Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေယာဂလို႔ဆိုလိုက္ရင္ပဲ လူေတြဟာ ခႏၶာကိုယ္ရဲ႕ ၾကြက္သားေတြ တိုးလာတာတို႔ ေပ်ာ့ေပ်ာင္းလာတာတို႔ စတဲ့ မ်က္စိနဲ႔ျမင္ရတဲ့ အက်ိဳးေတြကိုသာ ေျပးျမင္ၾကတာပါ။ ဒါေပမဲ့ ဒါေတြဟာ ေယာဂကေပးစြမ္းႏိုင္တဲ့  စိတ္ပိုင္းဆိုင္ရာ ေကာင္းက်ိဳးေတြအေၾကာင္း ေဆြးေႏြးဖို႔ မလံုေလာက္ေသးပါဘူး။

ဒီလိုေကာင္းက်ိဳးေတြလည္း အမ်ားႀကီးရွိေနပါေသးတယ္။ ေယာဂက သင့္ရဲ႕ စိတ္က်န္းမာေရးအတြက္ ေပးစြမ္းႏုိင္တဲ့ ေကာင္းက်ိိဳးေတြ၊ ေပ်ာ္ရႊင္မႈေတြနဲ႔ သင့္ရဲ႕ ဆက္ဆံေရး ေတြကို တိုးလာေစတဲ့ အခ်ိဳ႕ေသာ ေကာင္းက်ိဳးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

ေယာဂဟာ စိုးရိမ္ပူပန္ျခင္း၊ ေဒါသနဲ႔ စိတ္ဓာတ္က်ဆင္းျခင္းေတြကို ေလ်ာ့ပါးေစပါတယ္။

ေယာဂဟာ စိုးရိမ္မႈေတြကို ေလ်ာ့က်ေစၿပီး စိတ္ေအးခ်မ္းသာေစပါတယ္။ အသက္ျပင္းျပင္းရွဴလိုက္တာနဲ႔ပဲ သင့္ရဲ႕ အာရံုေၾကာစနစ္က ေခ်ာေမြ႕သြားပါတယ္။ ေယာဂနဲပေပါင္းလိုက္ရင္ေတာ့ သင္ခံစားေနရတဲ့ က်န္းမာေရးအတြက္မေကာင္းတဲ့ ခံစားခ်က္ေတြကို ဖယ္ထုတ္လိုက္ႏိုင္မွာပါ။

ဖိအားေတြကို ေလွ်ာ့ခ်လိုက္ျခင္းအားျဖင့္ ေယာဂီေတြရဲ႕ အေနအထားနဲ႔ အသက္ရွဴေလ့က်င့္ခန္းေတြဟာ ဒီလို အႏုတ္လကၡဏာေဆာင္တဲ့ ကိစၥေတြကို ဖယ္ရွားပစ္ႏုိ္င္ပါတယ္။ ရလဒ္အေနနဲ႔ေတာ့ ေယာဂဟာ စိတ္ပိုင္းဆိုင္ရာ က်န္းမာမႈအတြက္ ပိုၿပီးေကာင္းတဲ့ ရလဒ္ကို ပိုင္ဆုိင္ႏုိင္ေစတာပါပဲ။

ေသြးဖိအားေလ်ာ့ေစျခင္း၊ ႏွလံုးခုန္ႏႈန္းေလ်ာ့ေစျခင္းနဲ႔ အသက္ရွဴတာကို တိုးတက္လာေစတာေတြနဲ႔တင္ ေယာဂက သင့္ရဲ႕ စိုးရိမ္မႈေတြႏဲ႔ စိတ္ဓာတ္က်မႈေတြကို ေစ်းႀကီးတဲ့ေဆးေတြမပါရဘဲ ေျဖရွင္းေပးလိုက္ႏုိင္ပါတယ္။

ေယာဂဟာ မွတ္ဥာဏ္ကို တိုးတက္ေကာင္းမြန္ေစၿပီး အာရံုစူးစိုက္ႏိုင္စြမ္းကိုလည္း တိုးတက္ေစႏုိင္ပါတယ္။

