ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ယာဥ္ေၾကာပိတ္ဆုိ႔မႈ ေလ်ာ့နည္းေစရန္ ရန္ကုန္ၿမိဳ႕ ေရႊဘံုသာလမ္းရွိ ဘိန္းစားတန္း ေခၚ အေဟာင္းတန္းေစ်းသည္ ၃၀၀ ေက်ာ္ကို ကမ္းနားလမ္း ညေစ်းသို႔ ႏိုဝင္ဘာ ၁၅ ရက္တြင္ စတင္ေျပာင္းေရႊ႕ခဲ့သည္။

ယင္းလမ္းေပၚရွိ ေစ်းဆိုင္ မ်ားအနက္ ႏိုဝင္ဘာ ၁၅ ရက္တြင္ ၁၃၈ ဆိုင္ကုိ စတင္ေျပာင္း ေရႊ႕ၿပီး က်န္ေစ်းသည္မ်ားကို ေနာက္ရက္မ်ားတြင္ ဆက္လက္ေျပာင္းေရႊ႕ ေနရာခ်ထားမည္ျဖစ္ ေၾကာင္း ပန္းဘဲတန္းၿမိဳ႕နယ္ စည္ပင္အုပ္ခ်ဳပ္ေရးမွဴး ဦးလင္း ေဇာ္စိုးက ေျပာသည္။


 ‘‘ဒီေန႔ စေျပာင္းေနပါၿပီ။ ေတာ္ေတာ္စည္ပါတယ္’’ဟု ၎ က ေျပာသည္။

ယခု ေျပာင္းေရႊ႕ေပးသည့္ ေစ်းသည္မ်ားအျပင္ ေရႊဘံုသာ လမ္းေပၚတြင္ က်န္ေနခဲ့သည့္ ေစ်းသည္မ်ားကိုလည္း ထပ္မံ ေျပာင္းေရႊ႕ရန္ ပညာေပးလံႈ႔ ေဆာ္မည္ဟု ဦးလင္းေဇာ္စိုးက ဆိုသည္။

 ေရႊဘံုသာအလယ္လမ္းရိွ ေစ်းသည္ ၃၄၁ ဦးကုိ မဲႏႈိက္၍ ကမ္းနားလမ္းညေစ်း၊ ပန္းဆိုး တန္းလမ္းႏွင့္ ဆူးေလဘုရားလမ္းေထာင့္သို႔ ေျပာင္းေရႊ႕ေနရာခ်ေပးေၾကာင္း ဦးလင္းေဇာ္စိုးက ေျပာသည္။

 ေရႊဘံုသာလမ္း တစ္ ေလွ်ာက္တြင္ ေစ်းသည္မ်ား ေစ်း ေရာင္းခ်၍ ယာဥ္ေၾကာပိတ္ဆို႔ မႈျဖစ္ကာ အခက္အခဲျဖစ္ေသာ ေၾကာင့္ ယင္းေစ်းသည္မ်ားကို ေနရာေျပာင္းေရႊ႕ရန္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားႏွင့္ စည္ပင္ သာယာဌာနတုိ႔က စီစဥ္ခဲ့သည္။

 ေစ်းသည္မ်ားအေနျဖင့္ ကမ္းနားလမ္း ညေစ်းသို႔ ေျပာင္း ေရႊ႕ရန္ ၿမိဳ႕နယ္စည္ပင္႐ံုးတြင္ စာရင္းေပးရၿပီး ယင္းေစ်းသည္ မ်ားကို စည္ပင္က ျပန္လည္စီစဥ္ ေနရာခ်ေပးသည္။

အဆိုပါ အေဟာင္းတန္း ေစ်းသည္မ်ားကို ကမ္းနားလမ္း တစ္ေလွ်ာက္ ပန္းဆုိးတန္းလမ္း ထိပ္မွ ဆူးေလအထိ ေနရာခ်ထား ေပးၿပီး ဆိုင္တစ္ဆုိင္ကို ေလးေပ၊ ငါးေပ ပတ္လည္ခန္႔ ေနရာေပး ေၾကာင္း စည္ပင္ဌာနက ေျပာ သည္။

 အေဟာင္းတန္းေစ်းသည္ မ်ားကို ညေစ်းတန္းသို႔ ေျပာင္း ေရႊ႕ပါက ယာဥ္ေၾကာက်ပ္တည္းမႈ ေလ်ာ့နည္းမည္ျဖစ္၍ ေစ်းေနရာ ေျပာင္းေရႊ႕ရန္ စီစဥ္ျခင္းကို ႀကိဳဆိုေၾကာင္း အေဟာင္းတန္းမွ ေစ်းသည္ဦးေမာ္စီကေျပာသည္။

