Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

လူရယ္​လို႔ျဖစ္​တည္​လာၿပီးလူ​ေလာကထဲမွာက်င္​လည္​ၾကရတဲ့အခါ ​ေန႔စဥ္ ​နဲ႔အမ်ွျပဳမူလုပ္​​ေဆာင္​မႈ​ေတြနွင႔္​တကြ​ ​ေလာဘ ၊ ​ေဒါသ ၊ ​ေမာဟ ​ေတြကတဆင္​့ျမစ္​ဖ်ားခံျဖစ္​​ေပၚလာခဲ့တဲ့အမ်ိဳးမ်ိဳး​ေသာစိတ္​​ေသာက​ေတြ ၊ စီးပြား​ေရး ​ေငြ​ေၾကးအခက္​အခဲလူမႈ​ေရး ၊ က်န္​းမာ​ေရး ၊ အခ်စ္​ေရး ၊ ပညာ​ေရး စတဲ့ အခက္​အခဲ​ ဒုကၡ​ ေတြကိုရင္​ဆိုင္​ၾကရတယ္။

အဲ့လိုအခ်ိန္ခါမွာ ​ေဗဒင္​ ယၾတာ အစီအမံ​ေတြကိုယံုၾကည္​အားကိုးသူ​ေတြက​ေတာ့ဟိုပန္​း​ေတြဒီအၫႊန္​႔​ေတြနဲ႔သက္​ဆိုင္​ရာ​ေန႔နံ​ေတြကိုတြက္​ခ်က္​ၿပီး ယၾတာ​ေခ် ၾကသလို ၊ နတ္​ကိုးကြယ္​ ယံုၾကည္​သူ ​ေတြကလည္​းဆိုင္​ရာပိုင္​ရာ ရိုးရာနတ္​​ေတြကိုပူ​ေဇာ္​ပသမႈ​ေတြျပဳလုပ္​ၾကတယ္​ ၊ တခ်ိဳ႕​ေသာထိုအရာ​ေတြနဲ႔အလွမ္​း​ေ၀းသူ​ေတြက​ေတာ့သူတို႔ဒုကၡ​ေတြႀကံဳရတဲ့အခါဘာသာ​ေရးကိုတစိုက္​မတ္​မတ္​ျပဳမူလုပ္​​ေဆာင္​လာၾကတယ္​။

ဒီအထဲမွာမွအခ်ိဳ႕​ေသာသူ​ေတြဟာ ပဌာန္​း ဂုဏ္​​ေတာ္​ ​ေတြကို႐ြတ္​ဆိုပူ​ေဇာ္​မႈျပဳလုပ္​ျခင္​း ၊ ကိုးန၀င္​း အဓိဌာန္​၀င္​ျခင္​းစသည္​့ဘာသာ​ေရးဆိုင္​ရာ​ေတြကိုကံ​ေကာင္​း​ေစလာဖို႔အတြက္​ျပဳလုပ္​ကာမွပဲပိုမိုကံဆိုးၿပီးအ​ေနွာင္​့အယွက္​မ်ားစြာႀကံဳလာခဲ့ၾကတယ္​။
သူတို႔အ​ေနနဲ႔ကလည္​း ဗုဒၶဘာသာ၀င္​ တစ္​​ေယာက္​ျဖစ္​​ေန​ေလသည္​ကတစ္​​ေၾကာင္​းတန္​ခိုးအရာအစြမ္​းထက္​ပါတယ္​ဆိုတဲ့ပဌာန္​းဂုဏ္​​ေတာ္​ကို႐ြတ္​ဆိုျခင္​းနဲ႔ အဓိဌာန္​ ပုတီး​ ေတြစိတ္​ကာမွပဲပိုၿပီးလံုးပါးပါးကုန္​တဲ့အျဖစ္​ကို​ေတြ႕ၾကရတဲ့အခါမည္​သူ႔ကိုမွမ​ေျပာပဲဒီ ဘာသာ​ေ ရးပဲဆက္​လုပ္​ရမလားရပ္​လိုက္​ရမလား​ေ၀ခဲြမရျဖစ္​ၾကရပါတယ္​။

