လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

"ေရႊဘိုမင္းႀကိဳက္ ေပါင္တံရွည္" ဆိုတဲ႔ ျမန္မာစကားလည္း ရွိပါတယ္။ ေျခေထာက္နဲ႔ ေျခေခ်ာင္းေလးေတြ လွပျခင္းက ျမန္မာမိန္္းကေလးေတြရဲ႕ အလွတရားျပယုဂ္တစ္ခုအျဖစ္ ရပ္တည္ေနခဲ႔ပါတယ္။

"ေရႊဘိုမင္းႀကိဳက္ ေပါင္တံရွည္" ဆိုတဲ႔ ျမန္မာစကားလည္း ရွိပါတယ္။ ေျခေထာက္နဲ႔ ေျခေခ်ာင္းေလးေတြ လွပျခင္းက ျမန္မာမိန္္းကေလးေတြရဲ႕ အလွတရားျပယုဂ္တစ္ခုအျဖစ္ ရပ္တည္ေနခဲ႔ပါတယ္။ ေပါင္တံေလးက ရွည္လ်ားသြယ္လ်ၿပီး အနာအဆာမရွိရင္၊ ေျခေခ်ာင္းေလးေတြက ေသးသြယ္လွပၿပီး အမာရြတ္ကင္းစင္ရင္ ေဘာင္းဘီတိုပဲဝတ္ဝတ္၊ ဂါဝန္ပဲဝတ္ဝတ္၊ ျမန္မာ႔ရိုးရာ ထဘီပဲဝတ္ဝတ္ လိုက္ဖက္ညီတင္႔တယ္လွပါတယ္။ အဲဒီလို လွပတဲ႔ ေျခေထာက္ေလးေတြကို ပိုင္ဆိုင္ႏိုင္ဖို႔ ေအာက္ေဖာ္ျပပါ အခ်က္ေလးေတြကိုေတာ႔ ဂရုစိုက္သင္႔ပါတယ္။

၁။ အရမ္းက်ပ္လြန္းတဲ႔ အသားကပ္ေျခအိတ္ေတြ ဝတ္ဆင္ျခင္း

မိန္းကေလးေတြဆိုေတာ႔ အလွၾကိဳက္မွာပါ။ Stocking လို႕လူသိမ်ားတဲ႔ အသားကပ္ေျခအိတ္ေတြက လူၾကိဳက္မ်ားျပီး ဖက္ရွင္လည္းက်ပါတယ္။ ဒါေပမယ္႔ အရမ္းက်ပ္လြန္းတဲ႔အသားကပ္ေျခအိတ္ေတြက ေပါင္တံေတြရဲ႕အလွကိုေပၚလြင္ေစတာမွန္ေပမယ္႔ က်န္းမာေရးအတြက္ေတာ႔ မေကာင္းပါဘူး။ ဘာလို႔လဲဆိုေတာ႔ သူတို႔က ခင္ဗ်ားေျခေထာက္ရဲ႕ေသြးလည္ပတ္မႈကို ရပ္တန္႔ေစလို႔ပါပဲ။ ဒါ႔အျပင္ ဒူးအေကြး အဆန္႕ ျပဳလုုပ္ရလည္း ခက္ခဲေစပါတယ္။

၂။ အိမ္ထဲမွာ ေျခဗလာနဲ႔ လမ္းေလွ်ာက္ျခင္း

အိမ္ထဲမွာေနရင္ ေျခေထာက္မွာတစ္ခုခုစီးထားဖို႔ကလည္း အေရးၾကီးပါတယ္။ ဒါေၾကာင္႔ခင္ဗ်ားကိုသက္ေတာင္႔သက္တာရွိေစမယ္႔ ေျခညွပ္ဖိနပ္ေလးေတြစီးထားလို႔ရပါတယ္။ ဘာလို႔လဲဆိုေတာ႔ အိမ္ထဲမွာေနရင္ သံမံတလင္းက အေအးဓာတ္ေတြက လူကိုအေအးမိေစႏိုင္လို႔ပါပဲ။

၃။ ေျခေထာက္အနံ႕ဆိုးေတြကို ဂရုမထားျခင္း

ေျခေထာက္အနံ႕ဆိုးေတြထြက္တာက ပတ္ဝန္းက်င္ကိုပဲ အေႏွာင္႔အယွက္ေပးတာမဟုတ္ပါဘူး။ ကိုယ္႔ကိုလည္း အေႏွာင္႔အယွက္ ေပးပါတယ္။ ဒါတင္မကေသးပါဘူး။ ေျခေထာက္က အနံ႕ဆိုးေတြထြက္တယ္ဆိုတာ စိတ္ဖိစီးမႈေတြမ်ားေနတယ္ဆိုတဲ႔ အဓိပၸာယ္ တစ္ခုပါပဲ။ ဒါေၾကာင္႔ အလုပ္ကေနအိမ္ျပန္လာခ်ိန္ေတြဆို ေျခေထာက္ေဆးေပးဖို႔ အျမဲသတိရပါ။ မ်က္ႏွာသစ္ဖို႔ေတာ႔ မေမ႔ဘူးဟုတ္။ ဒီလိုပဲ... ေျခေထာက္ကိုလည္း ပံုမွန္ေဆးေပးလိုက္ပါ။

