Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

လုပ္ငန္းခြင္ထဲမွာ ဘယ္ေလာက္ပဲ ပင္ပန္းခဲ႔၊ ပင္ပန္းခဲ႔ ကိုယ္႔အိပ္ခန္းထဲျပန္ေရာက္ရင္ ခံစားရတဲ႔ လံုျခံဳမႈ၊ ေႏြးေထြးမႈကို မိန္းကေလးတိုင္း ခံစားဖူးၾကမွာပါ။

အိပ္ခန္းဆိုတာ တစ္အိမ္လံုးမွာ ကိုယ္႔အတြက္ အေရးအႀကီးဆံုး ေနရာပါ။ လုပ္ငန္းခြင္ထဲမွာ ဘယ္ေလာက္ပဲ ပင္ပန္းခဲ႔၊ ပင္ပန္းခဲ႔ ကိုယ္႔အိပ္ခန္းထဲျပန္ေရာက္ရင္ ခံစားရတဲ႔ လံုျခံဳမႈ၊ ေႏြးေထြးမႈကို မိန္းကေလးတိုင္း ခံစားဖူးၾကမွာပါ။ ေနာက္ၿပီး အိပ္ခန္းဆိုတာ ကိုယ္႔ရဲ႕ကိုယ္ပိုင္ေနရာ (private space) ပါ။

အသဲကြဲလို႔ပဲေအာ္ငိုငို၊ သီခ်င္းအက်ယ္ႀကီးဖြင္႔ၿပီး ေအာ္ဆိုဆို၊ သူငယ္ခ်င္းေတြနဲ႔ပဲ ဗီဒီယိုခ်က္တင္ ထိုင္ထိုင္... မိမိစိတ္ထင္တိုင္း က်ဲလို႔ရတဲ႔ ေနရာေလးေတြပါ။ ဒီလိုေနရာေလးေတြ သက္ေတာင္႔သက္သာရွိေနေအာင္ ဖန္တီးရမွာက ကိုယ္႔တာဝန္ပါ။ မိမိအိပ္ခန္းေလးေတြ သက္ေတာင္႔သက္သာ ရွိေနေစဖို႔ ထားရွိသင္႔တဲ႔ ပစၥည္းေလးေတြကေတာ႔...

၁။ အေမႊးပြေစာင္ေလးေတြ

ကိုယ္အႀကိဳက္ဆံုး တီဗီစီးရီး (Supernatural, Game of thrones, Running Man., etc) ေလးေတြကို ေမႊးပြေစာင္ေလးေတြၾကားမွာ ဝင္ေခြရင္း ၾကည္႔ရတာေလာက္ ဇိမ္က်တဲ႔ ခံစားခ်က္ ရွိပါဦးမလား။ အျပင္မွာ ရာသီဥတု ပူေနရင္ေတာင္ အဲလ္ကြန္းေလးဖြင္႔ၿပီး ေမႊးပြေစာင္ၾကားမွာ ဝင္ေခြေနရတာ သိပ္ေကာင္းတဲ႔ ခံစားခ်က္ပါ။

၂။ ေခါင္းအံုးေပ်ာ႔ေလးေတြ

ဆီလီကြန္တို႔၊ ေဖာ႔တို႔နဲ႔ ျပဳလုပ္ထားတဲ႔ ေခါင္းအုံးေတြထက္ မႈိ႕ေခါင္းအံုးတို႔၊ ငွက္ေမႊးေခါင္းအံုးတို႔က ပိုမိုႏူးညံ႕ၿပီး အိပ္လို႔လည္းေကာင္းပါတယ္။ ေနာက္ၿပီး ေခါင္းအံုးေပ်ာ႔ေလးေတြဆိုတာ ပိုတယ္ရယ္လို႔ မရွိပါဘူး။ အိပ္ယာေပၚမွာ ေလး၊ ငါး၊ ေျခာက္လံုးသာ ဝယ္ထားလိုက္ပါ။

၃။ ေမြ႕ယာေကာင္းေကာင္း

ေခါင္းအံုးေပ်ာ႔ေတြ၊ ေမႊးပြေစာင္ေတြရွိၿပီး ေမြ႕ယာေကာင္းေကာင္းမရွိရင္ ဘာလုပ္မလဲ။ တကယ္ေတာ႔ အလုပ္က ပင္ပင္ပန္းပန္း ျပန္လာၿပီးခ်ိန္မွာ ေရျမွဳပ္ေမြ႕ယာအိအိေလးေပၚမွာ ပစ္လွဲခ်လိုက္ရတာေလာက္ ေကာင္းတဲ႔ခံစားခ်က္ မရွိပါဘူး။ ေရျမွဳပ္ေမြ႕ယာ၊ စပရိန္ေမြ႕ယာ စသည္ျဖင္႔ မိမိႏွစ္သက္ရာကိုလည္း ေရြးခ်ယ္လို႔ရပါေသးတယ္။ ကိုယ္႔ idol (သို႔) အႀကိဳက္ဆံုး anime ဇာတ္ေကာင္တစ္ေယာက္ပါတဲ႔ အိပ္ယာခင္းနဲ႔ တြဲဖက္လိုက္ရင္ ၿပီးျပည္႔စံုသြားၿပီေပါ႔။

