Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဦးေအာင္ဖူး ႏွင့္ ေဒၚမယ္တို႔တြင္ သားသမီး ၅ ဦးဖြားျမင္ခ့ဲသည္။ မိန္းကေလး ၂ ေယာက္ ေယာက်ာ္းေလး ၃ ေယာက္ႏွင့္ ေပ်ာ္စရာမိသား စုကမ႓ာေလးတစ္ခုအျဖစ္တည္ရွိေနသည္။

ဦးေအာင္ဖူးသည္ ဆန္စက္ ဆီၾကိတ္စက္ လယ္ဧကမ်ားစြာ ကြ်ဲ ႏြားမ်ားကိုပိုင္ဆိုင္သည့္ ေတာသူေဌးတစ္ဦးပင္ျဖစ္ေလသည္။ အိမ္ဆို သည္လည္း ထိုေခတ္က ပ်ဥ္ေထာင္ သြပ္မိုး ေအာက္ခံ အုတ္တက္ ႏွင့္ က်ယ္ဝန္းေသာ ဝိုင္းျခံၾကီး ႏွင့္ ရြယ္အလည္မွာ ခန္႔ညားစြာရွိေန သည္။

သားသမီးမ်ားအရြယ္ေရာက္ကာ အိမ္ေထာင္ ကိုယ္စီက်ေလသည္။ အိမ္တြင္ သမီးအလတ္ အပ်ိဳၾကီးသာက်န္ခ့ဲသည္။ မိဘမ်ား အသက္အ ရြယ္ရ၍ ကြယ္လြန္ေလေသာအခါ အေမြကိစၥ က စ ေလ ျပီ အညီအမွ် ခဲြေဝျခင္းထက္ ေလာ ဘမ်ားကိုယ္စီ တက္လာၾကသည္။ အထူးသျဖင့္ အိမ္ႏွင့္ ဝိုင္း အား ပိုင္ဆိုင္လိုသူက မ်ားေနသည္။ အပ်ိဳၾကီး မၾကည္က သူသာလွ်င္ ထိုအိမ္ကိုပိုင္ဆိုင္ရမည္ဟုေျပာသည္။

အေမြထုံးတမ္း ဥပေဒ အရလည္း လူလြတ္ျဖစ္ေသာသူသာ ပိုင္ဆိုင္ ခြင့္ရမည္ျဖစ္သည္။ ဒုတိယသားျဖစ္သူ ကိုသန္း ယုတ္မာေလျပီ အင္းတိုက္ နတ္တိုက္ ေအာက္လမ္းပညာမ်ား ျဖင့္ ထိုအိမ္အား ခ်ဳပ္ေႏွာင္ကာ သူပိုင္ဆိုင္ရန္ ၾကိဳးစားေလသည္။ သို႕ေသာ္ ဥပေဒအရ ထိုအိမ္အား အပ်ိဳၾကီးမွ မျဖစ္မေနပိုင္ဆိုင္ခြင့္ ရလိုက္ေလသည္။ အေမြကိစၥမ်ားျပီး၍ အပ်ိဳၾကီးမွာ ညီမကေမြး ေသာတူေလး ႏွင့္ အတူေနသည္။ လူငွားတစ္ခ်ိဳ႕ ကိုလည္းငွားထားသည္။

တစ္ညေနမွာ ဘုရာပန္းေရလည္းရန္ အိမ္ေပၚကိုတက္ျပီး ဘုရားပန္းလည္း ဘုရားဝတ္ျပဳျပီးထအျပန္ ဘုရားစင္ေပၚက ဘုရားပန္းအိုးမွာ ဝုန္း ခနဲ ျပဳိလဲသြားသည္။ ရုတ္တရက္လန္႕ကာသြား သည္။ ျပီးမွ ၾကြက္တိုးတာ ေနမွာပါဟု ေတြးကာ ျပန္ေထာင္လိုက္သည္။ အိမ္တံခါးဝသို႕အေရာက္တြင္ “ေတာက္ ကြာ” ေတာက္ေခါက္သံျပင္းျပင္းကိုၾကားလိုက္သည္။ “သား ေအာင္မ်ိဳး မင္းေတာက္ေခါက္္ေသးလား” “ဗ်ာ ၾကီးၾကီး က်ေနာ္ မေခါက္ပါဘူး” လူငွားေတြထဲကတစ္ေယာက္ေယာက္ေနမွာပါဟု ထင္မိလိုက္သည္။ ထို႔ေနာက္ မီးဖိုခန္းဘက္ကူးကာ ထမင္းဟင္း မ်ားျပင္ဆင္ျပီး လူငွားမ်ားအား ေခၚေကြ်းလိုက္ သည္။

