Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဖမ္းဆီးထိန္းသိမ္းခံထားရေသာ ၿဖိဳးကိုကိုတင့္ဆန္း ၏ ခယ္မ ေတာ္စပ္သူ ပိုင္ဆိုင္သည့္ ေနျပည္ေတာ္လႊတ္ေတာ္ဝင္းအတြင္းက စားေသာက္ဆိုင္မ်ား ရပ္ဆိုင္းကာ ယင္းဆိုင္မ်ား၏ေနရာတြင္ ႏိုဝင္ဘာ ၆ရက္ကစၿပီး ဆိုင္အသစ္ မ်ားျဖင့္ အစားထိုးလိုက္သည္။

ၿဖိဳးကိုကိုတင့္ဆန္း ၏ ညီအရင္းျဖစ္သူ ဦးစံကိုကိုတင့္ဆန္း၏ ဇနီး ပိုင္ဆိုင္ေသာ “ေဘာဂသိဒၶိ” အမည္ရွိ Restaurant and catering သည္ ျပည္သူ ႔လႊတ္ေတာ္၊ အမ်ိဳးသား လႊတ္ေတာ္ နွင့္ ျပည္ေထာင္စု လႊတ္ေတာ္ တို႔တြင္ နံနက္စာႏွင့္ ေန႔လည္စာမ်ား ေရာင္းခ်လာသည္မွာ ၇ႏွစ္ခန္႔ရွိၿပီျဖစ္ေသာ္လည္း ေအာက္တိုဘာ လကုန္ပိုင္းကစၿပီး လုပ္ငန္းမ်ား ရပ္ဆိုင္းလိုက္ျခင္း ျဖစ္သည္။

ထိုသို႔ ဆယ္စုႏွစ္တစ္ခုနီးပါး လုပ္ကိုင္လာသည့္ လုပ္ငန္း ကို ၎တို႔၏ သေဘာဆႏၵျဖင့္ ရပ္ဆုိင္းျခင္းျဖစ္သည္ဟု ျပည္သူ႔လႊတ္ေတာ္မွ အမည္မေဖာ္လိုသူ အႀကီးတန္း အရာရွိတစ္ဦးက ေျပာသည္။

“သူတို႔ မေရာင္းဘူးဆိုလို႔ လူသစ္ရွာရတာ” ဟု ၎က ဆိုသည္။

ထို႔ျပင္ လႊတ္ေတာ္တြင္း လာေရာက္ေရာင္းခ်သည့္ ဆိုင္မ်ားသည္ လံုၿခံဳေရး အရ တာဝန္ရွိသူ လူႀကီးမ်ား၏ ေထာက္ခံခ်က္လိုအပ္ေၾကာင္း၊ ေဘာဂသိဒၶိ အေနျဖင့္ မိမိသေဘာျဖင့္ မထြက္ခြာပါကလည္း ေနာက္ပိုင္းတြင္ လံုၿခံဳေရးအရ ထြက္ခြာရႏုိင္ေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။

“သူတို႔ကိစၥနဲ႔သူတို႔ကိုး။ ကၽြန္ေတာ္တို႔နဲ႔ မဆုိင္ဘူး။ အဓိက ကၽြန္ေတာ္တို႔ဆီကက် လံုၿခံဳေရးျပန္ၾကည့္ရေတာ့ ေနာက္ပိုင္းက်ရင္လည္း သူ႔ဟာသူ ထြက္ရမွာလည္း သူသိမွာေပါ့” ဟု အထက္ပါ အရာရွိျဖစ္သူက ႏိုဝင္ဘာ ၆ရက္ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးအၿပီးတြင္ မီဒီယာမ်ားကို ေျပာသည္။

ေဘာဂသိဒၶိ Restaurant and catering မွ တာဝန္ရွိသူကမူ ၎တို႔အေနျဖင့္ မိမိဆႏၵအေလ်ာက္ လုပ္ငန္းမ်ား ရပ္ဆိုင္းျခင္းမဟုတ္ဘဲ လံုၿခံဳေရး အေၾကာင္းျပခ်က္ျဖင့္ လႊတ္ေတာ္ဘက္က လက္တြဲျဖဳတ္ခဲ့ျခင္းျဖစ္သည္ဟု မဇၩိမကို ေျပာသည္။

“ကၽြန္ေတာ္တို႔ဆႏၵနဲ႔ ထြက္လာတာ မဟုတ္ဘူး။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ လူႀကီးေတြနဲ႔ေတာ့ ေခၚေတြ႔တယ္။ တႏြယ္ငင္ တစင္ပါ ေပါ့ဗ်ာ။ လံုၿခံဳေရးအေနအထားေၾကာင့္ ကၽြန္ေတာ္တို႔နဲ႔ လက္တြဲျဖဳတ္တယ္ေပါ့။ ဒါကလည္း သူတို႔သေဘာပါ။ သူတို႔မွာ ေရြးခ်ယ္ပိုင္ခြင့္ရွိတယ္” ဟု အဆိုပါ တာဝန္ရွိသူက ေအာက္တုိဘာ ၆ရက္၊ ညေနပိုင္းတြင္ ေျပာဆိုသည္။

