ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ကၽြန္မတို႔ေတြဟာ ဒူး၊ တေဒါင္၊ လက္ အသားအေရေတြကို ထိန္းသိမ္းဖုိ႔ ေမ့ေလ်ာ့ၾကပါတယ္။ အထူးသျဖင့္ ေျခမ်က္စိ၊ ဒူးေခါင္း၊ လက္တေဒါင္ေတြဟာ ထို္င္လို႔ပဲျဖစ္ျဖစ္ စားပြဲေပၚမွာလက္ေထာက္လို႔ပဲျဖစ္ျဖစ္ တျဖည္းျဖည္း ၾကမ္းတမ္းလာပါတယ္။ ဒူးေခါင္းမည္းရင္ အတိုအျပတ္ဝတ္တာ ၾကည့္လို႔မလွပါဘူး။ သင့္မ်က္ႏွာအသားအေရကို ဂရုစိုက္သလို ဒူး၊ တေဒါင္၊ လက္နဲ႔ ခ်ိဳင္းၾကားအသားအေရေတြကိုလည္း ဂရုစိုက္ဖုိ႔လိုပါတယ္။ သဘာဝနည္းလမ္းနဲ႔ ညိဳမည္းၾကမ္းတမ္းေနတဲ့ သင့္အသားအေရကို ျပန္လည္ျဖဴဝင္းေအာင္ လုပ္လိုက္ပါ။

ပါဝင္ပစၥည္း

သၾကား နဲ႔ သံပုယုိရည္ (သို႔) သံပုရာရည္

ျပဳလုပ္နည္း

သၾကားနဲ႔ သံပုယုိရည္ (သို႔) သံပုရာရည္ကို ဆတူေရာလိုက္ပါ။ ၿပီး၇င္ေသခ်ာေမႊေပးၿပီး သင့္ရဲ႕ ဒူး၊ တေဒါင္၊ လက္၊ ခ်ိဳင္းသား၊ ေျခမ်က္စိ အသားအေရေတြမွာ လိမ္းလိုက္ပါ။ ၿပီးရင္ ၁၅ မိနစ္ေလာက္ထားၿပီး ေရေဆးခ်လိုက္ပါ။ အဲဒီေနာက္ lotion လိမ္းေပးလုိက္ပါ။

အျပင္ ေရမခ်ိဳးခင္ သံပုရာသီး (သို႔) သံပုယုိသီးကို ပါးပါးလွီးၿပီး ညိဳမည္းေနတဲ့ အသားအေရေတြနားမွာ ပြတ္လိမ္းေပးပါ။ ၅ မိနစ္ေလာက္ထားၿပီး ေရခ်ိဳးလိုက္ပါ။

လက္၊ ဒူး၊ တေဒါင္ အသားအေရ ျဖဴဝင္းေစဖို႔ အသံုးဝင္မယ့္ နည္းလမ္း (၃) မ်ိဳး

အသားအေရကို သဘာဝအတိုင္းေခ်းခၽြတ္မယ္

အရင္ဆံုး ပ်ားရည္ နဲ႔ သံပုယုိရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းဆီေရာလိုက္ၿပီး လက္၊ ဒူး၊ တေဒါင္ စတဲ့ ညိဳမည္းေနတဲ့ေနရာေတြမွာလိမ္းလုိက္ပါ။ ၿပီးရင္ ေရေဆးခ်လိုက္ပါ။

အုန္းဆီ (သို႔) သံလြင္ဆီ (သို႔) ဗာဒံဆီကိုသံုးပါ

အခုအေပၚမွာေဖာ္ျပထားတဲ့ အဆီတစ္မ်ိဳးမ်ိဳးနဲ႕ လက္၊ ဒူး၊ တေဒါင္စတဲ့ ညိဳမည္းပ်က္စီးေနတ့ဲ ေနရာေတြမွာ ပြတ္လိမ္းေပးပါ။