တစ္ခ်ိဳ႕​ေသာလူ​ေတြက် ပဌာန္​း ​ေတာ့မ႐ြတ္​ဖူးဒါ​ေပမယ္​့ ဘာသာ​ေရး ဆိုင္​ရာအျခာ​း​ေသာ ဂုဏ္​​ေတာ္​ ႐ြတ္​ဖတ္​မႈ​ေတြလုပ္​​ေပမယ္​့လည္​းကံ​ေကာင္​းလာျခင္​းမရိွျဖစ္​ၾကရပါတယ္​။
ကြၽန္​​ေတာ္​ / ကြၽန္​မ အ​ေနနဲ႔ ဘာသာ​ေရး ကိုဘယ္​လိုလုပ္​​ေၾကာင္​းဘုရားတရားဂုဏ္​​ေတာ္​​ေတြဘယ္​လိုစီးျဖန္​းပါ​ေၾကာင္​း သို႔​ေပမယ္​့အဆင္​မ​ေျပဆုတ္​ယုတ္​​ေနတယ္​ဆိုတာ​ေတြၾကားရႀကံဳရဖန္​မ်ားလာ​ေလ​ေတာ့ထိုကိစၥကိုအခ်ိန္​ယူၿပီး​ေလ့လာမွတ္​သားခဲ့ရတဲ့ ဆရာ​ေတာ္​ႀကီး ​ေတြရဲ႕ဘာသာ​ေရးနဲ႔ပတ္​သက္​တဲ့ဆံုးမ ၾသဝါဒ ​ေတြကိုျပန္​လည္​​ေလ့လာသံုးသပ္​ၾကည္​့တဲ့အခါ အ​ေျဖကိုသိခဲ့ရပါတယ္​။

တကယ္​​ေတာ့လူအ​ေတာ္​မ်ားမ်ားဟာ ဘာသာ​ေရး လုပ္​​ေဆာင္​မႈလုပ္​တဲ့အခါအ​ေရးႀကီးတဲ့အခ်က္​​ေလး​ေတြကို​ေမ့​ေလ်ာ့ခဲ့ၿပီးမွား​ေနခဲ့ၾကလို႔ပါပဲ။ဒီလိုနဲ႔ပဌာန္​းဂုဏ္​​ေတာ္​​ေတြနဲ႔တကြမည္​သည္​့ဂုဏ္​​ေတာ္​​ေတြကိုပဲမဆို႐ြတ္​ဆိုစီးျဖန္​း​ေတာ့မယ္​ဆိုရင္​ကံဇာတာ​ေတြ​ေကာင္​းမြန္​​ေအာင္​ ၊ အခက္​အခဲ​ေတြ​ေျပလည္​​ေအာင္​ဘယ္​လိုဘယ္​ပံု႐ြတ္​ဆိုပူ​ေဇာ္​ရမလဲလို႔စဥ္​းစားတဲ့အခါ​ေက်းဇူး​ေတာ္​ရွင္​ ( န၀မ ) ဗန္​း​ေမာ္ ​ဆရာ​ေတာ္​ဘုရားႀကီး​ေျပာဖူးတာ​ေလးကိုသြားသတိရခဲ့တယ္​။

ဒါ့​ေၾကာင္​့ဂုဏ္​​ေတာ္​​ေတြစီးျဖန္​း​ေတာ့မယ္​ဆိုရင္​ . . . .

(၁) အရင္ မ်က္နွာသစ္ ေျခေထာက္လက္ ေဆးရပါတယ္။
ေခၽြးနံ မနံပါေစ နဲ႕ ။ အ​ေမႊးနံ႔သာ အနည္​းငယ္​​ေလာက္​လိမ္​းခ်ယ္​နိုင္​ရင္​ပိုမို​ေကာင္​းမြန္​ပါတယ္​။ဘာ​ေၾကာင္​့လဲဆို​ေတာ့ဂုဏ္​​ေတာ္ ​​ေတြရဲ႕အစြမ္​း​ေၾကာင္​့ နတ္​ျဗဟၼာ ​ေတြကိုဆင္​့​ေခၚနိုင္​သလိုပါပဲ။ သာမာန္ ​လူသား ပုဂၢိဳလ္ ​​ေတြနဲ႔ဆံု​ေတြ႕တဲ့အခါ​​ေသ​ေသသပ္​သပ္​မရိွတဲ့သူကိုနွစ္​သက္​မႈမရိွနိုင္​သလိုစြမ္​းအားျမင္​့နတ္​​ေ​တြအ​ေနနဲ႔ဆိုဘယ္​လို​ေနမလဲ​ေတြးၾကည္​့​ေပါ့ဗ်ာဒါ​ေၾကာင္​့မိမိရဲ႕တစ္​ကိုယ္​​ေရသန္​႔ရွင္​းစင္​ၾကယ္​မႈကအလြန္​အ​ေရးႀကီးပါတယ္​။

