Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဒီေန႔မနက္ ဗဟိုစည္ ကေန ပါရမီ သြားဖို႔ သပ္သပ္ရပ္ရပ္ ရွိတဲ့ အငွား ယာဥ္တစီး ကိုတားလိုက္ေတာ့ မလွမ္းမကမ္းမွာရပ္ပါတယ္ ။ ပါရမီ ကို ဘယ္ေလာက္လဲ လို႔ ေမးေတာ့ ဘာမွမ ေျဖပဲကား ေပၚတက္ ဖို႔ ပဲ လက္ျပ လို႔ ဝင္ထိုက္လိုက္ပါတယ္ ။ ကား ထိုင္ခံု ေတြ ကလည္း သပ္ယပ္သန္႔ရွင္း လို႔ အဲယားကြန္းကလည္း ေအးလို႔ ကားဆရာ ကလည္း မြန္မြန္ရည္ရည္ သန္႔သန္႔ျပန္႔ျပန္႔ ေနာက္ ကား ေပၚမွာ စကားေျပာ ျဖစ္ေတာ့ အံ့ၾသ ရပါတယ္။

ကါးခ က အဆင္ေျပသလို သာေပးပါတဲ့ ကၽြန္ေတာ္ ကေတာ့ ခရီးသြား လိုရာ လိုက္ပို႔ လိုက္ တာပါပဲတဲ့ ဘုန္းႀကီး ေတြ သီလရွင္ေတြ ကိုယ္ဝန္ေဆာင္ မိခင္ ေတြ ဆိုရင္ အခမဲ့ပဲပို႔ ေပးပါတယ္တဲ့ အခု လည္း ေမြးခါနီး ကိုယ္ဝန္ေဆာင္ တေယာက္ကို ဗဟို အမ်ိဳးသမီ ေဆးရံု ကို ပို႔ေပး ခဲ့တာပါတဲ့ ေဇ်း မေျပာေတာ့ သူတို႔ ခမ်ာ တထိတ္ထိတ္နဲ႔ ေနာက္ေတာ့ မယူပါဘူး ဆ္ုေတာ့ အံၾသ ဝမ္းသာသြားၾကသတဲ့….. ။

ကၽြန္ေတာ့္ မွာ ဒီလို မ်ိဳး ကား ၂ စီးရွိေသးတယ္ အဲဒီကား ေတြ ကို အငွားခ်ထားေတာ့ ပံုမွန္ဝင္ေငြ ေလး ရွိေနပါတယ္ ဒီကား ဆြဲတာကေတာ့ ကုသိုလ္ရရင္ ပဲေက်နပ္ပါတယ္ တဲ့ ဆရာ့ အသိ ထဲမွာ ရဟန္းသံဃာေတြ ခရီးသြား ဖို႔လိုရင္လည္း ကၽြန္ေတာ္ကူညီပါ့မယ္တဲ့ ဖုန္းနံပါတ္ ပါေပးသြားတယ္ ဗ်ာ…။

ပါရမီ ေရာက္လို႔ ကၽြန္ေတာ္ ကားခ ေပးေတာ့ မ်ားပါတယ္တဲ့ ဗ်ာ ကၽြန္ေတာ္ လည္း ခင္ဗ်ားရဲ႕ အလႉ မွာ ကုသိုလ္ ပါဝင္တာပါလို႔ ေျပာလိုက္ပါတယ္ ။

ကဲ အံ့ၾသ စရာ မေကါင္းဘူးလား ဗ်ာ မရေသးတဲ့ စည္းစိမ္ ခ်မ္းသာေတြရဖို႔ ရၿပီးတဲ့ စည္းစိမ္ ခ်မ္းသာေတြ တိုးတက္ဖို႔ တရားတဲ့နည္း လမ္းေရာ မတရားတဲ့ နည္းလမ္း နဲ႔ပါ ရွာေဖြေနၾကတဲ့ လူ႔ ေလာကႀကီးမွာ ဒီလို လူမိ်ဳူးလည္းရွိ ေသးတာ ဝမ္ သာၾကည္ႏူး ခ်ီးက်ဴး စရာ မဟုတ္လားဗ်ာ …..။

ကၽြန္ေတာ္တို႔ ႏိုင္ငံ ဟာ ကမ႓ာ့ ဆင္းရဲတဲ့ ႏိုင္ငံ ေတြမွာ ပါေပမဲ့ ကမ႓ာ့ ေစတနာ အေကါင္းဆံုး ႏိုင္ငံ most generous countries ေတြထဲမွာ လည္း ပထမ ဒုတိယ ရေနတဲ့ ႏိုင္ငံပါ ခင္ဗ်ား အေၾကာင္း fB မွာ ေရး ရမလား ဆိုေတာ့ ေရးခြင့္ေပးလို႔ တင္ေပးလိုက္ပါတယ္ ။

