ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

မူဆယ္ ကုန္စည္ဒုိင္သို႔ ဆန္အ၀င္မ်ားျခင္းေၾကာင့္ တ႐ုတ္ကုန္သည္မ်ားက ယခုရက္ ပိုင္းအတြင္း ျမန္မာ့ဆန္ကို ေစ်း ႏႈန္းေလွ်ာ့ခ် ၀ယ္ယူေနေၾကာင္း ဆန္ကုန္သည္ အခ်ဳိ႕က ေျပာၾကားသည္။

ေဒသစုံမွ မုိးစပါးအသစ္မ်ား ေပၚထြက္ခ်ိန္တြင္ တ႐ုတ္ကုန္ သည္မ်ားေပးသည့္ ဆန္ေစ်းႏႈန္း က ျပည္တြင္းေစ်းထက္ ပိုမ်ား ျခင္းေၾကာင့္ ရန္ကုန္၊ ပဲခူး၊ ဧရာ၀ တီစေသာ ဆန္အမ်ားဆုံးထြက္ သည့္ ေဒသမ်ားမွ ကုန္သည္မ်ား က တစ္ရက္လွ်င္ မူဆယ္သို႔ ဆန္ အိတ္ေရတစ္သိန္းခဲြေက်ာ္အထိ တင္ပို႔ၾကသည္။

တ႐ုတ္ ကုန္သည္မ်ား၏ မူဆယ္ကုန္စည္ဒိုင္မွ ၀ယ္လုိအား က တစ္ရက္လွ်င္ ဆန္အိတ္ေရ ခုနစ္ေသာင္းခန္႔သာ  ရွိေနျခင္း ေၾကာင့္ ဆန္လက္က်န္မ်ားလာ သည္။ ထုိအေျခအေနကို တ႐ုတ္ ကုန္သည္မ်ားက သိရွိသျဖင့္ ဆန္ ေစ်းႏႈန္းကို တစ္အိတ္လွ်င္ ငါး ယြမ္(က်ပ္တစ္ေထာင္ေက်ာ္) ခန္႔ ေစ်းေလွ်ာ့ခ်လုိက္ေၾကာင္း ဆန္ ကုန္သည္အခ်ဳိ႕က ေျပာသည္။

‘‘၀ယ္ႏုိင္တဲ့ ပမာဏထက္ ျပည္တြင္းက ပို႔တာမ်ားလို႔ ေစ်း ေလ်ာ့သြားတာပါ’’ဟု ဆန္စက္ လုပ္ငန္းရွင္ ဦးမ်ဳိးသူရေအးက ေျပာသည္။

မူဆယ္နယ္စပ္တြင္ ဆန္ ၾကမ္း ရွယ္တစ္အိတ္ေစ်း ယြမ္ ၁၅၀ (က်ပ္ ၃၀,၅၀၀)ခန္႔ရွိရာမွ ၁၄၂ ယြမ္ (က်ပ္ ၂၉,၀၀၀)ခန္႔႔ က်ဆင္းေၾကာင္း မူဆယ္ကုန္စည္ ဒုိင္မွ ဆန္ကုန္သည္တစ္ဦးက ေျပာသည္။

တ႐ုတ္ကုန္သည္မ်ား ေစ်း ေလွ်ာ့၀ယ္ယူျခင္းေၾကာင့္ မူဆယ္ ကုန္စည္ဒိုင္တြင္ ဆန္ေစ်းက်ဆင္းသကဲ့သို႔ ျပည္တြင္းေစ်းကြက္တြင္ လည္း ၂၅ မွတ္ဆန္အမ်ဳိးအစား တစ္အိတ္လွ်င္ က်ပ္တစ္ေထာင္ ခန္႔ ေစ်းက်လာေၾကာင္း ဘုရင့္ ေနာင္မွ ဆန္ကုန္သည္တခ်ဳိ႕က ေျပာသည္။

ျပည္တြင္း ေစ်းကြက္တြင္ ဆန္ၾကမ္းေစ်းႏႈန္း အနည္းငယ္ က်ဆင္းေသာ္လည္း ဆန္ေခ်ာ ေစ်းႏႈန္း ျမင့္တက္ေနသည္။ ျပည္တြင္းစားသုံးမႈအတြက္ စိုက္ပ်ဳိး ထုတ္လုပ္ေသာ ေပၚဆန္းအမ်ဳိး အစားကဲ့သို႔ ဆန္ေခ်ာမ်ားက လက္ရွိတြင္ တစ္အိတ္လွ်င္ အျမင့္ဆုံး က်ပ္ေျခာက္ေသာင္းေက်ာ္အ ထိ ေစ်းရွိေနသည္။ ျမန္မာႏုိင္ငံ တြင္ မုိးရာသီ၌ စိုက္ပ်ဳိးသည့္ ေပၚဆန္းအမ်ဳိးအစားကဲ့သုိ႔ ဆန္ေခ်ာမ်ားက လက္ရွိအခ်ိန္တြင္ ပမာဏအနည္းငယ္သာ အသစ္ထြက္ေပၚေလ့ရွိေၾကာင္း ဆန္ကုန္သည္ အခ်ဳိ႕က ေျပာသည္။

