Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

စစ္ကုိင္းတုိင္း ခႏၲီးၿမိဳ႕နယ္ လင္းဖားေက်းရြာအုပ္စု နန္းဖီးလင္းေခ်ာင္းနဲ႔ နမ္အီထြန္းေခ်ာင္း ၾကားတြင္ရွိတဲ့ ထမ္အီပန္းသဘာဝ ထုံးေက်ာက္ဂူ ကို အစုိးရဖြဲ႔မွ ထိန္းသိမ္းေပးဖို႔ ခႏၲီး ေဒသခံ ေတြက လိုလားေနၾကပါတယ္။

“ထမ္အီပန္း လႈိဏ္ဂူ အစုိးရ က ျပဳျပင္ေပးမယ္ဆုိရင္ေတာ့ ေကာင္းတာေပါ႔။ ဒီလႈိဏ္ဂူေတြက သဘာဝကေနျဖစ္ေပၚလာတဲ့ လႈိဏ္ဂူ ေတြျဖစ္တာေၾကာင့္ အစုိးရ ဒါေတြကုိ အစုိးရ အေနနဲ႔ ျပဳပင္ထိန္းသိမ္းၿပီး ခရီးသြား လုပ္ငန္း ေတြ ေဖာ္ေဆာင္ေပးသင့္တယ္။ ခႏၲီး ေဒသလည္း ဖြံ႔ၿဖိဳးလာႏုိင္တယ္။ ႏိုင္ငံေတာ္ အတြက္လည္း ဝင္ေငြရလာမယ္”လို႔ ခႏၲီး ေဒသခံ ကုိေအာင္မ်ိဳးက ဒီဗီြဘီကုိ ေျပာပါတယ္

ခႏီၲးၿမိဳ႕၊ ၿမိဳ႕မဆရာေတာ္ ဦးေကာဝိဒက “သဘာဝလိႈဏ္ဂူကို အစိုးရ ဘက္က ျပဳျပင္ထိန္းသိမ္းၿပီးေတာ့ ခရီးသြားလုပ္ငန္းအျဖစ္ ေဖာ္ေဆာင္သတ္မွတ္ေပးဖို႔ ေဒသခံ ေတြက လိုလားေနပါတယ္”လို႔ မိန္႔ၾကားခ့ဲပါတယ္။

တုိင္းေဒသႀကီး လႊတ္ေတာ္ ကုိယ္စားလွယ္ ဦးသိန္းလႈိင္ဝင္းက “အစုိးရဖြဲ႔ကို သဘာဝလႈိင္ဂူကုိ ျပဳျပင္ထိန္းသိမ္းရန္တင္ျပထားတယ္”လုိ႔ ေျပာပါတယ္။

ခႏၲီးၿမိဳ႕လင္းဖားေက်းရြာရွိ ထမ္အီပန္း လိုဏ္ဂူ ထဲမွာ ေက်ာက္ပန္းခတ္၊ ေက်ာက္ပန္းဆြဲေတြ အမ်ားအျပား ရွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
စစ်ကိုင်းတိုင်း ခန္တီးမြို့နယ် လင်းဖားကျေးရွာအုပ်စု နန်းဖီးလင်းချောင်းနဲ့ နမ်အီထွန်းချောင်း ကြားတွင်ရှိတဲ့ ထမ်အီပန်းသဘာဝ ထုံးကျောက်ဂူ ကို အစိုးရဖွဲ့မှ ထိန်းသိမ်းပေးဖို့ ခန္တီး ဒေသခံ တွေက လိုလားနေကြပါတယ်။

“ထမ်အီပန်း လှိုဏ်ဂူ အစိုးရ က ပြုပြင်ပေးမယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဒီလှိုဏ်ဂူတွေက သဘာဝကနေဖြစ်ပေါ်လာတဲ့ လှိုဏ်ဂူ တွေဖြစ်တာကြောင့် အစိုးရ ဒါတွေကို အစိုးရ အနေနဲ့ ပြုပင်ထိန်းသိမ်းပြီး ခရီးသွား လုပ်ငန်း တွေ ဖော်ဆောင်ပေးသင့်တယ်။ ခန္တီး ဒေသလည်း ဖွံ့ဖြိုးလာနိုင်တယ်။ နိုင်ငံတော် အတွက်လည်း ဝင်ငွေရလာမယ်”လို့ ခန္တီး ဒေသခံ ကိုအောင်မျိုးက ဒီဗွီဘီကို ပြောပါတယ်

ခန္တီးမြို့၊ မြို့မဆရာတော် ဦးကောဝိဒက “သဘာဝလှိုဏ်ဂူကို အစိုးရ ဘက်က ပြုပြင်ထိန်းသိမ်းပြီးတော့ ခရီးသွားလုပ်ငန်းအဖြစ် ဖော်ဆောင်သတ်မှတ်ပေးဖို့ ဒေသခံ တွေက လိုလားနေပါတယ်”လို့ မိန့်ကြားခဲ့ပါတယ်။

တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းက “အစိုးရဖွဲ့ကို သဘာဝလှိုင်ဂူကို ပြုပြင်ထိန်းသိမ်းရန်တင်ပြထားတယ်”လို့ ပြောပါတယ်။

ခန္တီးမြို့လင်းဖားကျေးရွာရှိ ထမ်အီပန်း လိုဏ်ဂူ ထဲမှာ ကျောက်ပန်းခတ်၊ ကျောက်ပန်းဆွဲတွေ အများအပြား ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top