Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဆယ္ႏွစ္ေလာက္သိမ္းထားၿပီးမွ ျပန္ၾကည့္ၾကည့္... အေကာင္းအတိုင္းရွိေနတာ

အစားအေသာက္ေတြတုိင္းမွာ သက္တမ္းကုန္ဆံုးရက္ဆုိတာ ႐ွိၾကတာပဲ။ ရက္လြန္ေနတဲ့ အစားအေသာက္ေတြကို စားမိရင္ အစာအိမ္ကို ဒုကၡေပးႏိုင္သလို က်န္းမာေရးအတြက္လည္း အဖက္ဖက္က ဆိုးက်ိဳးျဖစ္ေစမွာပါ။ ဒါေၾကာင့္မို႔လို႔လည္း အစားအစားမခင္ သက္တမ္းကုန္ဆံုးရက္ကို ၾကည့္ၿပီး စားၾကတယ္ေလ။ တခ်ိဳ႕ေသာ အစားအေသာက္ေတြကေတာ့ သက္တမ္းကုန္ရက္ဆုိတာ မ႐ွိေလာက္ေအာင္ ႏွစ္ေတြအမ်ားႀကီး အထားခံပါတယ္။

၁။ ပ်ားရည္

ေသေသခ်ာခ်ာ သိမ္းတတ္မယ္ဆုိရင္ ပ်ားရည္အစစ္ဟာ ဘယ္ေတာ့မွ ပုပ္သိုးပ်က္စီးသြားမွာ မဟုတ္ဘူး။ ႏွစ္အေတာ္ၾကာတဲ့အခါ ပ်ားရည္ရဲ႕ အေရာင္ေျပာင္းသြားၿပီး အခဲေတြျဖစ္သြားႏုိင္ေပမဲ့ စားလို႔ရပါေသးတယ္။ ေဘးဥပါဒ္ မျဖစ္ပါဘူး။ ႏွစ္ခ်ိဳ႕ပ်ားရည္ေတြ ခဲေနရင္ ပုလင္းထဲထည့္ၿပီး ပုလင္းကို ေရေႏြးထဲစိမ္လိုက္တဲ့အခါ ျပန္အရည္ေပ်ာ္သြားလိမ့္မယ္။

၂။ ဆန္

ဆန္ကို ေရမစိုေအာင္ ပံုး ဒါမွမဟုတ္ အိတ္ထဲမွာ ထည့္ထားၾကတယ္။ ႏွစ္ၾကာတဲ့အခါ ဆန္ေပၚမွာ ဖုန္နဲ႔ အမႈန္႔ေတြ ကပ္လာတာကလြဲရင္ ဆန္က စားလို႔ရႏိုင္ပါေသးတယ္။ ဒါေပမဲ့ အညိဳေရာင္ဆန္ကေတာ့ အျဖဴေရာင္ဆန္လို အထားမခံပါဘူး။ ဆန္ျဖဴကပဲ ႏွစ္႐ွည္ၾကာ အထားခံတာပါ။ ေလလံု ေရလံုေအာင္ သိမ္းထားရင္ ႏွစ္အၾကာႀကီး အထားခံပါတယ္။

၃။ ႐ွာလကာရည္ (white vinegar)

႐ွာလကာရည္ တစ္ပံုးေလာက္ ဝယ္လာၿပီးမွ အထားမခံေတာ့မွာ စိုးရိမ္မေနပါနဲ႔။ ႐ွာလကာရည္က ဘယ္ေတာ့မွ ပ်က္စီးမသြားဘူး။

၄။ ဗနီလာအဆီ

ဗနီလာအဆီ အစစ္ကို အယ္လ္ကိုေဟာကေန ျပဳလုပ္ရပါတယ္။ ဘယ္ေလာက္ၾကာေအာင္ထားလည္း သံုးတဲ့အခါတိုင္း လတ္လတ္ဆတ္ဆတ္ အနံ႔အရသာကို ရႏိုင္ပါတယ္။ ဗနီလာအတုေတြကေတာ့ အစစ္လို အထားခံမွာမဟုတ္ဘူး။

၅။ ဆား

စားပြဲတင္ဆား ၊ ပင္လယ္ဆား တုိ႔ကလည္း ႏွစ္ေပါင္းမ်ားစြာ အထားခံပါတယ္။ အစိုမျပန္ေအာင္သာ သိမ္းဖုိ႔လိုတာ။

၆။ ေျပာင္းေကာ္မႈန္႔

ခ်က္ျပဳတ္ ေၾကာ္ေလွာ္တဲ့အခါ အသံုးျပဳတဲ့ ေျပာင္းေကာ္မႈန္႔ကို ႏွစ္အမ်ားႀကီး အထားခံခ်င္ရင္ေတာ့ ေျခာက္ေသြ႕ ေအးျမတဲ့ ေနရာမွာ ေလလံုေအာင္ အဖံုးပိတ္ၿပီး သိမ္းထားလို႔ ရတယ္။

၇။ သၾကား

သၾကားေတြ အထားမခံရတဲ့ အဓိက အေၾကာင္းရင္းကေတာ့ သိမ္းဆည္းပံု မွားယြင္းေနလို႔ပါ။ ၾကာရင္ သူက ခဲသြားတတ္ေသးတယ္။ ဒါေပမဲ့ သၾကားက ေလလံု ေရလံုေအာင္ ထားမယ္ဆို အၾကာၾကီး အထားခံပါတယ္။ အစိုမျပန္ေအာင္သာ ဂရုစိုက္ပါ။ သၾကားဟာ ဘက္တီးရီးယား ေပါက္ပြားဖို႔ အေထာက္အကူမေပးတာမုိ႔ ေလလံု ေရလံုေအာင္ထားရင္ ႏွစ္ေပါင္းမ်ားစြာၾကာလည္း စားလို႔ရေနဦးမွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
#Unicode Version#
ဆယ်နှစ်လောက်သိမ်းထားပြီးမှ ပြန်ကြည့်ကြည့်... အကောင်းအတိုင်းရှိနေတာ

