Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ယူနန္ျပည္နယ္မွ တ႐ုတ္ကုန္သည္မ်ား၏ ဝယ္လို အား တိုးျမႇင့္မႈေၾကာင့္ မူဆယ္ နယ္စပ္တြင္ သၾကားတစ္အိတ္ ေစ်းႏႈန္း တစ္ပတ္အတြင္း ၅ ရာခိုင္ႏႈန္းခန္႔ ျမင့္တက္လာ ေၾကာင္း မူဆယ္ကုန္သြယ္ေရး ဇုန္ရွိ ကုန္သည္အခ်ဳိ႕က ေျပာ သည္။


ႏိုဝင္ဘာလဆန္းရက္မ်ား က မူဆယ္နယ္စပ္တြင္ သၾကား တစ္အိတ္ ေစ်းႏႈန္းသည္ ၁၉၂ ယြမ္ ( က်ပ္ ၃၉,၀၀၀ ေက်ာ္)ရွိခဲ့ၿပီး ႏုိဝင္ဘာ ၁၂ ရက္တြင္ ၂၀၂ ယြမ္ (က်ပ္၄၁,၀၀၀ ေက်ာ္) အထိ ေစ်းတက္ခဲ့ေၾကာင္း မူဆယ္ၿမိဳ႕ရွိ ဆန္ႏွင့္ သၾကား ကုန္သည္တစ္ဦးက ေျပာၾကား သည္။

တ႐ုတ္ကုန္သည္မ်ားက သၾကားေစ်းႏႈန္း တုိးျမႇင့္ဝယ္ယူ ျခင္းေၾကာင့္ ျပည္တြင္းမွ မူဆယ္ နယ္စပ္သို႔ သၾကားတင္ပို႔မႈ တစ္ ရက္လွ်င္ အိတ္ေရ ၇၀,၀၀၀ ႏွင့္ ၈၀,၀၀၀ ခန္႔ရွိၿပီး တ႐ုတ္ကုန္ သည္မ်ား၏ ေန႔စဥ္ဝယ္ယူေနမႈ က မူဆယ္သို႔ေန႔စဥ္ ဝင္ေရာက္ လာသည့္ သၾကားအိတ္ပမာဏ ခန္႔ရွိေၾကာင္း မူဆယ္ကုန္စည္ ဒိုင္မွ တာဝန္ရွိသူက ေျပာၾကား သည္။

ထို႔အျပင္ တ႐ုတ္အစိုးရ၏ ဖမ္းဆီးမႈနည္းပါးျခင္းေၾကာင့္ နယ္စပ္ကုန္သြယ္ေရးျဖင့္ မူဆယ္ မွတစ္ဆင့္ တ႐ုတ္ႏိုင္ငံသို႔ ဆန္ ေရာင္းခ်မႈ ပမာဏ ျမင့္တက္လာ ေၾကာင္း ဆန္စက္လုပ္ငန္းရွင္ ဦးမ်ဳိးသူရေအးက ေျပာသည္။

‘‘တ႐ုတ္ဝယ္အားေကာင္း ေနတာရယ္၊ ျပည္ပအဝယ္ရွိေန တာရယ္ေၾကာင့္ ျပည္တြင္းဆန္ ေစ်းမာေနတယ္’’ဟု အထက္ပါ ပုဂၢိဳလ္က ေျပာသည္။

ယခုရက္ပိုင္းတြင္ မူဆယ္ နယ္စပ္သို႔ ျပည္တြင္းမွ ဆန္အဝင္ တစ္ရက္လွ်င္ အိတ္ေရ တစ္သိန္း ႏွစ္ေသာင္းအထိ ရွိေနၿပီး တ႐ုတ္ ကုန္သည္မ်ားက တစ္ရက္လွ်င္ အိတ္ေရ ေျခာက္ေသာင္းဝန္းက်င္ ဝယ္ယူေၾကာင္း မူဆယ္ၿမိဳ႕မွ ဆန္ကုန္သည္တစ္ဦးက ေျပာ သည္။

တ႐ုတ္ကုန္သည္မ်ား ဝယ္ ယူႏိုင္သည့္ ပမာဏထက္ ျပည္ တြင္းမွ တင္ပို႔သည့္ ဆန္ပမာဏ မ်ားေနျခင္းေၾကာင့္ မူဆယ္နယ္ စပ္တြင္ ဆန္တစ္အိတ္လွ်င္ ၂ ယြမ္ (က်ပ္ ၅၀၀ ခန္႔) ေစ်းက် ဆင္းလာသည္။

