ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ခုအခ်ိန္မွာ သက္ေတာ္ထင္ရွား ဘုရားရွင္နဲ ့ ေတြ႔ဆုံခြင့္ မရႏုိင္ၾကေတာ့ဘူးလုိ႔ ထင္ေနၾကတာကုိက ဗုဒၶတရားေတာ္နဲ႔ အေတာ္ အလွန္းေ၀းေနၾကလုိ႔ပဲ။

ျမတ္စြာဘုရား သက္ေတာ္ထင္ရွားရွိစဥ္က “၀ကၠလိရဟန္းေတာ္”ဟာ ဘုရားရွင္ကုိ အလြန္အမင္းၾကည္ညုိတယ္။ ရဟန္းျပဳတဲ့အခ်ိန္ကစျပီး တရားဓမၼသင္ယူအားထုတ္မႈကုိ လုံး၀မျပဳဘဲ ဆြမ္းဘုဥ္းေပးခ်ိန္ကလြဲရင္ က်န္တဲ့အခ်ိန္တုိင္း ျမတ္စြာဘုရားရွင္ကုိ ျမင္ႏုိင္ေလာက္တဲ့ေနရာမွာ တည္ေနျပီး စကၠ၀က္ငွက္မ်ားဟာ လမင္းရဲ့အေရာင္ကုိ မ်က္ေတာင္မခတ္ၾကည့္ ေနသလုိ ဘုရားရွင္ မ်က္ႏွာေတာ္ကုိသာ ၾကည့္ရႈ ဖူးေျမာ္ေနေလ့ရွိပါတယ္။

ျမတ္စြာဘုရားက “ ခ်စ္သား၀ကၠလိ၊ ဒီအပုပ္ကုိယ္ႀကီးကုိၾကည့္ေနလုိ႔ ဘာအက်ိဳး ရွိမလဲ။ တရားကုိျမင္သူသာ ငါဘုရားကုိ ျမင္သူျဖစ္တယ္။ တရားကုိမျမင္သူဟာ ငါဘုရားကုိ ေတြ႔ေနေပမယ့္ ျမင္ရသူမဟုတ္ဘူး တရားကုိၾကည့္သူဟာ ငါဘုရားကုိ ျမင္ေအာင္ ရႈၾကည့္သူျဖစ္ရမယ္”လုိ႔ ဆုံးမေတာ္မူပါတယ္။

ဒီေနရာမွာ ျမတ္စြာဘုရားရွင္က မိမိကုိယ္ကုိရည္ညႊန္းျပီး “ဒီကုိယ္ပုပ္ႀကီးကုိ ၾကည့္ေနလုိ႔ ဘာအက်ိဳးရွိမလဲ”လုိ႔ မိန္႔ၾကားတာကုိလဲ အထူးသတိျပဳရပါမယ္။

အဆင္းရုပ္ဆုိတာ ဘယ္ပုဂၢိဳလ္၊ ဘယ္အရာ၀တၳဳမဆုိ ရုပ္တရားသာ ျဖစ္ပါတယ္။ ရုပ္တရားမွန္သမွ် ဘယ္လုိပုဂၢိဳလ္မ်ိဳးရဲ့ အဆင္းအသံစတဲ့ ရုပ္တရားႀကီးျဖစ္ေစ အဓိပတိပစၥည္း တပ္ေလာက္ေအာင္ အေလးအနက္ အာရုံျပဳတဲ့အခါ “ကုသုိလ္တရား” လုံး၀ မျဖစ္တဲ့အျပင္ “ရာဂႏွင့္ ဒိ႒ိဆုိတဲ့ အကုသိုလ္တရားဆုိး ႏွစ္မ်ိဳး”သာျဖစ္ရုိး ထုံးစံ ရွိပါတယ္။

ဒါကုိ သေဘာက် လက္ခံႏုိင္ဖုိ႔ဆုိတာကေတာ့ ပ႒ာန္းေဒသနာ-ကုသလတိတ္-ပဥွာ၀ါရ- အာရမၼဏာဓိပတိပစၥည္း ေက်းဇူးျပဳပုံကုိ ေလ့လာသေဘာေပါက္မွ လက္ခံႏုိင္မွာပါ။ ပဌာန္းေဒသနာတာ္မွာ
“ရူေပ-သေဒၵ-ဂရုံကတြာ အႆာေဒတိ အဘိနႏၵတိ၊
တံ ဂရုံ ကတြာ ရာေဂါ ဥပၸဇၨတိ၊ဒိ႒ိဥပၸဇၨတိ”တဲ့။