 ျပည္တြင္း၌  ဆန္ေစ်းအ နည္းငယ္ က်ဆင္းေသာ္လည္း လက္ရွိအခ်ိန္အထိ မိုးစပါးတစ္ တင္းလွ်င္ ပ်မ္းမွ်က်ပ္ ၅,၅၀၀ (စပါးတင္းတစ္ရာလွ်င္ ငါးသိန္း ငါးေသာင္းက်ပ္) ေစ်းႏႈန္းရွိသည္ ဟု ဆန္ကုန္သည္အခ်ဳိ႕က ေျပာ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


မူဆယ် ကုန်စည်ဒိုင်သို့ ဆန်အဝင်များခြင်းကြောင့် တရုတ်ကုန်သည်များက ယခုရက် ပိုင်းအတွင်း မြန်မာ့ဆန်ကို ဈေး နှုန်းလျှော့ချ ဝယ်ယူနေကြောင်း ဆန်ကုန်သည် အချို့က ပြောကြားသည်။

ဒေသစုံမှ မိုးစပါးအသစ်များ ပေါ်ထွက်ချိန်တွင် တရုတ်ကုန် သည်များပေးသည့် ဆန်ဈေးနှုန်း က ပြည်တွင်းဈေးထက် ပိုများ ခြင်းကြောင့် ရန်ကုန်၊ ပဲခူး၊ ဧရာ၀ တီစသော ဆန်အများဆုံးထွက် သည့် ဒေသများမှ ကုန်သည်များ က တစ်ရက်လျှင် မူဆယ်သို့ ဆန် အိတ်ရေတစ်သိန်းခွဲကျော်အထိ တင်ပို့ကြသည်။

တရုတ် ကုန်သည်များ၏ မူဆယ်ကုန်စည်ဒိုင်မှ ဝယ်လိုအား က တစ်ရက်လျှင် ဆန်အိတ်ရေ ခုနစ်သောင်းခန့်သာ  ရှိနေခြင်း ကြောင့် ဆန်လက်ကျန်များလာ သည်။ ထိုအခြေအနေကို တရုတ် ကုန်သည်များက သိရှိသဖြင့် ဆန် ဈေးနှုန်းကို တစ်အိတ်လျှင် ငါး ယွမ်(ကျပ်တစ်ထောင်ကျော်) ခန့် ဈေးလျှော့ချလိုက်ကြောင်း ဆန် ကုန်သည်အချို့က ပြောသည်။

‘‘ဝယ်နိုင်တဲ့ ပမာဏထက် ပြည်တွင်းက ပို့တာများလို့ ဈေး လျော့သွားတာပါ’’ဟု ဆန်စက် လုပ်ငန်းရှင် ဦးမျိုးသူရအေးက ပြောသည်။

မူဆယ်နယ်စပ်တွင် ဆန် ကြမ်း ရှယ်တစ်အိတ်ဈေး ယွမ် ၁၅၀ (ကျပ် ၃၀,၅၀၀)ခန့်ရှိရာမှ ၁၄၂ ယွမ် (ကျပ် ၂၉,၀၀၀)ခန့့် ကျဆင်းကြောင်း မူဆယ်ကုန်စည် ဒိုင်မှ ဆန်ကုန်သည်တစ်ဦးက ပြောသည်။

တရုတ်ကုန်သည်များ ဈေး လျှော့ဝယ်ယူခြင်းကြောင့် မူဆယ် ကုန်စည်ဒိုင်တွင် ဆန်ဈေးကျဆင်းသကဲ့သို့ ပြည်တွင်းဈေးကွက်တွင် လည်း ၂၅ မှတ်ဆန်အမျိုးအစား တစ်အိတ်လျှင် ကျပ်တစ်ထောင် ခန့် ဈေးကျလာကြောင်း ဘုရင့် နောင်မှ ဆန်ကုန်သည်တချို့က ပြောသည်။

ပြည်တွင်း ဈေးကွက်တွင် ဆန်ကြမ်းဈေးနှုန်း အနည်းငယ် ကျဆင်းသော်လည်း ဆန်ချော ဈေးနှုန်း မြင့်တက်နေသည်။ ပြည်တွင်းစားသုံးမှုအတွက် စိုက်ပျိုး ထုတ်လုပ်သော ပေါ်ဆန်းအမျိုး အစားကဲ့သို့ ဆန်ချောများက လက်ရှိတွင် တစ်အိတ်လျှင် အမြင့်ဆုံး ကျပ်ခြောက်သောင်းကျော်အ ထိ ဈေးရှိနေသည်။ မြန်မာနိုင်ငံ တွင် မိုးရာသီ၌ စိုက်ပျိုးသည့် ပေါ်ဆန်းအမျိုးအစားကဲ့သို့ ဆန်ချောများက လက်ရှိအချိန်တွင် ပမာဏအနည်းငယ်သာ အသစ်ထွက်ပေါ်လေ့ရှိကြောင်း ဆန်ကုန်သည် အချို့က ပြောသည်။

 ပြည်တွင်း၌  ဆန်ဈေးအ နည်းငယ် ကျဆင်းသော်လည်း လက်ရှိအချိန်အထိ မိုးစပါးတစ် တင်းလျှင် ပျမ်းမျှကျပ် ၅,၅၀၀ (စပါးတင်းတစ်ရာလျှင် ငါးသိန်း ငါးသောင်းကျပ်) ဈေးနှုန်းရှိသည် ဟု ဆန်ကုန်သည်အချို့က ပြော သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top