ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

သီတင္းတစ္ပတ္တြင္ ဆုိဒါႏွစ္ဘူးႏွင့္အထက္ ေသာက္သံုးျခင္း ေၾကာင့္ အမ်ိဳးအစား-၂ ဆီးခ်ိဳေရာဂါျဖစ္ႏုိင္သည့္ အႏၱရာယ္ျမင့္မားၿပီး တစ္ဘူးေသာက္ပါက ေသြးတုိးႏုိင္ေၾကာင္း ေလ့လာမႈအသစ္တစ္ရပ္က ေဖာ္ျပသည္။

ပံုမွန္ ၁၂ ေအာင္စ ဆံ့ေသာ ကိုကာကုိလာသံဘူးတစ္ဘူးတြင္ သၾကား ၃၉ ဂရမ္ပါဝင္ၿပီး အရြယ္ေရာက္ၿပီးသူတစ္ဦး ေန႔စဥ္စားသံုးသင့္ေသာ သၾကားပမာဏထက္ ၁၄ ဂရမ္ ပုိမ်ားသည္ဟု ေတာင္အာဖရိကႏုိင္ငံ Stellenbosch တကၠသုိလ္မွ သုေတသီမ်ားကေျပာသည္။ကမၻာတစ္ဝန္း သၾကားပါဝင္ေသာ အခ်ိဳရည္မ်ား ေသာက္သံုး သည့္ အသက္အရြယ္အားလံုးၾကား ပုိမ်ားလာသည္ဟု သုေတသီမ်ားကေျပာသည္။ သၾကားပါဝင္မႈ ျမင့္မားေသာ အခ်ိဳရည္မ်ားေၾကာင့္ ဇီဝျဖစ္ပ်က္မႈဆုိင္ရာ ေရာဂါျဖစ္ပြားၿပီး ယင္းမွေန၍ ႏွလံုးေရာဂါ၊ ေလျဖတ္ျခင္းႏွင့္ ဆီးခ်ိဳေရာဂါတုိ႔ ျဖစ္ပြားႏုိင္သည္။


သီတင္းတစ္ပတ္တြင္ ဆုိဒါသံဘူးႏွစ္ဘူးေသာက္ပါက ဆီးခ်ိဳ၊ေသြးတိုး၊ ႏွလံုးေရာဂါႏွင့္ ေလျဖတ္ႏိုင္ျခင္း အႏၲရာယ္ျမင့္မားေၾကာင္း သုေတသီမ်ားက သတိေပးထားသည္။

သၾကားဓာတ္ပါဝင္မႈျမင့္မားေသာ အခ်ိဳရည္မ်ား ေသာက္သံုးျခင္းေၾကာင့္ အဝလြန္ျဖစ္ႏုိင္သည္ကုိ သိထားသည္မွာ ၾကာၿပီျဖစ္သည္။

အခ်ိဳရည္အနည္းငယ္စီ ပံုမွန္ေသာက္လွ်င္ပင္ ဇီဝျဖစ္ပ်က္မႈ ဆုိင္ရာေရာဂါျဖစ္ႏုိင္သည့္ အႏၲရာယ္ရိွသည္။ ယခုေလ့လာမႈကုိ Endocrine Society ဂ်ာနယ္တြင္ ေဖာ္ျပထားသည္။

အခ်ိဳရည္ပံုမွန္ေသာက္ျခင္းေၾကာင့္ ကုိယ္အေလးခ်ိန္ျမင့္တက္ လာကာ အင္ဆူလင္ပမာဏအေပၚ သက္ေရာက္မႈရိွၿပီး အမ်ဳိးအ စား-၂ ဆီးခ်ိဳေရာဂါျဖစ္ႏုိင္သည့္ အႏၲရာယ္ျမင့္တက္လာႏုိင္သည္။

ဆီးခ်ိဳေရာဂါေၾကာင့္ ကမၻာတစ္ဝန္း တစ္ႏွစ္လွ်င္ လူေပါင္း ၁၉ သန္း ေသဆံုးေနေၾကာင္း သိရသည္။