ဘယ္လုိရုပ္အာရုံကုိျဖစ္ေစ အေလးအနက္ အာရုံျပဳခဲ့ရင္ သာယာႏွစ္သက္မႈျဖစ္ျပီး “ရာဂနဲ႔ ဒိ႒ိ” သာျဖစ္တယ္လုိေဟာေတာ္မူတာပါ။ တျခားနာမ္အာရုံေတြကုိ အေလးအနက္အာရုံျပဳတဲ့အခါ ႏွလုံသြင္းအေလ်ာက္ ကုသိုလ္၊ အကုသိုလ္ႏွစ္မ်ိဳးျဖစ္ႏုိင္ေပမယ့္ အကုသိုလ္တရားႏွင့္ ရုပ္တရားတုိ႔ကုိ အေလးအနက္ အာရုံျပဳရာမွာေတာ့ အကုသိုိလ္တစ္မ်ိဳးသာ ျဖစ္ရုိးထုံးစံရွိတယ္။
ကုသိုလ္လုံး၀ျဖစ္ခြင့္မရွိပါဘူး။ အေလးအနက္ မဟုတ္ဘဲ သဒၶါတရားျဖစ္ရုံ အာရုံျပဳ တာကေတာ့ ကုသိုလ္လည္း ျဖစ္ခြင့္ရွိတယ္။
(ပ႒ာန္း ပဥွာ၀ါရ-အာရမၼဏ-အဓိပတိကုိ ေလ့လာပါ။)

ျမတ္စြာဘုရားရွင္က “၀ကၠလိရဟန္း” ကုိ အထက္ပါ အဆုံးအမႏွင့္ လြန္ကဲေနတဲ့ သဒၶါတရားကုိ တားျဖစ္ဆုံးမေပမယ့္ လုိက္နာျခင္း မျပဳလုိ႔ ၀ါဆုိ၊ ၀ါကပ္တဲ့ေန႔မွာ “၀ကၠလိ ငါဘုရားနွင့္ေ၀းရာကုိ ဖယ္သြားေလာ့”လုိ႔ တုိက္ရုိက္ႏွင္ထုတ္လုိက္တယ္။

“၀ကၠလိရဟန္း” စိတ္ဓာတ္က်ျပီး” ဂိဇၥ်ကုဋ္ေတာင္ေစာင္း” က ခုန္ခ်ဖုိ႔ႀကံစည္တာကုိ သိေတာ့မွ ျမတ္စြာဘုရားရွင္ကၾကြေရာက္ျပီး ပူပင္ေသာ ျငိမ္းေအးေအာင္ ဆုံးမေတာ္မူလုိ႔ တရားကုိသိျမင္ျပီး ရဟႏၱာျဖစ္ေတာ္မူတဲ့အခါ ဘုရားရွင္ကုိ တကယ္ေတြ႔ျမင္တဲ့ ပုဂၢိဳလ္ျဖစ္သြားပါတယ္။

ေနာက္ေတာ့ “သဒၶါတရား ႀကီးမားလြန္ကဲတဲ့ ဧတဒဂ္ဘြဲ႔” ရရွိခဲ့ပါတယ္။

တကယ္တမ္းဘုရားရွင္နဲ႔ ေတြ႔ဖုိ႔ဆုိတာ ဘုရားရွင္ရဲ့ ရူပကာယေတာ္ကုိ ျမင္ရတာကုိ အဓိကမထာဘဲ ဘုရားရွင္ေဟာၾကား ေတာ္မူတဲ့အတုိင္း လုိက္နာက်င့္ၾကံ သူမ်ားဟာ မိမိတုိ႔ အက်င့္အသိနဲ႔အညီ ဘယ္ေခတ္ ဘယ္အခါ ဘယ္အခ်ိန္မွာမဆုိ ဘုရားရွင္ ကုိ ေတြ႔ျမင္ေနရမွာ ျဖစ္ပါတယ္။

