ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

 ရန္ကုန္တကၠသိုလ္အ တြင္း ဘြဲ႕ႏွင္းသဘင္အခမ္းအနား က်င္းပေသာရက္မ်ားတြင္ ဓာတ္ ပံု႐ိုက္ကူးမႈ စည္းကမ္းခ်က္ပါ စာ သားမ်ားမေဝရန္ႏွင့္ ကင္မရာခြန္ ေကာက္ခံျခင္းမျပဳရန္ ဓာတ္ပံု ႐ိုက္ကူးခြင့္ တင္ဒါရရွိထားေသာ ကုမၸဏီတာဝန္ရွိသူကို တကၠသိုလ္ဘက္က ေျပာၾကားထားေၾကာင္း ရန္ကုန္တကၠသိုလ္၊ စီမံ/ဘ႑ာ ဌာနမွဴး ေဒၚေဆြေဆြေအာင္က ႏို ဝင္ဘာ ၁၉ ရက္တြင္ ေျပာသည္။

ဘြဲ႕ႏွင္းသဘင္အခမ္းအနား ရက္မ်ားတြင္ ခန္းမျပင္ပ (ရန္ကုန္ တကၠသိုလ္ဝင္းအတြင္း) ဓာတ္ပံု ႐ိုက္ကူးမႈႏွင့္ပတ္သက္သည့္ စည္းကမ္းခ်က္မ်ားပါဝင္ၿပီး ရန္ကုန္ တကၠသိုလ္အမည္ခံကာ ေရးသားထားေသာ စာရြက္ကို ဓာတ္ပံု႐ိုက္ကာ လူမႈကြန္ရက္သံုးစြဲသူတစ္ဦး က ႏုိဝင္ဘာ ၁၆ ရက္က ျဖန္႔ေဝခဲ့ သည္။


ဓာတ္ပံု႐ိုက္ကူးပါက ဖုန္း ကင္မရာမ်ား၊ မိသားစုေအာ္တုိ ကင္မရာအေသးမ်ား အခြန္ေပး ေဆာင္ရန္ မလိုေၾကာင္း၊ မိသားစု ကင္မရာအလံုးႀကီးမ်ား အခြန္ငါး ေထာင္က်ပ္ ေပးေဆာင္ၿပီး မိမိ မိသားစုကိုသာ ႐ိုက္ကူးရမည္ျဖစ္ ေၾကာင္း၊ စီးပြားျဖစ္ကင္မရာအ လံုးႀကီးမ်ား၊ ထီးႀကီးမ်ား၊ Soft Box ထီးမီးႀကီးမ်ား၊ မီးတန္းႀကီး မ်ားျဖင့္ ႐ိုက္ကူးျခင္းမျပဳရန္ အဆုိပါစာတြင္ ေရးသားထားသည္။

ယင္းကိစၥႏွင့္ ပတ္သက္ၿပီး ဓာတ္ပံု႐ိုက္ကူးခြင့္ တင္ဒါရရွိထား ေသာ ကုမၸဏီတာဝန္ရွိသူကို ရန္ ကုန္တကၠသိုလ္ တာဝန္ရွိသူမ်ား က ေခၚယူေတြ႕ဆံုခဲ့ၿပီး ရန္ကုန္တကၠသိုလ္အမည္ျဖင့္ ယင္းသို႔ စာေရးသားျခင္းမျပဳရန္ႏွင့္ ကင္မရာခြန္ မေကာက္ခံရန္ ေျပာၾကားခဲ့သည္။

‘‘ရန္ကုန္တကၠသိုလ္နာမည္ ထည့္ထားေပမယ့္ ဒါေက်ာင္းက ေရးတာမဟုတ္ဘူး။ အဲဒီစာရြက္ ကို ဆက္ၿပီးမေဝဖုိ႔ ေျပာထား တယ္။ ဒါေပမဲ့ သူက ဘြဲ႕ႏွင္း သဘင္ျပင္ပမွာ ႐ိုက္ကူးခြင့္ ကန္ ထ႐ိုက္ရထားတာဆုိေတာ့ မိသား စုကင္မရာေတာ့ ရတယ္။ တျခား Professional ကင္မရာေတြ၊ ဒ႐ုန္းေတြနဲ႔ ႐ိုက္တာေတြ ဝင္လာ ေတာ့ အဲဒါေတြက စာခ်ဳပ္အရ ႐ိုက္လို႔မရဘူး။ တားဆီးပိုင္ခြင့္ ေတာ့ရွိတယ္။ ပိုက္ဆံေကာက္ခြင့္ ေတာ့ မရွိဘူး’’ဟု ေဒၚေဆြေဆြ ေအာင္က ေျပာသည္။