 ‘‘ေျပာင္းခ်င္တဲ့ စိတ္ကေတာ့ မရိွဘူး။ ဒါေပမဲ့ ေျပာင္း သင့္တယ္လို႔ ထင္တယ္။ ေဆး ခန္းေတြက ဝင္ထြက္တဲ့အခ်ိန္ ခက္လာတယ္။ ေဆးခန္းသမား ေတြ ဝီွးခ်ဲသြားဖို႔ လမ္းခရီးေတြ ခက္ခဲလာတယ္’’ဟု အေနာ္ရထာလမ္းႏွင့္ ေရႊဘံုသာလမ္းေထာင့္ တြင္ ဖုန္းေရာင္းသည္ ေဒၚေအး သိန္းကေျပာသည္။

ေစ်းေရာင္းသက္ ၁၅ ႏွစ္ရိွ သည့္ ေဒၚေအးသိန္းမွာ ယခု ကမ္းနားလမ္းတြင္ ေလးေပ ငါး ေပအက်ယ္ရိွ ေစ်းေရာင္းခ်ရန္ ေနရာတစ္ခုရရိွထားသည္။

ေရႊဘံုသာလမ္းေပၚရွိ အ ေဟာင္းတန္းမွ ေစ်းသည္မ်ား သည္ လြန္ခဲ့သည့္ႏွစ္ေပါင္း ႏွစ္ ဆယ္ေက်ာ္ကတည္းက ပစၥည္း အေဟာင္းမ်ားကို အေရာင္းအ ဝယ္ျပဳလုပ္ေနသည္။

ေရႊဘံုသာလမ္းကုိ ဘိန္းစား တန္း၊ သူခိုးလမ္းဟုလည္းေခၚၿပီး ယင္းလမ္းရိွ လမ္းေဘးေစ်းသည္ မ်ားသည္ ဖုန္းအပါအဝင္ လွ်ပ္စစ္ပစၥည္းေဟာင္းမ်ား၊ လူ႔အသံုး အေဆာင္ပစၥည္းေဟာင္းမ်ားႏွင့္ မုန္႔မ်ား ေရာင္းခ်သည္။

ေရႊဘံုသာလမ္းေပၚမွ ေစ်း သည္မ်ားကို ကမ္းနားလမ္းတြင္ ေနရာခ်ထားေပးရန္ ၿပီးခဲ့သည့္ ေမလကတည္းက စီစဥ္ခဲ့သည္။

ရန္ကုန္ၿမိဳ႕ ညေစ်းတန္းကို ယမန္ႏွစ္ ႏိုဝင္ဘာအတြင္းက ရန္ ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္း သိန္းကိုယ္တိုင္ ဖြင့္လွစ္ခဲ့ျခင္း ျဖစ္သည္။ ယင္းညေစ်းတန္းတြင္ ေစ်းလာဝယ္သူနည္းၿပီး ေစ်းမ ေရာင္းရဟုဆိုကာ ညေစ်းတန္း၌ မေရာင္းေတာ့သည့္ ေစ်းသည္ မ်ားလည္း ရွိေနသည္။

အဆိုပါ ညေစ်းတန္းတြင္ ၿမိဳ႕တြင္းေလးၿမိဳ႕နယ္မွ လမ္းေဘး ေစ်းသည္မ်ားကို ေနရာခ်ထားေပးၿပီး မြန္းလြဲ ၃ နာရီမွ ည ၁၁ နာရီထိ ေရာင္းခ်ခြင့္ေပးထား သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရန် ရန်ကုန်မြို့ ရွှေဘုံသာလမ်းရှိ ဘိန်းစားတန်း ခေါ် အဟောင်းတန်းဈေးသည် ၃၀၀ ကျော်ကို ကမ်းနားလမ်း ညဈေးသို့ နိုဝင်ဘာ ၁၅ ရက်တွင် စတင်ပြောင်းရွှေ့ခဲ့သည်။

ယင်းလမ်းပေါ်ရှိ ဈေးဆိုင် များအနက် နိုဝင်ဘာ ၁၅ ရက်တွင် ၁၃၈ ဆိုင်ကို စတင်ပြောင်း ရွှေ့ပြီး ကျန်ဈေးသည်များကို နောက်ရက်များတွင် ဆက်လက်ပြောင်းရွှေ့ နေရာချထားမည်ဖြစ် ကြောင်း ပန်းဘဲတန်းမြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူး ဦးလင်း ဇော်စိုးက ပြောသည်။

 ‘‘ဒီနေ့ စပြောင်းနေပါပြီ။ တော်တော်စည်ပါတယ်’’ဟု ၎င်း က ပြောသည်။

ယခု ပြောင်းရွှေ့ပေးသည့် ဈေးသည်များအပြင် ရွှေဘုံသာ လမ်းပေါ်တွင် ကျန်နေခဲ့သည့် ဈေးသည်များကိုလည်း ထပ်မံ ပြောင်းရွှေ့ရန် ပညာပေးလှုံ့ ဆော်မည်ဟု ဦးလင်းဇော်စိုးက ဆိုသည်။

 ရွှေဘုံသာအလယ်လမ်းရှိ ဈေးသည် ၃၄၁ ဦးကို မဲနှိုက်၍ ကမ်းနားလမ်းညဈေး၊ ပန်းဆိုး တန်းလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်သို့ ပြောင်းရွှေ့နေရာချပေးကြောင်း ဦးလင်းဇော်စိုးက ပြောသည်။