ေနာက္တစ္ေန႔ အကိုအၾကီးဆုံး၏သမီးက အိမ္ အလည္လာသည္။ ေန႔လည္ ၁ နာရီထိုးျပီး ေလာက္ျဖစ္မည္။ တူဝရီးႏွစ္ေယာက္ အာလာပ သလာပ မ်ားေျပာျဖစ္ၾကသည္။ “ၾကီးၾကီး ေခါင္းကလည္း ေျခာက္ခမ္းေနတာ ပဲ အုန္းဆီေလး လူးထားဦးေလ” “ေအးဟယ္ သမီးရယ္ အလုပ္ေတြကမ်ားေတာ့ ေမ့ေနတယ္ အိမ္ခန္းထဲက အုန္းဆီပုလင္းယူ ျပီး လိမ္းေပးစမ္းပါဦး ” “ဟုတ္က့ဲ ၾကီးၾကီး ခဏေနာ္” ထို႕ေနာက္ အိမ္ေပၚကိုတက္ကာသြားသည္။ အိမ္ခန္းထဲကိုဝင္၍ မွန္တင္ခုံေပၚက အုန္းဆီ ပုလင္းကိုယူကာ အပ်ိဳေလးတို႕သဘာဝ အတိုင္း မွန္အား တစ္ခ်က္ၾကည့္လိုက္သည္။ “အားး အမေလး ၾကီးၾကီး ကယ္ပါဦး ” ဟု ငယ္သံပါေအာင္ ေအာ္ကာ အိမ္ေအာက္ေျပးဆင္းလာသည္။

“သမီး ဘာျဖစ္တာလဲ မလန္႕သာမထိတ္သာ” ” ၾက ၾက ၾကီးၾကီးး ဟို ဟို အိမ္ခန္းထဲက မွန္ထဲကိုၾကည့္တာ အ့ဲဒါ သ သ သမီးေနာက္ ေက်ာနားမွာ ဆံပင္ျဖဴနဲ႕ အဖြားၾကီးက ၾကည့္ ေနတယ္ ဟီးးအီးးး အီးးး ေၾကာက္တယ္ ” “အို သမီးရယ္ သမီးအျမင္မွားတာေနမွာ ေန႕ လည္ၾကီး ျပီးေတာ့ အိမ္ေပၚမွာေလ ဘုရားစင္ လည္း ရွိေနတာကို ငါ့သမီး စိတ္ေျခာက္ျခား တာေနမွာ ေရာ့ ေရာ့ ေရေသာက္ဦး” ေရေသာက္ျပီး အကိုျဖစ္သူ၏ သမီးမွာ ခ်က္ခ်င္း ျပန္သြားေလသည္။ ထိုေနာက္ တစ္ပတ္အၾကာတြင္ ညီမ အငယ္ ဆုံးအလည္လာေလသည္။ အေဝးနယ္ကျဖစ္၍ တစ္ညအိပ္ျပီးမွ ျပန္ေလသည္။ ည ၁၁ နာရီခန္႕တြင္ ညီမငယ္ျဖစ္သူ ေဒၚရီ တစ္ေရးႏိုးေလျပီ အေပါ့သြားခ်င္၍ ထမည္အျပဳ အိမ္၏ေတာင္ဘက္ နံရံကုို ဆံပင္ျဖဴျဖဴ အဖြားၾကီးက ကုတ္ျခစ္ကာ တက္ေနသည္။ “ဟင္ ! အမ အမ ထ ထ ထဦး ” “အင္းးအင္း ညီမေလး ဘာျဖစ္လို႕လဲ” “ဟို ဟို မွာ ” နံရံကိုထိုးျပသည္။

