Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×








Credit:Duwun
#Unicode Version#
ကိုယ်ရံတော်တွေကိုလည်း မတွေ့ရပါဘူး။

ဂျက်စတင်ဘီဘာနဲ့ ဆယ်လီနာဂိုးမက်စ်တို့ဟာ ရေကန်တစ်ကန်ဘေးမှာ စိတ်အေးလက်အေးနဲ့ နှစ်ယောက်တည်း လမ်းလျှောက်ထွက်လာတာကို တွေ့ရတာဖြစ်ပါတယ်။

သူတို့နှစ်ဦးကို တွေ့တဲ့ ပရိသတ်တစ်ယောက်က ဓာတ်ပုံ ရိုက်လာခဲ့ပြီး အဲဒီပုံကို နိုဝင်ဘာလ ၁၄ ရက်နေ့က ဆိုရှယ်မီဒီယာမှာ တင်ခဲ့တာပါ။

အသက် ၂၅ နှစ်အရွယ် ဆယ်လီနာဟာ ဂျင်းဂျကန်ကက်လေးနဲ့၊ ခရမ်းရောင် ဂါဝန်လေးကို စနီကာအဖြူလေးနဲ့ တွဲဖက်ဝတ်ဆင်ထားပြီး ဓာတ်ပုံရိုက်တဲ့ ပရိသတ်ဘက်ကို လှမ်းပြီးပြုံးပြနေတာ မြင်တွေ့ရပါတယ်။

အသက် ၂၃ နှစ်အရွယ် ဂျက်စတင်ဘီဘာကတော့ အဝါရောင် တီရှပ်အပွကြီးကို အဝါစင်းပါတဲ့ အနက်ရောင် ဘောင်းဘီအပွနဲ့ တွဲဖက်ဝတ်ဆင်လို့ ဦးထုပ်ကိုတော့ လက်မှာကိုင်ထားပါတယ်။

ဆယ်လီနာဟာ The Weeknd နဲ့ ပြတ်သွားပြီးနောက် ဂျက်စတင်ဘီဘာနဲ့  ပြန်တွဲနေတယ်လို့ သတင်းတွေ ထွက်နေတာပါ။ ဒါပေမဲ့ နှစ်ယောက်စလုံးကတော့ လူသိရှင်ကြား ထုတ်ဖော်ပြောကြားခြင်း မရှိပေမဲ့ လူမြင်ကွင်းမှာတော့ အခုလို တတွဲတွဲဖြစ်နေတာကို မြင်တွေ့ရတာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ဂျေဘီနဲ့ အသက် ၂၅ နှစ်အရွယ် ဆယ်လီနာတို့ဟာ ဆယ်ကျော်သက်အရွယ် ၂၀၁၀ ပြည့်နှစ်ကစပြီး တွေ့ခဲ့ကြတာပါ။ ၂၀၁၄ အထိ ပြတ်လိုက်ဆက်လိုက်ဖြစ်နေကြတဲ့ သူတို့နှစ်ဦးဟာ တစ်ကမ္ဘာလုံးက ပရိသတ်တွေချစ်ရတဲ့ စုံတွဲလေးတစ်တွဲဖြစ်ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top