မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×

အမေ......

ဇွတ်တရွတ်နိုင်ခဲ့ တဲ့ သားက

(၁၀)တန်းမဖြေပဲ အိမ်ကထွက်ပြေးတော့

စိုးရိမ်စိတ်နဲ့  ငိုရင်းပြောတဲ့ စကား

ငါ့သား....

ကိုယ့်လမ်းကိုယ်ရွေး

ကိုယ့်ခွန်အားနဲ့ ကိုယ်တက်

လှေကားထစ်တော့ ကျော်မတက်မိစေနဲ့ 

အားငယ်စိတ်တွေ ၀င်လာတိုင်း

သားအတွက် အားဆေးတစ်ခွက်ပါ

အမေ.......


လူတိုင်မှာ အိမ်မက်ကိုယ်စီနဲ့ 

ငါ့သား....

ဘ၀အလှကို ဖန်းတီးပြီးထုဆစ်

ကိုယ့်အရည်အချင်းကိုယုံ

တစ်နေ့ မှာတော့မျှော်လင့်ချက်ကို

ငါ့သားရင်ထဲထားပြီး အသက်ရှင်

ဒီစကားလေးတွေ ပြန်ကြားမိတိုင်း

ခွန်းချိုစကားလေးတွေ တမ်းတမိတယ်

အမေ......


ကမ်းမမြင် လမ်းမမြင်နဲ့ 

ဘ၀မုန်တိုင်းကြမ်းကြမ်းကို ဖြတ်ကူး

လှေမမှောက် တက်မကျိုးရအောင်

အားကြိုးမာန်တက် စုန်ဆန်လှော်ခတ်ရင်း

လက်ပန်းကျတဲ့ ခဏမှာ

ငါ့သား....

'မဖြစ်နိုင်ဟူသောစကား ငါ့အဘိဓာန်တွင်မရှိ'

ဒီလိုလူတော်မျိုးဖြစ်အောင်ကျိုးစား

အမေ့ စကားလေး ထပ်ခါထပ်ခါပြန်ကြားယောင်ရင်း

သား သိပ်သတိရတာပဲ

အမေ.......

ဖိုးသူတော် (www.phothutaw.com)
Credit:

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top