” ဘာလဲ ဘာျဖစ္လို႕လဲ” “နံရံမွာ ဆံပင္ျဖဴအဖြားၾကီး ကုတ္တက္ေန တယ္ ဟင့္ ဟင့္ ေၾကာက္တယ္ ေၾကာက္ တယ္” ” ဟယ္ ဒီကေလး အိပ္မႈန္စဝါး နဲ႕ ဘာမွမရွိပါ ဘူးဟ့ဲ ဒီမွာၾကည့္ ” ဟုဆိုကာဓါတ္မီး နဲ႔ထိုးျပသည္။ ထို႕ေနာက္ ေၾကာက္လန္႔ေနေသာညီမအား ပရိတ္ေရတိုက္ ကာ ျပန္သိပ္လိုက္သည္။ ေဒၚၾကည္၏စိတ္ထဲ တစ္ခုခုကိုေတြးေနသည္။ တိုက္ဆိုင္မႈတစ္ခု ေတာ့ျဖစ္ေနျပီ။ တူမေလး ေတြ႕တာရယ္ ညီမျဖစ္သူ ေတြ႕တာရယ္က တူေနသည္။ ေနာက္တစ္ၾကိမ္က ဘယ္လိုမွျငင္းမရေသာ အျဖစ္အပ်က္ သူမကိုယ္တိုင္ၾကဳံခ့ဲရသည္။ ထိုညက ပူအိုက္၍ ေတာ္ေတာ္ႏွင့္ အိပ္မေပ်ာ္ပဲ ရွိေနသည္။

ဟိုလိမ့္သည္လိမ့္ႏွင့္ ေမွးခနဲအိပ္ ေပ်ာ္သြားသည္။ ” ဂလြပ္ ဘုတ္ ဂလြမ္းးး” မီးဖိုးခန္းဆီမွအသံေတြၾကားေနရသည္။ ျဖတ္ခနဲ လန္႕ႏိုးကာ ဓါတ္မီးကိုဆဲြ မီးဖိုးခန္းထဲ ဝင္လိုက္ သည္။ ဒီလိုပဲ အိမ္မွာက ေၾကာင္ေတြလည္း ေမြးထားေတာ့ ဟင္းခြက္ ထမင္းခြက္မ်ားကို လွန္ေလာ ေနျပီထင္လိုက္သည္။ အထင္နဲ႕ အျမင္မွာ တက္တက္စင္လဲြသြားသည္။ ဆံပင္တစ္ေခါင္းလုံးျဖဴေနေသာအဖြားအိုၾကီး မွာ ေက်ာေပးလွ်က္ ဟင္းအိုးမ်ားကိုလွန္ကာ စားေနသည္။ ေဒၚၾကည္၏ ဓါတ္မီးအေရာင္ ေၾကာင့္ ဆတ္ခနဲ လွည့္ၾကည့္သည္။

ေဒၚၾကည္ ၾကက္ေသေသကာ သြားသည္။ ဆံပင္ျဖဴအဖြားၾကီးမွာ မ်က္နာကျဖဴဖပ္ျဖဴ ေရာ္ မ်က္လုံးက အဆမတန္ခ်ိဳင့္လွ်က္ သူမအား မ်က္ျဖဴလွန္ ကာစိုက္ၾကည့္ေနသည္။ ေဒၚၾကည္ အနား တျဖည္းျဖည္းတိုးကာလာသည္။ ေဒၚၾကည္ ေနရာတြင္ ဘုန္းခနဲလဲကာ ေမ့ေမ်ာသြားေလ သည္။ ေနာက္တစ္ေန႔မနက္မွ သတိရလာကာ ဘုန္း ၾကီးမ်ားပင့္ ပရိတ္ရြတ္ ကမၼဝါဖတ္ ဆြမ္းကပ္ ျပဳလုပ္လိုက္သည္။ ေဒၚၾကည္တစ္ေယာက္ဘယ္ လိုမွမယုံႏိုင္ပါ ငယ္ငယ္ကတည္းကေနလာတ့ဲ အိမ္မွာ ဒီလို ေျခာက္ျခားဖြယ္ရာအျဖစ္ေတြ ရွိ ေနသည္မွာ ထူးဆန္းေနသည္။

