Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×
#Unicode Version#
သူနဲ့ပြတ်ကာစ…ဘဝ ပျက်မလိုတောင် ဖြစ်ခဲ့ဖူးသေးတယ်ရူးသလို ကြောင်သလိုတောင် ဖြစ်ခဲ့ဖူး သေးတယ်။မှန်ရှေ့ ကိုယ့် မျက်နှာ ကိုယ် ပြန်ကြည့် ငိုမိတယ်ငါ ဒီလောက် လှတာကို သူထားခဲ့ ရက်တယ်ပေါ့။
နားကြပ်တပ် Volume ကိုဂိတ်ဆုံးဖွင့်ပြီး မျက်ရည် လေး ဝဲမိတယ်ငါဒီလောက် ကောင်းပေးခဲ့သားနဲ့ လုပ်ရက်တယ်ပေါ့။Couple photo လေးတွေခဏခဏ ထုတ်ကြည့်ရင်း အကြိမ်ကြိမ် မျက်ရည် ကျတယ်..ငါ.. ဒီလောက် Perfect ဖြစ်တာ ထားသွား ရက်တယ်ပေါ့။
အခြား ဖုန်း တစ်လုံးနဲ့ သူ့ ဖုန်း ကို ခေါ်ဟိုဘက်က Hello အသံလေး နားထောင်ဘာမှ ပြန်မပြောပဲ တိတ်တိတ်လေး ဖုန်း ပြန်ချခဲ့တယ်သူ့ Facebook account ထဲ ဝင်ကြည့်ငါနဲ့ ပတ်သက်တဲ့ Status လေးများ တင်ထားမလား?ငါနဲ့ လမ်းခွဲရလို့ နောင်တတွေ ရနေမလား ဆိုပြီး ရူးခဲ့တယ်။
သူငယ်ချင်း တွေကို မေးခဲ့တယ်ငါက မလှလို့လား ဒါမှမဟုတ် မချောလို့လားပေါ့…
ပြန်ဖြေကြတယ်…နင်က ဘာတစ်ခုမှ အပြစ်ပြောစရာ မရှိပါဘူးတဲ့စိတ်ထားရော ရုပ်ရည် ပါ Clean ဖြစ်ပါတယ်တဲ့သူတို့ဆီက အဖြေ ပြန်ကြားရတိုင်း မျက်ရည် တွေက ရေကာတာ ကျိုးပေါက်သလိုဒလဟော ကျတော့တာပဲ…။
အစားအသောက် လည်း မမှန်တော့ဘူးကြုံသလို စားလာတယ် စားချင်မှ ထစားတာမျိုး…အိပ်ချိန်လည်း ရေရေ ရာရာ မရှိတော့ဘူးလူက Panda eye’s လေးဖြစ်နေတာမျိုး…မျက်နှာ လေးက ပြောင်ချော်ချော်လေး ဖြစ်နေမယ်ဘာမှ မလိမ်းမခြယ်နဲ့ လှချင် ပချင်စိတ် လည်း မရှိတော့ဘူး။
Body weight ကိုလည်းဝဝ ပိန်ပိန် ဖြစ်ချင်တာ ဖြစ်ဆိုပြီး လွှတ်ထားမယ်အထာ ကျချင်စိတ် Smart ချင်စိတ်လည်း မရှိတော့ဘူး။နှစ်အနည်းငယ် ကြာသွားတဲ့အထိ ဆိုပါတော့။ အဲ့နောက်ပိုင်း ကိုယ့်ဘဝကိုမနည်း အဖတ် ပြန်ဆယ် ယူလိုက်ရတယ်…
အရင်ကထက် ပိုလှအောင်နေဖို့ ဆုံးဖြတ်လိုက်တယ်…Gym တွေ ဖိဆော့ရင်း ဂျလန်း ဖြစ်လာတယ်…လုပ်ငန်းခွင် ထဲမှာ Top ဖြစ်လာတယ်…လူရော စိတ်ရော ရင့်ကျက်အောင် ဖန်တီး ယူလိုက်တယ်…ဘဝ က အဓိပ္ပါယ် ပြန်ရှိလာခဲ့တယ်ပေါ့။
တစ်ရက်ကျတော့…အလု ပ်ကိစ္စ တစ်ခုနဲ့ အပြင်သွားရတယ်တိုက်တိုက် ဆိုင်ဆိုင် ရည်းစားဟောင်း နဲ့ ပြန်ဆုံတယ်..သူ့ရဲ့ဘေးမှာ အသစ် တစ်ယောက်နဲ့လေ။Aww ကိုယ်ကတော့ဘဝတွေပျက် တိုင်တွေပတ် လို့ဒင်းကတော့ နောက်တစ်ယောက်နဲ့Romance တွေဆန်လို့ …
