Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×
Credit: ဆရာမဗေဒင်
#Unicode Version#
လောကမှာ အချစ် ဆိုတာ ဖြစ်ပေါ်ခဲ့ကြသော်လည်း ချစ်တိုင်းလည်း မငြားတတ်ကြပါဘူး။ တကယ်လို့ အရမ်းချစ်မိနေသူ တစ်ယောက်နဲ့ ခွဲခွာရတော့မယ် ဆိုရင် /သို့ / ကွဲကွာသွားခဲ့ရလို့ ကြေကွဲနေရပြီ ဆိုရင် ဒီစာလေးက သင့်ရဲ့အားပေးဖော် ဖြစ်လာမှာပါ။
အချစ်ဆိုတာ တကယ်တော့ တဒင်္ဂလေး ဖြစ်ပေါ်သွားတဲ့ ခံစားချက်လေး တစ်ခုပါ။ အချိန်ကြာတာနဲ့ အမျှ မှေးမှိန် ပျောက်ကွယ်သွားပါလိမ့်မယ်။ လူတစ်ယောက်က စွန့်ခွာသွားရင် ခဏလေး ကြိတ်မှိတ် နေကြည့်လိုက်ပါ။
နာကျင်မှုကို အချိန်က ကုစားသွား ပါလိမ့်မယ်။
ဘဝမှာ ဘယ်လောက် ချစ်ချစ် ဖူးစာကံ ဆိုတာ မရှိရင်လည်း ပေါင်းဆုံဖို့ မဖြစ်နိုင် ကြပါဘူးနော်။ အချိန်တွေ ဘယ်လောက်ကြာအောင် ချစ်ခဲ့ကြပါစေ ပေါင်းစပ်ဖို့ ကံရယ်လို့ ပါမလာရင် ကွဲရမှာပဲ ဖြစ်ပါတယ်။
တခါက ဆရာမဆီ လာမေးတယ်။ အရမ်းချစ်ကြတယ် ဒီနှစ်ထဲ ယူဖို့ စီစဉ်ထားတယ်ပေါ့။ ဆရာမက စစ်ကြည့်လိုက်တော့ ပေါင်းစပ်ဖို့ကံက ပါမလာဘူး။ ဒီတော့ မပေါင်းရနိုင်ဘူးလို့ ပြောရတော့တာပေါ့။
သူတို့က အရမ်းချမ်းသာတယ်… နှစ်ဖက် မိဘကလည်း သဘောတူထားတယ်။ ချစ်လာတာလည်း ၆နှစ်ရှိပြီ
ကွဲကွာဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ဆရာမကို ပြန်ပြောသွားပါတယ်။
(ဆရာမကတော့ သူတို့ဇာတာမှာ မြင်တာ ဟောရတာပါ)
လွန်ခဲ့သောရက်က ကောင်မလေး ပြန်လာမေးတယ်။ သူတို့ယူခါနီးမှာ ကောင်လေးက အက်ဆီးဒန့် နဲ့ ဆုံးသွားပါတယ်တဲ့။
ဆရာမ ပြောချင်တာက တကယ်တော့ ဘယ်လောက်ပဲ ချစ်လာကြပါစေ။ ပေါင်းစပ်ဖို့ ကံမပါရင် ဘယ်လိုမှ ယူလို့မရနိုင်ဘူး ဆိုတာပါပဲ။
ဒါကြောင့် တကယ်လို့ မိမိချစ်ရတဲ့သူနဲ့များ မလွဲမသေ အကြောင်းတစ်ခုခုကြောင့် ခွဲခွာရမယ်ဆိုရင် အပေါ်က စာစုလေးကို သတိရပေးပါလို့ ပြောချင်ပါတယ်…
ချစ်ခြင်းစေတနာများစွာဖြင့်
ဖိုးသူတော် (www.phothutaw.com)
Credit: ဆရာမဗေဒင်
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top