သင့္ဘဝမွာ သင့္ရဲ႕ ေန႔စဥ္လုပ္ငန္းေဆာင္တာေတြကို အာရံုစိုက္ဖို႔ ခဲယဥ္းတဲ့အခ်ိန္ေတြကိုလညး္ သင္ေတြ႕ႏုိ္ငပါတယ္။ ကံေကာင္းသစြာနဲ႔ပဲ ဘယ္လိုေျဖရွင္းရမယ္ဆိုတဲ့ အၾကံဥာဏ္ကို သင္အခုရရွိႏုိင္သြားပါၿပီ။ ေယာဂဟာ မွတ္ဥာဏ္ကို ထိထိေရာက္ေရာက္တိုးတက္ေစႏုိင္ၿပီး အာရံုစူးစိုက္မႈေတြကိုလည္း ပိုေကာင္းလာေစတယ္လို႔ဆိုပါတယ္။

စိတ္ေအးခ်မ္းေစဖို႔နဲ႔ စိတ္ရႈပ္တာေတြကို ဖယ္ရွားဖို႔ ေယာဂဟာ အေကာင္းဆံုးနည္းလမ္းပါပဲ။ ေခါင္းထဲက ဆူညံသံေတြကို ဖယ္ထုတ္လိုက္ၿပီး အတြင္းစိတ္ကိုပဲ အာရံုစိုက္လိုက္တဲ့အခါ သင္အရာအားလံုးကို မွတ္မိေနတာမ်ိဳးေတြ၊ အာရံုစူးစိုက္မႈပိုအားေကာင္းလာတာေတြကို ေတြ႕ရမွာပါ။

သင့္ကိုယ္သင္ ရွာေဖြေတြ႕ရွိေစပါတယ္။

ေယာဂက်င့္ျခင္းအားျဖင့္ သင့္ရဲ႕တန္ဖိုးေတြကို သင္ကိုယ္တိုင္နားလည္လာႏုိင္ၿပီး သာယာတဲ့ အခ်စ္ေရးေတြ၊ ေပါင္းသင္းဆက္ဆံေရးေတြကို ဖန္တီးႏုိင္လာတဲ့အျပင္ ခြင့္လႊတ္ႏုိင္စြမ္းေတြ တိုးလာတာကိုလည္း ေတြ႕ရမွာပါ။ သင့္ကိုယ္သင္ယံုၾကည္မႈေတြတိုးလာပါမယ္။ ေလ့က်င့္ခန္းေတြပိုလုပ္ၿပီး ပိုၿပီးက်န္းမာေအာင္ေနႏုိင္ပါလိမ့္မယ္။

ေန႔တစ္ေန႔ကုန္ဆံုးသြားၿပီးတဲ့အခ်ိန္မွာသင္နဲ႔ သင့္ၾကားဆက္ဆံေရးကို ျပန္ၾကည့္ပါ။ ယံုၾကည္မႈေတြ ပိုရွိလာၿပီး ဘာေတြခံစားေနရတယ္ဆိုတာကို အာရံုစိုက္လိုက္ပါ။ က်န္းမာေရးနဲ႔ ညီညြတ္မွ်တစြာ ဖြံ႕ျဖိဳးေနတဲ့ သင့္ကိုယ္သင္ျပန္ျမင္ရမွာျဖစ္ၿပီး ရွင္းျပစရာေတြ ဖံုးကြယ္စရာေတြလည္း မလိုအပ္ပါဘူး။

အရာရာကို ရင္ဆိုင္ႏိုင္မယ့္အျပင္ ဘယ္အရာကမွလည္း သင့္ကို ေၾကာက္ရြံ႕လာေစဖို႔ မစြမ္းသာပါဘူး။

