Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ထိုင္းလက္ဖက္ရည္ေအးကို Black tea (လက္ဖက္ေျခာက္ အမဲ) ရယ္၊ ႏို႔ရယ္၊ သၾကားရယ္ကို ေရာၿပီး ေဖာ္စပ္ျပဳလုပ္ ထားတာပါ။

အစပ္ကဲၿပီး ျမန္မာ႔ခံတြင္းနဲ႔ အစပ္အဟပ္တပ္တဲ႔ ထိုင္းအစားအစာေတြကုိ ကြ်န္ေတာ္တို႔ ျမန္္မာလူမ်ိဳးေတြ ႏွစ္ျခိဳက္စြာ စားသံုးၾက ပါတယ္။ အဲဒီထဲမွာ ထိုင္းလက္ဖက္ရည္ေအး (Thai iced tea) လည္း တစ္ခုအပါအဝင္ပါပဲ။ ထိုင္းလက္ဖက္ရည္ေအးကို Black tea (လက္ဖက္ေျခာက္ အမဲ) ရယ္၊ ႏို႔ရယ္၊ သၾကားရယ္ကို ေရာၿပီး ေဖာ္စပ္ျပဳလုပ္ ထားတာပါ။ ဒီ လက္ဖက္ရည္ေအးေလးက ထိုင္းႏိုင္ငံမွာ သာမက အေရွ႕ေတာင္အာရွတခြင္မွာပါ ထင္ရွားပါတယ္။

ထိုင္းလက္ဖက္ရည္ေအးကို လက္ဖက္ေျခာက္မဲ၊ ႏို႔၊ သၾကားတို႔နဲ႔သာမက လိေမၼာ္ရည္၊ စမုန္စပါး၊ မန္က်ည္းသီးတို႔နဲ႔လည္း ေရာစပ္ျပဳလုပ္လို႔ ရပါေသးတယ္။ ႏို႔ကိုလည္း ႏြားႏို႔၊ ဆိတ္ႏို႔၊ အုန္းႏို႔ စသျဖင္႔ မိမိႏွစ္သက္ရာႏို႔အမ်ိဳးအစားကို ေရြးခ်ယ္ အသံုးျပဳ ႏိုင္ပါေသးတယ္။

ထိုင္းလက္ဖက္ရည္ေအးထဲမွာ ပီေလာပီနံဥ (ပုလဲလံုး) ေလးေတြ ေရာစပ္ထားတာကိုေတာ႔ "Thai Pearl Milk tea" (ထိုင္း ပုလဲႏို႔ လက္ဖက္ရည္) လို႔ေခၚပါတယ္။ ထိုင္း ပုလဲႏို႔လက္ဖက္ရည္ ေအးေအးေလးကို ကိုယ္တိုင္ျပဳလုပ္ ေသာက္သံုးလိုသူမ်ားအတြက္ နည္းလမ္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ပါဝင္ပစၥည္းမ်ား

ပါဝင္ပစၥည္းေတြကေတာ႔ ထိုင္းလက္ဖက္ေျခာက္ (သို႕) ရွမ္းလက္ဖက္ေျခာက္မဲ လက္ဖက္ရည္ဇြန္း (၄) ဇြန္း၊ ေရ (၄) ခြက္၊ စစ္ထုတ္ၿပီး ရယ္ဒီမိတ္ ႏို႔ရည္ (၁) ခြက္၊ သၾကား (၁၀) ဇြန္း၊ ပုလဲ (၁) ခြက္ (ပီေလာပီနံဥနဲ႔ ျပဳလုပ္ထားတဲ႔ ပုလဲေလးေတြပါ။ ဆိုင္ေတြမွာ ေမးဝယ္လို႔ရပါတယ္)၊ ေရခဲ အနည္းငယ္တို႔ပဲျဖစ္ပါတယ္။

