ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

မႏၲေလးၿမိဳ႕ မဟာ ေအာင္ေျမၿမိဳ႕နယ္ မဟာႏြယ္စဥ္ ရပ္ကြက္တြင္ ႏုိ၀င္ဘာ ၁၇ ရက္ ည ၁၂ နာရီခန္႔က လွ်ပ္စစ္ပစၥည္းအ မ်ားစု ေရာင္းခ်ေသာ ကုန္မာဆုိင္ တစ္ဆုိင္တြင္ ဘက္ထရီဆုိင္ ကယ္အားသြင္းရာမွ မီးေလာင္မႈ ျဖစ္ပြားခဲ့ေၾကာင္း မႏၲေလးခ႐ိုင္ မီးသတ္ဦးစီးမွဴး ဦးသန္းႏုိင္က ေျပာသည္။

အကြက္ ၄၁၃၊ ၃၆ လမ္း၊ ၇၀×၇၁ လမ္းၾကားတြင္ ေပ ၂၀ ပတ္လည္ရွိ သံဖရိန္ႏွစ္ထပ္အ ေဆာက္အအုံႏွင့္တဲြလ်က္ ေပ ၂၀×၅၀ ရွိ RC ႏွစ္ထပ္အေဆာက္ အအုံ၏ ပစၥည္းသိုေလွာင္သည့္ ဂို ေဒါင္အတြင္းမွ စတင္ေလာင္း ကၽြမ္းခဲ့ေၾကာင္း မီးသတ္ဦးစီးဌာန မွတ္တမ္းမ်ား၌ ေဖာ္ျပသည္။

ဂိုေဒါင္အတြင္းရွိ ဘက္ထ ရီဆုိင္ကယ္ အားသြင္းရာမွ အပူ လြန္ကဲကာ စတင္ေလာင္းကၽြမ္း ခဲ့ၿပီး Surf ကားတစ္စီး၊ ဘက္ထရီဆုိင္ကယ္ သုံးစီးႏွင့္ လွ်ပ္စစ္ႏွင့္ပတ္သက္သည့္ ပစၥည္းမ်ား ေလာင္ကၽြမ္းခဲ့ကာ က်ပ္ ၃၁၂ သိန္းခန္႔ ဆုံး႐ႈံးခဲ့ေၾကာင္း မီးသတ္ဦးစီးဌာန မွတ္တမ္းမ်ားတြင္ ေဖာ္ျပ သည္။

မီးေလာင္ကၽြမ္းမႈသည္ ၂ နာရီ ၾကာျဖစ္ပြားခဲ့ၿပီး ေလာင္ကၽြမ္းရာသို႔ မီးၿငႇိမ္းသတ္ယာဥ္ ၅၀ စီး၊ေရ သယ္ယာဥ္ ၂၀ စီး၊ သေႏၶတပ္ဖဲြ႕ ၀င္ ၇၀၊ အရန္တပ္ဖဲြ႕၀င္ ၂၀၀ တို႔သြားေရာက္ၿငႇိမ္းသတ္ခဲ့ရသည္။

ေလာင္ကၽြမ္းမႈေၾကာင့္ ေန အိမ္ပိုင္ရွင္ကုိ မဟာေအာင္ေျမ ၿမိဳ႕နယ္   အမွတ္(၉)ရဲစခန္းက အမႈဖြင့္အေရးယူထားသည္။

ႏုိ၀င္ဘာအတြင္း မႏၲေလး ၿမိဳ႕တြင္ မီးေလာင္ကၽြမ္းမႈ ေလး ႀကိမ္ျဖစ္ခဲ့ၿပီး ၁၅ ရက္ညက ၿမိဳ႕ ေဟာင္းဘူတာတြင္ မီးရထားတဲြ မ်ား မီးေလာင္ကၽြမ္းမႈ၊ ၁၁ ရက္ တြင္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ရွိ သဇင္ဘီစကြတ္စက္႐ုံ၌  ဘြိဳင္ လာေပါက္ကဲြရာမွ မီးေလာင္မႈ ႏွင့္ ၇ ရက္က ခ်မ္းျမသာစည္ၿမိဳ႕ နယ္ ေအာင္သာယာရပ္ကြက္ရွိ ဘီယာဆုိင္တစ္ဆုိင္ မီးေလာင္ ကၽြမ္းမႈမ်ား ျဖစ္ပြားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