“ဝန္ထမ္းေတြ အေယာက္ ၁၀၀နီးပါး ရွိတာကိုး။ ကၽြန္ေတာ္တို႔အတြက္ ထိခိုက္နစ္နာမႈေတာ့ ရွိတယ္ဗ်” ဟုလည္း ၎က ေျပာသည္။

လက္ရွိတြင္ ရပ္ဆိုင္းသြားသည့္ ေဘာဂသိဒၶိ Restaurant and catering ေနရာမ်ားတြင္ အမ်ိဳးသားလႊတ္ေတာ္အမတ္ေဟာင္း ဦးခက္ထိန္္နန္ ပိုင္ဆိုင္သည့္ Peace အပါအဝင္ စစ္မွန္၊ ေမာခမ္းႏြံႏွင့္ ရန္ကုန္စတိုင္လ္ စသည့္ စားေသာက္ဆိုင္မ်ားက ေရာင္းခ်ခြင့္ ရရွိထားသည္။

လႊတ္ေတာ္တြင္းရွိ စားေသာက္ဆိုင္မ်ားႏွင့္ပတ္သက္ၿပီး ေျမပံုၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္အမတ္ ဦးေဖသန္းက “ဘာလို႔ ဆိုင္းေျပာင္းသလဲ ကၽြန္ေတာ္မသိဘူး။ ဒါေပမယ့္ လႊတ္ေတာ္ထဲမွာ စားေသာက္ဆိုင္ေတြရွိတာ ကၽြန္ေတာ္တို႔အတြက္ နည္းနည္းအဆင္ေျပတာေပါ့။ ျဖစ္ေစခ်င္တာက ကြာလတီလည္း ေကာင္းရမယ္။ ေဈးလည္းခ်ိဳရမယ္” ဟု မွတ္ခ်က္ျပဳသည္။

ျပည္ေထာင္စုဝန္ႀကီးေဟာင္း ဦးတင့္ဆန္း၏ သားျဖစ္သူ ၿဖိဳးကိုကိုတင့္ဆန္းႏွင့္ အေပါင္းအပါႏွစ္ဦးထံမွ တရားမဝင္ လက္နက္မ်ားႏွင့္ မူးယစ္ေဆးဝါးတစ္ခ်ိဳ႕ကို ေနျပည္ေတာ္ေလဆိပ္တြင္ ေအာက္တိုဘာ ၁၅ရက္ ညပိုင္းက သိမ္းဆည္းရမိခဲ့ရာမွာ လက္ရွိတြင္ ကြင္းဆက္တရားခံမ်ားဟု ရဲတပ္ဖြဲ႔က ယူဆထားသူ ၁၅ဦးကို ဖမ္းဆီးထိန္းသိမ္းကာ ပုဒ္မေပါင္း ၁၇ခုျဖင့္ ေနျပည္ေတာ္ႏွင့္ ရန္ကုန္ၿမိဳ႕တို႔တြင္ အမႈဖြင့္စစ္ေဆးလ်က္ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
ဖမ်းဆီးထိန်းသိမ်းခံထားရသော ဖြိုးကိုကိုတင့်ဆန်း ၏ ခယ်မ တော်စပ်သူ ပိုင်ဆိုင်သည့် နေပြည်တော်လွှတ်တော်ဝင်းအတွင်းက စားသောက်ဆိုင်များ ရပ်ဆိုင်းကာ ယင်းဆိုင်များ၏နေရာတွင် နိုဝင်ဘာ ၆ရက်ကစပြီး ဆိုင်အသစ် များဖြင့် အစားထိုးလိုက်သည်။

ဖြိုးကိုကိုတင့်ဆန်း ၏ ညီအရင်းဖြစ်သူ ဦးစံကိုကိုတင့်ဆန်း၏ ဇနီး ပိုင်ဆိုင်သော “ဘောဂသိဒ္ဓိ” အမည်ရှိ Restaurant and catering သည် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် နှင့် ပြည်ထောင်စု လွှတ်တော် တို့တွင် နံနက်စာနှင့် နေ့လည်စာများ ရောင်းချလာသည်မှာ ၇နှစ်ခန့်ရှိပြီဖြစ်သော်လည်း အောက်တိုဘာ လကုန်ပိုင်းကစပြီး လုပ်ငန်းများ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

ထိုသို့ ဆယ်စုနှစ်တစ်ခုနီးပါး လုပ်ကိုင်လာသည့် လုပ်ငန်း ကို ၎င်းတို့၏ သဘောဆန္ဒဖြင့် ရပ်ဆိုင်းခြင်းဖြစ်သည်ဟု ပြည်သူ့လွှတ်တော်မှ အမည်မဖော်လိုသူ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။