(၂) အခ်ိန္မွန္ရတယ္ ။ တရား ဂုဏ္​​ေတာ္ ​​ေတြကိုအၿမဲလိုလို႐ြတ္​ဆိုပူ​ေဇာ္​လာၿပီဆိုရင္​တရားနာခ်င္တဲ့ နတ္ေတြ က အခ်ိန္ကုိ တိတိက်က်မွတ္​သားထားတတ္​ၿပီး​ေရာက္​ရိွလာတတ္​ပါတယ္​။ ဒါ​ေၾကာင္​့အခ်ိန္​မွန္​ရမယ္​ တိက်ရမယ္​။

(၃) ပီပီသသ က်ယ္က်ယ္ ရြတ္ရမယ္ ။အခ်ိဳ႕က်ျပန္​​ေတာ့ ဂုဏ္​​ေတာ္​ ​ေတြ႐ြတ္​ဆိုတဲ့အခါပီသပါတယ္​ က်ယ္​လည္​းက်ယ္​ပါတယ္​ သို႔​ေပမယ္​့ ဂုဏ္​​ေတာ္ ​႐ြတ္​ဆိုပူ​ေဇာ္​တာနဲ႔မတူပဲဒီ ဂါထာ​ေတာ္ ကို ၉ ​ေခါက္​႐ြတ္​ရမယ္​ဆို ၉ ​ေခါက္​အျမန္​ၿပီး​ေအာင္​ကမန္​းကတန္​းဆိုသြားတဲ့အတိုင္​းပဲ ဂုဏ္​​ေတာ္ ​သာၿပီးသြားတယ္​ဘာမွန္​းမသိလိုက္​ဘူး။
ဒီ​ေတာ့ တရား ဂုဏ္​​ေတာ္ ​​ေတြကိုနာယူခ်င္​လို႔​ေရာက္​ရိွလာတဲ့အထဲကျမင္​အပ္​မျမင္​အပ္​ ျမင္​ရမျမင္​ရပုဂၢိဳလ္​​ေတြနဲ႔နတ္​ျဗဟၼာ​ေတြက တရား ဂုဏ္​​ေတာ္​ ကိုဘယ္​ကစၿပီးဘယ္​နားကိုဘယ္​လိုနာလို႔နာရမွန္​းမသိလည္​းျဖစ္​ရင္​ျဖစ္​သြား​ေပမ​ေပါ့။ဒါ​ေၾကာင္​့ ဂုဏ္​​ေတာ္ ​​ေတြ႐ြတ္​ဆိုစီးျဖန္​းတဲ့အခါမွာပီသပါ ၾကည္​လင္​ျပတ္​သားစြာနဲ႔႐ြတ္​ဆိုပူ​ေဇာ္​ဖို႔အထူးလိုအပ္​ပါတယ္​။

(၄)ျပီးရင္ နတ္ေတြ ျဗဟၼာေတြကို အမွ်ေပးေ၀ရပါတယ္ တရားဂုဏ္​​ေတာ္​႐ြတ္​ဆိုမႈအၿပီးမွာအျခား​ေသာမိမိျပဳခဲ့တဲ့​ေကာင္​းမႈကုသိုလ္​အစုစုတို႔ကို​ေလးနက္​စြာအမ်ွအတန္​း​ေပး​ေ၀ရာမွာအနီးကပ္​ဆံုးမိမိ၏ကိုယ္​​ေစာင္​့နတ္​မွစတင္​၍
အခန္​း​ေစာင္​့နတ္​၊ အိမ္​​ေစာင္​့နတ္​ ၊ၿခံ​ေစာင္​့နတ္​ ၊ ၀င္​း​ေစာင္​့နတ္​ ၊ရုကၡစိုး အစရိွသူ​ေတြနဲ႔တရားနာလာၾကကုန္​​ေသာနတ္​အ​ေပါင္​းကို​​ေလးနက္​စြာအမ်ွအတန္​း​ေပး​ေ၀သာဓု​ေခၚ​ေပးရန္​လိုအပ္​ပါတယ္​။