၄။ ရွဴးဖိနပ္ကို တစ္ခ်ိန္လံုးလိုလို စီးထားျခင္း

ရွဴးဖိနပ္စီးတာက ျပႆနာမဟုတ္ပါဘူး။ အခ်ိန္အၾကာၾကီးေတာက္ေလွ်ာက္စီးထားတာကမွ ျပႆနာပါ။ ကိုယ္႔ေျခေထာက္ေလးေတြကို ေလဝင္ေလထြက္ေကာင္းေအာင္ ထားသင္႔ပါတယ္။ ရွဴးဖိနပ္ၾကီးပဲ ေတာက္ေလွ်ာက္စီးထားမယ္ဆိုရင္ ေျခဖဝါးေအာက္က အပူေတြကအျပင္ထြက္ခြင္႔မရတဲ႔အတြက္ အေပၚကို ျပန္တက္ပါေတာ႔တယ္။ မ်က္စိမႈန္ျခင္္းဟာ အခ်ိန္ျဖည္႔ ရွဴးဖိနပ္စီးျခင္းေၾကာင္႔လည္း ျဖစ္တတ္ပါတယ္။ ဒါေၾကာင္႔ တစ္ခါတေလရံုးကို ေျခညွပ္ဖိနပ္စီးသြားတာက အၾကံေကာင္းပါပဲ။

၅။ ေျခဖဝါးေရာင္ရမ္းျခင္းကို ဂရုမစိုက္ျခင္း

ေျခဖဝါးေလးေတြ ေရာင္ရမ္းေနမယ္ဆိုရင္ အျမန္ဆံုးကုသမႈခံယူသင္႔ပါတယ္။ ဒါဟာ ေက်ာက္ကပ္ပ်က္ဆီးျခင္းရဲ႕လကၡဏာတစ္ခုျဖစ္ေနႏိုင္ပါတယ္။ ဒါေၾကာင္႔မေပါ႔ဆဘဲနဲ႕ ဆရာဝန္နဲ႔ အျမန္ဆံုးျပသ သင္႔ပါတယ္။

၆။ အဝါေရာင္ေျခသည္းေတြကို ဂရုမစိုက္ျခင္း

ကြ်န္ေတာ္တို႔ရဲ႕လက္သည္းေတြကို ဂရုစိုက္သလိုပဲ ေျခသည္းေတြကိုလည္းဂရုစိုက္သင္႔ပါတယ္။ ေျခသည္းေတြဝါေနတယ္ဆိုတာ lymphedema ဆိုတဲ႔ေရာဂါတစ္မ်ိဳးရဲ႕လကၡဏာျဖစ္ေနႏိုင္ပါတယ္။ ဒါေၾကာင္႔ မေပါ႔ဆဘဲနဲ႕ ဆရာဝန္နဲ႔အျမန္ဆံုးတိုင္ပင္သင္႔ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
"ရွှေဘိုမင်းကြိုက် ပေါင်တံရှည်" ဆိုတဲ့ မြန်မာစကားလည်း ရှိပါတယ်။ ခြေထောက်နဲ့ ခြေချောင်းလေးတွေ လှပခြင်းက မြန်မာမိန်းကလေးတွေရဲ့ အလှတရားပြယုဂ်တစ်ခုအဖြစ် ရပ်တည်နေခဲ့ပါတယ်။

"ရွှေဘိုမင်းကြိုက် ပေါင်တံရှည်" ဆိုတဲ့ မြန်မာစကားလည်း ရှိပါတယ်။ ခြေထောက်နဲ့ ခြေချောင်းလေးတွေ လှပခြင်းက မြန်မာမိန်းကလေးတွေရဲ့ အလှတရားပြယုဂ်တစ်ခုအဖြစ် ရပ်တည်နေခဲ့ပါတယ်။ ပေါင်တံလေးက ရှည်လျားသွယ်လျပြီး အနာအဆာမရှိရင်၊ ခြေချောင်းလေးတွေက သေးသွယ်လှပပြီး အမာရွတ်ကင်းစင်ရင် ဘောင်းဘီတိုပဲဝတ်ဝတ်၊ ဂါဝန်ပဲဝတ်ဝတ်၊ မြန်မာ့ရိုးရာ ထဘီပဲဝတ်ဝတ် လိုက်ဖက်ညီတင့်တယ်လှပါတယ်။ အဲဒီလို လှပတဲ့ ခြေထောက်လေးတွေကို ပိုင်ဆိုင်နိုင်ဖို့ အောက်ဖော်ပြပါ အချက်လေးတွေကိုတော့ ဂရုစိုက်သင့်ပါတယ်။