ဗီတာမင္ E နဲ႔ ႏို႕ခရင္မ္လိမ္းပါ

အေပၚမွာေဖာ္ျပတဲ့ နည္းလမ္းႏွစ္မ်ိဳးလုပ္ၿပီးရင္ ဗီတာမင္E နဲ႔ ႏို႕ခရင္မ္တမ်ိဳးမ်ိဳးေရာၿပီး လိမ္းေပးထားလိုက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
 ကျွန်မတို့တွေဟာ ဒူး၊ တဒေါင်၊ လက် အသားအရေတွေကို ထိန်းသိမ်းဖို့ မေ့လျော့ကြပါတယ်။ အထူးသဖြင့် ခြေမျက်စိ၊ ဒူးခေါင်း၊ လက်တဒေါင်တွေဟာ ထိုင်လို့ပဲဖြစ်ဖြစ် စားပွဲပေါ်မှာလက်ထောက်လို့ပဲဖြစ်ဖြစ် တဖြည်းဖြည်း ကြမ်းတမ်းလာပါတယ်။ ဒူးခေါင်းမည်းရင် အတိုအပြတ်ဝတ်တာ ကြည့်လို့မလှပါဘူး။ သင့်မျက်နှာအသားအရေကို ဂရုစိုက်သလို ဒူး၊ တဒေါင်၊ လက်နဲ့ ချိုင်းကြားအသားအရေတွေကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ သဘာဝနည်းလမ်းနဲ့ ညိုမည်းကြမ်းတမ်းနေတဲ့ သင့်အသားအရေကို ပြန်လည်ဖြူဝင်းအောင် လုပ်လိုက်ပါ။

ပါဝင်ပစ္စည်း

သကြား နဲ့ သံပုယိုရည် (သို့) သံပုရာရည်

ပြုလုပ်နည်း

သကြားနဲ့ သံပုယိုရည် (သို့) သံပုရာရည်ကို ဆတူရောလိုက်ပါ။ ပြီး၇င်သေချာမွှေပေးပြီး သင့်ရဲ့ ဒူး၊ တဒေါင်၊ လက်၊ ချိုင်းသား၊ ခြေမျက်စိ အသားအရေတွေမှာ လိမ်းလိုက်ပါ။ ပြီးရင် ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။ အဲဒီနောက် lotion လိမ်းပေးလိုက်ပါ။

အပြင် ရေမချိုးခင် သံပုရာသီး (သို့) သံပုယိုသီးကို ပါးပါးလှီးပြီး ညိုမည်းနေတဲ့ အသားအရေတွေနားမှာ ပွတ်လိမ်းပေးပါ။ ၅ မိနစ်လောက်ထားပြီး ရေချိုးလိုက်ပါ။

လက်၊ ဒူး၊ တဒေါင် အသားအရေ ဖြူဝင်းစေဖို့ အသုံးဝင်မယ့် နည်းလမ်း (၃) မျိုး

အသားအရေကို သဘာဝအတိုင်းချေးချွတ်မယ်

အရင်ဆုံး ပျားရည် နဲ့ သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းဆီရောလိုက်ပြီး လက်၊ ဒူး၊ တဒေါင် စတဲ့ ညိုမည်းနေတဲ့နေရာတွေမှာလိမ်းလိုက်ပါ။ ပြီးရင် ရေဆေးချလိုက်ပါ။

အုန်းဆီ (သို့) သံလွင်ဆီ (သို့) ဗာဒံဆီကိုသုံးပါ

အခုအပေါ်မှာဖော်ပြထားတဲ့ အဆီတစ်မျိုးမျိုးနဲ့ လက်၊ ဒူး၊ တဒေါင်စတဲ့ ညိုမည်းပျက်စီးနေတဲ့ နေရာတွေမှာ ပွတ်လိမ်းပေးပါ။

ဗီတာမင် E နဲ့ နို့ခရင်မ်လိမ်းပါ

အပေါ်မှာဖော်ပြတဲ့ နည်းလမ်းနှစ်မျိုးလုပ်ပြီးရင် ဗီတာမင်E နဲ့ နို့ခရင်မ်တမျိုးမျိုးရောပြီး လိမ်းပေးထားလိုက်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top