Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မိမိကိုယ္ကို အဆံုးစီရင္မႈႏွင့္ ပတ္သက္သည့္ အေတြးအေခၚမ်ား မွ်ေဝႏုိင္သည့္ ဝက္ဘ္ဆိုက္မ်ားကို ၿဖိဳခြင္းသြားရန္ အစီအစဉ္ ရွိေၾကာင္း ဂ်ပန္အစိုးရ အာဏာပိုင္မ်ားက အတည္ျပဳ ေျပာၾကားခဲ့သည္။

မၾကာေသးမီက လူ ၉ ဦးကို သတ္ျဖတ္ခဲ့သည့္ အမ်ိဳးသား တစ္ဦးက ၎၏ သားေကာင္မ်ားကို အဆိုပါ ဝက္ဘ္ဆိုက္မ်ားတြင္ ရွာေဖြခဲ့ေၾကာင္း ဝန္ခံ ထြက္ဆိုခဲ့သည့္ေနာက္ ယခုလို အေရးယူမႈ ျပဳလုပ္ရန္ စီစဉ္ေနျခင္း ျဖစ္သည္။

ေအာက္တိုဘာလ အတြင္းက တိုက်ိဳရွိ ဆင္ေျခဖံုး ရပ္ကြက္ တစ္ခုတြင္ တစ္စစီ ခုတ္ထစ္ ျဖတ္ေတာက္ၿပီး အေအးေပး ေသတၱာမ်ားထဲ ထည့္ထားသည့္ လူ ၉ ဦး၏ ႐ုပ္အေလာင္းမ်ားကို ရဲတပ္ဖြဲ႕က ရွာေဖြ ေတြ႕ရွိခဲ့သည္။ ထိုျဖစ္ရပ္အတြက္ အသက္ ၂၇ ႏွစ္အရြယ္ တာကာဟီ႐ို ရွီ႐ိုင္ရွီကို ရဲတပ္ဖြဲ႕က လူသတ္မႈျဖင့္ ဖမ္းဆီးခဲ့သည္။

၎က အဆံုးစီရင္မႈ အေတြးအျမင္ ဝက္ဘ္ဆိုက္မ်ားေပၚတြင္ မိမိကိုယ္ကို သတ္ေသလိုေၾကာင္း ေရးသားထားသူမ်ားကို ပစ္မွတ္ထား ဆက္သြယ္ကာ ဩဂုတ္လကုန္ပိုင္း ကတည္းက လူသတ္မႈမ်ား က်ဴးလြန္ေနခဲ့ေၾကာင္း ဝန္ခံခဲ့သည္။ ရဲတပ္ဖြဲ႕က ဦးေခါင္းျပတ္ ကိုးလံုး၊ ေျခလက္ အ႐ိုးမ်ားကို ရွီ႐ိုင္ရွီ၏ တုိက္ခန္းထဲတြင္ ေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။

ရွီ႐ိုင္ရွီက မိမိကိုယ္ကို သတ္ေသလိုသည္ ဆိုေသာ လူအမ်ားကို ၎၏ တိုက္ခန္းသို႔ လာေရာက္ရန္ ေသြးေဆာင္ စည္း႐ံုးၿပီး အဆံုးစီရင္မႈ ျဖစ္ေျမာက္ရန္ ကူညီမည္ဟု လွည့္ဖ်ားေလ့ ရွိေၾကာင္း သိရသည္။ သို႔ေသာ္ လူသတ္မႈကို ကိုယ္တုိင္ က်ဴးလြန္ျခင္း ျဖစ္သည္။

၎၏ သားေကာင္ ျဖစ္ခဲ့သူမ်ားအနက္ အထက္တန္း ေက်ာင္းသူေက်ာင္းသား ၃ ဦး ပါဝင္ၿပီး အငယ္ဆံုးမွာ အသက္ ၁၅ ႏွစ္သာ ရွိေသးသည့္ ေက်ာင္းသူ တစ္ဦး ျဖစ္သည္။ ထို႔အျပင္ အသက္ ၂၀ ဝန္းက်င္ အမ်ိဳးသမီး ၄ ဦးႏွင့္ အသက္ ၂၀ အရြယ္ အမ်ိဳးသား ၁ ဦးတို႔ ပါဝင္သည္။ သို႔ေသာ္ ေနာက္ဆံုးလက္က်န္ တစ္ဦးမွာ မိမိကိုယ္ကို ေသေၾကာင္းႀကံလိုသူ မဟုတ္ဘဲ အမ်ိဳးသမီးကိစၥ စကားမ်ားရာမွ ရွီ႐ိုင္ရွီ၏ သတ္ျဖတ္မႈ ခံခဲ့ရသူ ျဖစ္သည္။