ဂုဏ္ေတာ္ကုိ အာရုံျပဳႏုိင္ဖုိ႔ သဒၶါတရားကုိ ႏႈိးေဆာ္ဖုိ႔အတြက္ ရုပ္ပြါးေတာ္မ်ားကုိ ပူေဇာ္တဲ့ေနရာမွာလည္း ဂုဏ္ေတာ္ကုိ အဓိကထားဖုိ႔ အေရးႀကီးပါတယ္။ ဂုဏ္ေတာ္ကြယ္ျပီး ပုံေတာ္အေပၚမွာသာ အာရုံျပဳလုိ႔ကေတာ့ ျမတ္စြာဘုရားရဲ့ အဆုံးအမေတာ္နဲ႔ တစ္ျခားစီ ျဖစ္ေနၾကပါပဲ။

ဘုရားရွင္လက္ေတာ္က ဘုရားရွင္ကုိ မ်က္စိနဲ႔ ေတြ႔ျမင္ၾကသူေတြဟာလည္း ဘုရားရွင္တုိ႔ရဲ့ ဂုဏ္ေက်းဇူးကုိ မသိသူ၊ သိေပမယ့္ လက္မခံသူတုိ႔ ဟာ ဘုရားရွင္ကုိ ေတြ႔လြဲ လြဲၾကသူေတြပဲ ျဖစ္သြားၾကတယ္။ တကယ္ေတြ႔ခြင့္မရၾကပါဘူး။ တစ္ခ်ိဳ႔ဆုိ ေတြ႔လြဲရုံမကဘူး။ “ေတြ႔ကြဲ ကြဲၾကျပီး” အ၀ီစိငရဲ အထိ ေရာက္ၾကသူေတြအေၾကာင္း ပိဋကစာေပေတြမွာ အထင္အရွား ပါျပီးသားပါ။

ဘုရားရွင္ရဲ့ ပုံေတာ္ေတြကုိ ဂုဏ္ေတာ္ထိေအာင္ အာရုံျပဳ ၾကည္ညိတတ္တဲ့ အတြက္ ဘုရားရွင္နဲ႔ တကယ္ေတြ႔ခြင့္ ရသူေတြထဲက ရာဇ၀င္မွာ အမွတ္ထင္ထင္ သတိထားမိသူ တစ္ဦးကေတာ့ ပဲခူး၊ ဟံသာ၀တီေခတ္က ‘တလေထာ္’ဆုိတဲ့ မြန္အမ်ိဳး သမီးတစ္ဦးပါ။

အဲဒီေခတ္က အုပ္ခ်ဳပ္တဲ့ ‘တိႆမင္း’ဆုိတာ မိစၦာဒိ႒ိအယူရွိသူျဖစ္လုိ႔ ဘုရားရွင္ရဲ့ ဥဒၵိႆရုပ္ပြားေစတီေတြကုိ ဖ်က္ဆီးေစခဲ့ပါတယ္။ တခ်ဳိ႕ ေရထဲေမ်ာ လုပ္ေစတဲ့အခါ ေရထဲေမ်ာေနတဲ့ ရုပ္ပြားေတာ္ေတြကုိ ‘တလေထာ္’ဆုိတဲ့ အမ်ိဳးသမီးကႀကိဳးႀကိဳးစားစား လုိက္ဆယ္ျပီး အိမ္ေပၚမွာ ကုိးကြယ္ထားပါတယ္။ သူရဲ့ စိတ္အာရုံထဲမွာ ဆင္းတုေတာ္ေတြကုိ အရုပ္လုိ သေဘာမထားဘဲ ဘုရားရွင္လုိ႔ပဲ သေဘာထားတဲ့ အတြက္ အခုလုိ လုိက္ဆယ္ျပီး အိမ္ေပၚ ပင့္ထားတာပါ။ ဒီအေၾကာင္းကုိ ဘုရင္တိႆမင္းသိေတာ့ သူ႔အာဏာကုိ ဖီဆန္တယ္ဆုိျပီး ‘တလေထာ္’ကုိ နည္းအမ်ိဳးမ်ိဳးနဲ႔ သတ္ေစခဲ့ ပါတယ္။ ဆင္နဲ႔ တုိက္တဲ့အခါမွာလည္း ဘယ္ဆင္မွ မတုိး၀ံ့။ မီးနဲ႔တုိက္လည္းမရ။ တြင္းတူးျမွဳပ္လုိ႔လည္း အေၾကာင္းမထူးေအာင္ ျဖစ္ေနပါတယ္။

