ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

 -ဒီတစ္ပတ္ 7Day ရဲ႕ စာဖတ္ ပရိသတ္ေတြကို ျပင္ဦးလြင္ၿမိဳ႕ နယ္ ပြဲေကာက္ရြာအနီးမွာရွိၿပီး သဘာ၀အတိုင္းလွပေနဆဲျဖစ္တဲ့ သံုးထပ္ေရတံခြန္ေလးကို လမ္း ၫႊန္ေပးခ်င္ပါတယ္။

 ျပင္ဦးလြင္ၿမိဳ႕ကိုလာေရာက္ လည္ပတ္တဲ့ ရပ္ေ၀း၊ ရပ္နီးက ခရီးသြားေတြအတြက္ မေရာက္ဖူး ေသးတဲ့ေနရာတစ္ခုလည္း ျဖစ္ပါ လိမ့္မယ္။သြားလည္ရမယ့္ လိပ္စာ ေလးကေတာ့ ပြဲေကာက္ေရတံခြန္ကိုလာတဲ့ လမ္းအတိုင္းလာရမွာ ျဖစ္ၿပီး ေရတံခြန္အနီးမွာေရာင္းခ် တဲ့ ေစ်းတန္းေလးေတြကိုေက်ာ္ၿပီး ပြဲေကာက္ရြာထဲကို သြားရမွာျဖစ္ပါတယ္။

တစ္ခုေတာ့ မွာခ်င္တာကပြဲေကာက္ေရတံခြန္မွာ မရပ္ရေလေအာင္ ေမာင္းတံဂိတ္က တာ၀န္ရွိသူေတြကိုေျပာၿပီး ရြာထဲကို ဆက္ေမာင္းလာရမွာပါ။

ရြာထဲေရာက္တာနဲ႔ သံလမ္းကိုေတြ႕တဲ့အခါ သံလမ္းကို မ ေက်ာ္ဘဲနဲ႔ ဆက္ေမာင္းလာရပါမယ္။ ထို႔ေနာက္ ‘သံုးထပ္ေရတံ ခြန္သို႔’ ဟု လမ္းၫႊန္ထားတဲ့ ဆိုင္း ဘုတ္ေတြအတိုင္း ေမာင္းလာ႐ုံပါ ပဲ။ တစ္မိုင္နီးပါးေလာက္ေတာ့ ေ၀းပါတယ္။

သံုးဆင့္ေရတံခြန္ဟာဆိုရင္ ေအာင္မဂၤလာဘုန္းႀကီးေက်ာင္း ေဘးမွာတည္ရွိၿပီး သပၸာယ္လွတဲ့ ရပ္ေတာ္မူ၊ ေလ်ာင္းေတာ္မူဘုရားကိုလည္း ဖူးေျမာ္ႏုိင္ၿပီး ေဘးပတ္ပတ္လည္မွာ ေတာင္မ်ားကာရံေန၍ သဘာ၀အတိုင္းလွပေနပါတယ္။

သံုးဆင့္ေရတံခြန္ရဲ႕ ပထမ အဆင့္ဟာဆိုရင္ ေရမနက္ဘဲ မိသားစုလိုက္ အပန္းေျဖအနားယူ ျခင္း၊ ေရခ်ဳိးျခင္း၊ ကေလးငယ္ မ်ားေဆာ့ကစားျခင္းမ်ားျပဳလုပ္ ႏုိင္္ပါတယ္။ ေရတံခြန္ ဒုတိယအဆင့္မွာလည္း လွပတဲ့ ေရတံခြန္အဆင့္ဆင့္ေလးေတြနဲ႔ ၾကည္လင္တဲ့ ေရ၊ ေအးျမတဲ့ သစ္ရိပ္၀ါးရိပ္ေအာက္မွာ အပန္းေျဖအနားယူႏုိင္မွာ ျဖစ္ပါတယ္။

ေရတံခြန္တတိယအဆင့္က ေတာ့ ေရစီးဆင္းတဲ့ပမာဏမ်ား ျပားၿပီး သြားေရာက္မယ့္သူေတြ အတြက္ေတာ့ ဂ႐ုျပဳေစခ်င္ပါ တယ္။ ေအာက္ကို ဆင္းရတာ နည္းနည္းနက္တဲ့အတြက္ လူငယ္ မ်ားအတြက္သာ အဆင္ေျပႏုိင္ပါ တယ္။


 ဒါေပမဲ့ အဲဒီ ေအာက္ဆံုးအဆင့္ကိုေရာက္ၿပီး ေရေငြ႕ေလး ေတြနဲ႔ ဓာတ္ပံု႐ုိက္မယ္ဆိုရင္ ေတာ့ ဓာတ္ပံုခ်စ္သူတို႔အတြက္ သေဘာေတြ႕ေစမွာပါ။

 ေအာင္မဂၤလာ ဘုန္းႀကီး ေက်ာင္းေဘးမွာရွိတဲ့ သံုးဆင့္ေရတံခြန္ဟာဆိုရင္ သဘာ၀အတိုင္း လွပစိမ္းလန္း႐ုံသာမက ဆရာေတာ္ႀကီး  တရားထိုင္တဲ့ ႀကီးမားတဲ့ ဂူေပါက္ႀကီးလည္း ရွိေနပါေသးတယ္။