“သူတို့ မရောင်းဘူးဆိုလို့ လူသစ်ရှာရတာ” ဟု ၎င်းက ဆိုသည်။

ထို့ပြင် လွှတ်တော်တွင်း လာရောက်ရောင်းချသည့် ဆိုင်များသည် လုံခြုံရေး အရ တာဝန်ရှိသူ လူကြီးများ၏ ထောက်ခံချက်လိုအပ်ကြောင်း၊ ဘောဂသိဒ္ဓိ အနေဖြင့် မိမိသဘောဖြင့် မထွက်ခွာပါကလည်း နောက်ပိုင်းတွင် လုံခြုံရေးအရ ထွက်ခွာရနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“သူတို့ကိစ္စနဲ့သူတို့ကိုး။ ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ အဓိက ကျွန်တော်တို့ဆီကကျ လုံခြုံရေးပြန်ကြည့်ရတော့ နောက်ပိုင်းကျရင်လည်း သူ့ဟာသူ ထွက်ရမှာလည်း သူသိမှာပေါ့” ဟု အထက်ပါ အရာရှိဖြစ်သူက နိုဝင်ဘာ ၆ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောသည်။

ဘောဂသိဒ္ဓိ Restaurant and catering မှ တာဝန်ရှိသူကမူ ၎င်းတို့အနေဖြင့် မိမိဆန္ဒအလျောက် လုပ်ငန်းများ ရပ်ဆိုင်းခြင်းမဟုတ်ဘဲ လုံခြုံရေး အကြောင်းပြချက်ဖြင့် လွှတ်တော်ဘက်က လက်တွဲဖြုတ်ခဲ့ခြင်းဖြစ်သည်ဟု မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ဆန္ဒနဲ့ ထွက်လာတာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ လူကြီးတွေနဲ့တော့ ခေါ်တွေ့တယ်။ တနွယ်ငင် တစင်ပါ ပေါ့ဗျာ။ လုံခြုံရေးအနေအထားကြောင့် ကျွန်တော်တို့နဲ့ လက်တွဲဖြုတ်တယ်ပေါ့။ ဒါကလည်း သူတို့သဘောပါ။ သူတို့မှာ ရွေးချယ်ပိုင်ခွင့်ရှိတယ်” ဟု အဆိုပါ တာဝန်ရှိသူက အောက်တိုဘာ ၆ရက်၊ ညနေပိုင်းတွင် ပြောဆိုသည်။

“ဝန်ထမ်းတွေ အယောက် ၁၀၀နီးပါး ရှိတာကိုး။ ကျွန်တော်တို့အတွက် ထိခိုက်နစ်နာမှုတော့ ရှိတယ်ဗျ” ဟုလည်း ၎င်းက ပြောသည်။

လက်ရှိတွင် ရပ်ဆိုင်းသွားသည့် ဘောဂသိဒ္ဓိ Restaurant and catering နေရာများတွင် အမျိုးသားလွှတ်တော်အမတ်ဟောင်း ဦးခက်ထိန်နန် ပိုင်ဆိုင်သည့် Peace အပါအဝင် စစ်မှန်၊ မောခမ်းနွံနှင့် ရန်ကုန်စတိုင်လ် စသည့် စားသောက်ဆိုင်များက ရောင်းချခွင့် ရရှိထားသည်။

လွှတ်တော်တွင်းရှိ စားသောက်ဆိုင်များနှင့်ပတ်သက်ပြီး မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက “ဘာလို့ ဆိုင်းပြောင်းသလဲ ကျွန်တော်မသိဘူး။ ဒါပေမယ့် လွှတ်တော်ထဲမှာ စားသောက်ဆိုင်တွေရှိတာ ကျွန်တော်တို့အတွက် နည်းနည်းအဆင်ပြေတာပေါ့။ ဖြစ်စေချင်တာက ကွာလတီလည်း ကောင်းရမယ်။ ဈေးလည်းချိုရမယ်” ဟု မှတ်ချက်ပြုသည်။

ပြည်ထောင်စုဝန်ကြီးဟောင်း ဦးတင့်ဆန်း၏ သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်းအပါနှစ်ဦးထံမှ တရားမဝင် လက်နက်များနှင့် မူးယစ်ဆေးဝါးတစ်ချို့ကို နေပြည်တော်လေဆိပ်တွင် အောက်တိုဘာ ၁၅ရက် ညပိုင်းက သိမ်းဆည်းရမိခဲ့ရာမှာ လက်ရှိတွင် ကွင်းဆက်တရားခံများဟု ရဲတပ်ဖွဲ့က ယူဆထားသူ ၁၅ဦးကို ဖမ်းဆီးထိန်းသိမ်းကာ ပုဒ်မပေါင်း ၁၇ခုဖြင့် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top