ထိုေနာက္ရက္ေတြမွာ ဆံပင္ျဖဴအဖြားၾကီးမ ေျခာက္လွန္႔ေတာ့ေပမယ့္ ညေနတိုင္း ေတာက္ ေခါက္သံမွာ ေန႕စဥ္လိုလို ၾကားေနရသည္။ ေဒၚၾကည္တစ္ေယာက္ အိမ္အေပၚထပ္ မအိပ္ ရဲေတာ့ေပ တူေတာ္ေမာင္ ႏွင့္ ေအာက္ထပ္မွာ ေျခရင္း ေခါင္းရင္း အိပ္ရသည္။ ထို႔ေနာက္ေလ အိမ္အေပၚထပ္ကပိုေျခာက္ျခား စရာေကာင္းေလျဖစိေနသည္။ ေန႔ခင္းဘက္ လည္း အိမ္တံခါးေတြပိတ္ ညဘက္လည္းပိတ္ ဘုရား ေသာက္ေရ ဆြမ္းကပ္ခ်ိန္မ်ားမွာ အိမ္ ေပၚသို႕ လူ ၂ ေယာက္ႏွင့္မွ တက္ရဲေတာ့သည္ တစ္ေယာက္တည္းဆိုလွ်င္ တက္ ေခါက္၍ နပန္းလုံးသည္ အထိ ျဖစ္လာသည္။ တတ္ကြ်မ္းတ့ဲ ဆရာကို ေခၚကာ ေမးျမန္းေတာ့ မွ အေျဖထြက္လာေတာ့သည္။

ထိုဆရာက ဘုရားပဲြတင္ သီလ ခံယူ ေမတၲာပို႔၍ အိမ္ေခါင္ တိုင္ထိတက္ကာ ေခါင္တိုင္ထိပ္က ေၾကးျပားေတြ ဆဲြထုတ္လာသည္။ ထိုေၾကးျပား ေပၚတြင္ နားမလည္ႏိူင္သည့္ အင္းကြက္မ်ား ႏွင့္ျဖစ္သည္။ “အေဒၚၾကည္ ကံေကာင္းတယ္ ဗ်ာ အခုလို ဒီအင္းျပားေတြ ဆက္ထားရင္ အေဒၚၾကည္ အိမ္ မီးေလာင္မလား မိုးၾကိဴးပစ္မလား ဒါမွ မဟုတ္ ဒီအင္းျပားထဲက အေႏွာက္အယွက္က ေဒၚၾကည့္ အသက္ကိုယူေတာ့မွာဗ် ” “ရွင္ ဒီအိမ္မွာငယ္ငယ္ကတည္းက ေနလာ တာ ဘာမွ မျဖစ္ပါဘူး အေဖေသျပီးေနာက္ ပိုင္းမွ ျဖစ္လာတာ ဘုရား ဘုရား ဘာေတြ ျဖစ္တာလဲ ” “ဟုတ္တယ္ ေဒၚၾကည္ အရင္က ဒါေတြမရွိ ေလာက္ဘူး ေဒၚၾကည့္ကို မလိုမုန္းတီးသူ တစ္ေယာက္ ေယာက္က ေအာက္လမ္းဆရာ နဲ႕ အင္းတိုက္ တိုက္ တာ ကံေကာင္းေပလို႕ ေဒၚၾကည္ လက္ဦးသြားလို႕ ကဲ ဒါေတြကို ရြာ့အေရွ႕ဘက္ ေခ်ာင္းထဲေမ်ာျပစ္လိုက္ေတာ့ အေဒၚပါးစပ္ကလည္း နင့္အပစ္ နင္ခံ လို႕ ေျပာျပီး ေမ်ာလိုက္ ” “ဟုတ္က့ဲပါ ဆရာ ” ထို႔ေနာက္ ေဒၚၾကည္မွာ ထိုအင္းျပားမ်ားကို ယူကာ ေခ်ာင္းထဲတြင္ ေမ်ာပစ္သည္။