ရဲတပ္ဖြဲ႕သည္ မိန္းကေလးငယ္ တစ္ဦးႏွင့္ ပတ္သက္သည့္ လူေပ်ာက္တိုင္ခ်က္ေၾကာင့္ စံုစမ္းရာမွ ရွီ႐ိုင္ရွိ ေနထိုင္ရာ တိုက္ခန္း အနီးတြင္ ေနာက္ဆံုး ေတြ႕ျမင္လုိက္ရေၾကာင္း ေျခရာခံ ေဖာ္ထုတ္လာႏုိင္ခဲ့သည္။ ယင္းႏွင့္ ဆက္စပ္၍ ပတ္ဝန္းက်င္ကို စစ္ေဆးရာမွ မသကၤာဖြယ္ အနံ႔မ်ား ရရွိဖူးေၾကာင္း အိမ္နီးခ်င္းမ်ားက တိုင္ေတာ ေျပာဆိုသည့္ တိုက္ခန္းကို ရွာေဖြရန္ ဆံုးျဖတ္ခဲ့ၾကျခင္း ျဖစ္သည္။

ဂ်ပန္တြင္ မိမိကိုယ္ကို ေသေၾကာင္းႀကံလိုသူမ်ားအတြက္ ဝက္ဘ္ဆုိက္မ်ား၊ လူမႈကြန္ရက္ အုပ္စုမ်ား ရွိေနၿပီး ေသေၾကာင္းႀကံစည္လိုသည့္ အေျခခံ အေၾကာင္းအရာမ်ား၊ ျဖစ္ေျမာက္ေအာင္ျမင္ေစမည့္ အႀကံေပးမႈမ်ားကို မွ်ေဝေလ့ ရွိသည္။

တိုက်ိဳတြင္ အေျခစိုက္သည့္ ေသေၾကာင္းႀကံစည္မႈ တားဆီးေရး စင္တာမွ အႀကီးအကဲျဖစ္သူ တို႐ူ အီဂါဝါက အင္တာနက္ေၾကာင့္ လူငယ္မ်ား ႀကံဳေနရသည့္ စိတ္ဓာတ္က်ဖြယ္ အေျခအေနမ်ားကို မွားယြင္းေသာ ထြက္ေပါက္ဆီ ဦးတည္သြားမည့္ အေျခအေနကို ပိုမို ဆိုးရြားေစေၾကာင္း ေဝဖန္ခဲ့သည္။

ယခုအခါ ဂ်ပန္ အစိုးရအဖြဲ႕ အတြင္းေရးမွဴးခ်ဳပ္ ယိုရွီဟီဒီ ဆူဂါက ေသေၾကာင္းႀကံစည္မႈ ဝက္ဘ္ဆိုက္မ်ားကို ဖယ္ရွား အေရးယူရန္အတြက္ လိုအပ္ေသာ ဥပေဒေရးရာ စီစဉ္ ျပ႒ာန္းမႈမ်ား ျပဳလုပ္ရန္ သက္ဆိုင္ရာ ဝန္ႀကီးဌာနမ်ားကို ညႊန္ၾကားထားသည္။ ဂ်ပန္တြင္ ယင္းျပႆနာႏွင့္ ပတ္သက္၍ အာဏာပိုင္မ်ားက ေျဖရွင္းႏုိင္ရန္ ကာလရွည္ၾကာ ႀကိဳးစားေနခဲ့ေသာ္လည္း ထိေရာက္သည့္ ေအာင္ျမင္မႈမ်ားႏွင့္ ေဝးကြာေနဆဲ ျဖစ္သည္။

