Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕၊ မုတၱမေက်းရြာ၊ ျမင္းတပ္ရပ္ကြက္တြင္ ဆိုင္ကယ္တကၠစီယာဥ္ေမာင္းကို သတ္၍ ဆိုင္ကယ္လုယူထြက္ေျပးသူကို  ႏိုဝင္ဘာ ၆ ရက္ေန႔က ရန္ကုန္တိုင္းေဒသႀကီး သုံးခြၿမိဳ႕နယ္အတြင္းမွ ျပန္လည္ဖမ္းဆီးရမိခဲ႔ေၾကာင္း မုတၱမနယ္ေျမရဲစခန္းမွဴး ရဲအုပ္ ေအာင္မင္းၾကည္က ေျပာသည္။

"ေသဆံုးတဲ႔လူဆီက လုယူသြားတဲ႔ ဆိုင္ကယ္နဲ႔အတူ အခင္းျဖစ္ပြားၿပီး ခုႏွစ္ရက္အတြင္း စုံစမ္းဖမ္းဆီး ရမိခဲ႔တာပါ" ဟု ၎က ေျပာဆိုသည္။

မုတၱမေက်းရြာ၊ ျမင္းတပ္ရပ္ကြက္ရွိ လမ္းၾကားတြင္ ေအာက္တိုဘာ ၃၀ ရက္ နံနက္ ၇ နာရီခန္႔က  အမ်ဳိးသားတစ္ဦး ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနရာ ေမာ္လၿမိဳင္ၿမိဳ႕၊ ဒိုင္ဝန္းကြင္းရပ္ေန ကိုသန္းေဇာ္မိုးျဖစ္ၿပီး သုံးဘီးယာဥ္အသင္းအဖဲြ႕ဝင္ အက်ၤ ီဝတ္ဆင္၍ ၎၏ ညာဘက္ ရင္အံု၊ ဝမ္းဗိုက္၊ လည္ပင္းႏွင့္ လက္ဖ်ံတို႔၌ ထိုးသြင္းျပတ္ရွဒဏ္ရာတစ္ခ်က္စီျဖင့္ ေသဆံုးေနသည္ကို စစ္ေဆးေတြ႕ရိွ ခဲ႔ေၾကာင္း သိရသည္။

ေသဆံုးသူ ကိုသန္းေဇာ္မိုး၏ အေလာင္းကို မုတၱမတိုက္နယ္ေဆးရံုသို႔ ပို႔ေဆာင္ထားရွိၿပီး ေသဆံုးသူ၌ က်န္ရွိေနသည့္ သဲလြန္စ သက္ေသပစၥည္းမ်ားကို သိမ္းဆည္း၍ လူသတ္သြားသူ ဖမ္းဆီးရမိေရးတြက္  စစ္ေဆးေဆာင္ရြက္ခဲ့ျခင္း ျဖစ္သည္။

ထိုသို႔ စစ္ေဆးေဆာင္ရြက္ေနစဥ္ ေရႊဖလား သဲေက်ာက္လုပ္ငန္းမွ အလုပ္သမား ဗိုလ္ေက်ာ္မွာ အခင္းျဖစ္ပြားသည့္ ေအာက္တိုဘာ ၂၉ ရက္ေန႔ညက လုပ္ငန္းခြင္အတြင္း ျပန္လည္အိပ္စက္ျခင္းမရွိဘဲ   ေပ်ာက္ဆံုးေနသည္ကို  စုံစမ္းသိရွိခဲ႔ရေၾကာင္း ရဲအုပ္ ေအာင္မင္းၾကည္က ေျပာဆိုသည္။

"ေသဆံုးသြားတဲ႔ ကိုသန္းေဇာ္မိုးရဲ႕ ပတ္ဝန္းက်င္က လူေတြကေန စုံစမ္းလို႔ သိရွိခဲ႔တဲ႔ အခ်က္ေတြနဲ႔ ေရႊဖလား သဲေက်ာက္လုပ္ငန္းခြင္က အလုပ္သမားျဖစ္တဲ႔ ဗိုလ္ေက်ာ္ဆိုတဲ႔လူက လုပ္အားခေတြလည္း မထုတ္ယူဘဲ အေၾကာင္းမဲ႔ ေပ်ာက္ဆံုးေနတယ္"၎က ေျပာသည္။

ေသဆံုးခဲ႔သည့္ ကိုသန္းေဇာ္မိုး အသတ္ခံရမႈႏွင့္ ပတ္သက္၍ ေမာ္လၿမိဳင္ သံလြင္တံတား CCTV မွတ္တမ္းမ်ားမွ ရွာေဖြျခင္းမ်ားႏွင့္ ၎မေသဆံုးခင္အခ်ိန္ထိ အတူသြားလာေနထိုင္သူမ်ားကို လိုက္လံစုံစမ္း စစ္ေဆး ေမးျမန္းျခင္းမ်ား ျပဳလုပ္ခဲ႔ၿပီး ခိုင္လံုေသာ သက္ေသအေထာက္အထားမ်ား ရရွိခဲ႔သျဖင့္ လူသတ္ဆိုင္ကယ္လုယူထြက္ေျပးသြားသူ ရန္ကုန္တိုင္းေဒသႀကီး၊ သံုးခြၿမိဳ႕နယ္၊ ေဇာတိကေက်းရြာေန ဗိုလ္ေက်ာ္ (ခ) ေက်ာ္ဇင္ထက္ကို လိုက္လံဖမ္းဆီးရမိခဲ႔ေၾကာင္း သိရသည္။

