Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေျပးလႊားေနခ်ိန္မွာ ၾကြက္တက္ျခင္း ျဖစ္လာျပီဆိုရင္

အထူးသျဖင့္ အေျပးသမားေတြအတြက္ ၾကြက္တက္ျခင္းဟာ ဆိုးရြားတဲ့ အိပ္မက္တစ္ခုပါ။ သင္ဟာ ျပီးေျမာက္ေအာင္ျမင္ဖို႔ ၅မီတာသာ လိုေတာ့တယ္လ္ို႔ စဥ္းစားၾကည့္လိုက္ပါ။ အဲဒီအခ်ိန္မွာ သင့္ရဲ႕ ညာေျခေထာက္က ထူးဆန္းစြာစတင္ျပဳမူလာျပီဆိုပါစို႕။ သင့္ေျခေထာက္ ၾကြက္သားေတြ ေတာက္ေလ်ာက္ ၾကြက္တက္ေနျပီး ေျခေထာက္မွာ တစ္ခုခုျဖစ္ေနျပီလားဆိုတဲ့ေၾကာက္စိတ္နဲ႔ တစ္သက္လံုး ဒုကၡြတဘ၀ ျဖစ္သြားမလားဆိုတဲ့ စိတ္ျဖစ္ေနတတ္ပါတယ္။

အဲဒါက ေၾကာက္စရာေကာင္းတဲ့ အေတြးတစ္ခုပါ။ ဒါေပမယ့္လည္း ၾကြက္တက္တယ္ဆိုတာဟာ အျဖစ္မ်ား တဲ့ အေျခအေနတစ္ခုျဖစ္ျပီး လူတိုင္းရဲ႕ ဘ၀မွာ အနည္းဆံုးတစ္ၾကိမ္တစ္ခါ ေလာက္ေတြ႕ၾကံဳရေလ့ရွိပါတယ္။  ဘယ္ေလာက္ပဲ  သက္ေတာင့္သက္သာရွိတဲ့ ေမြ႕ရာမွာ ျဖစ္ေစ (သို႔) ပြဲၾကည့္စဥ္ ၊တီဗီ ဖန္သားျပင္မွ ၾကည့္ရႈသူမ်ားျပားေနတဲ့ ျပိဳင္ပြဲ အတြင္းမွာ ျဖစ္ေစ ဆိုးရြားျပင္းထန္တဲ့ ၾကြက္သားေတြကို လိမ္ထား သလို ခံစားခ်က္မ်ိဳး ျဖစ္နိုင္ပါတယ္။

အဲလိုျဖစ္တာက ခႏၶာကုိယ္ပိုင္းဆိုင္ရာ အေျခအေနတစ္ခုပါပဲ။ ဒီလို ၾကြက္တက္တာကို လံုး၀ ကာကြယ္နိုင္ေအာင္ (သို႔) ကုသနိုင္ေအာင္ သိပံ နည္းလမး္က်က် ေျဖရွင္းနိုင္ျခင္း မရွိေသးေပမယ့္ ဒီလို ကံမေကာင္းပဲၾကြက္တက္ျခင္းျဖစ္လာ မယ္ဆိုရင္ ကူညီနိုင္မယ့္ နည္းလမ္းေလးေတြေတာ့ ရွိတဲ့အတြက္ ျဖစ္ပြားျပီးတဲ့ေနာက္မွာ ပံုမွန္ျပန္လည္ လႈပ္ရွားေလ့က်င့္နိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ေတြရွိပါတယ္။

ပထဆံုးအေနနဲ႔ ၾကြက္တက္ျခင္း နဲ႔ ပတ္သတ္ျပီး အနည္းငယ္ေလ့လာၾကည့္ၾကပါစို႕။ ေရဓါတ္ခမ္းေျခာက္ျခင္း၊ electrolyte သတၱဳဓါတ္ေတြ ဆံုးရႈံျခင္း၊ ဆားဓါတ္ဆံုးရႈံးျခင္း ၊ ၾကြက္သားပင္ပန္းႏြမ္းနယ္ျခင္း တို႔အျပင္ ဘာေတြက ၾကြက္တက္ျခင္းကို ျဖစ္ေစနိုင္တယ္ဆိုတဲ့ အခ်က္ေတြ အမ်ားၾကီးရွိတဲ့ အထဲမွာမွ ၿကြက္သားပင္ပန္းႏြမ္းနယ္ျခင္းဟာ ၾကြက္တက္ျခင္းကို ျဖစ္ေစနိုင္တယ္လို႔ အမ်ားဆံုး ယံုၾကည္ၾကပါတယ္။