၄။ ေမႊးပြေကာ္ေဇာ

တစ္ညလံုး အဲလ္ကြန္းဖြင္႔ထားလို႔ ေအးစက္ေနတဲ႔ ၾကမ္းျပင္ေပၚကို မနက္မိုးလင္းခ်ိန္မွာ ေျခဗလာနဲ႔ နင္းလိုက္ရတဲ႔ ဖီးလ္က "ဘယ္လိုေျပာရမလဲ မသိဘူးေနာ္" ျဖစ္သြားမွာေပါ႔။ တကယ္ေတာ႔ ၾကမ္းျပင္ေပၚမွာ ေကာ္ေဇာ (သို႔) ၾကမ္းျခင္းတစ္ခုခု ခင္းထားဖို႔က သက္ေတာင္႔သက္သာရွိေစဖို႔ တစ္ခုတည္းအတြက္ မဟုတ္ဘဲ က်န္းမာေရးအတြက္လည္း လိုအပ္ပါတယ္။ အေကာင္းဆံုးကေတာ႔ နင္းလိုက္တာနဲ႔ မိမိေျခဖဝါးကို ႏူးညံ႕တဲ႔ အထိအေတြ႕ေပးမယ္႔ ေမႊးပြေကာ္ေဇာပါပဲ။

၅။ နံရံကပ္စကၠဴေတြ

အခန္းအလွဆင္ျခင္း (room decoration) ပညာရပ္ဟာ ႏိုင္ငံျခားမွာေတာ႔ လစာေကာင္းေကာင္းရတဲ႔ အလုပ္အကိုင္တစ္ခုပါ။ တကယ္တမ္းမွာလည္း ကိုယ္ညအိပ္မယ္႔အခန္းေလးကို ဝင္လိုက္တာနဲ႔ စိတ္ခ်မ္းသာေအာင္ အလွဆင္ထားျခင္းဟာ လုပ္ရည္ကိုင္ရည္တိုးတက္ေစဖို႔လည္း အေထာက္အကူျပဳႏိုင္ပါတယ္။ ကိုယ္က စိတ္ခဏခဏ ေျပာင္းတတ္သူဆိုရင္ နံရံကို ေဆးမသုတ္ဘဲ နံရံကပ္စကၠဴလွလွေလးေတြ ကပ္ၿပီး အလွဆင္ႏိုင္ပါတယ္။

၆။ မီးႀကိဳးတန္းေလးေတြ

သမရိုးက် မီးေခ်ာင္ႀကီးေတြ၊ မီးလံုးေတြ တပ္ရတာ ပ်င္းဖို႔မေကာင္းဘူးလား။ ဒါဆိုရင္ေတာ႔ အခန္းမ်က္ႏွာက်က္ေပၚမွာ ခရစၥမတ္ မီးႀကိဳးတန္းဆန္ဆန္ မီးႀကိဳးတန္းေလးေတြကို တပ္ဆင္ထားၿပီး အလွဆင္ႏိုင္ပါတယ္။ ေနာက္ၿပီး သူ႕ဆီကထြက္တဲ႔ အလင္းေရာင္ေလးေတြကလည္း ေႏြးေထြးေဖ်ာ႔ေတာ႔ၿပီး လူကို သက္ေတာင္႔သက္သာရွိေစမွာပါ။