သင့္ရဲ႕ေပါင္းသင္းဆက္ဆံမႈေတြကို တိုးတက္လာေစပါလိမ့္မယ္။

သင့္ကိုယ္သင္ ေစတနာရွိရွိဆက္ဆံေလေလ သင့္ပတ္ဝန္းက်င္က လူေတြအားလံုးကလည္း သင့္အေပၚ ေစတနာနဲ႔ ဆက္ဆံေလေလပါပဲ။ လူေတြကိုလည္း သင္က ကရုဏာမ်က္လံုးေတြနဲ႔ ေမတၱာထားၿပီး ၾကည့္လာႏိုင္ပါလိမ့္မယ္။

ေယာဂဟာ ထိခိုက္ဒဏ္ရာရမႈေတြကို ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။

အႏိုင္က်င့္ခံအမ်ိဳးသမီးေတြ၊ စစ္တပ္တြင္းကလူေတြ၊ စစ္တိုက္ထြက္ၿပီး ရန္သူေတြနဲ႔ ရင္ဆိုင္ခဲ့ရသူေတြမွာ Post Traumatic Stress Disorder (PTSD)လို႔ေခၚတဲ့ အေျခအေနေတြ ျဖစ္ေပၚႏိုင္ပါတယ္။ စိတ္ေဝဒနာရွင္ေတြဟာ အိပ္မက္ဆိုးေတြ၊ အတိတ္အေၾကာင္းေတြနဲ႔ အခ်ိဳ႕ေသာ လကၡဏာေတြ ျဖစ္ေပၚတတ္ပါတယ္။

အခ်ိဳ႕ေသာ စိတ္ပိုင္းဆိုင္ရာ ကုထံုးေတြဟာ PTSD ရဲ႕ အေျခခံအခ်က္ေတြကို ညႊန္းဆိုႏီုင္ၿပီး အနားကပ္လာတဲ့သူေတြကို ခုခံေနတဲ့လူနာအခ်ိဳ႕လည္းရွိပါတယ္။ အေမရိကန္ စိတ္က်န္းမာေရးဆိုင္ရာ အဖြဲ႕အစည္းကေတာ့  စိတ္ပိုင္းဆိုင္ရာကုထံုးေတြနဲ႔ ေခတ္မီေဆးပညာေတြ မႏိုင္ေတာ့တဲ့အခါမွာ ဟႆေယာဂ (Hatha Yoga) ဟာ PTSD ရဲ႕ လကၡဏာေတြကို ေလ်ာ့က်ေစႏုိင္ေၾကာင္း သက္ေသျပခဲ့ႏိုင္ပါတယ္။

ဒါေၾကာင့္ ေယာဂဟာ လူနာေတြ ရင္ဆုိင္ေနရတဲ့ အားနည္းခ်က္ေတြ၊ စိတ္အားငယ္မႈေတြကို ကုသေပးတဲ့ေနရာမွာ အေထာက္အကူျဖစ္ႏိုင္ပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
ယောဂလို့ဆိုလိုက်ရင်ပဲ လူတွေဟာ ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေ တိုးလာတာတို့ ပျော့ပျောင်းလာတာတို့ စတဲ့ မျက်စိနဲ့မြင်ရတဲ့ အကျိုးတွေကိုသာ ပြေးမြင်ကြတာပါ။ ဒါပေမဲ့ ဒါတွေဟာ ယောဂကပေးစွမ်းနိုင်တဲ့  စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးတွေအကြောင်း ဆွေးနွေးဖို့ မလုံလောက်သေးပါဘူး။

ဒီလိုကောင်းကျိုးတွေလည်း အများကြီးရှိနေပါသေးတယ်။ ယောဂက သင့်ရဲ့ စိတ်ကျန်းမာရေးအတွက် ပေးစွမ်းနိုင်တဲ့ ကောင်းကျိုးတွေ၊ ပျော်ရွှင်မှုတွေနဲ့ သင့်ရဲ့ ဆက်ဆံရေး တွေကို တိုးလာစေတဲ့ အချို့သော ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ယောဂဟာ စိုးရိမ်ပူပန်ခြင်း၊ ဒေါသနဲ့ စိတ်ဓာတ်ကျဆင်းခြင်းတွေကို လျော့ပါးစေပါတယ်။