ကိုယ်ကတော့ မျက်ရည် နဲ့ မျက်ခွက် ပရမ်းပတာတွေ ဖြစ်လို့…ပျော်စရာ အချက်တစ်ချက် တွေ့ရတယ်သူ့ရည်းစားက ကိုယ့်ခြေဖျားတောင် မမှီတာပဲ။သူက ကိုယ့်ကိုကြည့်တဲ့ အကြည့် မှာSurprise ဖြစ်နေတာ မြင်ရတယ်ငါနဲ့ပြတ်ပြီးမှ အသေအလဲ လှလာတယ်ပေါ့…
တဆက်တည်းကြေကွဲ သွားတဲ့ ပုံရိပ် နှမြောသွားတဲ့ ပုံစံမျိုး နဲ့ အကြီး အကျယ် မှိုင်သွားတာလေဘေးက သူ့ရည်းစား က ပါ လှမ်း သတိပေးရတယ်ဘာဖြစ်သွားတာလဲ နေရော ကောင်းရဲ့လားတဲ့…။ကိုယ် ခေါင်းမော့ပြီး ထွက်လာခဲ့ လိုက်တယ်ဒီနေ့က အပျော်ဆုံး နေ့ လို့ သတ်မှတ် လိုက်တယ်။
စိတ်ထဲ နှစ်ရှည်လများမှိုင်းမိနေတဲ့ Psycho ဖြစ်နေ ခဲ့ရတာတွေဒီနေ့ တစ်ရက်ထဲ နဲ့ ရွှိ ဆို ပျောက်ကုန်ရော…ထင်တဲ့အတိုင်းပဲညကျ Ex ဖုန်း ပြန်ဆက်လာတယ်အရမ်း လှလာတယ် တဲ့…အရင်က မှားခဲ့တာတွေ တောင်းပန်ပါတယ် တဲ့…ခုမှ ကိုယ့်တန်ဖိုး သိလာရတာပါ တဲ့…ပြန်လာပါရစေ တဲ့…
ကိုယ့်ဘက်က ပြန် ပြောလိုက်ပါတယ်စွန့်ပစ်ပြီးသား အမှိုက်စ တစ်ခုကိုRecycle ပြန်လုပ် သုံးမယ့်အစား…အသစ် တစ်ခုကို ပဲ ရွေးချယ် လိုက်ပါတော့မယ်လို့။ပြီးတော့…Thanks တစ်ခွန်းပြောပြီးဖုန်းချ တစ်သက်တာ နှုတ်ဆက်လိုက်တယ်ဒီလောက် ချိုမြိန်တဲ့ လက်စားချေမှု ဘယ်မှာရှိမလဲ…။
ကိုယ်တိုင် တူးဖေါ်ခဲ့တဲ့ ရွှေစလေး ကိုဂရုတစိုက် မရှိပေးခဲ့ ပဲ သူတပါး လက်ထဲ ထည့်ပြီးမှ Showroom ထမှာ ခမ်းနားစွာ ရှိနေတာ မြင်ရတော့ ပြန်လိုချင်လို့ မရနိုင် တော့ပါဘူး။တန်ဖိုး သိတတ်သူရဲ့လက်ထဲ သိပ်လှပ နေခဲ့ပြီလေ။
ကိုယ်တိုင် စိုက်ပျိုးခဲ့တဲ့ ပန်းပွင့်လေးသတိ မထားမိခဲ့ ပစ်ထားခဲ့ပြီးမှအလေး ထားတတ်သူက ဧည့်ခန်းမှာအဆင့်အတန်း မြင့်မြင့်ထား ကိုးကွယ်တာ မြင်တော့ ပြန် ပိုင်ဆိုင် ချင်လို့ မဖြစ်နိုင် တော့ပါဘူး။ အနားမှာ ရှိနေတုန်းက ဥပေက္ခာ ပြုထားခဲ့တာလေ။
လူတွေက …ကိုယ့်လက်ထဲ ပိုင်ဆိုင်ထားတုန်းတစ်စက်ကလေးမှ တန်ဖိုး ထားပေးရမှန်း မသိဘူး။မရှိတော့မှ ဆုံးရှုံးသွားမှ ပြန်လိုချင် ကြတာမျိုးလေ။ ။
ဖိုးသူတော် (www.phothutaw.com)
Credit:Original Uploader
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top