(၅) စံခ်ိန္ကုိက္ျပီ ဆိုရင္ အခန္းထဲ မွာ ေမႊးၾကိဳင္ေနပါလိမ္​့မယ္​။ဆိုလိုတာက​ေတာ့အခ်ိန္​မွန္​ဂုဏ္​​ေတာ္​​ေတြကိုအထက္​ပါအတိုင္​းတိတိက်က်႐ြတ္​ဆိုပူ​ေဇာ္​မႈျပဳလုပ္​လာတဲ့အခါထူးျခားတဲ့အ​ေမႊးရနံ႔​ေလး​ေတြကိုရရိွလာပါလိမ္​့မယ္​။
တစ္​​ေခါက္​တစ္​​ေလနဲ႔​ေတာ့မထူးျခားနိုင္​သလို ၃ လ ​ေလာက္​စံခ်ိန္​ကိုက္​​ေလးအခ်ိန္​မွန္​႐ြတ္​ဆိုပူ​ေဇာ္​ၾကည္​့ပါ။
ဒါ​​​ေၾကာင္​့ ဂုဏ္​​ေတာ္ ​​ေတြ႐ြတ္​ဆိုပူ​ေဇာ္​တဲ့အခါယခု႔အတိုင္​းသာစံခ်ိန္​စံၫႊန္​းကိုက္​​ေလး႐ြတ္​ဆိုပူ​ေဇာ္​မယ္ဆို
ပါက မေအာင္ျမင္ႏိုင္ဘူး ဆိုတာမရွိပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:lwinpyin
#Unicode Version#
 လူရယ်လို့ဖြစ်တည်လာပြီးလူလောကထဲမှာကျင်လည်ကြရတဲ့အခါ နေ့စဉ် နဲ့အမျှပြုမူလုပ်ဆောင်မှုတွေနှင့်တကွ လောဘ ၊ ဒေါသ ၊ မောဟ တွေကတဆင့်မြစ်ဖျားခံဖြစ်ပေါ်လာခဲ့တဲ့အမျိုးမျိုးသောစိတ်သောကတွေ ၊ စီးပွားရေး ငွေကြေးအခက်အခဲလူမှုရေး ၊ ကျန်းမာရေး ၊ အချစ်ရေး ၊ ပညာရေး စတဲ့ အခက်အခဲ ဒုက္ခ တွေကိုရင်ဆိုင်ကြရတယ်။


အဲ့လိုအချိန်ခါမှာ ဗေဒင် ယတြာ အစီအမံတွေကိုယုံကြည်အားကိုးသူတွေကတော့ဟိုပန်းတွေဒီအညွှန့်တွေနဲ့သက်ဆိုင်ရာနေ့နံတွေကိုတွက်ချက်ပြီး ယတြာချေ ကြသလို ၊ နတ်ကိုးကွယ် ယုံကြည်သူ တွေကလည်းဆိုင်ရာပိုင်ရာ ရိုးရာနတ်တွေကိုပူဇော်ပသမှုတွေပြုလုပ်ကြတယ် ၊ တချို့သောထိုအရာတွေနဲ့အလှမ်းဝေးသူတွေကတော့သူတို့ဒုက္ခတွေကြုံရတဲ့အခါဘာသာရေးကိုတစိုက်မတ်မတ်ပြုမူလုပ်ဆောင်လာကြတယ်။


ဒီအထဲမှာမှအချို့သောသူတွေဟာ ပဌာန်း ဂုဏ်တော် တွေကိုရွတ်ဆိုပူဇော်မှုပြုလုပ်ခြင်း ၊ ကိုးနဝင်း အဓိဌာန်ဝင်ခြင်းစသည့်ဘာသာရေးဆိုင်ရာတွေကိုကံကောင်းစေလာဖို့အတွက်ပြုလုပ်ကာမှပဲပိုမိုကံဆိုးပြီးအနှောင့်အယှက်များစွာကြုံလာခဲ့ကြတယ်။
သူတို့အနေနဲ့ကလည်း ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်နေလေသည်ကတစ်ကြောင်းတန်ခိုးအရာအစွမ်းထက်ပါတယ်ဆိုတဲ့ပဌာန်းဂုဏ်တော်ကိုရွတ်ဆိုခြင်းနဲ့ အဓိဌာန် ပုတီး တွေစိတ်ကာမှပဲပိုပြီးလုံးပါးပါးကုန်တဲ့အဖြစ်ကိုတွေ့ကြရတဲ့အခါမည်သူ့ကိုမှမပြောပဲဒီ ဘာသာေ ရးပဲဆက်လုပ်ရမလားရပ်လိုက်ရမလားဝေခွဲမရဖြစ်ကြရပါတယ်။