အျခားအခ်က္ေတြကေတာ့ အမွန္တကယ္ တို္က္ရိုက္ျဖစ္ေစတာေတြ မဟုတ္ဘဲ ဆက္စပ္မႈရွိတာေတြသာ ျဖစ္တယ္လို႔ ထင္ၾကပါတယ္။ ၾကြက္သားပင္ပန္းႏြမ္းနယ္ ျခင္းဟာ ေလ့က်င့္ခန္းေတြ လုပ္ေဆာင္တာေ ၾကာင့္ (သို႔) သင္ဟာ ေျပးသင့္တာထက္ပိုေျပးလို႔  ျဖစ္နိုင္္ပါတယ္။ တစ္နည္းအားျဖင့္ သင္ဟာ သင့္ၾကြက္သားေတြကို ပင္ပန္းေစနိုင္တဲ့ေလ့က်င့္ခန္းေတြ အလြန္အကၽြံလုပ္ေဆာင္ပါက ၾကြက္တက္ျခင္း ျဖစ္နိုင္ေခ်ကို လည္းပိုမ်ား ေစနိုင္ပါတယ္။
ၾကြက္တက္ျခင္း မျဖစ္ေအာင္ ဘယ္လိုကာကြယ္ရမလဲ?

သင္ေလ့က်င့္ခ်င္တဲ့ ပမာဏကို သင့္ ခႏၶာကုိယ္က ခံနိုင္ရည္ရွိေအာင္ က်င့္သားရလာေအာင္ တျဖည္းျဖည္း ေလ့က်င့္ေပးျခင္းက ၾကြက္တက္ျခင္း မျဖစ္လာေအာင္ ကူညီနိုင္ပါတယ္။ ဆိုလိုတာက သင့္ ခႏၶာကုိယ္ကို ေလ့က်င့္တဲ့အခါ ပံုမွန္အေျခခံနဲ႔ တျဖည္းျဖည္း တိုးတိုးျပီး ေလ့က်င့္လုပ္ေဆာင္ရပါမယ္။

ဥပမာ- သင္က ၅မိုင္ေျပးခ်င္တယ္ဆိုရင္ေတာ့ စစခ်င္းမွာ ၁မိုင္၊ ၂မိုင္ေလာက္က စတင္ျပီး တျဖည္းျဖည္း အပတ္စဥ္(သို႔) လစဥ္ အကြာအေ၀း အနည္းငယ္ ပို ပိုေျပးတာမ်ိဳး လုပ္ေဆာင္ရပါမယ္။ ဒါ့အျပင္ အေၾကာေလွ်ာ့တာကိုလည္း လုပ္ေဆာင္ဖို႔ မေမ့ပါနဲ႔။

အေၾကာေလ်ွာ့ ျခင္းဟာ သင့္ၾကြက္သားေတြ အတြက္ မေျပးခင္မွာ ၾကိဳတင္ ျပင္ဆင္ေပးတာပါပဲ။ ေသေသခ်ာခ်ာ အေၾကာေလွ်ာ့ေလ့က်င့္ခန္း လုပ္ေဆာင္တာက သင့္ကို အၾကာၾကီး ၾကြက္တက္ျခင္း မျဖစ္ပဲ ေျပးနိုင္ေအာင္ ကူညီေပးနိုင္မွာပါ။

ဒါေပမယ့္ ကံမေကာင္းစြာနဲ႔ပဲ ေျပးေနတုန္းၾကြက္တက္ခဲ့ရင္ ဘာေတြ လုပ္ေဆာင္သင့္ပါသလဲ။ ေျခေထာက္ကိုကိုင္ထားျခင္း၊ ရွိခိုး ဆုေတာင္းျခင္း၊ ေအာ္ဟစ္ေနျခင္းေတြက အက်ိဳးမရွိေစနိုင္ပါဘူး။ သင္တစ္ကယ္လုပ္ေဆာင္သင့္တာကေတာ့ ေျပးတာကိုရပ္ျပီး အသက္ျပင္းျပင္ရႈ၊ ျပီးတဲ့ခါမွာ စတင္ျပီး အေၾကာေလ်ွာ့ျခင္းကို လုပ္ေဆာင္သင့္ပါတယ္။

