Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

သူ႕ရဲ႕ အက်ႌကိုလည္း လက္ေဆာင္ေပးခဲ့တယ္လို႕ သိရပါတယ္။

ေနတိုးကေတာ့ သူကတိေပးထားတဲ့အတိုင္း က်န္းမာေရးမေကာင္းတဲ့ ကေလးေလးရဲ႕ ဆႏၵကို ျဖည့္ဆည္းေပးခဲ့ပါတယ္။

ေဆးကုသဖို႕အတြက္ ရခိုင္ကေန ေဒၚေအာင္ဆန္းစုၾကည္ ေခၚေဆာင္လာတဲ့ (၁၅)ႏွစ္အရြယ္ ကေလးဟာ ေနတိုးကို ေတြ႕ခ်င္တယ္ဆိုၿပီး ေတာင္းဆိုလာတာ ျဖစ္ပါတယ္။

အဲ့ဒါေၾကာင့္ ေနတိုးက  ပရိသတ္ တစ္ဦး ျဖစ္သူ ေကာင္းထက္ႏုိင္ရွိရာ ရန္ကင္း ကေလးေဆးရံုမွာ သြားေရာက္ေတြ႕ဆံုခဲ့ပါတယ္။

"ဒီကေလးေလးက ကၽြန္ ေတာ့္ရဲ႕ ပရိသတ္တစ္ေယာက္  လည္းျဖစ္တယ္။ ရန္ကုန္ေရာက္ တဲ့အခ်ိန္မွာ ကၽြန္ေတာ္နဲ႔ေတြ႕ခ်င္ တယ္ဆိုတာ ေၾကာင့္  ပက္ပက္ စက္စက္ညႇိဳ႕႐ုပ္ရွင္အတြက္  ပ ရက္႐ႈိးလာတဲ့အခ်ိန္နဲ႔လည္း အ ဆင္ေျပသြားတယ္။  စိတ္ထဲမွာ ေတာ့ အႏုပညာရွင္ တစ္ေယာက္ က  ကိုယ့္ရဲ႕ေ၀ဒနာရွင္ပရိသတ္ တစ္ေယာက္ကို လာေတြ႕တဲ့ပုံစံ မ်ဳိးမဟုတ္ဘဲ  ကိုယ့္ရဲ႕ေဆြမ်ဳိး သားခ်င္းတစ္ေယာက္ကို  လာ အားေပးတဲ့ပုံစံနဲ႔  လာေရာက္တာ ျဖစ္ပါတယ္’’ ဆုိၿပီးေတာ့ ေနတိုးက သူ႕ရဲ႕ ခံစားခ်က္ကို ေျပာျပခဲ့တာပါ။

ကေလးနဲ႕ သြားေတြ႕ရံုသာမက ေနတိုးဟာ နကၡတ္မွားတဲ့ တိုက္ပြဲ ရုပ္ရွင္ဇာတ္ကားထဲမွာ ဝတ္တ့ဲ အက်ႌတစ္ထည္ကိုလည္း လက္ေဆာင္အျဖစ္ ေပးခဲ့တယ္လို႕ သိရပါတယ္။

ထို႕အျပင္ ေနတုိးရဲ႕ဓာတ္ပံုမွတ္တမ္းစာအုပ္၊ မၾကာခင္ ရံုတင္ေတာ့မယ့္ ပက္ပက္စက္စက္ညွိဳ႕ ရုပ္ရွင္ဇာတ္ကား ဓာတ္ပံုနဲ႕ ဇာတ္ကား ဒီဗီဒီတို႕ကို အမွတ္တရ ေပးခဲ့တယ္လို႕ သိရပါတယ္။

ယင္းကေလးငယ္က အေၾကာနဲ႕ ၾကြက္သားအားနည္းတဲ့ ေဝဒနာကို ခံစားေနရတာ ျဖစ္ၿပီး ႏိုဝင္ဘာ(၂)ရက္ေန႕က ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ရခိုင္ခရီးစဥ္မွာ ေဆးကုသဖို႕အတြက္ ရန္ကုန္ကို ေခၚေဆာင္လာတာ ျဖစ္တယ္လို႕ ေဝမင္းေမာင္က ဆိုပါတယ္။