၇။ ေမႊးရနံ႕ထုတ္တဲ႔ စက္ေလးေတြ

Fragrance Diffuser လို႔ေခၚတဲ႔ ေမႊးရနံ႕ထုတ္စက္ေလးေတြဟာ အခန္းထဲမွာ ေမႊးရနံ႕ေလးသင္းပ်ံ႕ၿပီး သက္ေတာင္႔သက္သာ ရွိေနေစဖို႔အတြက္ အေကာင္းဆံုးေရြးခ်ယ္မႈပါပဲ။ ယေန႔ေခတ္မွာ ေမႊးရနံ႕ထုတ္စက္ အမ်ိဳးမ်ိဳးကို ေရြးခ်ယ္ႏိုင္ပါတယ္။ Essential oil (ပန္းဆီ) ေလးေတြကို ေရာၿပီးထုတ္တဲ႔ စက္ေလးေတြ၊ ပလပ္ေပါက္မွာ ထိုးထားရတဲ႔ စက္ေလးေတြ၊ ဖေယာင္းကို အပူေပးရတဲ႔ စက္ေလးေတြ၊ ေကာ္ဖီေစ႔ထည္႔ထားၿပီး အပူေပးလိုက္ရင္ အနံ႕ထြက္တဲ႔ စက္ေလးေတြ စသည္ျဖင္႔ေပါ႔။ မိမိႏွစ္သက္ရာကို ေရြးခ်ယ္ၿပီး အခန္းေလး သက္ေတာင္႔သက္သာျဖစ္ေနေအာင္ ဖန္တီးႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
လုပ်ငန်းခွင်ထဲမှာ ဘယ်လောက်ပဲ ပင်ပန်းခဲ့၊ ပင်ပန်းခဲ့ ကိုယ့်အိပ်ခန်းထဲပြန်ရောက်ရင် ခံစားရတဲ့ လုံခြုံမှု၊ နွေးထွေးမှုကို မိန်းကလေးတိုင်း ခံစားဖူးကြမှာပါ။

အိပ်ခန်းဆိုတာ တစ်အိမ်လုံးမှာ ကိုယ့်အတွက် အရေးအကြီးဆုံး နေရာပါ။ လုပ်ငန်းခွင်ထဲမှာ ဘယ်လောက်ပဲ ပင်ပန်းခဲ့၊ ပင်ပန်းခဲ့ ကိုယ့်အိပ်ခန်းထဲပြန်ရောက်ရင် ခံစားရတဲ့ လုံခြုံမှု၊ နွေးထွေးမှုကို မိန်းကလေးတိုင်း ခံစားဖူးကြမှာပါ။ နောက်ပြီး အိပ်ခန်းဆိုတာ ကိုယ့်ရဲ့ကိုယ်ပိုင်နေရာ (private space) ပါ။

အသဲကွဲလို့ပဲအော်ငိုငို၊ သီချင်းအကျယ်ကြီးဖွင့်ပြီး အော်ဆိုဆို၊ သူငယ်ချင်းတွေနဲ့ပဲ ဗီဒီယိုချက်တင် ထိုင်ထိုင်... မိမိစိတ်ထင်တိုင်း ကျဲလို့ရတဲ့ နေရာလေးတွေပါ။ ဒီလိုနေရာလေးတွေ သက်တောင့်သက်သာရှိနေအောင် ဖန်တီးရမှာက ကိုယ့်တာဝန်ပါ။ မိမိအိပ်ခန်းလေးတွေ သက်တောင့်သက်သာ ရှိနေစေဖို့ ထားရှိသင့်တဲ့ ပစ္စည်းလေးတွေကတော့...

၁။ အမွှေးပွစောင်လေးတွေ

ကိုယ်အကြိုက်ဆုံး တီဗီစီးရီး (Supernatural, Game of thrones, Running Man., etc) လေးတွေကို မွှေးပွစောင်လေးတွေကြားမှာ ဝင်ခွေရင်း ကြည့်ရတာလောက် ဇိမ်ကျတဲ့ ခံစားချက် ရှိပါဦးမလား။ အပြင်မှာ ရာသီဥတု ပူနေရင်တောင် အဲလ်ကွန်းလေးဖွင့်ပြီး မွှေးပွစောင်ကြားမှာ ဝင်ခွေနေရတာ သိပ်ကောင်းတဲ့ ခံစားချက်ပါ။

၂။ ခေါင်းအုံးပျော့လေးတွေ

ဆီလီကွန်တို့၊ ဖော့တို့နဲ့ ပြုလုပ်ထားတဲ့ ခေါင်းအုံးတွေထက် မှို့ခေါင်းအုံးတို့၊ ငှက်မွှေးခေါင်းအုံးတို့က ပိုမိုနူးညံ့ပြီး အိပ်လို့လည်းကောင်းပါတယ်။ နောက်ပြီး ခေါင်းအုံးပျော့လေးတွေဆိုတာ ပိုတယ်ရယ်လို့ မရှိပါဘူး။ အိပ်ယာပေါ်မှာ လေး၊ ငါး၊ ခြောက်လုံးသာ ဝယ်ထားလိုက်ပါ။

၃။ မွေ့ယာကောင်းကောင်း

ခေါင်းအုံးပျော့တွေ၊ မွှေးပွစောင်တွေရှိပြီး မွေ့ယာကောင်းကောင်းမရှိရင် ဘာလုပ်မလဲ။ တကယ်တော့ အလုပ်က ပင်ပင်ပန်းပန်း ပြန်လာပြီးချိန်မှာ ရေမြှုပ်မွေ့ယာအိအိလေးပေါ်မှာ ပစ်လှဲချလိုက်ရတာလောက် ကောင်းတဲ့ခံစားချက် မရှိပါဘူး။ ရေမြှုပ်မွေ့ယာ၊ စပရိန်မွေ့ယာ စသည်ဖြင့် မိမိနှစ်သက်ရာကိုလည်း ရွေးချယ်လို့ရပါသေးတယ်။ ကိုယ့် idol (သို့) အကြိုက်ဆုံး anime ဇာတ်ကောင်တစ်ယောက်ပါတဲ့ အိပ်ယာခင်းနဲ့ တွဲဖက်လိုက်ရင် ပြီးပြည့်စုံသွားပြီပေါ့။