အေၾကာင္းကေတာ့ အဲဒီအခ်ိန္မွာ ‘တလေထာ္’က ျမတ္စြာ ဘုရားရွင္ရဲ့ အဆုံးအမအတုိင္း သတ္မိန္႔ေပးတဲ့ဘုရင္၊ သတ္ဖုိ႔ အားထုတ္တဲ့ မင္းမႈထမ္း၊ ဆင္ထိန္း၊ ဆင္စတဲ့ သတၱ၀ါအားလုံး ေမတၱာပုိ႔သေနတဲ့အတြက္ သူ႔ႏွလုံးသားထဲမွာ ဘုရားရွင္ ကိန္း၀ပ္တည္ေနေတာ္မူလုိ႔ ျဖစ္ပါတယ္။

တလေထာ္ကုိ ဆင္နဲ႔တုိက္ျပီး အသတ္ခုိင္းရာမွာ ဆင္ေတြတစ္ေကာင္မွ မတုိးရဲတဲ့အေၾကာင္း ဖတ္ရတဲ့အခါ သက္ေတာ္ ထင္ရွား ဘုရားရွင္ကုိ နာဠာဂီရိ ဆင္ႀကီးနဲ႔ တုိက္စဥ္က ဆင္ႀကီးကုိ ခြ်န္းနဲ႔ အတတန္တန္ထုိးျပီး အမိန္႔ေပးေပမယ့္ ခြ်န္းဒဏ္ကုိသာ ေအာင့္ခံျပီး ျမတ္စြာဘုရားကုိ ထုိးသတ္ျခင္းမျပဳတဲ့ နာဠာဂီရိဆင္ႀကီးကုိ ျမင္ေယာင္ မိပါတယ္။

တစ္ဆက္တည္းမွာပဲ အခုအခ်ိန္မွာ တစ္ခ်ိဳ႔အမ်ိဳးသမီးမ်ား စည္းစိမ္ဥစၥာနဲ႔ ကာမ ဂုဏ္ကုိ အေၾကာင္းျပဳျပီး အမ်ိဳး၊ ဘာသာ၊ သာသနာကုိ စြန္႔လႊတ္ကာ ဇာတ္ပ်က္ ေနၾကတဲ့အေၾကာင္းေတြ ၾကားသိရတဲ့အခါ စည္းစိမ္အာရုံ ကာမဂုဏ္အတြက္ မဆုိထားနဲ႔ အသက္အတြက္ေတာင္ ငဲ့ကြက္ျခင္းမရွိဘဲ အမ်ိဳး၊ ဘာသာ၊သာသနာကုိ ကာကြယ္တဲ့ ‘တလေထာ္’ဆုိတဲ့ အမ်ိဳးသမီးငယ္အတြက္ ဂုဏ္ယူ၀မ္းေျမာက္ သာဓု ေခၚျပီး တေလးတစား ဂုဏ္ျပဳမိပါတယ္။

ဘုရားရွင္တုိ႔အေပၚမွာ ပုံေတာ္ကုိ ထြင္းေဖာက္ျပီး ဂုဏ္ေတာ္ေရာက္ေအာင္ ၾကည္ညုိတ္ၾကလုိ႔ ႏွလုံးသားထဲအထိ ဘုရားရွင္ ကိန္း၀ပ္ျပီး အသက္ကုိ သတ္ျဖတ္လုိ႔ မရၾကတဲ့ သားေကာင္း၊သမီးေကာင္းတုိ႔အေၾကာင္းကုိ ပိဋကတ္ေတာ္ထဲမွာလည္း အေတာ္မ်ားမ်ား ေတြ႔ရပါတယ္။

ပုံေတာ္ထက္ ဂုဏ္ေတာ္ကုိ ေလးစားၾကည္ညုိ တတ္ၾကျပီး ေလးစားၾကည္ညုိတဲ့ ဘုရားရွင္ရဲ့ အဆုံးအမကုိ လုိက္နာက်င့္သုံးသူမွန္သမွ် အခုအခ်ိန္အထိလည္း ဘုရားရွင္နဲ႔ ေတြ႔ေနၾကဆဲျဖစ္တယ္ဆုိတာ….