ခ်ီးက်ဴး ေလးစားပါ တယ္ ကို ဉာဏ္လင္းႏိုင္ ေရ

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
 ဒီနေ့မနက် ဗဟိုစည် ကနေ ပါရမီ သွားဖို့ သပ်သပ်ရပ်ရပ် ရှိတဲ့ အငှား ယာဉ်တစီး ကိုတားလိုက်တော့ မလှမ်းမကမ်းမှာရပ်ပါတယ် ။ ပါရမီ ကို ဘယ်လောက်လဲ လို့ မေးတော့ ဘာမှမ ဖြေပဲကား ပေါ်တက် ဖို့ ပဲ လက်ပြ လို့ ဝင်ထိုက်လိုက်ပါတယ် ။ ကား ထိုင်ခုံ တွေ ကလည်း သပ်ယပ်သန့်ရှင်း လို့ အဲယားကွန်းကလည်း အေးလို့ ကားဆရာ ကလည်း မွန်မွန်ရည်ရည် သန့်သန့်ပြန့်ပြန့် နောက် ကား ပေါ်မှာ စကားပြော ဖြစ်တော့ အံ့သြ ရပါတယ်။

ကါးခ က အဆင်ပြေသလို သာပေးပါတဲ့ ကျွန်တော် ကတော့ ခရီးသွား လိုရာ လိုက်ပို့ လိုက် တာပါပဲတဲ့ ဘုန်းကြီး တွေ သီလရှင်တွေ ကိုယ်ဝန်ဆောင် မိခင် တွေ ဆိုရင် အခမဲ့ပဲပို့ ပေးပါတယ်တဲ့ အခု လည်း မွေးခါနီး ကိုယ်ဝန်ဆောင် တယောက်ကို ဗဟို အမျိုးသမီ ဆေးရုံ ကို ပို့ပေး ခဲ့တာပါတဲ့ ဇျေး မပြောတော့ သူတို့ ခမျာ တထိတ်ထိတ်နဲ့ နောက်တော့ မယူပါဘူး ဆ်ုတော့ အံသြ ဝမ်းသာသွားကြသတဲ့….. ။

ကျွန်တော့် မှာ ဒီလို မျိုး ကား ၂ စီးရှိသေးတယ် အဲဒီကား တွေ ကို အငှားချထားတော့ ပုံမှန်ဝင်ငွေ လေး ရှိနေပါတယ် ဒီကား ဆွဲတာကတော့ ကုသိုလ်ရရင် ပဲကျေနပ်ပါတယ် တဲ့ ဆရာ့ အသိ ထဲမှာ ရဟန်းသံဃာတွေ ခရီးသွား ဖို့လိုရင်လည်း ကျွန်တော်ကူညီပါ့မယ်တဲ့ ဖုန်းနံပါတ် ပါပေးသွားတယ် ဗျာ…။

ပါရမီ ရောက်လို့ ကျွန်တော် ကားခ ပေးတော့ များပါတယ်တဲ့ ဗျာ ကျွန်တော် လည်း ခင်ဗျားရဲ့ အလှူ မှာ ကုသိုလ် ပါဝင်တာပါလို့ ပြောလိုက်ပါတယ် ။

ကဲ အံ့သြ စရာ မကေါင်းဘူးလား ဗျာ မရသေးတဲ့ စည်းစိမ် ချမ်းသာတွေရဖို့ ရပြီးတဲ့ စည်းစိမ် ချမ်းသာတွေ တိုးတက်ဖို့ တရားတဲ့နည်း လမ်းရော မတရားတဲ့ နည်းလမ်း နဲ့ပါ ရှာဖွေနေကြတဲ့ လူ့ လောကကြီးမှာ ဒီလို လူမျိုူးလည်းရှိ သေးတာ ဝမ် သာကြည်နူး ချီးကျူး စရာ မဟုတ်လားဗျာ …..။

ကျွန်တော်တို့ နိုင်ငံ ဟာ ကမ္ဘာ့ ဆင်းရဲတဲ့ နိုင်ငံ တွေမှာ ပါပေမဲ့ ကမ္ဘာ့ စေတနာ အကေါင်းဆုံး နိုင်ငံ most generous countries တွေထဲမှာ လည်း ပထမ ဒုတိယ ရနေတဲ့ နိုင်ငံပါ ခင်ဗျား အကြောင်း fB မှာ ရေး ရမလား ဆိုတော့ ရေးခွင့်ပေးလို့ တင်ပေးလိုက်ပါတယ် ။

ချီးကျူး လေးစားပါ တယ် ကို ဉာဏ်လင်းနိုင် ရေ

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top