ရန္ကုန္တကၠသိုလ္ဘြဲ႕ႏွင္း သဘင္အခမ္းအနား က်င္းပသည့္ ရက္မ်ားတြင္ ကင္မရာအခြန္ေငြ ေကာက္ခံျခင္းကို ၿပီးခဲ့သည့္ တစ္ ႏွစ္ခန္႔ကပင္ ႀကံဳေတြ႕ဖူးၿပီး ကင္မရာခြန္ေပးေဆာင္ရန္ ထင္သာ ျမင္သာ ေၾကညာျခင္းမဟုတ္ဘဲ တံဆိပ္ေခါင္းကပ္ေပးၿပီးမွ တံဆိပ္ေခါင္းဖိုး ေတာင္းခံျခင္းျဖစ္ ေၾကာင္း ကိုယ္တုိင္ႀကံဳေတြ႕ခဲ့သူ တစ္ဦးက ေျပာသည္။

ႏိုဝင္ဘာ ၁၉ ရက္က က်င္းပေသာ ဘြဲ႕ႏွင္းသဘင္အခမ္းအ နားတြင္ ကင္မရာခြန္ေပးေဆာင္ရန္ ဘြဲ႕ႏွင္းသဘင္တက္ေရာက္ သည့္ လူငယ္တစ္ဦးကို အမ်ိဳး သားတစ္ဦးက လာေရာက္ေျပာၾကားၿပီး လူငယ္က မေပးႏုိင္ေၾကာင္း ေျပာဆုိရာ ထပ္မံေတာင္းခံျခင္းမရွိေတာ့ဟု အဆုိပါ လူ ငယ္ကဆုိသည္။

ဘြဲ႕ႏွင္းသဘင္အခမ္းအနား က်င္းပေသာရက္မ်ားတြင္ ခန္းမ အျပင္ဘက္ ဓာတ္ပံု႐ိုက္ကူးခြင့္ ကို ရန္ကုန္တကၠသိုလ္ႏွင့္ အဆင့္ ျမင့္ပညာဦးစီးဌာန တာဝန္ရွိသူ မ်ား ပါဝင္ေသာ တင္ဒါစိစစ္ေရး အဖြဲ႕က တစ္ႏွစ္လွ်င္ တစ္ႀကိမ္ တင္ဒါေခၚယူၿပီး တင္ဒါေအာင္ ျမင္ေသာ ကုမၸဏီကို လုပ္ပိုင္ခြင့္ ျပဳထားသည္။ ခန္းမအတြင္းဘက္ အခမ္းအနားက်င္းပစဥ္ ဓာတ္ပံု ႐ိုက္ကူးခြင့္ကို ဘြဲ႕ႏွင္းသဘင္အ ခမ္းအနား က်င္းပေသာ တကၠ သိုလ္အလိုက္ တင္ဒါေရြးခ်ယ္ ေၾကာင္း ေဒၚေဆြေဆြေအာင္က ဆုိသည္။

ယခုႏွစ္တြင္ ဓာတ္ပံု႐ိုက္ကူး ခြင့္ တင္ဒါရရွိထားေသာ သိဂႌေရႊ ရည္ကုမၸဏီသည္ ရန္ကုန္တကၠ သိုလ္ဘြဲ႕ႏွင္းသဘင္အခမ္းအနား မ်ား၌ ဓာတ္ပံု႐ိုက္ကူးခြင့္ ရရွိ သည္မွာ ႏွစ္ ၂၀ ေက်ာ္ ခန္႔ရွိေန ၿပီး ဒဂံုတကၠသိုလ္တြင္ ႐ိုက္ကူး ခြင့္ရရွိထားသည္။

 အဆုိပါကုမၸဏီ တာဝန္ ရွိသူထံ ႏိုဝင္ဘာ ၁၉ ရက္တြင္ 7Day Daily က ဆက္သြယ္ေမး ျမန္းရာ ဖုန္းလက္ခံေျဖၾကားေသာ္ လည္း အေသးစိတ္ကိုမူ ထပ္မံေတြ႕ဆံုေျပာျပလိုေၾကာင္း တုံ႔ျပန္ သည္။