တစ်ချို့သောလူတွေကျ ပဌာန်း တော့မရွတ်ဖူးဒါပေမယ့် ဘာသာရေး ဆိုင်ရာအခြားသော ဂုဏ်တော် ရွတ်ဖတ်မှုတွေလုပ်ပေမယ့်လည်းကံကောင်းလာခြင်းမရှိဖြစ်ကြရပါတယ်။
ကျွန်တော် / ကျွန်မ အနေနဲ့ ဘာသာရေး ကိုဘယ်လိုလုပ်ကြောင်းဘုရားတရားဂုဏ်တော်တွေဘယ်လိုစီးဖြန်းပါကြောင်း သို့ပေမယ့်အဆင်မပြေဆုတ်ယုတ်နေတယ်ဆိုတာတွေကြားရကြုံရဖန်များလာလေတော့ထိုကိစ္စကိုအချိန်ယူပြီးလေ့လာမှတ်သားခဲ့ရတဲ့ ဆရာတော်ကြီး တွေရဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ဆုံးမ သြဝါဒ တွေကိုပြန်လည်လေ့လာသုံးသပ်ကြည့်တဲ့အခါ အဖြေကိုသိခဲ့ရပါတယ်။


တကယ်တော့လူအတော်များများဟာ ဘာသာရေး လုပ်ဆောင်မှုလုပ်တဲ့အခါအရေးကြီးတဲ့အချက်လေးတွေကိုမေ့လျော့ခဲ့ပြီးမှားနေခဲ့ကြလို့ပါပဲ။ဒီလိုနဲ့ပဌာန်းဂုဏ်တော်တွေနဲ့တကွမည်သည့်ဂုဏ်တော်တွေကိုပဲမဆိုရွတ်ဆိုစီးဖြန်းတော့မယ်ဆိုရင်ကံဇာတာတွေကောင်းမွန်အောင် ၊ အခက်အခဲတွေပြေလည်အောင်ဘယ်လိုဘယ်ပုံရွတ်ဆိုပူဇော်ရမလဲလို့စဉ်းစားတဲ့အခါကျေးဇူးတော်ရှင် ( နဝမ ) ဗန်းမော် ဆရာတော်ဘုရားကြီးပြောဖူးတာလေးကိုသွားသတိရခဲ့တယ်။



ဒါ့ကြောင့်ဂုဏ်တော်တွေစီးဖြန်းတော့မယ်ဆိုရင် . . . .


(၁) အရင် မျက်နှာသစ် ခြေထောက်လက် ဆေးရပါတယ်။
ချွေးနံ မနံပါစေ နဲ့ ။ အမွှေးနံ့သာ အနည်းငယ်လောက်လိမ်းချယ်နိုင်ရင်ပိုမိုကောင်းမွန်ပါတယ်။ဘာကြောင့်လဲဆိုတော့ဂုဏ်တော် တွေရဲ့အစွမ်းကြောင့် နတ်ဗြဟ္မာ တွေကိုဆင့်ခေါ်နိုင်သလိုပါပဲ။ သာမာန် လူသား ပုဂ္ဂိုလ် တွေနဲ့ဆုံတွေ့တဲ့အခါသေသေသပ်သပ်မရှိတဲ့သူကိုနှစ်သက်မှုမရှိနိုင်သလိုစွမ်းအားမြင့်နတ်တွေအနေနဲ့ဆိုဘယ်လိုနေမလဲတွေးကြည့်ပေါ့ဗျာဒါကြောင့်မိမိရဲ့တစ်ကိုယ်ရေသန့်ရှင်းစင်ကြယ်မှုကအလွန်အရေးကြီးပါတယ်။