ကမာၻ႕က်န္းမာေရး အဖြဲ႕ႀကီး (WHO)၏ စစ္တမ္းအရ ၂၀၁၅ ခုႏွစ္၌ ဂ်ပန္တြင္ လူတစ္သိန္းရွိတိုင္း ပ်မ္းမွ် ေသေၾကာင္းႀကံသူဦးေရ ၁၉.၇ ဦးရွိေၾကာင္း သိရသည္။ သို႔ေသာ္ ဖြံ႕ၿဖိဳးၿပီး ႏိုင္ငံမ်ားတြင္ ဂ်ပန္၏ ေသေၾကာင္းႀကံစည္မႈ အေရအတြက္မွာ အျမင့္ဆံုး မဟုတ္ေသးေခ်။ ေတာင္ကိုရီးယားတြင္ လူတစ္သိန္း၌ ေသေၾကာင္းႀကံသူ ၂၈.၃ ဦးရွိေၾကာင္း WHO၏ ထုတ္ျပန္ခ်က္၌ ေဖာ္ျပပါရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
 မိမိကိုယ်ကို အဆုံးစီရင်မှုနှင့် ပတ်သက်သည့် အတွေးအခေါ်များ မျှဝေနိုင်သည့် ဝက်ဘ်ဆိုက်များကို ဖြိုခွင်းသွားရန် အစီအစဉ် ရှိကြောင်း ဂျပန်အစိုးရ အာဏာပိုင်များက အတည်ပြု ပြောကြားခဲ့သည်။

မကြာသေးမီက လူ ၉ ဦးကို သတ်ဖြတ်ခဲ့သည့် အမျိုးသား တစ်ဦးက ၎င်း၏ သားကောင်များကို အဆိုပါ ဝက်ဘ်ဆိုက်များတွင် ရှာဖွေခဲ့ကြောင်း ဝန်ခံ ထွက်ဆိုခဲ့သည့်နောက် ယခုလို အရေးယူမှု ပြုလုပ်ရန် စီစဉ်နေခြင်း ဖြစ်သည်။

အောက်တိုဘာလ အတွင်းက တိုကျိုရှိ ဆင်ခြေဖုံး ရပ်ကွက် တစ်ခုတွင် တစ်စစီ ခုတ်ထစ် ဖြတ်တောက်ပြီး အအေးပေး သေတ္တာများထဲ ထည့်ထားသည့် လူ ၉ ဦး၏ ရုပ်အလောင်းများကို ရဲတပ်ဖွဲ့က ရှာဖွေ တွေ့ရှိခဲ့သည်။ ထိုဖြစ်ရပ်အတွက် အသက် ၂၇ နှစ်အရွယ် တာကာဟီရို ရှီရိုင်ရှီကို ရဲတပ်ဖွဲ့က လူသတ်မှုဖြင့် ဖမ်းဆီးခဲ့သည်။

၎င်းက အဆုံးစီရင်မှု အတွေးအမြင် ဝက်ဘ်ဆိုက်များပေါ်တွင် မိမိကိုယ်ကို သတ်သေလိုကြောင်း ရေးသားထားသူများကို ပစ်မှတ်ထား ဆက်သွယ်ကာ ဩဂုတ်လကုန်ပိုင်း ကတည်းက လူသတ်မှုများ ကျူးလွန်နေခဲ့ကြောင်း ဝန်ခံခဲ့သည်။ ရဲတပ်ဖွဲ့က ဦးခေါင်းပြတ် ကိုးလုံး၊ ခြေလက် အရိုးများကို ရှီရိုင်ရှီ၏ တိုက်ခန်းထဲတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ရှီရိုင်ရှီက မိမိကိုယ်ကို သတ်သေလိုသည် ဆိုသော လူအများကို ၎င်း၏ တိုက်ခန်းသို့ လာရောက်ရန် သွေးဆောင် စည်းရုံးပြီး အဆုံးစီရင်မှု ဖြစ်မြောက်ရန် ကူညီမည်ဟု လှည့်ဖျားလေ့ ရှိကြောင်း သိရသည်။ သို့သော် လူသတ်မှုကို ကိုယ်တိုင် ကျူးလွန်ခြင်း ဖြစ်သည်။