အစားအသောက်တွေတိုင်းမှာ သက်တမ်းကုန်ဆုံးရက်ဆိုတာ ရှိကြတာပဲ။ ရက်လွန်နေတဲ့ အစားအသောက်တွေကို စားမိရင် အစာအိမ်ကို ဒုက္ခပေးနိုင်သလို ကျန်းမာရေးအတွက်လည်း အဖက်ဖက်က ဆိုးကျိုးဖြစ်စေမှာပါ။ ဒါကြောင့်မို့လို့လည်း အစားအစားမခင် သက်တမ်းကုန်ဆုံးရက်ကို ကြည့်ပြီး စားကြတယ်လေ။ တချို့သော အစားအသောက်တွေကတော့ သက်တမ်းကုန်ရက်ဆိုတာ မရှိလောက်အောင် နှစ်တွေအများကြီး အထားခံပါတယ်။

၁။ ပျားရည်

သေသေချာချာ သိမ်းတတ်မယ်ဆိုရင် ပျားရည်အစစ်ဟာ ဘယ်တော့မှ ပုပ်သိုးပျက်စီးသွားမှာ မဟုတ်ဘူး။ နှစ်အတော်ကြာတဲ့အခါ ပျားရည်ရဲ့ အရောင်ပြောင်းသွားပြီး အခဲတွေဖြစ်သွားနိုင်ပေမဲ့ စားလို့ရပါသေးတယ်။ ဘေးဥပါဒ် မဖြစ်ပါဘူး။ နှစ်ချို့ပျားရည်တွေ ခဲနေရင် ပုလင်းထဲထည့်ပြီး ပုလင်းကို ရေနွေးထဲစိမ်လိုက်တဲ့အခါ ပြန်အရည်ပျော်သွားလိမ့်မယ်။

၂။ ဆန်

ဆန်ကို ရေမစိုအောင် ပုံး ဒါမှမဟုတ် အိတ်ထဲမှာ ထည့်ထားကြတယ်။ နှစ်ကြာတဲ့အခါ ဆန်ပေါ်မှာ ဖုန်နဲ့ အမှုန့်တွေ ကပ်လာတာကလွဲရင် ဆန်က စားလို့ရနိုင်ပါသေးတယ်။ ဒါပေမဲ့ အညိုရောင်ဆန်ကတော့ အဖြူရောင်ဆန်လို အထားမခံပါဘူး။ ဆန်ဖြူကပဲ နှစ်ရှည်ကြာ အထားခံတာပါ။ လေလုံ ရေလုံအောင် သိမ်းထားရင် နှစ်အကြာကြီး အထားခံပါတယ်။

၃။ ရှာလကာရည် (white vinegar)

ရှာလကာရည် တစ်ပုံးလောက် ဝယ်လာပြီးမှ အထားမခံတော့မှာ စိုးရိမ်မနေပါနဲ့။ ရှာလကာရည်က ဘယ်တော့မှ ပျက်စီးမသွားဘူး။

၄။ ဗနီလာအဆီ

ဗနီလာအဆီ အစစ်ကို အယ်လ်ကိုဟောကနေ ပြုလုပ်ရပါတယ်။ ဘယ်လောက်ကြာအောင်ထားလည်း သုံးတဲ့အခါတိုင်း လတ်လတ်ဆတ်ဆတ် အနံ့အရသာကို ရနိုင်ပါတယ်။ ဗနီလာအတုတွေကတော့ အစစ်လို အထားခံမှာမဟုတ်ဘူး။

၅။ ဆား

စားပွဲတင်ဆား ၊ ပင်လယ်ဆား တို့ကလည်း နှစ်ပေါင်းများစွာ အထားခံပါတယ်။ အစိုမပြန်အောင်သာ သိမ်းဖို့လိုတာ။

၆။ ပြောင်းကော်မှုန့်

ချက်ပြုတ် ကြော်လှော်တဲ့အခါ အသုံးပြုတဲ့ ပြောင်းကော်မှုန့်ကို နှစ်အများကြီး အထားခံချင်ရင်တော့ ခြောက်သွေ့ အေးမြတဲ့ နေရာမှာ လေလုံအောင် အဖုံးပိတ်ပြီး သိမ်းထားလို့ ရတယ်။

၇။ သကြား

သကြားတွေ အထားမခံရတဲ့ အဓိက အကြောင်းရင်းကတော့ သိမ်းဆည်းပုံ မှားယွင်းနေလို့ပါ။ ကြာရင် သူက ခဲသွားတတ်သေးတယ်။ ဒါပေမဲ့ သကြားက လေလုံ ရေလုံအောင် ထားမယ်ဆို အကြာကြီး အထားခံပါတယ်။ အစိုမပြန်အောင်သာ ဂရုစိုက်ပါ။ သကြားဟာ ဘက်တီးရီးယား ပေါက်ပွားဖို့ အထောက်အကူမပေးတာမို့ လေလုံ ရေလုံအောင်ထားရင် နှစ်ပေါင်းများစွာကြာလည်း စားလို့ရနေဦးမှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top