ေသဆံုးသူ ကိုသန္းေဇာ္မိုးကို ဓားျဖင့္ထိုးသတ္ၿပီး ဆိုင္ကယ္လုယူ ခဲ႔သည့္ ဗိုလ္ေက်ာ္ (ခ) ေက်ာ္ဇင္ထက္ကို မုတၱမနယ္ေျမရဲစခန္းမွ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂ အရ အမႈဖြင့္   စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း ရဲအုပ္ေအာင္မင္းၾကည္က ေျပာဆိုသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
မွန်ပြည်နယ်၊ ပေါင်မြို့၊ မုတ္တမကျေးရွာ၊ မြင်းတပ်ရပ်ကွက်တွင် ဆိုင်ကယ်တက္ကစီယာဉ်မောင်းကို သတ်၍ ဆိုင်ကယ်လုယူထွက်ပြေးသူကို  နိုဝင်ဘာ ၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်အတွင်းမှ ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း မုတ္တမနယ်မြေရဲစခန်းမှူး ရဲအုပ် အောင်မင်းကြည်က ပြောသည်။

"သေဆုံးတဲ့လူဆီက လုယူသွားတဲ့ ဆိုင်ကယ်နဲ့အတူ အခင်းဖြစ်ပွားပြီး ခုနှစ်ရက်အတွင်း စုံစမ်းဖမ်းဆီး ရမိခဲ့တာပါ" ဟု ၎င်းက ပြောဆိုသည်။

မုတ္တမကျေးရွာ၊ မြင်းတပ်ရပ်ကွက်ရှိ လမ်းကြားတွင် အောက်တိုဘာ ၃၀ ရက် နံနက် ၇ နာရီခန့်က  အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေရာ မော်လမြိုင်မြို့၊ ဒိုင်ဝန်းကွင်းရပ်နေ ကိုသန်းဇော်မိုးဖြစ်ပြီး သုံးဘီးယာဉ်အသင်းအဖွဲ့ဝင် အင်္ကျ ီဝတ်ဆင်၍ ၎င်း၏ ညာဘက် ရင်အုံ၊ ဝမ်းဗိုက်၊ လည်ပင်းနှင့် လက်ဖျံတို့၌ ထိုးသွင်းပြတ်ရှဒဏ်ရာတစ်ချက်စီဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း သိရသည်။

သေဆုံးသူ ကိုသန်းဇော်မိုး၏ အလောင်းကို မုတ္တမတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး သေဆုံးသူ၌ ကျန်ရှိနေသည့် သဲလွန်စ သက်သေပစ္စည်းများကို သိမ်းဆည်း၍ လူသတ်သွားသူ ဖမ်းဆီးရမိရေးတွက်  စစ်ဆေးဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စစ်ဆေးဆောင်ရွက်နေစဉ် ရွှေဖလား သဲကျောက်လုပ်ငန်းမှ အလုပ်သမား ဗိုလ်ကျော်မှာ အခင်းဖြစ်ပွားသည့် အောက်တိုဘာ ၂၉ ရက်နေ့ညက လုပ်ငန်းခွင်အတွင်း ပြန်လည်အိပ်စက်ခြင်းမရှိဘဲ   ပျောက်ဆုံးနေသည်ကို  စုံစမ်းသိရှိခဲ့ရကြောင်း ရဲအုပ် အောင်မင်းကြည်က ပြောဆိုသည်။

"သေဆုံးသွားတဲ့ ကိုသန်းဇော်မိုးရဲ့ ပတ်ဝန်းကျင်က လူတွေကနေ စုံစမ်းလို့ သိရှိခဲ့တဲ့ အချက်တွေနဲ့ ရွှေဖလား သဲကျောက်လုပ်ငန်းခွင်က အလုပ်သမားဖြစ်တဲ့ ဗိုလ်ကျော်ဆိုတဲ့လူက လုပ်အားခတွေလည်း မထုတ်ယူဘဲ အကြောင်းမဲ့ ပျောက်ဆုံးနေတယ်"၎င်းက ပြောသည်။

သေဆုံးခဲ့သည့် ကိုသန်းဇော်မိုး အသတ်ခံရမှုနှင့် ပတ်သက်၍ မော်လမြိုင် သံလွင်တံတား CCTV မှတ်တမ်းများမှ ရှာဖွေခြင်းများနှင့် ၎င်းမသေဆုံးခင်အချိန်ထိ အတူသွားလာနေထိုင်သူများကို လိုက်လံစုံစမ်း စစ်ဆေး မေးမြန်းခြင်းများ ပြုလုပ်ခဲ့ပြီး ခိုင်လုံသော သက်သေအထောက်အထားများ ရရှိခဲ့သဖြင့် လူသတ်ဆိုင်ကယ်လုယူထွက်ပြေးသွားသူ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ ဇောတိကကျေးရွာနေ ဗိုလ်ကျော် (ခ) ကျော်ဇင်ထက်ကို လိုက်လံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သေဆုံးသူ ကိုသန်းဇော်မိုးကို ဓားဖြင့်ထိုးသတ်ပြီး ဆိုင်ကယ်လုယူ ခဲ့သည့် ဗိုလ်ကျော် (ခ) ကျော်ဇင်ထက်ကို မုတ္တမနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်   စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲအုပ်အောင်မင်းကြည်က ပြောဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top