၎င်း၏ သားကောင် ဖြစ်ခဲ့သူများအနက် အထက်တန်း ကျောင်းသူကျောင်းသား ၃ ဦး ပါဝင်ပြီး အငယ်ဆုံးမှာ အသက် ၁၅ နှစ်သာ ရှိသေးသည့် ကျောင်းသူ တစ်ဦး ဖြစ်သည်။ ထို့အပြင် အသက် ၂၀ ဝန်းကျင် အမျိုးသမီး ၄ ဦးနှင့် အသက် ၂၀ အရွယ် အမျိုးသား ၁ ဦးတို့ ပါဝင်သည်။ သို့သော် နောက်ဆုံးလက်ကျန် တစ်ဦးမှာ မိမိကိုယ်ကို သေကြောင်းကြံလိုသူ မဟုတ်ဘဲ အမျိုးသမီးကိစ္စ စကားများရာမှ ရှီရိုင်ရှီ၏ သတ်ဖြတ်မှု ခံခဲ့ရသူ ဖြစ်သည်။

ရဲတပ်ဖွဲ့သည် မိန်းကလေးငယ် တစ်ဦးနှင့် ပတ်သက်သည့် လူပျောက်တိုင်ချက်ကြောင့် စုံစမ်းရာမှ ရှီရိုင်ရှိ နေထိုင်ရာ တိုက်ခန်း အနီးတွင် နောက်ဆုံး တွေ့မြင်လိုက်ရကြောင်း ခြေရာခံ ဖော်ထုတ်လာနိုင်ခဲ့သည်။ ယင်းနှင့် ဆက်စပ်၍ ပတ်ဝန်းကျင်ကို စစ်ဆေးရာမှ မသင်္ကာဖွယ် အနံ့များ ရရှိဖူးကြောင်း အိမ်နီးချင်းများက တိုင်တော ပြောဆိုသည့် တိုက်ခန်းကို ရှာဖွေရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ဂျပန်တွင် မိမိကိုယ်ကို သေကြောင်းကြံလိုသူများအတွက် ဝက်ဘ်ဆိုက်များ၊ လူမှုကွန်ရက် အုပ်စုများ ရှိနေပြီး သေကြောင်းကြံစည်လိုသည့် အခြေခံ အကြောင်းအရာများ၊ ဖြစ်မြောက်အောင်မြင်စေမည့် အကြံပေးမှုများကို မျှဝေလေ့ ရှိသည်။

တိုကျိုတွင် အခြေစိုက်သည့် သေကြောင်းကြံစည်မှု တားဆီးရေး စင်တာမှ အကြီးအကဲဖြစ်သူ တိုရူ အီဂါဝါက အင်တာနက်ကြောင့် လူငယ်များ ကြုံနေရသည့် စိတ်ဓာတ်ကျဖွယ် အခြေအနေများကို မှားယွင်းသော ထွက်ပေါက်ဆီ ဦးတည်သွားမည့် အခြေအနေကို ပိုမို ဆိုးရွားစေကြောင်း ဝေဖန်ခဲ့သည်။

ယခုအခါ ဂျပန် အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ယိုရှီဟီဒီ ဆူဂါက သေကြောင်းကြံစည်မှု ဝက်ဘ်ဆိုက်များကို ဖယ်ရှား အရေးယူရန်အတွက် လိုအပ်သော ဥပဒေရေးရာ စီစဉ် ပြဋ္ဌာန်းမှုများ ပြုလုပ်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများကို ညွှန်ကြားထားသည်။ ဂျပန်တွင် ယင်းပြဿနာနှင့် ပတ်သက်၍ အာဏာပိုင်များက ဖြေရှင်းနိုင်ရန် ကာလရှည်ကြာ ကြိုးစားနေခဲ့သော်လည်း ထိရောက်သည့် အောင်မြင်မှုများနှင့် ဝေးကွာနေဆဲ ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)၏ စစ်တမ်းအရ ၂၀၁၅ ခုနှစ်၌ ဂျပန်တွင် လူတစ်သိန်းရှိတိုင်း ပျမ်းမျှ သေကြောင်းကြံသူဦးရေ ၁၉.၇ ဦးရှိကြောင်း သိရသည်။ သို့သော် ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ဂျပန်၏ သေကြောင်းကြံစည်မှု အရေအတွက်မှာ အမြင့်ဆုံး မဟုတ်သေးချေ။ တောင်ကိုရီးယားတွင် လူတစ်သိန်း၌ သေကြောင်းကြံသူ ၂၈.၃ ဦးရှိကြောင်း WHO၏ ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top