ျပင္ဦးလြင္ၿမိဳ႕ကို လာေရာက္လည္ပတ္တဲ့သူေတြအေနနဲ႔ စည္ကားတဲ့တျခားေသာေနရာေတြမွာ အပန္းမေျဖခ်င္ရင္ပဲျဖစ္ေစ၊ မေရာက္ဖူးေသးတဲ့ ေဒသတစ္ခုကို လည္ပတ္ခ်င္ရင္ျဖစ္ေစ ပြဲေကာက္ရြာနားက သံုးဆင့္ေရတံခြန္ကို လမ္းၫႊန္ေပးခ်င္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
 -ဒီတစ်ပတ် 7Day ရဲ့ စာဖတ် ပရိသတ်တွေကို ပြင်ဦးလွင်မြို့ နယ် ပွဲကောက်ရွာအနီးမှာရှိပြီး သဘာဝအတိုင်းလှပနေဆဲဖြစ်တဲ့ သုံးထပ်ရေတံခွန်လေးကို လမ်း ညွှန်ပေးချင်ပါတယ်။

 ပြင်ဦးလွင်မြို့ကိုလာရောက် လည်ပတ်တဲ့ ရပ်ဝေး၊ ရပ်နီးက ခရီးသွားတွေအတွက် မရောက်ဖူး သေးတဲ့နေရာတစ်ခုလည်း ဖြစ်ပါ လိမ့်မယ်။သွားလည်ရမယ့် လိပ်စာ လေးကတော့ ပွဲကောက်ရေတံခွန်ကိုလာတဲ့ လမ်းအတိုင်းလာရမှာ ဖြစ်ပြီး ရေတံခွန်အနီးမှာရောင်းချ တဲ့ ဈေးတန်းလေးတွေကိုကျော်ပြီး ပွဲကောက်ရွာထဲကို သွားရမှာဖြစ်ပါတယ်။

တစ်ခုတော့ မှာချင်တာကပွဲကောက်ရေတံခွန်မှာ မရပ်ရလေအောင် မောင်းတံဂိတ်က တာဝန်ရှိသူတွေကိုပြောပြီး ရွာထဲကို ဆက်မောင်းလာရမှာပါ။

ရွာထဲရောက်တာနဲ့ သံလမ်းကိုတွေ့တဲ့အခါ သံလမ်းကို မ ကျော်ဘဲနဲ့ ဆက်မောင်းလာရပါမယ်။ ထို့နောက် ‘သုံးထပ်ရေတံ ခွန်သို့’ ဟု လမ်းညွှန်ထားတဲ့ ဆိုင်း ဘုတ်တွေအတိုင်း မောင်းလာရုံပါ ပဲ။ တစ်မိုင်နီးပါးလောက်တော့ ဝေးပါတယ်။

သုံးဆင့်ရေတံခွန်ဟာဆိုရင် အောင်မင်္ဂလာဘုန်းကြီးကျောင်း ဘေးမှာတည်ရှိပြီး သပ္ပာယ်လှတဲ့ ရပ်တော်မူ၊ လျောင်းတော်မူဘုရားကိုလည်း ဖူးမြော်နိုင်ပြီး ဘေးပတ်ပတ်လည်မှာ တောင်များကာရံနေ၍ သဘာဝအတိုင်းလှပနေပါတယ်။

သုံးဆင့်ရေတံခွန်ရဲ့ ပထမ အဆင့်ဟာဆိုရင် ရေမနက်ဘဲ မိသားစုလိုက် အပန်းဖြေအနားယူ ခြင်း၊ ရေချိုးခြင်း၊ ကလေးငယ် များဆော့ကစားခြင်းများပြုလုပ် နိုင်ပါတယ်။ ရေတံခွန် ဒုတိယအဆင့်မှာလည်း လှပတဲ့ ရေတံခွန်အဆင့်ဆင့်လေးတွေနဲ့ ကြည်လင်တဲ့ ရေ၊ အေးမြတဲ့ သစ်ရိပ်ဝါးရိပ်အောက်မှာ အပန်းဖြေအနားယူနိုင်မှာ ဖြစ်ပါတယ်။

ရေတံခွန်တတိယအဆင့်က တော့ ရေစီးဆင်းတဲ့ပမာဏများ ပြားပြီး သွားရောက်မယ့်သူတွေ အတွက်တော့ ဂရုပြုစေချင်ပါ တယ်။ အောက်ကို ဆင်းရတာ နည်းနည်းနက်တဲ့အတွက် လူငယ် များအတွက်သာ အဆင်ပြေနိုင်ပါ တယ်။


 ဒါပေမဲ့ အဲဒီ အောက်ဆုံးအဆင့်ကိုရောက်ပြီး ရေငွေ့လေး တွေနဲ့ ဓာတ်ပုံရိုက်မယ်ဆိုရင် တော့ ဓာတ်ပုံချစ်သူတို့အတွက် သဘောတွေ့စေမှာပါ။

 အောင်မင်္ဂလာ ဘုန်းကြီး ကျောင်းဘေးမှာရှိတဲ့ သုံးဆင့်ရေတံခွန်ဟာဆိုရင် သဘာဝအတိုင်း လှပစိမ်းလန်းရုံသာမက ဆရာတော်ကြီး  တရားထိုင်တဲ့ ကြီးမားတဲ့ ဂူပေါက်ကြီးလည်း ရှိနေပါသေးတယ်။

ပြင်ဦးလွင်မြို့ကို လာရောက်လည်ပတ်တဲ့သူတွေအနေနဲ့ စည်ကားတဲ့တခြားသောနေရာတွေမှာ အပန်းမဖြေချင်ရင်ပဲဖြစ်စေ၊ မရောက်ဖူးသေးတဲ့ ဒေသတစ်ခုကို လည်ပတ်ချင်ရင်ဖြစ်စေ ပွဲကောက်ရွာနားက သုံးဆင့်ရေတံခွန်ကို လမ်းညွှန်ပေးချင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top