Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

၂၀၁၇-၂၀၁၈ ပညာသင္ႏွစ္ တြင္ ရန္ကုန္ တကၠသုိလ္ ျမန္မာစာ ဌာန မွ ျမန္မာစာ အထူးျပဳ ေက်ာင္းသား၊ ေက်ာင္းသူမ်ား တုိးျမွင့္လက္ခံ သင္ၾကားေပးမည္ျဖစ္ေၾကာင္း ရန္ကုန္ တကၠသုိလ္ ျမန္မာစာ ဌာန တာ၀န္ရွိသူ တစ္ဦးထံမွ သိရသည္။

ရန္ကုန္ တကၠသိုလ္ ျမန္မာစာ ဌာ နသည္ ၿပီးခဲ့သည့္ ပညာသင္ႏွစ္ တြင္ ျမန္မာစာ အထူးျပဳ ပထမႏွစ္ ေက်ာင္းသား၊ ေက်ာင္းသူဦးေရ ၅၀ အထိသာ လက္ခံသင္ၾကားေပးခဲ့ၿပီး ၂၀၁၇-၂၀၁၈ ပညာသင္ႏွစ္ တြင္ ျမန္မာစာ အထူးျပဳ ပထမႏွစ္ ေက်ာင္းသား၊ ေက်ာင္းသူ ဦးေရ ၁၀၀ အထိ တုိးျမွင့္လက္ခံသင္ၾကားေပးရန္ စီစဥ္ထားျခင္း ျဖစ္ပါသည္။

ထုိသို႔ တုိးျမွင့္ လက္ခံရာတြင္ ယခင္ႏွစ္ မ်ားက သတ္မွတ္ထားေသာ ရမွတ္ ကန္႔သတ္ခ်က္ မ်ားအတုိင္း စိစစ္လက္ခံကာ တက္ေရာက္ခြင့္ျပဳမည္ ျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္ တကၠသိုလ္ ျမန္မာစာ ဌာန ၌ ျမန္မာ ဘာသာရပ္ တစ္မ်ိဳးတည္းကိုသာ သင္ၾကားပို႔ခ်ေနျခင္းမဟုတ္ဘဲ ျမန္မာ ဘာသာရပ္ႏွင့္ ဆက္ႏႊယ္ေနေသာ ဘာသာစကားမ်ား၊ ေရွးစာေပႏွင့္ ေရွးဘာသာစကားမ်ားကိုလည္း သင္ၾကားေပးသည့္အျပင္ ျမန္မာမႈႏွင့္ သက္ဆုိင္ေသာ တျခား ဘာသာရပ္ မ်ားကိုလည္း သင္ၾကားပို႔ခ်လ်က္ ရွိသည္။

ရန္ကုန္တကၠသိုလ္ ျမန္မာစာ ဌာန ၌ ျပည္တြင္း မွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအျပင္ ဂ်ပန္၊ ေတာင္ကိုရီးယား၊ တရုတ္၊ ထုိင္း စသည့္ MoU လက္မွတ္ေ ရးထုိးထားေသာ ျပည္ပႏုိင္ငံမ်ား၊ အေမရိကန္ ျပည္ေထာင္စုႏွင့္ ဂ်ာမနီႏုိင္ငံတုိ႔မွ ေက်ာင္းသား၊ ေက်ာင္းသူမ်ား တက္ေရာက္ပညာသင္ယူလ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ျမြဝတီ
#Unicode Version#


၂၀၁၇-၂၀၁၈ ပညာသင်နှစ် တွင် ရန်ကုန် တက္ကသိုလ် မြန်မာစာ ဌာန မှ မြန်မာစာ အထူးပြု ကျောင်းသား၊ ကျောင်းသူများ တိုးမြှင့်လက်ခံ သင်ကြားပေးမည်ဖြစ်ကြောင်း ရန်ကုန် တက္ကသိုလ် မြန်မာစာ ဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ရန်ကုန် တက္ကသိုလ် မြန်မာစာ ဌာ နသည် ပြီးခဲ့သည့် ပညာသင်နှစ် တွင် မြန်မာစာ အထူးပြု ပထမနှစ် ကျောင်းသား၊ ကျောင်းသူဦးရေ ၅၀ အထိသာ လက်ခံသင်ကြားပေးခဲ့ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တွင် မြန်မာစာ အထူးပြု ပထမနှစ် ကျောင်းသား၊ ကျောင်းသူ ဦးရေ ၁၀၀ အထိ တိုးမြှင့်လက်ခံသင်ကြားပေးရန် စီစဉ်ထားခြင်း ဖြစ်ပါသည်။

ထိုသို့ တိုးမြှင့် လက်ခံရာတွင် ယခင်နှစ် များက သတ်မှတ်ထားသော ရမှတ် ကန့်သတ်ချက် များအတိုင်း စိစစ်လက်ခံကာ တက်ရောက်ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန် တက္ကသိုလ် မြန်မာစာ ဌာန ၌ မြန်မာ ဘာသာရပ် တစ်မျိုးတည်းကိုသာ သင်ကြားပို့ချနေခြင်းမဟုတ်ဘဲ မြန်မာ ဘာသာရပ်နှင့် ဆက်နွှယ်နေသော ဘာသာစကားများ၊ ရှေးစာပေနှင့် ရှေးဘာသာစကားများကိုလည်း သင်ကြားပေးသည့်အပြင် မြန်မာမှုနှင့် သက်ဆိုင်သော တခြား ဘာသာရပ် များကိုလည်း သင်ကြားပို့ချလျက် ရှိသည်။

ရန်ကုန်တက္ကသိုလ် မြန်မာစာ ဌာန ၌ ပြည်တွင်း မှ ကျောင်းသား၊ ကျောင်းသူများအပြင် ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ထိုင်း စသည့် MoU လက်မှတ်ေ ရးထိုးထားသော ပြည်ပနိုင်ငံများ၊ အမေရိကန် ပြည်ထောင်စုနှင့် ဂျာမနီနိုင်ငံတို့မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ယူလျက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: မြွဝတီ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top