မန္တလေးမြို့ မဟာ အောင်မြေမြို့နယ် မဟာနွယ်စဉ် ရပ်ကွက်တွင် နိုဝင်ဘာ ၁၇ ရက် ည ၁၂ နာရီခန့်က လျှပ်စစ်ပစ္စည်းအ များစု ရောင်းချသော ကုန်မာဆိုင် တစ်ဆိုင်တွင် ဘက်ထရီဆိုင် ကယ်အားသွင်းရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးခရိုင် မီးသတ်ဦးစီးမှူး ဦးသန်းနိုင်က ပြောသည်။

အကွက် ၄၁၃၊ ၃၆ လမ်း၊ ၇၀×၇၁ လမ်းကြားတွင် ပေ ၂၀ ပတ်လည်ရှိ သံဖရိန်နှစ်ထပ်အ ဆောက်အအုံနှင့်တွဲလျက် ပေ ၂၀×၅၀ ရှိ RC နှစ်ထပ်အဆောက် အအုံ၏ ပစ္စည်းသိုလှောင်သည့် ဂို ဒေါင်အတွင်းမှ စတင်လောင်း ကျွမ်းခဲ့ကြောင်း မီးသတ်ဦးစီးဌာန မှတ်တမ်းများ၌ ဖော်ပြသည်။

ဂိုဒေါင်အတွင်းရှိ ဘက်ထ ရီဆိုင်ကယ် အားသွင်းရာမှ အပူ လွန်ကဲကာ စတင်လောင်းကျွမ်း ခဲ့ပြီး Surf ကားတစ်စီး၊ ဘက်ထရီဆိုင်ကယ် သုံးစီးနှင့် လျှပ်စစ်နှင့်ပတ်သက်သည့် ပစ္စည်းများ လောင်ကျွမ်းခဲ့ကာ ကျပ် ၃၁၂ သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာန မှတ်တမ်းများတွင် ဖော်ပြ သည်။

မီးလောင်ကျွမ်းမှုသည် ၂ နာရီ ကြာဖြစ်ပွားခဲ့ပြီး လောင်ကျွမ်းရာသို့ မီးငြှိမ်းသတ်ယာဉ် ၅၀ စီး၊ရေ သယ်ယာဉ် ၂၀ စီး၊ သန္ဓေတပ်ဖွဲ့ ဝင် ၇၀၊ အရန်တပ်ဖွဲ့ဝင် ၂၀၀ တို့သွားရောက်ငြှိမ်းသတ်ခဲ့ရသည်။

လောင်ကျွမ်းမှုကြောင့် နေ အိမ်ပိုင်ရှင်ကို မဟာအောင်မြေ မြို့နယ်   အမှတ်(၉)ရဲစခန်းက အမှုဖွင့်အရေးယူထားသည်။

နိုဝင်ဘာအတွင်း မန္တလေး မြို့တွင် မီးလောင်ကျွမ်းမှု လေး ကြိမ်ဖြစ်ခဲ့ပြီး ၁၅ ရက်ညက မြို့ ဟောင်းဘူတာတွင် မီးရထားတွဲ များ မီးလောင်ကျွမ်းမှု၊ ၁၁ ရက် တွင် ပြည်ကြီးတံခွန်မြို့နယ်ရှိ သဇင်ဘီစကွတ်စက်ရုံ၌  ဘွိုင် လာပေါက်ကွဲရာမှ မီးလောင်မှု နှင့် ၇ ရက်က ချမ်းမြသာစည်မြို့ နယ် အောင်သာယာရပ်ကွက်ရှိ ဘီယာဆိုင်တစ်ဆိုင် မီးလောင် ကျွမ်းမှုများ ဖြစ်ပွားခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top