ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေကာ္ဖီ

မနက္ခင္းမွာ ဘာမွမစားဘဲ ေကာ္ဖီခ်ည္းဘဲ အရင္ေသာက္တတ္သူေတြရွိၾကပါတယ္။ ဘာမွမထည့္ထားတဲ့ ေကာ္ဖီက အစာအိမ္ထဲမွာ အက္ဆစ္ထြက္ႏႈန္းကို မ်ားေစၿပီး အက္ဆစ္ေတြ အထက္ဆန္တက္တဲ့ေရာဂါ (Heartburn)ျဖစ္ႏိုင္ပါတယ္။ ေကာ္ဖီဘဲေသာက္ၿပီး မနက္စာမစားရင္လည္း Serotonin ဓာတ္ထြက္ရွိမႈနည္းကာ တစ္ေန႔လံုး စိတ္ၾကည္လင္မွာမဟုတ္ပါဘူး။

ေကာ္ဖီကို ႏို႔မ်ားမ်ားနဲ႔မနက္စာ မုန္႔ေတြနဲ႔တြဲၿပီး စားေသာက္ေပးပါ။

အရက္

အစာမရွိဘဲ အရက္ဘဲေသာက္တာက အစာရွိရက္နဲ႔ အရက္ေသာက္တာထက္ ဆိုးက်ိဳးကို ၂ ဆပိုၿပီး ခံစားရႏိုင္ပါတယ္။ အရက္ေၾကာင့္ ႏွလံုး၊ အဆုတ္နဲ႔ ေက်ာက္ကပ္ေတြပိုထိႏိုင္ပါတယ္။

ေဆး၀ါး

Aspirin, Paracetamol၊ ေရာင္ရမ္းတာ က်ေစတဲ့ ေဆးေတြနဲ႔ တျခားေဆး၀ါးေတြကို ဗိုက္ထဲမွာ အစာမရွိဘဲ မေသာက္ပါနဲ႔။

အစာအိိမ္ ေသြးယိုတာတုိ႔စတဲ့ အစာအိမ္ျပႆနာေတြျဖစ္ေပၚလာႏိုင္ပါတယ္။

ဗိုက္ထဲမွာ အစာမရွိရင္ ေရနဲ႔မေသာက္ဘဲ ႏြားႏို႔နဲ႔ ေဆးကိုေသာက္ရင္ ပိုေကာင္းပါတယ္။

ပီေက

ပီေကေတြကို ၀ါးေနခ်ိန္မွာ ဗိုက္ထဲမွာ အစာေျခ အက္ဆစ္အရည္ေတြထြက္လာတာေၾကာင့္ သင့္အစာအိမ္နံရံကို စားသြားေစပါတယ္။ ပီေကစားတတ္တဲ့သူက အသင့္စားအစားအစာေတြျဖစ္တဲ့ အာလူးေၾကာ္တုိ႔ကို ပုိစားျဖစ္ပါတယ္။

ပီေကမွာပါ၀င္တဲ့ အခ်ိဳဓာတ္က သၾကားရဲ႕ အခ်ိဳဓာတ္ထက္စာရင္ အႏၱရာယ္မရွိပါဘူး။ ဒါေပမယ့္ ပီေကကို ၁၀ မိနစ္ ပိုၿပီး မ၀ါးသင့္ပါဘူး။

ေကာင္းစြာအိပ္ေပ်ာ္ခ်င္ရင္

ဗိုက္ဆာေနရင္ ေကာင္းေကာင္အိပ္မေပ်ာ္တဲ့အျပင္ ခဏခဏ ႏိုးေနတတ္ပါတယ္။ ဒါေၾကာင့္ မအိပ္ခင္မွာ ႏြားႏို႔နဲ႔ ပ်ားရည္ ေရာေသာက္ေပးပါ။

ျပင္းျပင္းထန္ထန္ ေလ့က်င့္ခန္းလုပ္ရင္

ဗိုက္ထဲမွာ အစာမရွိဘဲ ေလ့က်င့္ခန္းလုပ္ရင္ အဆီထက္ ၾကြက္သားေတြ ပိုၿပီးေလာင္ကၽြမ္းသြားတတ္ပါတယ္။ ဒါေၾကာင့္ ေလ့က်င့္ခန္းမလုပ္ခင္ နာရီအနည္းငယ္အလုိေလာက္မွာ တစ္ခုခု စားေပးထားသင့္ပါတယ္။

ေဆြးေႏြးမႈ

ဗိုက္ထဲမွာ အစာမရွိရင္ စိတ္ၾကည္လင္မႈမရွိတာေၾကာင့္ ေဆြးေႏြးတဲ့အခ်ိန္မွာ အဆင္ေျပႏိုင္ဖို႔ ခက္ခဲပါတယ္။ ဒါေၾကာင့္ တစ္ခုခုမစားျဖစ္ရင္ေတာင္ ပူတဲ့ အရည္တစ္ခုခုေသာက္ၿပီးမွ ေဆြးေႏြးမႈေတြျပဳလုပ္သင့္ပါတယ္။