ပါးစပ္ မွလည္း နင့္အပစ္ နင္ခံ ဟု ေျပာလိုက္သည္။ ေနာက္ ၂ ရက္ခန္႕ၾကာေသာ္ အကိုလတ္ျဖစ္ သူ ကိုသန္းမွာ ဗိုက္ေအာင့္တယ္ ဗိုက္ေအာင့္ တယ္ ဟု ခဏခဏ ေအာ္ကာ ေနသည္။ ညသန္းေခါင္ေက်ာ္တြင္ သူ႔အကို ကိုသန္း အိမ္ဘက္ဆီက အသံနက္ၾကီး ေအာ္သံ ၾကားလိုက္ရသည္။ “အားးးး ကယ္ၾကပါ ငါ့ကိုလည္ပင္းညွစ္ေန တယ္ ကယ္ပါ ကယ္ပါ အားးးး ” ေနာက္တစ္ေန႔မနက္တြင္ ကိုသန္းမွာအသက္မ ရွိေတာ့ေပ သူေသဆုံးပုံက မ်က္လုံးၾကီးျပဴး လွ်ာၾကီးထြက္လွ်က္ ေသဆုံးေနသည္။ သူတစ္ပါး မေကာင္းၾကံ၍ သူခံ ရသည္ကို သူသာ အသိဆုံးျဖစ္ေပမည္ေပါ့။ ေဒၚၾကည္၏ အိမ္ေလးကေတာ့ ဟိုအရင္ မိဘ မ်ားရွိစဥ္ကလို ေအးခ်မ္းသာယာလွ်က္ ထူး ဆန္းသည္က ေဒၚၾကည္ အိမ္တြင္ မနက္တိုင္း ပဌာန္း ပရိတ္ တရား သံေလး က ကက္ဆက္ ေလးဆီမွ မနက္တိုင္းၾကားေနရေတာ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myanmarpost
#Unicode Version#
ဦးအောင်ဖူး နှင့် ဒေါ်မယ်တို့တွင် သားသမီး ၅ ဦးဖွားမြင်ခဲ့သည်။ မိန်းကလေး ၂ ယောက် ယောကျာ်းလေး ၃ ယောက်နှင့် ပျော်စရာမိသား စုကမ္ဘာလေးတစ်ခုအဖြစ်တည်ရှိနေသည်။

ဦးအောင်ဖူးသည် ဆန်စက် ဆီကြိတ်စက် လယ်ဧကများစွာ ကျွဲ နွားများကိုပိုင်ဆိုင်သည့် တောသူဌေးတစ်ဦးပင်ဖြစ်လေသည်။ အိမ်ဆို သည်လည်း ထိုခေတ်က ပျဉ်ထောင် သွပ်မိုး အောက်ခံ အုတ်တက် နှင့် ကျယ်ဝန်းသော ဝိုင်းခြံကြီး နှင့် ရွယ်အလည်မှာ ခန့်ညားစွာရှိနေ သည်။

သားသမီးများအရွယ်ရောက်ကာ အိမ်ထောင် ကိုယ်စီကျလေသည်။ အိမ်တွင် သမီးအလတ် အပျိုကြီးသာကျန်ခဲ့သည်။ မိဘများ အသက်အ ရွယ်ရ၍ ကွယ်လွန်လေသောအခါ အမွေကိစ္စ က စ လေ ပြီ အညီအမျှ ခွဲဝေခြင်းထက် လော ဘများကိုယ်စီ တက်လာကြသည်။ အထူးသဖြင့် အိမ်နှင့် ဝိုင်း အား ပိုင်ဆိုင်လိုသူက များနေသည်။ အပျိုကြီး မကြည်က သူသာလျှင် ထိုအိမ်ကိုပိုင်ဆိုင်ရမည်ဟုပြောသည်။

အမွေထုံးတမ်း ဥပဒေ အရလည်း လူလွတ်ဖြစ်သောသူသာ ပိုင်ဆိုင် ခွင့်ရမည်ဖြစ်သည်။ ဒုတိယသားဖြစ်သူ ကိုသန်း ယုတ်မာလေပြီ အင်းတိုက် နတ်တိုက် အောက်လမ်းပညာများ ဖြင့် ထိုအိမ်အား ချုပ်နှောင်ကာ သူပိုင်ဆိုင်ရန် ကြိုးစားလေသည်။ သို့သော် ဥပဒေအရ ထိုအိမ်အား အပျိုကြီးမှ မဖြစ်မနေပိုင်ဆိုင်ခွင့် ရလိုက်လေသည်။ အမွေကိစ္စများပြီး၍ အပျိုကြီးမှာ ညီမကမွေး သောတူလေး နှင့် အတူနေသည်။ လူငှားတစ်ချို့ ကိုလည်းငှားထားသည်။

တစ်ညနေမှာ ဘုရာပန်းရေလည်းရန် အိမ်ပေါ်ကိုတက်ပြီး ဘုရားပန်းလည်း ဘုရားဝတ်ပြုပြီးထအပြန် ဘုရားစင်ပေါ်က ဘုရားပန်းအိုးမှာ ဝုန်း ခနဲ ပြိုလဲသွားသည်။ ရုတ်တရက်လန့်ကာသွား သည်။ ပြီးမှ ကြွက်တိုးတာ နေမှာပါဟု တွေးကာ ပြန်ထောင်လိုက်သည်။ အိမ်တံခါးဝသို့အရောက်တွင် “တောက် ကွာ” တောက်ခေါက်သံပြင်းပြင်းကိုကြားလိုက်သည်။ “သား အောင်မျိုး မင်းတောက်ခေါက်သေးလား” “ဗျာ ကြီးကြီး ကျနော် မခေါက်ပါဘူး” လူငှားတွေထဲကတစ်ယောက်ယောက်နေမှာပါဟု ထင်မိလိုက်သည်။ ထို့နောက် မီးဖိုခန်းဘက်ကူးကာ ထမင်းဟင်း များပြင်ဆင်ပြီး လူငှားများအား ခေါ်ကျွေးလိုက် သည်။