မူဆယ္နယ္စပ္တြင္ ဆန္ ေစ်း အနည္းငယ္က်ဆင္းလာ ေသာ္လည္း ေျပာင္းဖူးေစ့ေစ်းႏႈန္း တစ္အိတ္လွ်င္ ၆ယြမ္ခန္႔ ေစ်း ႏႈန္းျမင့္တက္လာသည္။ လက္ရွိ မူဆယ္နယ္စပ္တြင္ ေျပာင္းဖူးေစ့ ေစ်းႏႈန္း တစ္အိတ္လွ်င္ ၈၆ ယြမ္ (က်ပ္ ၁၇,၀၀၀ ေက်ာ္) ေစ်းရွိ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


ယူနန်ပြည်နယ်မှ တရုတ်ကုန်သည်များ၏ ဝယ်လို အား တိုးမြှင့်မှုကြောင့် မူဆယ် နယ်စပ်တွင် သကြားတစ်အိတ် ဈေးနှုန်း တစ်ပတ်အတွင်း ၅ ရာခိုင်နှုန်းခန့် မြင့်တက်လာ ကြောင်း မူဆယ်ကုန်သွယ်ရေး ဇုန်ရှိ ကုန်သည်အချို့က ပြော သည်။


နိုဝင်ဘာလဆန်းရက်များ က မူဆယ်နယ်စပ်တွင် သကြား တစ်အိတ် ဈေးနှုန်းသည် ၁၉၂ ယွမ် ( ကျပ် ၃၉,၀၀၀ ကျော်)ရှိခဲ့ပြီး နိုဝင်ဘာ ၁၂ ရက်တွင် ၂၀၂ ယွမ် (ကျပ်၄၁,၀၀၀ ကျော်) အထိ ဈေးတက်ခဲ့ကြောင်း မူဆယ်မြို့ရှိ ဆန်နှင့် သကြား ကုန်သည်တစ်ဦးက ပြောကြား သည်။

တရုတ်ကုန်သည်များက သကြားဈေးနှုန်း တိုးမြှင့်ဝယ်ယူ ခြင်းကြောင့် ပြည်တွင်းမှ မူဆယ် နယ်စပ်သို့ သကြားတင်ပို့မှု တစ် ရက်လျှင် အိတ်ရေ ၇၀,၀၀၀ နှင့် ၈၀,၀၀၀ ခန့်ရှိပြီး တရုတ်ကုန် သည်များ၏ နေ့စဉ်ဝယ်ယူနေမှု က မူဆယ်သို့နေ့စဉ် ဝင်ရောက် လာသည့် သကြားအိတ်ပမာဏ ခန့်ရှိကြောင်း မူဆယ်ကုန်စည် ဒိုင်မှ တာဝန်ရှိသူက ပြောကြား သည်။

ထို့အပြင် တရုတ်အစိုးရ၏ ဖမ်းဆီးမှုနည်းပါးခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးဖြင့် မူဆယ် မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဆန် ရောင်းချမှု ပမာဏ မြင့်တက်လာ ကြောင်း ဆန်စက်လုပ်ငန်းရှင် ဦးမျိုးသူရအေးက ပြောသည်။

‘‘တရုတ်ဝယ်အားကောင်း နေတာရယ်၊ ပြည်ပအဝယ်ရှိနေ တာရယ်ကြောင့် ပြည်တွင်းဆန် ဈေးမာနေတယ်’’ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ယခုရက်ပိုင်းတွင် မူဆယ် နယ်စပ်သို့ ပြည်တွင်းမှ ဆန်အဝင် တစ်ရက်လျှင် အိတ်ရေ တစ်သိန်း နှစ်သောင်းအထိ ရှိနေပြီး တရုတ် ကုန်သည်များက တစ်ရက်လျှင် အိတ်ရေ ခြောက်သောင်းဝန်းကျင် ဝယ်ယူကြောင်း မူဆယ်မြို့မှ ဆန်ကုန်သည်တစ်ဦးက ပြော သည်။

တရုတ်ကုန်သည်များ ဝယ် ယူနိုင်သည့် ပမာဏထက် ပြည် တွင်းမှ တင်ပို့သည့် ဆန်ပမာဏ များနေခြင်းကြောင့် မူဆယ်နယ် စပ်တွင် ဆန်တစ်အိတ်လျှင် ၂ ယွမ် (ကျပ် ၅၀၀ ခန့်) ဈေးကျ ဆင်းလာသည်။

မူဆယ်နယ်စပ်တွင် ဆန် ဈေး အနည်းငယ်ကျဆင်းလာ သော်လည်း ပြောင်းဖူးစေ့ဈေးနှုန်း တစ်အိတ်လျှင် ၆ယွမ်ခန့် ဈေး နှုန်းမြင့်တက်လာသည်။ လက်ရှိ မူဆယ်နယ်စပ်တွင် ပြောင်းဖူးစေ့ ဈေးနှုန်း တစ်အိတ်လျှင် ၈၆ ယွမ် (ကျပ် ၁၇,၀၀၀ ကျော်) ဈေးရှိ သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top