ၾကြက္တက္တယ္ဆိုတာဟာ သင့္ၾကြက္သားေတြက အရမ္းပင္ပန္း ႏြမ္းနယ္ေနတဲ့အတြက္ က်ံဳ႕ေနတာကို မေျဖေလ်ာ့နိုင္တာေၾကာင့္ ျဖစ္ရတာပါ။ ဒါေၾကာင့္ သင္ဟာ သင့္ခႏၶာကိုယ္အတြက္ တာ၀န္ရွိသူတစ္ေယာက္ အေနနဲ႔ သင့္ ၾကြက္သားေလးေတြကို မျဖစ္မေန ကူညီရပါမယ္။ အေရးေပၚ လူသိမ်ားတဲ့ အေၾကာေလွ်ာ့ေလ့က်င့္ခန္းတစ္ခ်ိဳ႕ကေတာ့ ၾကြက္တက္ေနတဲ့ ေျခေထာက္ရဲ႕ ေျခသလံုးၾကြက္သားေတြကို ညင္ညင္သာသာ နွိပ္နယ္ေပးျပီး ၊ အဲဒီေျခေထာက္ကို အေၾကာေလ်ွာ့တဲ့ အေနအထားနဲ႔ ၾကြက္တက္တာ မေျပသြားမခ်င္း မိနစ္အနည္းငယ္ထား ထားေပးရပါမယ္။

သင့္အနားမွာ သူငယ္ခ်င္းတစ္ေယာက္ရွိေနတယ္ဆိုရင္ သူ႔ကို သင့္ေျခေထာက္ကိုဆန္႕ေနေအာင္ေျမွာက္ကိုင္ခိုင္းထား လို႔ရပါတယ္။

ၾကြက္တက္ျခင္းကို ဘာေတြကျဖစ္ေစတယ္ဆိုတာ နားလည္ထားရင္ ၾကြက္တက္ျခင္း မျဖစ္ေအာင္ ကာကြယ္ဖို႔လြယ္ကူပါတယ္။ အေပၚမွာ ေဖာ္ျပခဲတဲ့အတိုင္း ဒီလို စိတ္ညစ္စရာ၊ စိတ္ရႈပ္စရာေကာင္းတဲ့ အေျခအေနတစ္ခုကို ကာကြယ္ဖို႔ အေကာင္းဆံုးနည္းကေတာ့ အခ်ိန္ယူျပီး ေလ့က်င့္ေပးဖို႔ပါပဲ။

သင္ ခႏၶာကုိ္ယ္ အခ်ိိဳးအစားလွပခ်င္၊ ဆဲြေဆာင္မႈရွိခ်င္တာနဲ႔ပဲ အလြန္အကၽြံ အမ်ားၾကီး ေလ့က်င့္တာမ်ိဳး မလုပ္ပါနဲ႔။ေျပးလႊားျခင္းသာမက အျခားအရာအားလံုးကိုလည္း အလ်ွင္အျမန္ အေလာတၾကီး လုပ္ေဆာင္ျခင္းက ဘယ္ေတာ့မွ ေကာင္းတာေတြ ျဖစ္လာေစနိုင္မွာ မဟုတ္ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hellosayarwon
#Unicode Version#
ပြေးလွှားနေချိန်မှာ ကြွက်တက်ခြင်း ဖြစ်လာပြီဆိုရင်

အထူးသဖြင့် အပြေးသမားတွေအတွက် ကြွက်တက်ခြင်းဟာ ဆိုးရွားတဲ့ အိပ်မက်တစ်ခုပါ။ သင်ဟာ ပြီးမြောက်အောင်မြင်ဖို့ ၅မီတာသာ လိုတော့တယ်လို့ စဉ်းစားကြည့်လိုက်ပါ။ အဲဒီအချိန်မှာ သင့်ရဲ့ ညာခြေထောက်က ထူးဆန်းစွာစတင်ပြုမူလာပြီဆိုပါစို့။ သင့်ခြေထောက် ကြွက်သားတွေ တောက်လျောက် ကြွက်တက်နေပြီး ခြေထောက်မှာ တစ်ခုခုဖြစ်နေပြီလားဆိုတဲ့ကြောက်စိတ်နဲ့ တစ်သက်လုံး ဒုက္ခွတဘ၀ ဖြစ်သွားမလားဆိုတဲ့ စိတ်ဖြစ်နေတတ်ပါတယ်။