၄။ မွှေးပွကော်ဇော

တစ်ညလုံး အဲလ်ကွန်းဖွင့်ထားလို့ အေးစက်နေတဲ့ ကြမ်းပြင်ပေါ်ကို မနက်မိုးလင်းချိန်မှာ ခြေဗလာနဲ့ နင်းလိုက်ရတဲ့ ဖီးလ်က "ဘယ်လိုပြောရမလဲ မသိဘူးနော်" ဖြစ်သွားမှာပေါ့။ တကယ်တော့ ကြမ်းပြင်ပေါ်မှာ ကော်ဇော (သို့) ကြမ်းခြင်းတစ်ခုခု ခင်းထားဖို့က သက်တောင့်သက်သာရှိစေဖို့ တစ်ခုတည်းအတွက် မဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း လိုအပ်ပါတယ်။ အကောင်းဆုံးကတော့ နင်းလိုက်တာနဲ့ မိမိခြေဖဝါးကို နူးညံ့တဲ့ အထိအတွေ့ပေးမယ့် မွှေးပွကော်ဇောပါပဲ။

၅။ နံရံကပ်စက္ကူတွေ

အခန်းအလှဆင်ခြင်း (room decoration) ပညာရပ်ဟာ နိုင်ငံခြားမှာတော့ လစာကောင်းကောင်းရတဲ့ အလုပ်အကိုင်တစ်ခုပါ။ တကယ်တမ်းမှာလည်း ကိုယ်ညအိပ်မယ့်အခန်းလေးကို ဝင်လိုက်တာနဲ့ စိတ်ချမ်းသာအောင် အလှဆင်ထားခြင်းဟာ လုပ်ရည်ကိုင်ရည်တိုးတက်စေဖို့လည်း အထောက်အကူပြုနိုင်ပါတယ်။ ကိုယ်က စိတ်ခဏခဏ ပြောင်းတတ်သူဆိုရင် နံရံကို ဆေးမသုတ်ဘဲ နံရံကပ်စက္ကူလှလှလေးတွေ ကပ်ပြီး အလှဆင်နိုင်ပါတယ်။

၆။ မီးကြိုးတန်းလေးတွေ

သမရိုးကျ မီးချောင်ကြီးတွေ၊ မီးလုံးတွေ တပ်ရတာ ပျင်းဖို့မကောင်းဘူးလား။ ဒါဆိုရင်တော့ အခန်းမျက်နှာကျက်ပေါ်မှာ ခရစ္စမတ် မီးကြိုးတန်းဆန်ဆန် မီးကြိုးတန်းလေးတွေကို တပ်ဆင်ထားပြီး အလှဆင်နိုင်ပါတယ်။ နောက်ပြီး သူ့ဆီကထွက်တဲ့ အလင်းရောင်လေးတွေကလည်း နွေးထွေးဖျော့တော့ပြီး လူကို သက်တောင့်သက်သာရှိစေမှာပါ။

၇။ မွှေးရနံ့ထုတ်တဲ့ စက်လေးတွေ

Fragrance Diffuser လို့ခေါ်တဲ့ မွှေးရနံ့ထုတ်စက်လေးတွေဟာ အခန်းထဲမှာ မွှေးရနံ့လေးသင်းပျံ့ပြီး သက်တောင့်သက်သာ ရှိနေစေဖို့အတွက် အကောင်းဆုံးရွေးချယ်မှုပါပဲ။ ယနေ့ခေတ်မှာ မွှေးရနံ့ထုတ်စက် အမျိုးမျိုးကို ရွေးချယ်နိုင်ပါတယ်။ Essential oil (ပန်းဆီ) လေးတွေကို ရောပြီးထုတ်တဲ့ စက်လေးတွေ၊ ပလပ်ပေါက်မှာ ထိုးထားရတဲ့ စက်လေးတွေ၊ ဖယောင်းကို အပူပေးရတဲ့ စက်လေးတွေ၊ ကော်ဖီစေ့ထည့်ထားပြီး အပူပေးလိုက်ရင် အနံ့ထွက်တဲ့ စက်လေးတွေ စသည်ဖြင့်ပေါ့။ မိမိနှစ်သက်ရာကို ရွေးချယ်ပြီး အခန်းလေး သက်တောင့်သက်သာဖြစ်နေအောင် ဖန်တီးနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top