ေယာဟိ သဒၶမၼံ ပႆတိ၊ ေသာ မံ ပႆတိ ပ႑ိေတာ။
“တရားေတာ္ကုိ ျမင္ေနသမွ် ငါဘုရားရွင္ကုိ ေတြ႔ျမင္ေနသူျဖစ္တယ္”
ဆုိတဲ့ ဘုရားရွင္ရဲ့ အဆုံးအမေတာ္အရ ထင္ရွားသိသာတဲ့ အတြက္ အခ်ိန္မေႏွာင္းမီ ဘုရားရွင္နဲ႔ အစစ္အမွန္ ေတြ႔ခြင့္ရေအာင္ နည္းေဟာင္း နည္းေကာင္းမ်ားအတုိင္း ႀကိဳးစားအားထုတ္ၾကဖုိ႔ တုိက္တြန္းလုိက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဓမၼေဘရီအရွင္၀ီရိယ(ေတာင္စြန္း)
#Unicode Version#
 ခုအချိန်မှာ သက်တော်ထင်ရှား ဘုရားရှင်နဲ့ တွေ့ဆုံခွင့် မရနိုင်ကြတော့ဘူးလို့ ထင်နေကြတာကိုက ဗုဒ္ဓတရားတော်နဲ့ အတော် အလှန်းဝေးနေကြလို့ပဲ။

မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က “ဝက္ကလိရဟန်းတော်”ဟာ ဘုရားရှင်ကို အလွန်အမင်းကြည်ညိုတယ်။ ရဟန်းပြုတဲ့အချိန်ကစပြီး တရားဓမ္မသင်ယူအားထုတ်မှုကို လုံးဝမပြုဘဲ ဆွမ်းဘုဉ်းပေးချိန်ကလွဲရင် ကျန်တဲ့အချိန်တိုင်း မြတ်စွာဘုရားရှင်ကို မြင်နိုင်လောက်တဲ့နေရာမှာ တည်နေပြီး စက္ကဝက်ငှက်များဟာ လမင်းရဲ့အရောင်ကို မျက်တောင်မခတ်ကြည့် နေသလို ဘုရားရှင် မျက်နှာတော်ကိုသာ ကြည့်ရှု ဖူးမြော်နေလေ့ရှိပါတယ်။

မြတ်စွာဘုရားက “ ချစ်သားဝက္ကလိ၊ ဒီအပုပ်ကိုယ်ကြီးကိုကြည့်နေလို့ ဘာအကျိုး ရှိမလဲ။ တရားကိုမြင်သူသာ ငါဘုရားကို မြင်သူဖြစ်တယ်။ တရားကိုမမြင်သူဟာ ငါဘုရားကို တွေ့နေပေမယ့် မြင်ရသူမဟုတ်ဘူး တရားကိုကြည့်သူဟာ ငါဘုရားကို မြင်အောင် ရှုကြည့်သူဖြစ်ရမယ်”လို့ ဆုံးမတော်မူပါတယ်။

ဒီနေရာမှာ မြတ်စွာဘုရားရှင်က မိမိကိုယ်ကိုရည်ညွှန်းပြီး “ဒီကိုယ်ပုပ်ကြီးကို ကြည့်နေလို့ ဘာအကျိုးရှိမလဲ”လို့ မိန့်ကြားတာကိုလဲ အထူးသတိပြုရပါမယ်။

အဆင်းရုပ်ဆိုတာ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အရာဝတ္ထုမဆို ရုပ်တရားသာ ဖြစ်ပါတယ်။ ရုပ်တရားမှန်သမျှ ဘယ်လိုပုဂ္ဂိုလ်မျိုးရဲ့ အဆင်းအသံစတဲ့ ရုပ်တရားကြီးဖြစ်စေ အဓိပတိပစ္စည်း တပ်လောက်အောင် အလေးအနက် အာရုံပြုတဲ့အခါ “ကုသိုလ်တရား” လုံး၀ မဖြစ်တဲ့အပြင် “ရာဂနှင့် ဒိဋ္ဌိဆိုတဲ့ အကုသိုလ်တရားဆိုး နှစ်မျိုး”သာဖြစ်ရိုး ထုံးစံ ရှိပါတယ်။

