ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

လတ္တေလာ ေပၚထြက္လာတဲ့ သူတို႔ႏွစ္ဦးရဲ႕ စုံတြဲ ဓာတ္ပုံေတြ အရ ဆီလီနာနဲ႔ ဘီဘာတို႔ ႏွစ္ဦး ျပန္လည္ အဆင္ေျပေနၾကၿပီဆိုၿပီး ေျပာဆိုေနၾကပါတယ္။

ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ စက္ဘီးစီးေနတဲ့ ပုံရိပ္ေတြ အျပင္ ပရိတ္သတ္ေတြ ႐ိုက္ယူထားလိုက္တဲ့ ေရကန္ေဘးက သူတို႔ ႏွစ္ဦးရဲ႕ ဓာတ္ပုံေတြေၾကာင့္ သူတို႔ အဆင္ေျပ ေနၾကတာကို ေတြ႕ျမင္ခဲ့ၾကရတာပဲ ျဖစ္ပါတယ္။ ဒီ အေၾကာင္းေတြ ကို သူတို႔ႏွစ္ဦး အေနနဲ႔ တရားဝင္ သတင္းထုတ္ျပန္တာေတာ့ မရွိေသးပါဘူး။

ျမင္ေတြ႕ရတဲ့ ပုံရိပ္ကေတာ့ ၿပီးခဲ့တဲ့ အဂါေနၤ့က ဂ်က္စတင္ ဘီဘာ စီးေနက် အျဖဴေရာင္ Mercedes-Benz SUV ကားကို ေလာ့စ္အင္ဂ်လိစ္မွာ ရွိတဲ့ ဆီလီနာရဲ႕ အိမ္မွာ ရပ္ထားတာကို ဓာတ္ပုံ႐ိုက္ယူထားတဲ့ ဓာတ္ပုံ ပဲ ျဖစ္ပါတယ္။ အဲ့ဒီကားက ဘီဘာ အမ်ားဆုံး စီးေနက် ကားျဖစ္တယ္လို႔လည္း ဆိုပါတယ္။

သူတို႔ႏွစ္ဦးက ၂၀၁၀ ခုႏွစ္ေလာက္ကတည္းက ခ်စ္သူေတြျဖစ္ေနၾကတယ္လို႔ ဆိုေပမယ့္ တရားဝင္ ေၾကညာ အသိေပးခဲ့တာကေတာ့ ၂၀၁၁ ဇန္နဝါရီလက ျဖစ္ပါတယ္။ အခုလို သူတို႔ ျပန္လည္ အဆင္ေျပေနတဲ့အေပၚ သူတို႔ရဲ႕ ပရိတ္သတ္ေတြၾကား ေဝဖန္မႈေတြ အမ်ားအျပားရွိေနခဲ့တာလည္း ေတြ႕ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Zym(ရိုးရာေလး)
#Unicode Version#
လတ်တလော ပေါ်ထွက်လာတဲ့ သူတို့နှစ်ဦးရဲ့ စုံတွဲ ဓာတ်ပုံတွေ အရ ဆီလီနာနဲ့ ဘီဘာတို့ နှစ်ဦး ပြန်လည် အဆင်ပြေနေကြပြီဆိုပြီး ပြောဆိုနေကြပါတယ်။

ပျော်ပျော်ရွှင်ရွှင် စက်ဘီးစီးနေတဲ့ ပုံရိပ်တွေ အပြင် ပရိတ်သတ်တွေ ရိုက်ယူထားလိုက်တဲ့ ရေကန်ဘေးက သူတို့ နှစ်ဦးရဲ့ ဓာတ်ပုံတွေကြောင့် သူတို့ အဆင်ပြေ နေကြတာကို တွေ့မြင်ခဲ့ကြရတာပဲ ဖြစ်ပါတယ်။ ဒီ အကြောင်းတွေ ကို သူတို့နှစ်ဦး အနေနဲ့ တရားဝင် သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

မြင်တွေ့ရတဲ့ ပုံရိပ်ကတော့ ပြီးခဲ့တဲ့ အဂါင်္နေ့က ဂျက်စတင် ဘီဘာ စီးနေကျ အဖြူရောင် Mercedes-Benz SUV ကားကို လော့စ်အင်ဂျလိစ်မှာ ရှိတဲ့ ဆီလီနာရဲ့ အိမ်မှာ ရပ်ထားတာကို ဓာတ်ပုံရိုက်ယူထားတဲ့ ဓာတ်ပုံ ပဲ ဖြစ်ပါတယ်။ အဲ့ဒီကားက ဘီဘာ အများဆုံး စီးနေကျ ကားဖြစ်တယ်လို့လည်း ဆိုပါတယ်။

သူတို့နှစ်ဦးက ၂၀၁၀ ခုနှစ်လောက်ကတည်းက ချစ်သူတွေဖြစ်နေကြတယ်လို့ ဆိုပေမယ့် တရားဝင် ကြေညာ အသိပေးခဲ့တာကတော့ ၂၀၁၁ ဇန်နဝါရီလက ဖြစ်ပါတယ်။ အခုလို သူတို့ ပြန်လည် အဆင်ပြေနေတဲ့အပေါ် သူတို့ရဲ့ ပရိတ်သတ်တွေကြား ဝေဖန်မှုတွေ အများအပြားရှိနေခဲ့တာလည်း တွေ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Zym(ရိုးရာလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top