ေနတိုးကေတာ့ လက္ရွိမွာ 7th Sense ရုပ္ရွင္ထုတ္လုပ္ေရးက ရိုက္ကူးေနတဲ့ " မုန္းစြဲ" ရုပ္ရွင္ဇာတ္ကားမွာ ပါဝင္ရိုက္ကူးေနပါတယ္။ အဲ့ဒီကားမွာ ေက်ာ္ေက်ာ္ဗို၊ မင္းေသြး၊ေဖြးေဖြး၊ေအးဝတ္ရည္ေသာင္းတို႕နဲ႕အတူ ဂန္႕ေဂါၿမိဳ႕မွာ သြားေရာက္ရိုက္ကူးေနတာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
သူ့ရဲ့ အကျႌကိုလည်း လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

နေတိုးကတော့ သူကတိပေးထားတဲ့အတိုင်း ကျန်းမာရေးမကောင်းတဲ့ ကလေးလေးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပါတယ်။

ဆေးကုသဖို့အတွက် ရခိုင်ကနေ ဒေါ်အောင်ဆန်းစုကြည် ခေါ်ဆောင်လာတဲ့ (၁၅)နှစ်အရွယ် ကလေးဟာ နေတိုးကို တွေ့ချင်တယ်ဆိုပြီး တောင်းဆိုလာတာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် နေတိုးက  ပရိသတ် တစ်ဦး ဖြစ်သူ ကောင်းထက်နိုင်ရှိရာ ရန်ကင်း ကလေးဆေးရုံမှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

"ဒီကလေးလေးက ကျွန် တော့်ရဲ့ ပရိသတ်တစ်ယောက်  လည်းဖြစ်တယ်။ ရန်ကုန်ရောက် တဲ့အချိန်မှာ ကျွန်တော်နဲ့တွေ့ချင် တယ်ဆိုတာ ကြောင့်  ပက်ပက် စက်စက်ညှို့ရုပ်ရှင်အတွက်  ပ ရက်ရှိုးလာတဲ့အချိန်နဲ့လည်း အ ဆင်ပြေသွားတယ်။  စိတ်ထဲမှာ တော့ အနုပညာရှင် တစ်ယောက် က  ကိုယ့်ရဲ့ဝေဒနာရှင်ပရိသတ် တစ်ယောက်ကို လာတွေ့တဲ့ပုံစံ မျိုးမဟုတ်ဘဲ  ကိုယ့်ရဲ့ဆွေမျိုး သားချင်းတစ်ယောက်ကို  လာ အားပေးတဲ့ပုံစံနဲ့  လာရောက်တာ ဖြစ်ပါတယ်’’ ဆိုပြီးတော့ နေတိုးက သူ့ရဲ့ ခံစားချက်ကို ပြောပြခဲ့တာပါ။

ကလေးနဲ့ သွားတွေ့ရုံသာမက နေတိုးဟာ နက္ခတ်မှားတဲ့ တိုက်ပွဲ ရုပ်ရှင်ဇာတ်ကားထဲမှာ ဝတ်တဲ့ အကျႌတစ်ထည်ကိုလည်း လက်ဆောင်အဖြစ် ပေးခဲ့တယ်လို့ သိရပါတယ်။

ထို့အပြင် နေတိုးရဲ့ဓာတ်ပုံမှတ်တမ်းစာအုပ်၊ မကြာခင် ရုံတင်တော့မယ့် ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကား ဓာတ်ပုံနဲ့ ဇာတ်ကား ဒီဗီဒီတို့ကို အမှတ်တရ ပေးခဲ့တယ်လို့ သိရပါတယ်။

ယင်းကလေးငယ်က အကြောနဲ့ ကြွက်သားအားနည်းတဲ့ ဝေဒနာကို ခံစားနေရတာ ဖြစ်ပြီး နိုဝင်ဘာ(၂)ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ခရီးစဉ်မှာ ဆေးကုသဖို့အတွက် ရန်ကုန်ကို ခေါ်ဆောင်လာတာ ဖြစ်တယ်လို့ ဝေမင်းမောင်က ဆိုပါတယ်။

နေတိုးကတော့ လက်ရှိမှာ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးနေတဲ့ " မုန်းစွဲ" ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ရိုက်ကူးနေပါတယ်။ အဲ့ဒီကားမှာ ကျော်ကျော်ဗို၊ မင်းသွေး၊ဖွေးဖွေး၊အေးဝတ်ရည်သောင်းတို့နဲ့အတူ ဂန့်ဂေါမြို့မှာ သွားရောက်ရိုက်ကူးနေတာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top