အဲဒါက ကြောက်စရာကောင်းတဲ့ အတွေးတစ်ခုပါ။ ဒါပေမယ့်လည်း ကြွက်တက်တယ်ဆိုတာဟာ အဖြစ်များ တဲ့ အခြေအနေတစ်ခုဖြစ်ပြီး လူတိုင်းရဲ့ ဘဝမှာ အနည်းဆုံးတစ်ကြိမ်တစ်ခါ လောက်တွေ့ကြုံရလေ့ရှိပါတယ်။  ဘယ်လောက်ပဲ  သက်တောင့်သက်သာရှိတဲ့ မွေ့ရာမှာ ဖြစ်စေ (သို့) ပွဲကြည့်စဉ် ၊တီဗီ ဖန်သားပြင်မှ ကြည့်ရှုသူများပြားနေတဲ့ ပြိုင်ပွဲ အတွင်းမှာ ဖြစ်စေ ဆိုးရွားပြင်းထန်တဲ့ ကြွက်သားတွေကို လိမ်ထား သလို ခံစားချက်မျိုး ဖြစ်နိုင်ပါတယ်။

အဲလိုဖြစ်တာက ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုပါပဲ။ ဒီလို ကြွက်တက်တာကို လုံး၀ ကာကွယ်နိုင်အောင် (သို့) ကုသနိုင်အောင် သိပံ နည်းလမ်းကျကျ ဖြေရှင်းနိုင်ခြင်း မရှိသေးပေမယ့် ဒီလို ကံမကောင်းပဲကြွက်တက်ခြင်းဖြစ်လာ မယ်ဆိုရင် ကူညီနိုင်မယ့် နည်းလမ်းလေးတွေတော့ ရှိတဲ့အတွက် ဖြစ်ပွားပြီးတဲ့နောက်မှာ ပုံမှန်ပြန်လည် လှုပ်ရှားလေ့ကျင့်နိုင်ဖို့ မျှော်လင့်ချက်တွေရှိပါတယ်။

ပထဆုံးအနေနဲ့ ကြွက်တက်ခြင်း နဲ့ ပတ်သတ်ပြီး အနည်းငယ်လေ့လာကြည့်ကြပါစို့။ ရေဓါတ်ခမ်းခြောက်ခြင်း၊ electrolyte သတ္တုဓါတ်တွေ ဆုံးရှုံခြင်း၊ ဆားဓါတ်ဆုံးရှုံးခြင်း ၊ ကြွက်သားပင်ပန်းနွမ်းနယ်ခြင်း တို့အပြင် ဘာတွေက ကြွက်တက်ခြင်းကို ဖြစ်စေနိုင်တယ်ဆိုတဲ့ အချက်တွေ အများကြီးရှိတဲ့ အထဲမှာမှ ကြွက်သားပင်ပန်းနွမ်းနယ်ခြင်းဟာ ကြွက်တက်ခြင်းကို ဖြစ်စေနိုင်တယ်လို့ အများဆုံး ယုံကြည်ကြပါတယ်။

အခြားအချက်တွေကတော့ အမှန်တကယ် တိုက်ရိုက်ဖြစ်စေတာတွေ မဟုတ်ဘဲ ဆက်စပ်မှုရှိတာတွေသာ ဖြစ်တယ်လို့ ထင်ကြပါတယ်။ ကြွက်သားပင်ပန်းနွမ်းနယ် ခြင်းဟာ လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာေ ကြာင့် (သို့) သင်ဟာ ပြေးသင့်တာထက်ပိုပြေးလို့  ဖြစ်နိုင်ပါတယ်။ တစ်နည်းအားဖြင့် သင်ဟာ သင့်ကြွက်သားတွေကို ပင်ပန်းစေနိုင်တဲ့လေ့ကျင့်ခန်းတွေ အလွန်အကျွံလုပ်ဆောင်ပါက ကြွက်တက်ခြင်း ဖြစ်နိုင်ချေကို လည်းပိုများ စေနိုင်ပါတယ်။
ကြွက်တက်ခြင်း မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ?

သင်လေ့ကျင့်ချင်တဲ့ ပမာဏကို သင့် ခန္ဓာကိုယ်က ခံနိုင်ရည်ရှိအောင် ကျင့်သားရလာအောင် တဖြည်းဖြည်း လေ့ကျင့်ပေးခြင်းက ကြွက်တက်ခြင်း မဖြစ်လာအောင် ကူညီနိုင်ပါတယ်။ ဆိုလိုတာက သင့် ခန္ဓာကိုယ်ကို လေ့ကျင့်တဲ့အခါ ပုံမှန်အခြေခံနဲ့ တဖြည်းဖြည်း တိုးတိုးပြီး လေ့ကျင့်လုပ်ဆောင်ရပါမယ်။