၁။ အရမ်းကျပ်လွန်းတဲ့ အသားကပ်ခြေအိတ်တွေ ဝတ်ဆင်ခြင်း

မိန်းကလေးတွေဆိုတော့ အလှကြိုက်မှာပါ။ Stocking လို့လူသိများတဲ့ အသားကပ်ခြေအိတ်တွေက လူကြိုက်များပြီး ဖက်ရှင်လည်းကျပါတယ်။ ဒါပေမယ့် အရမ်းကျပ်လွန်းတဲ့အသားကပ်ခြေအိတ်တွေက ပေါင်တံတွေရဲ့အလှကိုပေါ်လွင်စေတာမှန်ပေမယ့် ကျန်းမာရေးအတွက်တော့ မကောင်းပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က ခင်ဗျားခြေထောက်ရဲ့သွေးလည်ပတ်မှုကို ရပ်တန့်စေလို့ပါပဲ။ ဒါ့အပြင် ဒူးအကွေး အဆန့် ပြုလုုပ်ရလည်း ခက်ခဲစေပါတယ်။

၂။ အိမ်ထဲမှာ ခြေဗလာနဲ့ လမ်းလျှောက်ခြင်း

အိမ်ထဲမှာနေရင် ခြေထောက်မှာတစ်ခုခုစီးထားဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့်ခင်ဗျားကိုသက်တောင့်သက်တာရှိစေမယ့် ခြေညှပ်ဖိနပ်လေးတွေစီးထားလို့ရပါတယ်။ ဘာလို့လဲဆိုတော့ အိမ်ထဲမှာနေရင် သံမံတလင်းက အအေးဓာတ်တွေက လူကိုအအေးမိစေနိုင်လို့ပါပဲ။

၃။ ခြေထောက်အနံ့ဆိုးတွေကို ဂရုမထားခြင်း

ခြေထောက်အနံ့ဆိုးတွေထွက်တာက ပတ်ဝန်းကျင်ကိုပဲ အနှောင့်အယှက်ပေးတာမဟုတ်ပါဘူး။ ကိုယ့်ကိုလည်း အနှောင့်အယှက် ပေးပါတယ်။ ဒါတင်မကသေးပါဘူး။ ခြေထောက်က အနံ့ဆိုးတွေထွက်တယ်ဆိုတာ စိတ်ဖိစီးမှုတွေများနေတယ်ဆိုတဲ့ အဓိပ္ပာယ် တစ်ခုပါပဲ။ ဒါကြောင့် အလုပ်ကနေအိမ်ပြန်လာချိန်တွေဆို ခြေထောက်ဆေးပေးဖို့ အမြဲသတိရပါ။ မျက်နှာသစ်ဖို့တော့ မမေ့ဘူးဟုတ်။ ဒီလိုပဲ... ခြေထောက်ကိုလည်း ပုံမှန်ဆေးပေးလိုက်ပါ။

၄။ ရှူးဖိနပ်ကို တစ်ချိန်လုံးလိုလို စီးထားခြင်း

ရှူးဖိနပ်စီးတာက ပြဿနာမဟုတ်ပါဘူး။ အချိန်အကြာကြီးတောက်လျှောက်စီးထားတာကမှ ပြဿနာပါ။ ကိုယ့်ခြေထောက်လေးတွေကို လေဝင်လေထွက်ကောင်းအောင် ထားသင့်ပါတယ်။ ရှူးဖိနပ်ကြီးပဲ တောက်လျှောက်စီးထားမယ်ဆိုရင် ခြေဖဝါးအောက်က အပူတွေကအပြင်ထွက်ခွင့်မရတဲ့အတွက် အပေါ်ကို ပြန်တက်ပါတော့တယ်။ မျက်စိမှုန်ခြင်းဟာ အချိန်ဖြည့် ရှူးဖိနပ်စီးခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် တစ်ခါတလေရုံးကို ခြေညှပ်ဖိနပ်စီးသွားတာက အကြံကောင်းပါပဲ။

၅။ ခြေဖဝါးရောင်ရမ်းခြင်းကို ဂရုမစိုက်ခြင်း

ခြေဖဝါးလေးတွေ ရောင်ရမ်းနေမယ်ဆိုရင် အမြန်ဆုံးကုသမှုခံယူသင့်ပါတယ်။ ဒါဟာ ကျောက်ကပ်ပျက်ဆီးခြင်းရဲ့လက္ခဏာတစ်ခုဖြစ်နေနိုင်ပါတယ်။ ဒါကြောင့်မပေါ့ဆဘဲနဲ့ ဆရာဝန်နဲ့ အမြန်ဆုံးပြသ သင့်ပါတယ်။

၆။ အဝါရောင်ခြေသည်းတွေကို ဂရုမစိုက်ခြင်း

ကျွန်တော်တို့ရဲ့လက်သည်းတွေကို ဂရုစိုက်သလိုပဲ ခြေသည်းတွေကိုလည်းဂရုစိုက်သင့်ပါတယ်။ ခြေသည်းတွေဝါနေတယ်ဆိုတာ lymphedema ဆိုတဲ့ရောဂါတစ်မျိုးရဲ့လက္ခဏာဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် မပေါ့ဆဘဲနဲ့ ဆရာဝန်နဲ့အမြန်ဆုံးတိုင်ပင်သင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top