ေစ်း၀ယ္မထြက္ခင္ အစာစားထားပါ

ဗိုက္ဆာေနရင္ မလိုအပ္တာေတြ ပို၀ယ္မိတာေၾကာင့္ ေစ်း၀ယ္မထြက္ခင္မွာ အစာအရင္ဆံုး စားထားဖု႔ိလို္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyFood
#Unicode Version#
ကော်ဖီ

မနက်ခင်းမှာ ဘာမှမစားဘဲ ကော်ဖီချည်းဘဲ အရင်သောက်တတ်သူတွေရှိကြပါတယ်။ ဘာမှမထည့်ထားတဲ့ ကော်ဖီက အစာအိမ်ထဲမှာ အက်ဆစ်ထွက်နှုန်းကို များစေပြီး အက်ဆစ်တွေ အထက်ဆန်တက်တဲ့ရောဂါ (Heartburn)ဖြစ်နိုင်ပါတယ်။ ကော်ဖီဘဲသောက်ပြီး မနက်စာမစားရင်လည်း Serotonin ဓာတ်ထွက်ရှိမှုနည်းကာ တစ်နေ့လုံး စိတ်ကြည်လင်မှာမဟုတ်ပါဘူး။

ကော်ဖီကို နို့များများနဲ့မနက်စာ မုန့်တွေနဲ့တွဲပြီး စားသောက်ပေးပါ။

အရက်

အစာမရှိဘဲ အရက်ဘဲသောက်တာက အစာရှိရက်နဲ့ အရက်သောက်တာထက် ဆိုးကျိုးကို ၂ ဆပိုပြီး ခံစားရနိုင်ပါတယ်။ အရက်ကြောင့် နှလုံး၊ အဆုတ်နဲ့ ကျောက်ကပ်တွေပိုထိနိုင်ပါတယ်။

ဆေးဝါး

Aspirin, Paracetamol၊ ရောင်ရမ်းတာ ကျစေတဲ့ ဆေးတွေနဲ့ တခြားဆေးဝါးတွေကို ဗိုက်ထဲမှာ အစာမရှိဘဲ မသောက်ပါနဲ့။

အစာအိမ် သွေးယိုတာတို့စတဲ့ အစာအိမ်ပြဿနာတွေဖြစ်ပေါ်လာနိုင်ပါတယ်။

ဗိုက်ထဲမှာ အစာမရှိရင် ရေနဲ့မသောက်ဘဲ နွားနို့နဲ့ ဆေးကိုသောက်ရင် ပိုကောင်းပါတယ်။

ပီကေ

ပီကေတွေကို ဝါးနေချိန်မှာ ဗိုက်ထဲမှာ အစာခြေ အက်ဆစ်အရည်တွေထွက်လာတာကြောင့် သင့်အစာအိမ်နံရံကို စားသွားစေပါတယ်။ ပီကေစားတတ်တဲ့သူက အသင့်စားအစားအစာတွေဖြစ်တဲ့ အာလူးကြော်တို့ကို ပိုစားဖြစ်ပါတယ်။

ပီကေမှာပါဝင်တဲ့ အချိုဓာတ်က သကြားရဲ့ အချိုဓာတ်ထက်စာရင် အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် ပီကေကို ၁၀ မိနစ် ပိုပြီး မဝါးသင့်ပါဘူး။

ကောင်းစွာအိပ်ပျော်ချင်ရင်

ဗိုက်ဆာနေရင် ကောင်းကောင်အိပ်မပျော်တဲ့အပြင် ခဏခဏ နိုးနေတတ်ပါတယ်။ ဒါကြောင့် မအိပ်ခင်မှာ နွားနို့နဲ့ ပျားရည် ရောသောက်ပေးပါ။

ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်ရင်

ဗိုက်ထဲမှာ အစာမရှိဘဲ လေ့ကျင့်ခန်းလုပ်ရင် အဆီထက် ကြွက်သားတွေ ပိုပြီးလောင်ကျွမ်းသွားတတ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းမလုပ်ခင် နာရီအနည်းငယ်အလိုလောက်မှာ တစ်ခုခု စားပေးထားသင့်ပါတယ်။

ဆွေးနွေးမှု

ဗိုက်ထဲမှာ အစာမရှိရင် စိတ်ကြည်လင်မှုမရှိတာကြောင့် ဆွေးနွေးတဲ့အချိန်မှာ အဆင်ပြေနိုင်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် တစ်ခုခုမစားဖြစ်ရင်တောင် ပူတဲ့ အရည်တစ်ခုခုသောက်ပြီးမှ ဆွေးနွေးမှုတွေပြုလုပ်သင့်ပါတယ်။

ဈေးဝယ်မထွက်ခင် အစာစားထားပါ

ဗိုက်ဆာနေရင် မလိုအပ်တာတွေ ပိုဝယ်မိတာကြောင့် ဈေးဝယ်မထွက်ခင်မှာ အစာအရင်ဆုံး စားထားဖု့ိလိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MyFood
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top