နောက်တစ်နေ့ အကိုအကြီးဆုံး၏သမီးက အိမ် အလည်လာသည်။ နေ့လည် ၁ နာရီထိုးပြီး လောက်ဖြစ်မည်။ တူဝရီးနှစ်ယောက် အာလာပ သလာပ များပြောဖြစ်ကြသည်။ “ကြီးကြီး ခေါင်းကလည်း ခြောက်ခမ်းနေတာ ပဲ အုန်းဆီလေး လူးထားဦးလေ” “အေးဟယ် သမီးရယ် အလုပ်တွေကများတော့ မေ့နေတယ် အိမ်ခန်းထဲက အုန်းဆီပုလင်းယူ ပြီး လိမ်းပေးစမ်းပါဦး ” “ဟုတ်ကဲ့ ကြီးကြီး ခဏနော်” ထို့နောက် အိမ်ပေါ်ကိုတက်ကာသွားသည်။ အိမ်ခန်းထဲကိုဝင်၍ မှန်တင်ခုံပေါ်က အုန်းဆီ ပုလင်းကိုယူကာ အပျိုလေးတို့သဘာဝ အတိုင်း မှန်အား တစ်ချက်ကြည့်လိုက်သည်။ “အားး အမလေး ကြီးကြီး ကယ်ပါဦး ” ဟု ငယ်သံပါအောင် အော်ကာ အိမ်အောက်ပြေးဆင်းလာသည်။

“သမီး ဘာဖြစ်တာလဲ မလန့်သာမထိတ်သာ” ” ကြ ကြ ကြီးကြီးး ဟို ဟို အိမ်ခန်းထဲက မှန်ထဲကိုကြည့်တာ အဲ့ဒါ သ သ သမီးနောက် ကျောနားမှာ ဆံပင်ဖြူနဲ့ အဖွားကြီးက ကြည့် နေတယ် ဟီးးအီးးး အီးးး ကြောက်တယ် ” “အို သမီးရယ် သမီးအမြင်မှားတာနေမှာ နေ့ လည်ကြီး ပြီးတော့ အိမ်ပေါ်မှာလေ ဘုရားစင် လည်း ရှိနေတာကို ငါ့သမီး စိတ်ခြောက်ခြား တာနေမှာ ရော့ ရော့ ရေသောက်ဦး” ရေသောက်ပြီး အကိုဖြစ်သူ၏ သမီးမှာ ချက်ချင်း ပြန်သွားလေသည်။ ထိုနောက် တစ်ပတ်အကြာတွင် ညီမ အငယ် ဆုံးအလည်လာလေသည်။ အဝေးနယ်ကဖြစ်၍ တစ်ညအိပ်ပြီးမှ ပြန်လေသည်။ ည ၁၁ နာရီခန့်တွင် ညီမငယ်ဖြစ်သူ ဒေါ်ရီ တစ်ရေးနိုးလေပြီ အပေါ့သွားချင်၍ ထမည်အပြု အိမ်၏တောင်ဘက် နံရံကို ဆံပင်ဖြူဖြူ အဖွားကြီးက ကုတ်ခြစ်ကာ တက်နေသည်။ “ဟင် ! အမ အမ ထ ထ ထဦး ” “အင်းးအင်း ညီမလေး ဘာဖြစ်လို့လဲ” “ဟို ဟို မှာ ” နံရံကိုထိုးပြသည်။

