ်ဈေးဖွင့်သည်။ နိုဝင် ဘာ ၄ ရက်တွင်လည်း ပြင်ပဈေး ကွက်၌ ကန်တစ်ဒေါ်လာလျှင် ၁,၃၅၆ ကျပ်ခန့် ဈေးဖွင့်သဖြင့် ဈေးနှုန်း ပြောင်းလဲမှုမရှိကြောင်း ၎င်းကပြောသည်။

‘‘ဒေါ်လာက နိုင်ငံတကာမှာ လည်း တက်နေတဲ့အတွက် ရုံးဖွင့် ရက်တွေမှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်’’ဟု စီးပွားရေး ပညာရှင်ဒေါက်တာအောင်ကိုကို က ခန့်မှန်းသည်။

အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်း အပြောင်းအလဲ မပြုလုပ်ဟု နိုဝင်ဘာ ၁ ရက်တွင် ကြေ ညာခဲ့ပြီးနောက် နိုင်ငံတကာ ငွေ ကြေးဈေးကွက်တွင် ကန်ဒေါ်လာ တန်ဖိုးမြင့်တက်လာသည်။ နိုင်ငံ တကာငွေကြေးများနှင့် ကန်ဒေါ် လာလဲလှယ်ရာတွင် ၀ ဒသမ ၁ ရာခိုင်နှုန်းကျော် မြင့်တက်လာ သည်ဟု နိုင်ငံတကာမီဒီယာအချို့ က ဖော်ပြကြသည်။

နိုင်ငံတကာ ငွေကြေးဈေး ကွက်တွင် ဒေါ်လာတန်ဖိုး မြင့် တက်လာခြင်းက လက်ရှိအချိန် တွင် ပြည်တွင်းငွေလဲနှုန်းကို အ ပြောင်းအလဲမဖြစ်စေသော်လည်း မကြာမီ ပြည်တွင်း၌ ဒေါ်လာတန်ဖိုးတက်လာနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင် အချို့က ခန့်မှန်းသည်။

ယခုရက်ပိုင်း နိုင်ငံတကာ ငွေလဲနှုန်းများတွင် ကန်ဒေါ်လာ တန်ဖိုး ဆက်တိုက်မြင့်တက်နေ ခြင်းကြောင့် ကမ္ဘာ့ရွှေဈေးတစ် အောင်စလျှင် ကန်ဒေါ်လာ ခုနစ်ဒေါ်လာခန့် ဈေးကျလာသည်။ အောက်တိုဘာ ၃၁ ရက်တွင် တစ်အောင်စလျှင် ၁,၂၇၆ ဒေါ်လာဖြင့် ဈေးဖွင့်ပြီး နိုဝင်ဘာ ၄  ရက်တွင် ၁,၂၆၅ ဒေါ်လာခန့်သို့ ကျဆင်းလာသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top