ရန္ကုန္တကၠသိုလ္ ဘြဲ႕ႏွင္း သဘင္ခန္းမတြင္ ရန္ကုန္တုိင္း ေဒသႀကီးရွိ ဘြဲ႕ႏွင္းသဘင္ အေဆာက္အအံုမရွိသည့္ တကၠ သိုလ္၊ ဒီဂရီေကာလိပ္မ်ား၏ ဘြဲ႕ႏွင္းသဘင္မ်ား က်င္းပေလ့ရွိ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 ရန်ကုန်တက္ကသိုလ်အ တွင်း ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပသောရက်များတွင် ဓာတ် ပုံရိုက်ကူးမှု စည်းကမ်းချက်ပါ စာ သားများမဝေရန်နှင့် ကင်မရာခွန် ကောက်ခံခြင်းမပြုရန် ဓာတ်ပုံ ရိုက်ကူးခွင့် တင်ဒါရရှိထားသော ကုမ္ပဏီတာဝန်ရှိသူကို တက္ကသိုလ်ဘက်က ပြောကြားထားကြောင်း ရန်ကုန်တက္ကသိုလ်၊ စီမံ/ဘဏ္ဍာ ဌာနမှူး ဒေါ်ဆွေဆွေအောင်က နို ဝင်ဘာ ၁၉ ရက်တွင် ပြောသည်။

ဘွဲ့နှင်းသဘင်အခမ်းအနား ရက်များတွင် ခန်းမပြင်ပ (ရန်ကုန် တက္ကသိုလ်ဝင်းအတွင်း) ဓာတ်ပုံ ရိုက်ကူးမှုနှင့်ပတ်သက်သည့် စည်းကမ်းချက်များပါဝင်ပြီး ရန်ကုန် တက္ကသိုလ်အမည်ခံကာ ရေးသားထားသော စာရွက်ကို ဓာတ်ပုံရိုက်ကာ လူမှုကွန်ရက်သုံးစွဲသူတစ်ဦး က နိုဝင်ဘာ ၁၆ ရက်က ဖြန့်ဝေခဲ့ သည်။


ဓာတ်ပုံရိုက်ကူးပါက ဖုန်း ကင်မရာများ၊ မိသားစုအော်တို ကင်မရာအသေးများ အခွန်ပေး ဆောင်ရန် မလိုကြောင်း၊ မိသားစု ကင်မရာအလုံးကြီးများ အခွန်ငါး ထောင်ကျပ် ပေးဆောင်ပြီး မိမိ မိသားစုကိုသာ ရိုက်ကူးရမည်ဖြစ် ကြောင်း၊ စီးပွားဖြစ်ကင်မရာအ လုံးကြီးများ၊ ထီးကြီးများ၊ Soft Box ထီးမီးကြီးများ၊ မီးတန်းကြီး များဖြင့် ရိုက်ကူးခြင်းမပြုရန် အဆိုပါစာတွင် ရေးသားထားသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ဓာတ်ပုံရိုက်ကူးခွင့် တင်ဒါရရှိထား သော ကုမ္ပဏီတာဝန်ရှိသူကို ရန် ကုန်တက္ကသိုလ် တာဝန်ရှိသူများ က ခေါ်ယူတွေ့ဆုံခဲ့ပြီး ရန်ကုန်တက္ကသိုလ်အမည်ဖြင့် ယင်းသို့ စာရေးသားခြင်းမပြုရန်နှင့် ကင်မရာခွန် မကောက်ခံရန် ပြောကြားခဲ့သည်။

‘‘ရန်ကုန်တက္ကသိုလ်နာမည် ထည့်ထားပေမယ့် ဒါကျောင်းက ရေးတာမဟုတ်ဘူး။ အဲဒီစာရွက် ကို ဆက်ပြီးမဝေဖို့ ပြောထား တယ်။ ဒါပေမဲ့ သူက ဘွဲ့နှင်း သဘင်ပြင်ပမှာ ရိုက်ကူးခွင့် ကန် ထရိုက်ရထားတာဆိုတော့ မိသား စုကင်မရာတော့ ရတယ်။ တခြား Professional ကင်မရာတွေ၊ ဒရုန်းတွေနဲ့ ရိုက်တာတွေ ဝင်လာ တော့ အဲဒါတွေက စာချုပ်အရ ရိုက်လို့မရဘူး။ တားဆီးပိုင်ခွင့် တော့ရှိတယ်။ ပိုက်ဆံကောက်ခွင့် တော့ မရှိဘူး’’ဟု ဒေါ်ဆွေဆွေ အောင်က ပြောသည်။

ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်း သဘင်အခမ်းအနား ကျင်းပသည့် ရက်များတွင် ကင်မရာအခွန်ငွေ ကောက်ခံခြင်းကို ပြီးခဲ့သည့် တစ် နှစ်ခန့်ကပင် ကြုံတွေ့ဖူးပြီး ကင်မရာခွန်ပေးဆောင်ရန် ထင်သာ မြင်သာ ကြေညာခြင်းမဟုတ်ဘဲ တံဆိပ်ခေါင်းကပ်ပေးပြီးမှ တံဆိပ်ခေါင်းဖိုး တောင်းခံခြင်းဖြစ် ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူ တစ်ဦးက ပြောသည်။

နိုဝင်ဘာ ၁၉ ရက်က ကျင်းပသော ဘွဲ့နှင်းသဘင်အခမ်းအ နားတွင် ကင်မရာခွန်ပေးဆောင်ရန် ဘွဲ့နှင်းသဘင်တက်ရောက် သည့် လူငယ်တစ်ဦးကို အမျိုး သားတစ်ဦးက လာရောက်ပြောကြားပြီး လူငယ်က မပေးနိုင်ကြောင်း ပြောဆိုရာ ထပ်မံတောင်းခံခြင်းမရှိတော့ဟု အဆိုပါ လူ ငယ်ကဆိုသည်။

ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပသောရက်များတွင် ခန်းမ အပြင်ဘက် ဓာတ်ပုံရိုက်ကူးခွင့် ကို ရန်ကုန်တက္ကသိုလ်နှင့် အဆင့် မြင့်ပညာဦးစီးဌာန တာဝန်ရှိသူ များ ပါဝင်သော တင်ဒါစိစစ်ရေး အဖွဲ့က တစ်နှစ်လျှင် တစ်ကြိမ် တင်ဒါခေါ်ယူပြီး တင်ဒါအောင် မြင်သော ကုမ္ပဏီကို လုပ်ပိုင်ခွင့် ပြုထားသည်။ ခန်းမအတွင်းဘက် အခမ်းအနားကျင်းပစဉ် ဓာတ်ပုံ ရိုက်ကူးခွင့်ကို ဘွဲ့နှင်းသဘင်အ ခမ်းအနား ကျင်းပသော တက္က သိုလ်အလိုက် တင်ဒါရွေးချယ် ကြောင်း ဒေါ်ဆွေဆွေအောင်က ဆိုသည်။

ယခုနှစ်တွင် ဓာတ်ပုံရိုက်ကူး ခွင့် တင်ဒါရရှိထားသော သိင်္ဂီရွှေ ရည်ကုမ္ပဏီသည် ရန်ကုန်တက္က သိုလ်ဘွဲ့နှင်းသဘင်အခမ်းအနား များ၌ ဓာတ်ပုံရိုက်ကူးခွင့် ရရှိ သည်မှာ နှစ် ၂၀ ကျော် ခန့်ရှိနေ ပြီး ဒဂုံတက္ကသိုလ်တွင် ရိုက်ကူး ခွင့်ရရှိထားသည်။

 အဆိုပါကုမ္ပဏီ တာဝန် ရှိသူထံ နိုဝင်ဘာ ၁၉ ရက်တွင် 7Day Daily က ဆက်သွယ်မေး မြန်းရာ ဖုန်းလက်ခံဖြေကြားသော် လည်း အသေးစိတ်ကိုမူ ထပ်မံတွေ့ဆုံပြောပြလိုကြောင်း တုံ့ပြန် သည်။

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမတွင် ရန်ကုန်တိုင်း ဒေသကြီးရှိ ဘွဲ့နှင်းသဘင် အဆောက်အအုံမရှိသည့် တက္က သိုလ်၊ ဒီဂရီကောလိပ်များ၏ ဘွဲ့နှင်းသဘင်များ ကျင်းပလေ့ရှိ သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top