ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

သံုးေလာင္းၿပိဳင္ လူသတ္မႈ ျဖစ္ပြားခဲ့တဲ့ ေနအိမ္တိုက္ခန္းနဲ႔ ပစၥည္းတခ်ဳိ႕ကိုေထာင္မွလြတ္ေျမာက္လာေသာ ေသဆံုးသူရဲ႕ခင္ပြန္း ကိုလွမ်ဳိးထြန္းဆီကုိ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔က ႏို၀င္ဘာလ ၁၇ ရက္ ေန႔လည္ပိုင္းမွာ ျပန္လည္ေပးအပ္ခဲ့တယ္လို႔ သိရပါတယ္။
‘‘အခန္းမွာ ျဖစ္ပြားခဲ့တဲ့ ေနရာေတြ လိုက္ျပေပးတယ္။ ၿပီးေတာ့ တုိက္ခန္းေသာ့ ျပန္အပ္ေပးတယ္။ အခန္းကေတာ့ သန္႔ ရွင္းေရးမလုပ္ရေသးဘူး။ လက္ရွိ သူတို႔သားအဖေတြက အလံုမွာရွိ တဲ့ အမ်ဳိးအိမ္မွာ ခဏေနေနတယ္’’လို႔ ေသဆံုးသူမိသားစုနဲ႔ ခင္မင္ရင္းႏွီးသူ ကိုစိုးျမင့္လြင္က ေျပာပါတယ္။
ေသဆံုးသူသံုးဦးျဖစ္တဲ့ အသက္(၄၀)အရြယ္ မေကသီလိႈင္၊ (၉)ႏွစ္အရြယ္ သမီးျဖစ္သူ မသာယာထြန္းႏွင့္ (၂၅)ႏွစ္အရြယ္ မေအးမာဦးတို႔ကို ဒီေန႔ (ႏိုဝင္ဘာ ၁၈ ရက္ ) ညေန ၄ နာရီမွာ ထိန္ပင္သုသာန္မွာ သၿဂဳႋဟ္မယ္လုိ႔ သိရပါတယ္။

ႏိုဝင္ဘာ ၁၅ ရက္ညတြင္ လိႈင္သီရိအိမ္ရာက အျပင္ဘက္မွ တံခါးေသာ့ခတ္ပိတ္ထားတဲ့ တိုက္(၃)၊ (၆)လႊာ တိုက္ခန္းထဲကေန အပုပ္နံ႔ထြက္ေနတဲ့ အဝါေရာင္အရည္ေတြ က်ဆင္းေနတာကုိ ေတြ႕ရွိရလို႔ ပတ္၀န္းက်င္မွာေနထိုင္တဲ့သူေတြက သက္ဆိုင္ရာအုပ္ခ်ဳပ္ေရးမွဴးနဲ႔ ရဲစခန္းကို ဆက္သြယ္အေၾကာင္းၾကားခဲ့ၿပီး စစ္ေဆးခ်က္ေတြအရ လူသတ္မႈျဖစ္ပြားၿပီး ေျခာက္ရက္ၾကာမွ ျဖစ္စဥ္ကုိ သိရွိခဲ့တာ ျဖစ္ပါတယ္။

လူသတ္မႈက်ဴးလြန္ေၾကာင္း ဝန္ခံထြက္ဆိုခဲ့တဲ့ ဇြဲလင္းထက္ကို လိႈင္ၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၀၂/၃၉၄ (လူသတ္ မႈ/လုယက္မႈ)နဲ႔ ဖမ္းဆီးအမႈဖြင့္ စစ္ေဆးေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့တဲ့ နေအိမ်တိုက်ခန်းနဲ့ ပစ္စည်းတချို့ကိုထောင်မှလွတ်မြောက်လာသော သေဆုံးသူရဲ့ခင်ပွန်း ကိုလှမျိုးထွန်းဆီကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က နိုဝင်ဘာလ ၁၇ ရက် နေ့လည်ပိုင်းမှာ ပြန်လည်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
‘‘အခန်းမှာ ဖြစ်ပွားခဲ့တဲ့ နေရာတွေ လိုက်ပြပေးတယ်။ ပြီးတော့ တိုက်ခန်းသော့ ပြန်အပ်ပေးတယ်။ အခန်းကတော့ သန့် ရှင်းရေးမလုပ်ရသေးဘူး။ လက်ရှိ သူတို့သားအဖတွေက အလုံမှာရှိ တဲ့ အမျိုးအိမ်မှာ ခဏနေနေတယ်’’လို့ သေဆုံးသူမိသားစုနဲ့ ခင်မင်ရင်းနှီးသူ ကိုစိုးမြင့်လွင်က ပြောပါတယ်။
သေဆုံးသူသုံးဦးဖြစ်တဲ့ အသက်(၄၀)အရွယ် မကေသီလှိုင်၊ (၉)နှစ်အရွယ် သမီးဖြစ်သူ မသာယာထွန်းနှင့် (၂၅)နှစ်အရွယ် မအေးမာဦးတို့ကို ဒီနေ့ (နိုဝင်ဘာ ၁၈ ရက် ) ညနေ ၄ နာရီမှာ ထိန်ပင်သုသာန်မှာ သဂြုႋဟ်မယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၅ ရက်ညတွင် လှိုင်သီရိအိမ်ရာက အပြင်ဘက်မှ တံခါးသော့ခတ်ပိတ်ထားတဲ့ တိုက်(၃)၊ (၆)လွှာ တိုက်ခန်းထဲကနေ အပုပ်နံ့ထွက်နေတဲ့ အဝါရောင်အရည်တွေ ကျဆင်းနေတာကို တွေ့ရှိရလို့ ပတ်ဝန်းကျင်မှာနေထိုင်တဲ့သူတွေက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးနဲ့ ရဲစခန်းကို ဆက်သွယ်အကြောင်းကြားခဲ့ပြီး စစ်ဆေးချက်တွေအရ လူသတ်မှုဖြစ်ပွားပြီး ခြောက်ရက်ကြာမှ ဖြစ်စဉ်ကို သိရှိခဲ့တာ ဖြစ်ပါတယ်။

လူသတ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုခဲ့တဲ့ ဇွဲလင်းထက်ကို လှိုင်မြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၃၉၄ (လူသတ် မှု/လုယက်မှု)နဲ့ ဖမ်းဆီးအမှုဖွင့် စစ်ဆေးနေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top