ျပဳလုပ္နည္း

စတင္ျပဳလုပ္ေတာ႔မယ္ဆိုရင္ အရင္ဆံုး ေရေႏြးတစ္အိုးတည္လိုက္ပါ။ ေရေႏြးဆူၿပီဆိုတာနဲ႔ ထိုင္းလက္ဖက္ေျခာက္မဲနဲ႔ သၾကားကို ေရေႏြးထဲကိုထည္႔လိုက္ပါ။ ၿပီးရင္ (၁၀) မိနစ္ခန္႔ ႏွပ္ထားေပးလိုက္ပါ။ ၿပီးရင္ လက္ဖက္ရည္ကို စကာတစ္ခုနဲ႔စစ္ထုတ္ၿပီး ဖန္ခရားတစ္ခုထဲမွာထည္႔ထားလိုက္ပါ။ ၿပီးရင္ရလာတဲ႔ လက္ဖက္ရည္ကို ေရခဲေသတၱာထဲမွာ မိနစ္ (၃၀) ေလာက္ၾကာေအာင္ ႏွပ္ထားေပးလိုက္ပါ။

အဲဒီလိုေတြလုပ္ေနခ်ိန္မွာ Boba pearl (ပီေလာပီနံဥလံုး) ေလးေတြကိုလည္း ျပဳတ္ထားေပးလိုက္ပါဦး။ ၿပီးရင္ေတာ႔ ျပဳတ္ၿပီးတဲ႔ ပုလဲလံုးေလးေတြကို ဖန္ခြက္ရွည္တစ္ခုထဲမွာ ထည္႔ထားေပးလိုက္ပါ။ ၿပီးရင္ လက္ဖက္ရည္ထည္႔ထားတဲ႔ ဖန္ခရားထဲကို ေရခဲအနည္းငယ္ထည္႔ေပးလိုက္ပါ။

ၿပီးရင္ အဲဒီဖန္ခရားထဲကိုပဲ စစ္ထုတ္ၿပီး ရယ္ဒီမိတ္ႏို႔ရည္ (သို႔) ႏို႔ဆီ (၂) ဇြန္းေလာက္ ထည္႔ေပးလိုက္ပါ။ ၿပီးရင္ ေမႊေပးလိုက္ၿပီး ေစာေစာက ပုလဲထည္႔ထားတဲ႔ ဖန္ခြက္ရွည္ထဲကို လက္ဖက္ရည္ေလာင္းထည္႔ၿပီး အရသာေကာင္းမြန္တဲ႔ ထုိင္းပုလဲႏို႔ လက္ဖက္ရည္ေအးေလးကို အရသာခံႏိုင္ပါၿပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ထိုင်းလက်ဖက်ရည်အေးကို Black tea (လက်ဖက်ခြောက် အမဲ) ရယ်၊ နို့ရယ်၊ သကြားရယ်ကို ရောပြီး ဖော်စပ်ပြုလုပ် ထားတာပါ။

အစပ်ကဲပြီး မြန်မာ့ခံတွင်းနဲ့ အစပ်အဟပ်တပ်တဲ့ ထိုင်းအစားအစာတွေကို ကျွန်တော်တို့ မြန်မာလူမျိုးတွေ နှစ်ခြိုက်စွာ စားသုံးကြ ပါတယ်။ အဲဒီထဲမှာ ထိုင်းလက်ဖက်ရည်အေး (Thai iced tea) လည်း တစ်ခုအပါအဝင်ပါပဲ။ ထိုင်းလက်ဖက်ရည်အေးကို Black tea (လက်ဖက်ခြောက် အမဲ) ရယ်၊ နို့ရယ်၊ သကြားရယ်ကို ရောပြီး ဖော်စပ်ပြုလုပ် ထားတာပါ။ ဒီ လက်ဖက်ရည်အေးလေးက ထိုင်းနိုင်ငံမှာ သာမက အရှေ့တောင်အာရှတခွင်မှာပါ ထင်ရှားပါတယ်။

ထိုင်းလက်ဖက်ရည်အေးကို လက်ဖက်ခြောက်မဲ၊ နို့၊ သကြားတို့နဲ့သာမက လိမ္မော်ရည်၊ စမုန်စပါး၊ မန်ကျည်းသီးတို့နဲ့လည်း ရောစပ်ပြုလုပ်လို့ ရပါသေးတယ်။ နို့ကိုလည်း နွားနို့၊ ဆိတ်နို့၊ အုန်းနို့ စသဖြင့် မိမိနှစ်သက်ရာနို့အမျိုးအစားကို ရွေးချယ် အသုံးပြု နိုင်ပါသေးတယ်။