ဒါကို သဘောကျ လက်ခံနိုင်ဖို့ဆိုတာကတော့ ပဋ္ဌာန်းဒေသနာ-ကုသလတိတ်-ပဥှာဝါရ- အာရမ္မဏာဓိပတိပစ္စည်း ကျေးဇူးပြုပုံကို လေ့လာသဘောပေါက်မှ လက်ခံနိုင်မှာပါ။ ပဌာန်းဒေသနာတာ်မှာ
“ရူပေ-သဒ္ဒေ-ဂရုံကတွာ အဿာဒေတိ အဘိနန္ဒတိ၊
တံ ဂရုံ ကတွာ ရာဂေါ ဥပ္ပဇ္ဇတိ၊ဒိဋ္ဌိဥပ္ပဇ္ဇတိ”တဲ့။

ဘယ်လိုရုပ်အာရုံကိုဖြစ်စေ အလေးအနက် အာရုံပြုခဲ့ရင် သာယာနှစ်သက်မှုဖြစ်ပြီး “ရာဂနဲ့ ဒိဋ္ဌိ” သာဖြစ်တယ်လိုဟောတော်မူတာပါ။ တခြားနာမ်အာရုံတွေကို အလေးအနက်အာရုံပြုတဲ့အခါ နှလုံသွင်းအလျောက် ကုသိုလ်၊ အကုသိုလ်နှစ်မျိုးဖြစ်နိုင်ပေမယ့် အကုသိုလ်တရားနှင့် ရုပ်တရားတို့ကို အလေးအနက် အာရုံပြုရာမှာတော့ အကုသိုလ်တစ်မျိုးသာ ဖြစ်ရိုးထုံးစံရှိတယ်။
ကုသိုလ်လုံးဝဖြစ်ခွင့်မရှိပါဘူး။ အလေးအနက် မဟုတ်ဘဲ သဒ္ဓါတရားဖြစ်ရုံ အာရုံပြု တာကတော့ ကုသိုလ်လည်း ဖြစ်ခွင့်ရှိတယ်။
(ပဋ္ဌာန်း ပဥှာဝါရ-အာရမ္မဏ-အဓိပတိကို လေ့လာပါ။)

မြတ်စွာဘုရားရှင်က “ဝက္ကလိရဟန်း” ကို အထက်ပါ အဆုံးအမနှင့် လွန်ကဲနေတဲ့ သဒ္ဓါတရားကို တားဖြစ်ဆုံးမပေမယ့် လိုက်နာခြင်း မပြုလို့ ဝါဆို၊ ဝါကပ်တဲ့နေ့မှာ “ဝက္ကလိ ငါဘုရားနှင့်ဝေးရာကို ဖယ်သွားလော့”လို့ တိုက်ရိုက်နှင်ထုတ်လိုက်တယ်။

“ဝက္ကလိရဟန်း” စိတ်ဓာတ်ကျပြီး” ဂိဇ္ဈကုဋ်တောင်စောင်း” က ခုန်ချဖို့ကြံစည်တာကို သိတော့မှ မြတ်စွာဘုရားရှင်ကကြွရောက်ပြီး ပူပင်သော ငြိမ်းအေးအောင် ဆုံးမတော်မူလို့ တရားကိုသိမြင်ပြီး ရဟန္တာဖြစ်တော်မူတဲ့အခါ ဘုရားရှင်ကို တကယ်တွေ့မြင်တဲ့ ပုဂ္ဂိုလ်ဖြစ်သွားပါတယ်။

နောက်တော့ “သဒ္ဓါတရား ကြီးမားလွန်ကဲတဲ့ ဧတဒဂ်ဘွဲ့” ရရှိခဲ့ပါတယ်။

တကယ်တမ်းဘုရားရှင်နဲ့ တွေ့ဖို့ဆိုတာ ဘုရားရှင်ရဲ့ ရူပကာယတော်ကို မြင်ရတာကို အဓိကမထာဘဲ ဘုရားရှင်ဟောကြား တော်မူတဲ့အတိုင်း လိုက်နာကျင့်ကြံ သူများဟာ မိမိတို့ အကျင့်အသိနဲ့အညီ ဘယ်ခေတ် ဘယ်အခါ ဘယ်အချိန်မှာမဆို ဘုရားရှင် ကို တွေ့မြင်နေရမှာ ဖြစ်ပါတယ်။