” ဘာလဲ ဘာဖြစ်လို့လဲ” “နံရံမှာ ဆံပင်ဖြူအဖွားကြီး ကုတ်တက်နေ တယ် ဟင့် ဟင့် ကြောက်တယ် ကြောက် တယ်” ” ဟယ် ဒီကလေး အိပ်မှုန်စဝါး နဲ့ ဘာမှမရှိပါ ဘူးဟဲ့ ဒီမှာကြည့် ” ဟုဆိုကာဓါတ်မီး နဲ့ထိုးပြသည်။ ထို့နောက် ကြောက်လန့်နေသောညီမအား ပရိတ်ရေတိုက် ကာ ပြန်သိပ်လိုက်သည်။ ဒေါ်ကြည်၏စိတ်ထဲ တစ်ခုခုကိုတွေးနေသည်။ တိုက်ဆိုင်မှုတစ်ခု တော့ဖြစ်နေပြီ။ တူမလေး တွေ့တာရယ် ညီမဖြစ်သူ တွေ့တာရယ်က တူနေသည်။ နောက်တစ်ကြိမ်က ဘယ်လိုမှငြင်းမရသော အဖြစ်အပျက် သူမကိုယ်တိုင်ကြုံခဲ့ရသည်။ ထိုညက ပူအိုက်၍ တော်တော်နှင့် အိပ်မပျော်ပဲ ရှိနေသည်။

ဟိုလိမ့်သည်လိမ့်နှင့် မှေးခနဲအိပ် ပျော်သွားသည်။ ” ဂလွပ် ဘုတ် ဂလွမ်းးး” မီးဖိုးခန်းဆီမှအသံတွေကြားနေရသည်။ ဖြတ်ခနဲ လန့်နိုးကာ ဓါတ်မီးကိုဆွဲ မီးဖိုးခန်းထဲ ဝင်လိုက် သည်။ ဒီလိုပဲ အိမ်မှာက ကြောင်တွေလည်း မွေးထားတော့ ဟင်းခွက် ထမင်းခွက်များကို လှန်လော နေပြီထင်လိုက်သည်။ အထင်နဲ့ အမြင်မှာ တက်တက်စင်လွဲသွားသည်။ ဆံပင်တစ်ခေါင်းလုံးဖြူနေသောအဖွားအိုကြီး မှာ ကျောပေးလျှက် ဟင်းအိုးများကိုလှန်ကာ စားနေသည်။ ဒေါ်ကြည်၏ ဓါတ်မီးအရောင် ကြောင့် ဆတ်ခနဲ လှည့်ကြည့်သည်။

ဒေါ်ကြည် ကြက်သေသေကာ သွားသည်။ ဆံပင်ဖြူအဖွားကြီးမှာ မျက်နာကဖြူဖပ်ဖြူ ရော် မျက်လုံးက အဆမတန်ချိုင့်လျှက် သူမအား မျက်ဖြူလှန် ကာစိုက်ကြည့်နေသည်။ ဒေါ်ကြည် အနား တဖြည်းဖြည်းတိုးကာလာသည်။ ဒေါ်ကြည် နေရာတွင် ဘုန်းခနဲလဲကာ မေ့မျောသွားလေ သည်။ နောက်တစ်နေ့မနက်မှ သတိရလာကာ ဘုန်း ကြီးများပင့် ပရိတ်ရွတ် ကမ္မဝါဖတ် ဆွမ်းကပ် ပြုလုပ်လိုက်သည်။ ဒေါ်ကြည်တစ်ယောက်ဘယ် လိုမှမယုံနိုင်ပါ ငယ်ငယ်ကတည်းကနေလာတဲ့ အိမ်မှာ ဒီလို ခြောက်ခြားဖွယ်ရာအဖြစ်တွေ ရှိ နေသည်မှာ ထူးဆန်းနေသည်။

ထိုနောက်ရက်တွေမှာ ဆံပင်ဖြူအဖွားကြီးမ ခြောက်လှန့်တော့ပေမယ့် ညနေတိုင်း တောက် ခေါက်သံမှာ နေ့စဉ်လိုလို ကြားနေရသည်။ ဒေါ်ကြည်တစ်ယောက် အိမ်အပေါ်ထပ် မအိပ် ရဲတော့ပေ တူတော်မောင် နှင့် အောက်ထပ်မှာ ခြေရင်း ခေါင်းရင်း အိပ်ရသည်။ ထို့နောက်လေ အိမ်အပေါ်ထပ်ကပိုခြောက်ခြား စရာကောင်းလေဖြစိနေသည်။ နေ့ခင်းဘက် လည်း အိမ်တံခါးတွေပိတ် ညဘက်လည်းပိတ် ဘုရား သောက်ရေ ဆွမ်းကပ်ချိန်များမှာ အိမ် ပေါ်သို့ လူ ၂ ယောက်နှင့်မှ တက်ရဲတော့သည် တစ်ယောက်တည်းဆိုလျှင် တက် ခေါက်၍ နပန်းလုံးသည် အထိ ဖြစ်လာသည်။ တတ်ကျွမ်းတဲ့ ဆရာကို ခေါ်ကာ မေးမြန်းတော့ မှ အဖြေထွက်လာတော့သည်။