အထူးသျဖင့္ ၿမိဳ႕ျပမ်ားတြင္ အခ်ိဳရည္ေသာက္သံုးမႈ ျမင့္မား ၿပီး လႈပ္ရွားမႈမရိွေသာ ေနထိုင္ပံု၊ ေဆးလိပ္ေသာက္ျခင္းႏွင့္ အစား အေသာက္မ်ား က်န္းမာေရးႏွင့္မညီေသာ ပံုစံမ်ိဳးျဖင့္ စားေသာက္ ျခင္းတုိ႔ေၾကာင့္လည္း က်န္းမာေရးကို ဆုိးရြားစြာ ထိခိုက္ေစႏုိင္သည္ဟု သုေတသီမ်ားက သတိေပးထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
 သီတင်းတစ်ပတ်တွင် ဆိုဒါနှစ်ဘူးနှင့်အထက် သောက်သုံးခြင်း ကြောင့် အမျိုးအစား-၂ ဆီးချိုရောဂါဖြစ်နိုင်သည့် အန္တရာယ်မြင့်မားပြီး တစ်ဘူးသောက်ပါက သွေးတိုးနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

ပုံမှန် ၁၂ အောင်စ ဆံ့သော ကိုကာကိုလာသံဘူးတစ်ဘူးတွင် သကြား ၃၉ ဂရမ်ပါဝင်ပြီး အရွယ်ရောက်ပြီးသူတစ်ဦး နေ့စဉ်စားသုံးသင့်သော သကြားပမာဏထက် ၁၄ ဂရမ် ပိုများသည်ဟု တောင်အာဖရိကနိုင်ငံ Stellenbosch တက္ကသိုလ်မှ သုတေသီများကပြောသည်။ကမ္ဘာတစ်ဝန်း သကြားပါဝင်သော အချိုရည်များ သောက်သုံး သည့် အသက်အရွယ်အားလုံးကြား ပိုများလာသည်ဟု သုတေသီများကပြောသည်။ သကြားပါဝင်မှု မြင့်မားသော အချိုရည်များကြောင့် ဇီဝဖြစ်ပျက်မှုဆိုင်ရာ ရောဂါဖြစ်ပွားပြီး ယင်းမှနေ၍ နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ဆီးချိုရောဂါတို့ ဖြစ်ပွားနိုင်သည်။


သီတင်းတစ်ပတ်တွင် ဆိုဒါသံဘူးနှစ်ဘူးသောက်ပါက ဆီးချို၊သွေးတိုး၊ နှလုံးရောဂါနှင့် လေဖြတ်နိုင်ခြင်း အန္တရာယ်မြင့်မားကြောင်း သုတေသီများက သတိပေးထားသည်။

သကြားဓာတ်ပါဝင်မှုမြင့်မားသော အချိုရည်များ သောက်သုံးခြင်းကြောင့် အဝလွန်ဖြစ်နိုင်သည်ကို သိထားသည်မှာ ကြာပြီဖြစ်သည်။

အချိုရည်အနည်းငယ်စီ ပုံမှန်သောက်လျှင်ပင် ဇီဝဖြစ်ပျက်မှု ဆိုင်ရာရောဂါဖြစ်နိုင်သည့် အန္တရာယ်ရှိသည်။ ယခုလေ့လာမှုကို Endocrine Society ဂျာနယ်တွင် ဖော်ပြထားသည်။

အချိုရည်ပုံမှန်သောက်ခြင်းကြောင့် ကိုယ်အလေးချိန်မြင့်တက် လာကာ အင်ဆူလင်ပမာဏအပေါ် သက်ရောက်မှုရှိပြီး အမျိုးအ စား-၂ ဆီးချိုရောဂါဖြစ်နိုင်သည့် အန္တရာယ်မြင့်တက်လာနိုင်သည်။

ဆီးချိုရောဂါကြောင့် ကမ္ဘာတစ်ဝန်း တစ်နှစ်လျှင် လူပေါင်း ၁၉ သန်း သေဆုံးနေကြောင်း သိရသည်။

အထူးသဖြင့် မြို့ပြများတွင် အချိုရည်သောက်သုံးမှု မြင့်မား ပြီး လှုပ်ရှားမှုမရှိသော နေထိုင်ပုံ၊ ဆေးလိပ်သောက်ခြင်းနှင့် အစား အသောက်များ ကျန်းမာရေးနှင့်မညီသော ပုံစံမျိုးဖြင့် စားသောက် ခြင်းတို့ကြောင့်လည်း ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်ဟု သုတေသီများက သတိပေးထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top