ဂုဏ်တော်ကို အာရုံပြုနိုင်ဖို့ သဒ္ဓါတရားကို နှိုးဆော်ဖို့အတွက် ရုပ်ပွါးတော်များကို ပူဇော်တဲ့နေရာမှာလည်း ဂုဏ်တော်ကို အဓိကထားဖို့ အရေးကြီးပါတယ်။ ဂုဏ်တော်ကွယ်ပြီး ပုံတော်အပေါ်မှာသာ အာရုံပြုလို့ကတော့ မြတ်စွာဘုရားရဲ့ အဆုံးအမတော်နဲ့ တစ်ခြားစီ ဖြစ်နေကြပါပဲ။

ဘုရားရှင်လက်တော်က ဘုရားရှင်ကို မျက်စိနဲ့ တွေ့မြင်ကြသူတွေဟာလည်း ဘုရားရှင်တို့ရဲ့ ဂုဏ်ကျေးဇူးကို မသိသူ၊ သိပေမယ့် လက်မခံသူတို့ ဟာ ဘုရားရှင်ကို တွေ့လွဲ လွဲကြသူတွေပဲ ဖြစ်သွားကြတယ်။ တကယ်တွေ့ခွင့်မရကြပါဘူး။ တစ်ချို့ဆို တွေ့လွဲရုံမကဘူး။ “တွေ့ကွဲ ကွဲကြပြီး” အဝီစိငရဲ အထိ ရောက်ကြသူတွေအကြောင်း ပိဋကစာပေတွေမှာ အထင်အရှား ပါပြီးသားပါ။

ဘုရားရှင်ရဲ့ ပုံတော်တွေကို ဂုဏ်တော်ထိအောင် အာရုံပြု ကြည်ညိတတ်တဲ့ အတွက် ဘုရားရှင်နဲ့ တကယ်တွေ့ခွင့် ရသူတွေထဲက ရာဇဝင်မှာ အမှတ်ထင်ထင် သတိထားမိသူ တစ်ဦးကတော့ ပဲခူး၊ ဟံသာဝတီခေတ်က ‘တလထော်’ဆိုတဲ့ မွန်အမျိုး သမီးတစ်ဦးပါ။

အဲဒီခေတ်က အုပ်ချုပ်တဲ့ ‘တိဿမင်း’ဆိုတာ မိစ္ဆာဒိဋ္ဌိအယူရှိသူဖြစ်လို့ ဘုရားရှင်ရဲ့ ဥဒ္ဒိဿရုပ်ပွားစေတီတွေကို ဖျက်ဆီးစေခဲ့ပါတယ်။ တချို့ ရေထဲမျော လုပ်စေတဲ့အခါ ရေထဲမျောနေတဲ့ ရုပ်ပွားတော်တွေကို ‘တလထော်’ဆိုတဲ့ အမျိုးသမီးကကြိုးကြိုးစားစား လိုက်ဆယ်ပြီး အိမ်ပေါ်မှာ ကိုးကွယ်ထားပါတယ်။ သူရဲ့ စိတ်အာရုံထဲမှာ ဆင်းတုတော်တွေကို အရုပ်လို သဘောမထားဘဲ ဘုရားရှင်လို့ပဲ သဘောထားတဲ့ အတွက် အခုလို လိုက်ဆယ်ပြီး အိမ်ပေါ် ပင့်ထားတာပါ။ ဒီအကြောင်းကို ဘုရင်တိဿမင်းသိတော့ သူ့အာဏာကို ဖီဆန်တယ်ဆိုပြီး ‘တလထော်’ကို နည်းအမျိုးမျိုးနဲ့ သတ်စေခဲ့ ပါတယ်။ ဆင်နဲ့ တိုက်တဲ့အခါမှာလည်း ဘယ်ဆင်မှ မတိုးဝံ့။ မီးနဲ့တိုက်လည်းမရ။ တွင်းတူးမြှုပ်လို့လည်း အကြောင်းမထူးအောင် ဖြစ်နေပါတယ်။