 ရွှေဘုံသာလမ်း တစ် လျှောက်တွင် ဈေးသည်များ ဈေး ရောင်းချ၍ ယာဉ်ကြောပိတ်ဆို့ မှုဖြစ်ကာ အခက်အခဲဖြစ်သော ကြောင့် ယင်းဈေးသည်များကို နေရာပြောင်းရွှေ့ရန် လွှတ်တော် ကိုယ်စားလှယ်များနှင့် စည်ပင် သာယာဌာနတို့က စီစဉ်ခဲ့သည်။

 ဈေးသည်များအနေဖြင့် ကမ်းနားလမ်း ညဈေးသို့ ပြောင်း ရွှေ့ရန် မြို့နယ်စည်ပင်ရုံးတွင် စာရင်းပေးရပြီး ယင်းဈေးသည် များကို စည်ပင်က ပြန်လည်စီစဉ် နေရာချပေးသည်။

အဆိုပါ အဟောင်းတန်း ဈေးသည်များကို ကမ်းနားလမ်း တစ်လျှောက် ပန်းဆိုးတန်းလမ်း ထိပ်မှ ဆူးလေအထိ နေရာချထား ပေးပြီး ဆိုင်တစ်ဆိုင်ကို လေးပေ၊ ငါးပေ ပတ်လည်ခန့် နေရာပေး ကြောင်း စည်ပင်ဌာနက ပြော သည်။

 အဟောင်းတန်းဈေးသည် များကို ညဈေးတန်းသို့ ပြောင်း ရွှေ့ပါက ယာဉ်ကြောကျပ်တည်းမှု လျော့နည်းမည်ဖြစ်၍ ဈေးနေရာ ပြောင်းရွှေ့ရန် စီစဉ်ခြင်းကို ကြိုဆိုကြောင်း အဟောင်းတန်းမှ ဈေးသည်ဦးမော်စီကပြောသည်။

 ‘‘ပြောင်းချင်တဲ့ စိတ်ကတော့ မရှိဘူး။ ဒါပေမဲ့ ပြောင်း သင့်တယ်လို့ ထင်တယ်။ ဆေး ခန်းတွေက ဝင်ထွက်တဲ့အချိန် ခက်လာတယ်။ ဆေးခန်းသမား တွေ ဝှီးချဲသွားဖို့ လမ်းခရီးတွေ ခက်ခဲလာတယ်’’ဟု အနော်ရထာလမ်းနှင့် ရွှေဘုံသာလမ်းထောင့် တွင် ဖုန်းရောင်းသည် ဒေါ်အေး သိန်းကပြောသည်။

ဈေးရောင်းသက် ၁၅ နှစ်ရှိ သည့် ဒေါ်အေးသိန်းမှာ ယခု ကမ်းနားလမ်းတွင် လေးပေ ငါး ပေအကျယ်ရှိ ဈေးရောင်းချရန် နေရာတစ်ခုရရှိထားသည်။

ရွှေဘုံသာလမ်းပေါ်ရှိ အ ဟောင်းတန်းမှ ဈေးသည်များ သည် လွန်ခဲ့သည့်နှစ်ပေါင်း နှစ် ဆယ်ကျော်ကတည်းက ပစ္စည်း အဟောင်းများကို အရောင်းအ ဝယ်ပြုလုပ်နေသည်။

ရွှေဘုံသာလမ်းကို ဘိန်းစား တန်း၊ သူခိုးလမ်းဟုလည်းခေါ်ပြီး ယင်းလမ်းရှိ လမ်းဘေးဈေးသည် များသည် ဖုန်းအပါအဝင် လျှပ်စစ်ပစ္စည်းဟောင်းများ၊ လူ့အသုံး အဆောင်ပစ္စည်းဟောင်းများနှင့် မုန့်များ ရောင်းချသည်။

ရွှေဘုံသာလမ်းပေါ်မှ ဈေး သည်များကို ကမ်းနားလမ်းတွင် နေရာချထားပေးရန် ပြီးခဲ့သည့် မေလကတည်းက စီစဉ်ခဲ့သည်။

ရန်ကုန်မြို့ ညဈေးတန်းကို ယမန်နှစ် နိုဝင်ဘာအတွင်းက ရန် ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းကိုယ်တိုင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ယင်းညဈေးတန်းတွင် ဈေးလာဝယ်သူနည်းပြီး ဈေးမ ရောင်းရဟုဆိုကာ ညဈေးတန်း၌ မရောင်းတော့သည့် ဈေးသည် များလည်း ရှိနေသည်။


အဆိုပါ ညဈေးတန်းတွင် မြို့တွင်းလေးမြို့နယ်မှ လမ်းဘေး ဈေးသည်များကို နေရာချထားပေးပြီး မွန်းလွဲ ၃ နာရီမှ ည ၁၁ နာရီထိ ရောင်းချခွင့်ပေးထား သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top