ယောဂဟာ စိုးရိမ်မှုတွေကို လျော့ကျစေပြီး စိတ်အေးချမ်းသာစေပါတယ်။ အသက်ပြင်းပြင်းရှူလိုက်တာနဲ့ပဲ သင့်ရဲ့ အာရုံကြောစနစ်က ချောမွေ့သွားပါတယ်။ ယောဂနဲပပေါင်းလိုက်ရင်တော့ သင်ခံစားနေရတဲ့ ကျန်းမာရေးအတွက်မကောင်းတဲ့ ခံစားချက်တွေကို ဖယ်ထုတ်လိုက်နိုင်မှာပါ။

ဖိအားတွေကို လျှော့ချလိုက်ခြင်းအားဖြင့် ယောဂီတွေရဲ့ အနေအထားနဲ့ အသက်ရှူလေ့ကျင့်ခန်းတွေဟာ ဒီလို အနုတ်လက္ခဏာဆောင်တဲ့ ကိစ္စတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ ရလဒ်အနေနဲ့တော့ ယောဂဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုအတွက် ပိုပြီးကောင်းတဲ့ ရလဒ်ကို ပိုင်ဆိုင်နိုင်စေတာပါပဲ။

သွေးဖိအားလျော့စေခြင်း၊ နှလုံးခုန်နှုန်းလျော့စေခြင်းနဲ့ အသက်ရှူတာကို တိုးတက်လာစေတာတွေနဲ့တင် ယောဂက သင့်ရဲ့ စိုးရိမ်မှုတွေနဲ့ စိတ်ဓာတ်ကျမှုတွေကို ဈေးကြီးတဲ့ဆေးတွေမပါရဘဲ ဖြေရှင်းပေးလိုက်နိုင်ပါတယ်။

ယောဂဟာ မှတ်ဉာဏ်ကို တိုးတက်ကောင်းမွန်စေပြီး အာရုံစူးစိုက်နိုင်စွမ်းကိုလည်း တိုးတက်စေနိုင်ပါတယ်။

သင့်ဘဝမှာ သင့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အာရုံစိုက်ဖို့ ခဲယဉ်းတဲ့အချိန်တွေကိုလည်း သင်တွေ့နိုငပါတယ်။ ကံကောင်းသစွာနဲ့ပဲ ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ အကြံဉာဏ်ကို သင်အခုရရှိနိုင်သွားပါပြီ။ ယောဂဟာ မှတ်ဉာဏ်ကို ထိထိရောက်ရောက်တိုးတက်စေနိုင်ပြီး အာရုံစူးစိုက်မှုတွေကိုလည်း ပိုကောင်းလာစေတယ်လို့ဆိုပါတယ်။

စိတ်အေးချမ်းစေဖို့နဲ့ စိတ်ရှုပ်တာတွေကို ဖယ်ရှားဖို့ ယောဂဟာ အကောင်းဆုံးနည်းလမ်းပါပဲ။ ခေါင်းထဲက ဆူညံသံတွေကို ဖယ်ထုတ်လိုက်ပြီး အတွင်းစိတ်ကိုပဲ အာရုံစိုက်လိုက်တဲ့အခါ သင်အရာအားလုံးကို မှတ်မိနေတာမျိုးတွေ၊ အာရုံစူးစိုက်မှုပိုအားကောင်းလာတာတွေကို တွေ့ရမှာပါ။

သင့်ကိုယ်သင် ရှာဖွေတွေ့ရှိစေပါတယ်။

ယောဂကျင့်ခြင်းအားဖြင့် သင့်ရဲ့တန်ဖိုးတွေကို သင်ကိုယ်တိုင်နားလည်လာနိုင်ပြီး သာယာတဲ့ အချစ်ရေးတွေ၊ ပေါင်းသင်းဆက်ဆံရေးတွေကို ဖန်တီးနိုင်လာတဲ့အပြင် ခွင့်လွှတ်နိုင်စွမ်းတွေ တိုးလာတာကိုလည်း တွေ့ရမှာပါ။ သင့်ကိုယ်သင်ယုံကြည်မှုတွေတိုးလာပါမယ်။ လေ့ကျင့်ခန်းတွေပိုလုပ်ပြီး ပိုပြီးကျန်းမာအောင်နေနိုင်ပါလိမ့်မယ်။