ထိုဆရာက ဘုရားပွဲတင် သီလ ခံယူ မေတ္တာပို့၍ အိမ်ခေါင် တိုင်ထိတက်ကာ ခေါင်တိုင်ထိပ်က ကြေးပြားတွေ ဆွဲထုတ်လာသည်။ ထိုကြေးပြား ပေါ်တွင် နားမလည်နိူင်သည့် အင်းကွက်များ နှင့်ဖြစ်သည်။ “အဒေါ်ကြည် ကံကောင်းတယ် ဗျာ အခုလို ဒီအင်းပြားတွေ ဆက်ထားရင် အဒေါ်ကြည် အိမ် မီးလောင်မလား မိုးကြိူးပစ်မလား ဒါမှ မဟုတ် ဒီအင်းပြားထဲက အနှောက်အယှက်က ဒေါ်ကြည့် အသက်ကိုယူတော့မှာဗျ ” “ရှင် ဒီအိမ်မှာငယ်ငယ်ကတည်းက နေလာ တာ ဘာမှ မဖြစ်ပါဘူး အဖေသေပြီးနောက် ပိုင်းမှ ဖြစ်လာတာ ဘုရား ဘုရား ဘာတွေ ဖြစ်တာလဲ ” “ဟုတ်တယ် ဒေါ်ကြည် အရင်က ဒါတွေမရှိ လောက်ဘူး ဒေါ်ကြည့်ကို မလိုမုန်းတီးသူ တစ်ယောက် ယောက်က အောက်လမ်းဆရာ နဲ့ အင်းတိုက် တိုက် တာ ကံကောင်းပေလို့ ဒေါ်ကြည် လက်ဦးသွားလို့ ကဲ ဒါတွေကို ရွာ့အရှေ့ဘက် ချောင်းထဲမျောပြစ်လိုက်တော့ အဒေါ်ပါးစပ်ကလည်း နင့်အပစ် နင်ခံ လို့ ပြောပြီး မျောလိုက် ” “ဟုတ်ကဲ့ပါ ဆရာ ” ထို့နောက် ဒေါ်ကြည်မှာ ထိုအင်းပြားများကို ယူကာ ချောင်းထဲတွင် မျောပစ်သည်။

ပါးစပ် မှလည်း နင့်အပစ် နင်ခံ ဟု ပြောလိုက်သည်။ နောက် ၂ ရက်ခန့်ကြာသော် အကိုလတ်ဖြစ် သူ ကိုသန်းမှာ ဗိုက်အောင့်တယ် ဗိုက်အောင့် တယ် ဟု ခဏခဏ အော်ကာ နေသည်။ ညသန်းခေါင်ကျော်တွင် သူ့အကို ကိုသန်း အိမ်ဘက်ဆီက အသံနက်ကြီး အော်သံ ကြားလိုက်ရသည်။ “အားးးး ကယ်ကြပါ ငါ့ကိုလည်ပင်းညှစ်နေ တယ် ကယ်ပါ ကယ်ပါ အားးးး ” နောက်တစ်နေ့မနက်တွင် ကိုသန်းမှာအသက်မ ရှိတော့ပေ သူသေဆုံးပုံက မျက်လုံးကြီးပြူး လျှာကြီးထွက်လျှက် သေဆုံးနေသည်။ သူတစ်ပါး မကောင်းကြံ၍ သူခံ ရသည်ကို သူသာ အသိဆုံးဖြစ်ပေမည်ပေါ့။ ဒေါ်ကြည်၏ အိမ်လေးကတော့ ဟိုအရင် မိဘ များရှိစဉ်ကလို အေးချမ်းသာယာလျှက် ထူး ဆန်းသည်က ဒေါ်ကြည် အိမ်တွင် မနက်တိုင်း ပဌာန်း ပရိတ် တရား သံလေး က ကက်ဆက် လေးဆီမှ မနက်တိုင်းကြားနေရတော့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Myanmarpost
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top