ဥပမာ- သင်က ၅မိုင်ပြေးချင်တယ်ဆိုရင်တော့ စစချင်းမှာ ၁မိုင်၊ ၂မိုင်လောက်က စတင်ပြီး တဖြည်းဖြည်း အပတ်စဉ်(သို့) လစဉ် အကွာအဝေး အနည်းငယ် ပို ပိုပြေးတာမျိုး လုပ်ဆောင်ရပါမယ်။ ဒါ့အပြင် အကြောလျှော့တာကိုလည်း လုပ်ဆောင်ဖို့ မမေ့ပါနဲ့။

အကြောလျှော့ ခြင်းဟာ သင့်ကြွက်သားတွေ အတွက် မပြေးခင်မှာ ကြိုတင် ပြင်ဆင်ပေးတာပါပဲ။ သေသေချာချာ အကြောလျှော့လေ့ကျင့်ခန်း လုပ်ဆောင်တာက သင့်ကို အကြာကြီး ကြွက်တက်ခြင်း မဖြစ်ပဲ ပြေးနိုင်အောင် ကူညီပေးနိုင်မှာပါ။

ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ပြေးနေတုန်းကြွက်တက်ခဲ့ရင် ဘာတွေ လုပ်ဆောင်သင့်ပါသလဲ။ ခြေထောက်ကိုကိုင်ထားခြင်း၊ ရှိခိုး ဆုတောင်းခြင်း၊ အော်ဟစ်နေခြင်းတွေက အကျိုးမရှိစေနိုင်ပါဘူး။ သင်တစ်ကယ်လုပ်ဆောင်သင့်တာကတော့ ပြေးတာကိုရပ်ပြီး အသက်ပြင်းပြင်ရှု၊ ပြီးတဲ့ခါမှာ စတင်ပြီး အကြောလျှော့ခြင်းကို လုပ်ဆောင်သင့်ပါတယ်။

ကြွက်တက်တယ်ဆိုတာဟာ သင့်ကြွက်သားတွေက အရမ်းပင်ပန်း နွမ်းနယ်နေတဲ့အတွက် ကျုံ့နေတာကို မဖြေလျော့နိုင်တာကြောင့် ဖြစ်ရတာပါ။ ဒါကြောင့် သင်ဟာ သင့်ခန္ဓာကိုယ်အတွက် တာဝန်ရှိသူတစ်ယောက် အနေနဲ့ သင့် ကြွက်သားလေးတွေကို မဖြစ်မနေ ကူညီရပါမယ်။ အရေးပေါ် လူသိများတဲ့ အကြောလျှော့လေ့ကျင့်ခန်းတစ်ချို့ကတော့ ကြွက်တက်နေတဲ့ ခြေထောက်ရဲ့ ခြေသလုံးကြွက်သားတွေကို ညင်ညင်သာသာ နှိပ်နယ်ပေးပြီး ၊ အဲဒီခြေထောက်ကို အကြောလျှော့တဲ့ အနေအထားနဲ့ ကြွက်တက်တာ မပြေသွားမချင်း မိနစ်အနည်းငယ်ထား ထားပေးရပါမယ်။

သင့်အနားမှာ သူငယ်ချင်းတစ်ယောက်ရှိနေတယ်ဆိုရင် သူ့ကို သင့်ခြေထောက်ကိုဆန့်နေအောင်မြှောက်ကိုင်ခိုင်းထား လို့ရပါတယ်။

ကြွက်တက်ခြင်းကို ဘာတွေကဖြစ်စေတယ်ဆိုတာ နားလည်ထားရင် ကြွက်တက်ခြင်း မဖြစ်အောင် ကာကွယ်ဖို့လွယ်ကူပါတယ်။ အပေါ်မှာ ဖော်ပြခဲတဲ့အတိုင်း ဒီလို စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာကောင်းတဲ့ အခြေအနေတစ်ခုကို ကာကွယ်ဖို့ အကောင်းဆုံးနည်းကတော့ အချိန်ယူပြီး လေ့ကျင့်ပေးဖို့ပါပဲ။

သင် ခန္ဓာကိုယ် အချိုးအစားလှပချင်၊ ဆွဲဆောင်မှုရှိချင်တာနဲ့ပဲ အလွန်အကျွံ အများကြီး လေ့ကျင့်တာမျိုး မလုပ်ပါနဲ့။ပြေးလွှားခြင်းသာမက အခြားအရာအားလုံးကိုလည်း အလျှင်အမြန် အလောတကြီး လုပ်ဆောင်ခြင်းက ဘယ်တော့မှ ကောင်းတာတွေ ဖြစ်လာစေနိုင်မှာ မဟုတ်ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top