အကြောင်းကတော့ အဲဒီအချိန်မှာ ‘တလထော်’က မြတ်စွာ ဘုရားရှင်ရဲ့ အဆုံးအမအတိုင်း သတ်မိန့်ပေးတဲ့ဘုရင်၊ သတ်ဖို့ အားထုတ်တဲ့ မင်းမှုထမ်း၊ ဆင်ထိန်း၊ ဆင်စတဲ့ သတ္တဝါအားလုံး မေတ္တာပို့သနေတဲ့အတွက် သူ့နှလုံးသားထဲမှာ ဘုရားရှင် ကိန်းဝပ်တည်နေတော်မူလို့ ဖြစ်ပါတယ်။

တလထော်ကို ဆင်နဲ့တိုက်ပြီး အသတ်ခိုင်းရာမှာ ဆင်တွေတစ်ကောင်မှ မတိုးရဲတဲ့အကြောင်း ဖတ်ရတဲ့အခါ သက်တော် ထင်ရှား ဘုရားရှင်ကို နာဠာဂီရိ ဆင်ကြီးနဲ့ တိုက်စဉ်က ဆင်ကြီးကို ချွန်းနဲ့ အတတန်တန်ထိုးပြီး အမိန့်ပေးပေမယ့် ချွန်းဒဏ်ကိုသာ အောင့်ခံပြီး မြတ်စွာဘုရားကို ထိုးသတ်ခြင်းမပြုတဲ့ နာဠာဂီရိဆင်ကြီးကို မြင်ယောင် မိပါတယ်။

တစ်ဆက်တည်းမှာပဲ အခုအချိန်မှာ တစ်ချို့အမျိုးသမီးများ စည်းစိမ်ဥစ္စာနဲ့ ကာမ ဂုဏ်ကို အကြောင်းပြုပြီး အမျိုး၊ ဘာသာ၊ သာသနာကို စွန့်လွှတ်ကာ ဇာတ်ပျက် နေကြတဲ့အကြောင်းတွေ ကြားသိရတဲ့အခါ စည်းစိမ်အာရုံ ကာမဂုဏ်အတွက် မဆိုထားနဲ့ အသက်အတွက်တောင် ငဲ့ကွက်ခြင်းမရှိဘဲ အမျိုး၊ ဘာသာ၊သာသနာကို ကာကွယ်တဲ့ ‘တလထော်’ဆိုတဲ့ အမျိုးသမီးငယ်အတွက် ဂုဏ်ယူဝမ်းမြောက် သာဓု ခေါ်ပြီး တလေးတစား ဂုဏ်ပြုမိပါတယ်။

ဘုရားရှင်တို့အပေါ်မှာ ပုံတော်ကို ထွင်းဖောက်ပြီး ဂုဏ်တော်ရောက်အောင် ကြည်ညိုတ်ကြလို့ နှလုံးသားထဲအထိ ဘုရားရှင် ကိန်းဝပ်ပြီး အသက်ကို သတ်ဖြတ်လို့ မရကြတဲ့ သားကောင်း၊သမီးကောင်းတို့အကြောင်းကို ပိဋကတ်တော်ထဲမှာလည်း အတော်များများ တွေ့ရပါတယ်။

ပုံတော်ထက် ဂုဏ်တော်ကို လေးစားကြည်ညို တတ်ကြပြီး လေးစားကြည်ညိုတဲ့ ဘုရားရှင်ရဲ့ အဆုံးအမကို လိုက်နာကျင့်သုံးသူမှန်သမျှ အခုအချိန်အထိလည်း ဘုရားရှင်နဲ့ တွေ့နေကြဆဲဖြစ်တယ်ဆိုတာ….

ယောဟိ သဒ္ဓမ္မံ ပဿတိ၊ သော မံ ပဿတိ ပဏ္ဍိတော။
“တရားတော်ကို မြင်နေသမျှ ငါဘုရားရှင်ကို တွေ့မြင်နေသူဖြစ်တယ်”
ဆိုတဲ့ ဘုရားရှင်ရဲ့ အဆုံးအမတော်အရ ထင်ရှားသိသာတဲ့ အတွက် အချိန်မနှောင်းမီ ဘုရားရှင်နဲ့ အစစ်အမှန် တွေ့ခွင့်ရအောင် နည်းဟောင်း နည်းကောင်းများအတိုင်း ကြိုးစားအားထုတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top