ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

စစ္ကိုင္းတိုင္းေဒသထြက္ ထန္းပင္မွျဖစ္သည့္ေက်ာက္ျဖင့္ ျပဳလုပ္ထားေသာ ဂမၻီရလိပ္႐ုပ္တု အေဆာင္မ်ား ဝယ္လိုအားမ်ား လာေၾကာင္း မံုရြာၿမိဳ႕ အင္ၾကင္း ေက်ာက္၊ ထန္းေက်ာက္ႏွင့္ ေဒသထြက္ေက်ာက္မ်ား ေရာင္းဝယ္ ေရးလုပ္ငန္းရွင္တစ္ဦးက ေျပာ ၾကားသည္။


စီးပြားေရးအေဆာင္အျဖစ္ ဂမၻီရလိပ္႐ုပ္တုမ်ားကို ယခင္လ မ်ားက တစ္လလွ်င္ ႐ုပ္တု ႏွစ္ ေထာင္ခန္႔သာ ထုတ္လုပ္ေရာင္း ခ်ခဲ့ၿပီး ႏိုဝင္ဘာတြင္ ဝယ္ယူမႈပို မ်ားလာ၍ ယခုအခ်ိန္အထိ ႐ုပ္တုရွစ္ေထာင္ေက်ာ္ ေရာင္းခ်ခဲ့ ေၾကာင္း အဆိုပါ႐ုပ္တုမ်ားကို မံုရြာၿမိဳ႕တြင္ တစ္ဦးတည္းထုတ္ လုပ္ေရာင္းခ်ေနသည့္ လုပ္ငန္း ရွင္ ဦးဆန္းမိုးေအာင္က ေျပာ ၾကားသည္။

‘‘ဒီရက္ပိုင္း ရန္ကုန္၊ မႏၲေလး နဲ႔ အနယ္နယ္အရပ္ရပ္က ေဒသ ထြက္ ပစၥည္းအေရာင္းဆိုင္ေတြ သာမက အြန္လိုင္းေရွာ့ပင္းေတြ မွာ ဂမၻီရလိပ္႐ုပ္အေဆာင္ေလး ေတြ ဝယ္ယူမႈပိုမ်ားတယ္။စီးပြား ေရးလုပ္ငန္းေတြမွာ ဂမၻီရအ ေဆာင္အျဖစ္ ဝယ္ယူၾကတာမ်ား ပါတယ္’’ဟု ၎ကေျပာသည္။

စစ္ကိုင္းတိုင္းေဒသႀကီးတြင္ အရည္အေသြးေကာင္းမြန္ေသာ ထန္းေက်ာက္ႏွင့္ အင္ၾကင္း ေက်ာက္မ်ားကို ကန္႔ဘလူႏွင့္ ကြၽန္းလွၿမိဳ႕နယ္တို႔မွ အမ်ားဆံုး ထြက္ရွိၿပီး ကနီ၊ ယင္းမာပင္၊ ေခ်ာင္းဦး၊ ၿမိဳင္ႏွင့္ တန္႔ဆည္စ သည့္ ၿမိဳ႕နယ္မ်ားတြင္ ထြက္ သည္။

‘‘အေဆာင္လိပ္ကေလးေတြ ဝယ္တာ ပိုမ်ားလာတာ၊ အြန္လိုင္းကတစ္ဆင့္ ဝယ္တာမ်ားတယ္။ စီးပြားေရးလုပ္ငန္းေကာင္တာ ေပၚမွာ ပန္းကန္ျပားထဲ လိပ္အႀကီးႏွစ္ေကာင္၊ လိပ္ကေလး ခုနစ္ ေကာင္ကို ထည့္ထားတာမ်ား တယ္’’ဟု မႏၲေလးၿမိဳ႕ေဒသခံဂမၻီရ  ထန္းေက်ာက္ လိပ္အေဆာင္ ေရာင္းခ်သူတစ္ဦးက ေျပာၾကား သည္။

မံုရြာၿမိဳ႕ေဒသခံ ေဗဒင္ပညာ ရွင္တစ္ဦးက ‘‘အဓိကက စီးပြားေရးလာဘ္ေခၚတဲ့ ဂမၻီရလိပ္႐ုပ္ေတြ အေဆာင္အျဖစ္ ဝယ္ၾကတာပါ။ ေဗဒင္အယူအဆအရ ထန္း ေက်ာက္ဆိုတာက စေနနံ၊ လိပ္က ဗုဒၶဟူးနံဆိုေတာ့ ပီယနဲ႔ လာဘေပါင္းၿပီး ဓာတ္သေဘာအရ စီးပြားတက္တယ္ေပါ့။ အင္ၾကင္း ေက်ာက္က ေနလဓာတ္သေဘာ က သတၱေလာကအတြက္ အေဆာင္ ေကာင္းတယ္ေပါ့။ ေက်ာက္စိမ္းကေတာ့ တ႐ုတ္အ ယူအဆအရ ေအးျမတယ္၊ က်န္း မာတယ္၊ ေပ်ာ္ရႊင္တယ္ဆိုၿပီး အေဆာင္အျဖစ္ ေဆာင္ၾကတာ ပါ’’ဟု ေျပာသည္။