(၂) အချိန်မှန်ရတယ် ။ တရား ဂုဏ်တော် တွေကိုအမြဲလိုလိုရွတ်ဆိုပူဇော်လာပြီဆိုရင်တရားနာချင်တဲ့ နတ်တွေ က အချိန်ကို တိတိကျကျမှတ်သားထားတတ်ပြီးရောက်ရှိလာတတ်ပါတယ်။ ဒါကြောင့်အချိန်မှန်ရမယ် တိကျရမယ်။


(၃) ပီပီသသ ကျယ်ကျယ် ရွတ်ရမယ် ။အချို့ကျပြန်တော့ ဂုဏ်တော် တွေရွတ်ဆိုတဲ့အခါပီသပါတယ် ကျယ်လည်းကျယ်ပါတယ် သို့ပေမယ့် ဂုဏ်တော် ရွတ်ဆိုပူဇော်တာနဲ့မတူပဲဒီ ဂါထာတော် ကို ၉ ခေါက်ရွတ်ရမယ်ဆို ၉ ခေါက်အမြန်ပြီးအောင်ကမန်းကတန်းဆိုသွားတဲ့အတိုင်းပဲ ဂုဏ်တော် သာပြီးသွားတယ်ဘာမှန်းမသိလိုက်ဘူး။

ဒီတော့ တရား ဂုဏ်တော် တွေကိုနာယူချင်လို့ရောက်ရှိလာတဲ့အထဲကမြင်အပ်မမြင်အပ် မြင်ရမမြင်ရပုဂ္ဂိုလ်တွေနဲ့နတ်ဗြဟ္မာတွေက တရား ဂုဏ်တော် ကိုဘယ်ကစပြီးဘယ်နားကိုဘယ်လိုနာလို့နာရမှန်းမသိလည်းဖြစ်ရင်ဖြစ်သွားပေမပေါ့။ဒါကြောင့် ဂုဏ်တော် တွေရွတ်ဆိုစီးဖြန်းတဲ့အခါမှာပီသပါ ကြည်လင်ပြတ်သားစွာနဲ့ရွတ်ဆိုပူဇော်ဖို့အထူးလိုအပ်ပါတယ်။


(၄)ပြီးရင် နတ်တွေ ဗြဟ္မာတွေကို အမျှပေးဝေရပါတယ် တရားဂုဏ်တော်ရွတ်ဆိုမှုအပြီးမှာအခြားသောမိမိပြုခဲ့တဲ့ကောင်းမှုကုသိုလ်အစုစုတို့ကိုလေးနက်စွာအမျှအတန်းပေးဝေရာမှာအနီးကပ်ဆုံးမိမိ၏ကိုယ်စောင့်နတ်မှစတင်၍
အခန်းစောင့်နတ်၊ အိမ်စောင့်နတ် ၊ခြံစောင့်နတ် ၊ ဝင်းစောင့်နတ် ၊ရုက္ခစိုး အစရှိသူတွေနဲ့တရားနာလာကြကုန်သောနတ်အပေါင်းကိုလေးနက်စွာအမျှအတန်းပေးဝေသာဓုခေါ်ပေးရန်လိုအပ်ပါတယ်။

(၅) စံချိန်ကိုက်ပြီ ဆိုရင် အခန်းထဲ မှာ မွှေးကြိုင်နေပါလိမ့်မယ်။ဆိုလိုတာကတော့အချိန်မှန်ဂုဏ်တော်တွေကိုအထက်ပါအတိုင်းတိတိကျကျရွတ်ဆိုပူဇော်မှုပြုလုပ်လာတဲ့အခါထူးခြားတဲ့အမွှေးရနံ့လေးတွေကိုရရှိလာပါလိမ့်မယ်။
တစ်ခေါက်တစ်လေနဲ့တော့မထူးခြားနိုင်သလို ၃ လ လောက်စံချိန်ကိုက်လေးအချိန်မှန်ရွတ်ဆိုပူဇော်ကြည့်ပါ။
ဒါကြောင့် ဂုဏ်တော် တွေရွတ်ဆိုပူဇော်တဲ့အခါယခု့အတိုင်းသာစံချိန်စံညွှန်းကိုက်လေးရွတ်ဆိုပူဇော်မယ်ဆို
ပါက မအောင်မြင်နိုင်ဘူး ဆိုတာမရှိပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit:lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top