နေ့တစ်နေ့ကုန်ဆုံးသွားပြီးတဲ့အချိန်မှာသင်နဲ့ သင့်ကြားဆက်ဆံရေးကို ပြန်ကြည့်ပါ။ ယုံကြည်မှုတွေ ပိုရှိလာပြီး ဘာတွေခံစားနေရတယ်ဆိုတာကို အာရုံစိုက်လိုက်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်မျှတစွာ ဖွံ့ဖြိုးနေတဲ့ သင့်ကိုယ်သင်ပြန်မြင်ရမှာဖြစ်ပြီး ရှင်းပြစရာတွေ ဖုံးကွယ်စရာတွေလည်း မလိုအပ်ပါဘူး။

အရာရာကို ရင်ဆိုင်နိုင်မယ့်အပြင် ဘယ်အရာကမှလည်း သင့်ကို ကြောက်ရွံ့လာစေဖို့ မစွမ်းသာပါဘူး။

သင့်ရဲ့ပေါင်းသင်းဆက်ဆံမှုတွေကို တိုးတက်လာစေပါလိမ့်မယ်။

သင့်ကိုယ်သင် စေတနာရှိရှိဆက်ဆံလေလေ သင့်ပတ်ဝန်းကျင်က လူတွေအားလုံးကလည်း သင့်အပေါ် စေတနာနဲ့ ဆက်ဆံလေလေပါပဲ။ လူတွေကိုလည်း သင်က ကရုဏာမျက်လုံးတွေနဲ့ မေတ္တာထားပြီး ကြည့်လာနိုင်ပါလိမ့်မယ်။

ယောဂဟာ ထိခိုက်ဒဏ်ရာရမှုတွေကို လျှော့ချပေးနိုင်ပါတယ်။

အနိုင်ကျင့်ခံအမျိုးသမီးတွေ၊ စစ်တပ်တွင်းကလူတွေ၊ စစ်တိုက်ထွက်ပြီး ရန်သူတွေနဲ့ ရင်ဆိုင်ခဲ့ရသူတွေမှာ Post Traumatic Stress Disorder (PTSD)လို့ခေါ်တဲ့ အခြေအနေတွေ ဖြစ်ပေါ်နိုင်ပါတယ်။ စိတ်ဝေဒနာရှင်တွေဟာ အိပ်မက်ဆိုးတွေ၊ အတိတ်အကြောင်းတွေနဲ့ အချို့သော လက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်။

အချို့သော စိတ်ပိုင်းဆိုင်ရာ ကုထုံးတွေဟာ PTSD ရဲ့ အခြေခံအချက်တွေကို ညွှန်းဆိုနီုင်ပြီး အနားကပ်လာတဲ့သူတွေကို ခုခံနေတဲ့လူနာအချို့လည်းရှိပါတယ်။ အမေရိကန် စိတ်ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းကတော့  စိတ်ပိုင်းဆိုင်ရာကုထုံးတွေနဲ့ ခေတ်မီဆေးပညာတွေ မနိုင်တော့တဲ့အခါမှာ ဟဿယောဂ (Hatha Yoga) ဟာ PTSD ရဲ့ လက္ခဏာတွေကို လျော့ကျစေနိုင်ကြောင်း သက်သေပြခဲ့နိုင်ပါတယ်။

ဒါကြောင့် ယောဂဟာ လူနာတွေ ရင်ဆိုင်နေရတဲ့ အားနည်းချက်တွေ၊ စိတ်အားငယ်မှုတွေကို ကုသပေးတဲ့နေရာမှာ အထောက်အကူဖြစ်နိုင်ပါသေးတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top