ဂမၻီရလိပ္႐ုပ္အေဆာင္မ်ား ကို တစ္လက္မရြယ္ တစ္ခုလွ်င္ က်ပ္တစ္ေထာင္မွ ေလးလက္မ အရြယ္ရွိလွ်င္ က်ပ္တစ္ေသာင္း ရွစ္ေထာင္အထိ ေရာင္းခ်သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


စစ်ကိုင်းတိုင်းဒေသထွက် ထန်းပင်မှဖြစ်သည့်ကျောက်ဖြင့် ပြုလုပ်ထားသော ဂမ္ဘီရလိပ်ရုပ်တု အဆောင်များ ဝယ်လိုအားများ လာကြောင်း မုံရွာမြို့ အင်ကြင်း ကျောက်၊ ထန်းကျောက်နှင့် ဒေသထွက်ကျောက်များ ရောင်းဝယ် ရေးလုပ်ငန်းရှင်တစ်ဦးက ပြော ကြားသည်။


စီးပွားရေးအဆောင်အဖြစ် ဂမ္ဘီရလိပ်ရုပ်တုများကို ယခင်လ များက တစ်လလျှင် ရုပ်တု နှစ် ထောင်ခန့်သာ ထုတ်လုပ်ရောင်း ချခဲ့ပြီး နိုဝင်ဘာတွင် ဝယ်ယူမှုပို များလာ၍ ယခုအချိန်အထိ ရုပ်တုရှစ်ထောင်ကျော် ရောင်းချခဲ့ ကြောင်း အဆိုပါရုပ်တုများကို မုံရွာမြို့တွင် တစ်ဦးတည်းထုတ် လုပ်ရောင်းချနေသည့် လုပ်ငန်း ရှင် ဦးဆန်းမိုးအောင်က ပြော ကြားသည်။

‘‘ဒီရက်ပိုင်း ရန်ကုန်၊ မန္တလေး နဲ့ အနယ်နယ်အရပ်ရပ်က ဒေသ ထွက် ပစ္စည်းအရောင်းဆိုင်တွေ သာမက အွန်လိုင်းရှော့ပင်းတွေ မှာ ဂမ္ဘီရလိပ်ရုပ်အဆောင်လေး တွေ ဝယ်ယူမှုပိုများတယ်။စီးပွား ရေးလုပ်ငန်းတွေမှာ ဂမ္ဘီရအ ဆောင်အဖြစ် ဝယ်ယူကြတာများ ပါတယ်’’ဟု ၎င်းကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် အရည်အသွေးကောင်းမွန်သော ထန်းကျောက်နှင့် အင်ကြင်း ကျောက်များကို ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်တို့မှ အများဆုံး ထွက်ရှိပြီး ကနီ၊ ယင်းမာပင်၊ ချောင်းဦး၊ မြိုင်နှင့် တန့်ဆည်စ သည့် မြို့နယ်များတွင် ထွက် သည်။

‘‘အဆောင်လိပ်ကလေးတွေ ဝယ်တာ ပိုများလာတာ၊ အွန်လိုင်းကတစ်ဆင့် ဝယ်တာများတယ်။ စီးပွားရေးလုပ်ငန်းကောင်တာ ပေါ်မှာ ပန်းကန်ပြားထဲ လိပ်အကြီးနှစ်ကောင်၊ လိပ်ကလေး ခုနစ် ကောင်ကို ထည့်ထားတာများ တယ်’’ဟု မန္တလေးမြို့ဒေသခံဂမ္ဘီရ  ထန်းကျောက် လိပ်အဆောင် ရောင်းချသူတစ်ဦးက ပြောကြား သည်။

မုံရွာမြို့ဒေသခံ ဗေဒင်ပညာ ရှင်တစ်ဦးက ‘‘အဓိကက စီးပွားရေးလာဘ်ခေါ်တဲ့ ဂမ္ဘီရလိပ်ရုပ်တွေ အဆောင်အဖြစ် ဝယ်ကြတာပါ။ ဗေဒင်အယူအဆအရ ထန်း ကျောက်ဆိုတာက စနေနံ၊ လိပ်က ဗုဒ္ဓဟူးနံဆိုတော့ ပီယနဲ့ လာဘပေါင်းပြီး ဓာတ်သဘောအရ စီးပွားတက်တယ်ပေါ့။ အင်ကြင်း ကျောက်က နေလဓာတ်သဘော က သတ္တလောကအတွက် အဆောင် ကောင်းတယ်ပေါ့။ ကျောက်စိမ်းကတော့ တရုတ်အ ယူအဆအရ အေးမြတယ်၊ ကျန်း မာတယ်၊ ပျော်ရွှင်တယ်ဆိုပြီး အဆောင်အဖြစ် ဆောင်ကြတာ ပါ’’ဟု ပြောသည်။

ဂမ္ဘီရလိပ်ရုပ်အဆောင်များ ကို တစ်လက်မရွယ် တစ်ခုလျှင် ကျပ်တစ်ထောင်မှ လေးလက်မ အရွယ်ရှိလျှင် ကျပ်တစ်သောင်း ရှစ်ထောင်အထိ ရောင်းချသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top