Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အာဂ်င္တီးနားအေနာက္ေတာင္ပုိင္း၊ ရုိလန္ဒါၿမိဳ႕ေတာ္တြင္ အသက္ ၂၅ ႏွစ္အရြယ္ရွိ မာယူရီကုိေအာ္စုိလာ ဆိုတဲ့အမ်ိဳးသားက အသက္ ၉၁ ႏွစ္အရြယ္ရွိ အေဒၚအရင္းျဖစ္သူကို လက္ထပ္ယူခဲ့တယ္လို႔ သိရသည္။

မာယူရီဟာ လြန္ခဲ့တဲ့ ၈ ႏွစ္ေက်ာ္ကတည္းက မိဘေတြ အိမ္ေထာင္ကြဲခဲ့လို႔ အေဒၚျဖစ္သူနဲ႔ ေျပာင္းေရႊ႕ေန ထုိင္လာခဲ့တယ္လုိ႔ သိရပါတယ္။ အသက္ ၉၁ ႏွစ္အရြယ္အေဒၚနဲ႔ ႏွစ္ႏွစ္ေက်ာ္အတူ ေနၿပီးေနာက္မွာေတာ့ အေဒၚရဲ႕ ပုိင္ဆုိင္မႈေငြေၾကးနဲ႔ ပင္စင္လစာေတြကုိ သိမ္းပုိက္ရယူလုိတာေၾကာင့္ အေဒၚျဖစ္သူကုိ လက္ထပ္ရန္ ဆံုးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

သူတို႔ လက္ထပ္ၿပီး ၁၄ လအၾကာမွာေတာ့ ဇနီးသည္အေဒၚျဖစ္သူမွာ ကြယ္လြန္သြားခဲ့ပါတယ္။ ယင္းေနာက္ လူငယ္အမ်ိဳးသားက ဇနီးသည္ရဲ႕ ပင္စင္လစာေတြကုိ ပုိင္ဆုိင္ဖုိ႔ ႀကိဳးစားခဲ့ပါတယ္။ သို႔ေပမယ့္ မိသားစုရင္းခ်ာ ေဆြမ်ိဳးနဲ႔ အိမ္ေထာင္ျပဳၿပီး ေငြေၾကးေတြကုိ သိမ္းပုိက္ရယူဖုိ႔ႀကိဳး စားမႈကို သူတုိ႔ လူမႈအသုိင္းအဝုိင္းက လက္မခံသလုိ၊ ျပစ္တင္ေဝဖန္မႈေတြလည္းရွိခဲ့ပါတယ္။ သို႔ေသာ္ လူငယ္အမ်ိဳးသားကေတာ့ သူ႔ရဲ႕ဇနီးသည္ပုိင္ဆုိင္မႈကုိ ရယူလုိမႈနဲ႔ တရားရံုးေတာ္ ေလွ်ာက္ထားမႈေတြျပဳလုပ္ခဲ့တယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Nang May Ei
#Unicode Version#
အာဂျင်တီးနားအနောက်တောင်ပိုင်း၊ ရိုလန်ဒါမြို့တော်တွင် အသက် ၂၅ နှစ်အရွယ်ရှိ မာယူရီကိုအော်စိုလာ ဆိုတဲ့အမျိုးသားက အသက် ၉၁ နှစ်အရွယ်ရှိ အဒေါ်အရင်းဖြစ်သူကို လက်ထပ်ယူခဲ့တယ်လို့ သိရသည်။

မာယူရီဟာ လွန်ခဲ့တဲ့ ၈ နှစ်ကျော်ကတည်းက မိဘတွေ အိမ်ထောင်ကွဲခဲ့လို့ အဒေါ်ဖြစ်သူနဲ့ ပြောင်းရွှေ့နေ ထိုင်လာခဲ့တယ်လို့ သိရပါတယ်။ အသက် ၉၁ နှစ်အရွယ်အဒေါ်နဲ့ နှစ်နှစ်ကျော်အတူ နေပြီးနောက်မှာတော့ အဒေါ်ရဲ့ ပိုင်ဆိုင်မှုငွေကြေးနဲ့ ပင်စင်လစာတွေကို သိမ်းပိုက်ရယူလိုတာကြောင့် အဒေါ်ဖြစ်သူကို လက်ထပ်ရန် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ လက်ထပ်ပြီး ၁၄ လအကြာမှာတော့ ဇနီးသည်အဒေါ်ဖြစ်သူမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ယင်းနောက် လူငယ်အမျိုးသားက ဇနီးသည်ရဲ့ ပင်စင်လစာတွေကို ပိုင်ဆိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ သို့ပေမယ့် မိသားစုရင်းချာ ဆွေမျိုးနဲ့ အိမ်ထောင်ပြုပြီး ငွေကြေးတွေကို သိမ်းပိုက်ရယူဖို့ကြိုး စားမှုကို သူတို့ လူမှုအသိုင်းအဝိုင်းက လက်မခံသလို၊ ပြစ်တင်ဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်။ သို့သော် လူငယ်အမျိုးသားကတော့ သူ့ရဲ့ဇနီးသည်ပိုင်ဆိုင်မှုကို ရယူလိုမှုနဲ့ တရားရုံးတော် လျှောက်ထားမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Nang May Ei
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top