ထိုင်းလက်ဖက်ရည်အေးထဲမှာ ပီလောပီနံဥ (ပုလဲလုံး) လေးတွေ ရောစပ်ထားတာကိုတော့ "Thai Pearl Milk tea" (ထိုင်း ပုလဲနို့ လက်ဖက်ရည်) လို့ခေါ်ပါတယ်။ ထိုင်း ပုလဲနို့လက်ဖက်ရည် အေးအေးလေးကို ကိုယ်တိုင်ပြုလုပ် သောက်သုံးလိုသူများအတွက် နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

ပါဝင်ပစ္စည်းတွေကတော့ ထိုင်းလက်ဖက်ခြောက် (သို့) ရှမ်းလက်ဖက်ခြောက်မဲ လက်ဖက်ရည်ဇွန်း (၄) ဇွန်း၊ ရေ (၄) ခွက်၊ စစ်ထုတ်ပြီး ရယ်ဒီမိတ် နို့ရည် (၁) ခွက်၊ သကြား (၁၀) ဇွန်း၊ ပုလဲ (၁) ခွက် (ပီလောပီနံဥနဲ့ ပြုလုပ်ထားတဲ့ ပုလဲလေးတွေပါ။ ဆိုင်တွေမှာ မေးဝယ်လို့ရပါတယ်)၊ ရေခဲ အနည်းငယ်တို့ပဲဖြစ်ပါတယ်။

ပြုလုပ်နည်း

စတင်ပြုလုပ်တော့မယ်ဆိုရင် အရင်ဆုံး ရေနွေးတစ်အိုးတည်လိုက်ပါ။ ရေနွေးဆူပြီဆိုတာနဲ့ ထိုင်းလက်ဖက်ခြောက်မဲနဲ့ သကြားကို ရေနွေးထဲကိုထည့်လိုက်ပါ။ ပြီးရင် (၁၀) မိနစ်ခန့် နှပ်ထားပေးလိုက်ပါ။ ပြီးရင် လက်ဖက်ရည်ကို စကာတစ်ခုနဲ့စစ်ထုတ်ပြီး ဖန်ခရားတစ်ခုထဲမှာထည့်ထားလိုက်ပါ။ ပြီးရင်ရလာတဲ့ လက်ဖက်ရည်ကို ရေခဲသေတ္တာထဲမှာ မိနစ် (၃၀) လောက်ကြာအောင် နှပ်ထားပေးလိုက်ပါ။

အဲဒီလိုတွေလုပ်နေချိန်မှာ Boba pearl (ပီလောပီနံဥလုံး) လေးတွေကိုလည်း ပြုတ်ထားပေးလိုက်ပါဦး။ ပြီးရင်တော့ ပြုတ်ပြီးတဲ့ ပုလဲလုံးလေးတွေကို ဖန်ခွက်ရှည်တစ်ခုထဲမှာ ထည့်ထားပေးလိုက်ပါ။ ပြီးရင် လက်ဖက်ရည်ထည့်ထားတဲ့ ဖန်ခရားထဲကို ရေခဲအနည်းငယ်ထည့်ပေးလိုက်ပါ။

ပြီးရင် အဲဒီဖန်ခရားထဲကိုပဲ စစ်ထုတ်ပြီး ရယ်ဒီမိတ်နို့ရည် (သို့) နို့ဆီ (၂) ဇွန်းလောက် ထည့်ပေးလိုက်ပါ။ ပြီးရင် မွှေပေးလိုက်ပြီး စောစောက ပုလဲထည့်ထားတဲ့ ဖန်ခွက်ရှည်ထဲကို လက်ဖက်ရည်လောင်းထည့်ပြီး အရသာကောင်းမွန်တဲ့ ထိုင်းပုလဲနို့ လက်ဖက်ရည်အေးလေးကို အရသာခံနိုင်ပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top