Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

သု႔ရဲ႕ အေပါက္ထဲ ကို ေခ်ာင္းၾကည့္လိုက္ေတာ့ အထဲမွာ မဲေနတာေၾကာင့္ ကိုေအာင္ႏိုင္တစ္ေယာက္ ေတြသြားတယ္……….ကိုေအာင္ႏိုင္ တစ္ေယာက္ ညေန ထမင္းစား ေတာ့ မလို႔ ေၾကာင္အိမ္ ေလးကို ဖြင့္ၾကည့္ေတာ့ မနက္က အေမခ်က္ထားတဲ့ ဟင္း က သိပ္မက်န္ေတာ့တာ ေတြ႕ရတယ္ အံမယ္ သူ႔အဖို႔က ဟင္း မက်န္လည္း ကိစၥမရွိဘူး ညေနဘက္ဆိုရင္ ၾကက္ဥ ကို ခရမ္းခ်ဥ္သီးေလး လွီးထည့္ၿပီး ဇြန္းနဲ႔ နာနာ ခေလာက္ ၿပီးရင္ ဆီေလးနဲ႔ေၾကာ္ ထားတဲ့ ၾကက္ဥ ေမႊေၾကာ္ ပူပူေလးနဲ႔ ထမင္းစားရတာကို သူက သိပ္သေဘာက်တာကလား
ဒါနဲ႔ ကိုေအာင္ႏိုင္က ၾကက္ဥ တစ္လံုးကို ပုဂံထဲ ေဖာက္ထည့္လိုက္ၿပီး ေရခဲေသတၱာ ထဲက ခရမ္း
ခ်ဥ္သီး တစ္လံုးကို ယူလာခဲ့တယ္ ၿပီးေတာ့ ေဘဇင္ က ေရပိုက္ကို ဖြင့္ၿပီး ေရေဆးရင္း အမွတ္တမဲ့ ၾကည့္လိုက္ေတာ့ ခရမ္းခ်ဥ္သီး ရဲ႕ အညႇာေဘးမွာ အေပါက္ေလး တစ္ေပါက္ ရွိေနတာကို သတိထားမိလိုက္တယ္
ေအာ္ ပိုးေဖာက္ထားတာဘဲ လို႔ သူေတြးလိုက္တယ္ အဲဒါနဲ႔ ကိုေအာင္ႏိုင္ က ခရမ္းခ်ဥ္သီး က အေပါက္ေလးကို ဓားနဲ႔ လွီးထုတ္မလို႔ လုပ္ေနရင္း ေသျခာၾကည့္လိုက္ေတာ့ အေပါက္ကေလးက စက္ နဲ႔ ဝိုင္းထားသလား ထင္ရေအာင္ ညီညီညာညာ ဝိုင္းစက္စက္ေလး ျဖစ္ေနတယ္ သူ႔ရဲ႕ အေပါက္ထဲ ကို ေခ်ာင္းၾကည့္လိုက္ေတာ့ အထဲမွာ မဲေနတာေၾကာင့္ ကိုေအာင္ႏိုင္ တစ္ေယာက္ ေတြသြားတယ္
စိတ္ထဲ မသိုးမသန္႔ ျဖစ္လာလို႔ အဲဒီ ခရမ္းခ်ဥ္သီး ကို ေဘးဖယ္ထားလိုက္ၿပီး ေနာက္ထပ္ ခရမ္း
ခ်ဥ္သီး တစ္လံုးကို ေရခဲေသတၱာ ထဲက သြားယူလာၿပီး ေရေဆးမယ္လုပ္ေတာ့ ဟင္..ဒါကလည္း
အေပါက္ေလးနဲ႔ပါလား
ဒါနဲ႔ သူမသကၤာလို႔ ခရမ္းခ်ဥ္သီး ေတြ အကုန္လံုးကို ေရခဲေသတၱာ ထဲက ထုတ္ၾကည့္ လိုက္တဲ့ အခါမွာ ခရမ္းခ်ဥ္သီး အားလံုးမွာ အေပါက္ေတြက တစ္ပံုစံထဲ ပါေနတာ ေတြ႕ရတယ္ ေနာက္ေတာ့ သူစဥ္းစားရင္း သေဘာေပါက္လာတယ္ အို ဘုရားေရ သူတို႔တေတြက ခရမ္းခ်ဥ္သီး ေတာင္ အလႊတ္မေပးေတာ့ပါလား
အဲဒီမွာ Facebook မွာ အိမ္ရွင္မ ျဖစ္ဟန္တူတဲ့ အမ်ိဳးသမီး တစ္ေယာက္ ေရးထားတာကို သြားသတိ ရမိတယ္ အဲဒီ Facebook မွာ ဘာေရးထားသလဲ ဆိုေတာ့ အဲဒီ အမ်ိဳးသမီး က ေစ်းကေန ငါးရံ႕ေလး ငါးေကာင္ဝယ္လာၿပီး ခ်က္ဘို႔ ျပင္ဆင္ေတာ့ ငါးအားလံုးရဲ႕ ပါးဟက္ ေအာက္တည့္တည့္မွာ အေပါက္ဝိုင္းဝိုင္းေလးေတြ ေတြ႕လို႔ စိတ္ထဲ မသကၤာတာနဲ႔ ပုရြက္ဆိတ္ေတြနား ငါးကို ခ်ၾကည့္တဲ့အခါမွာ ပုရြက္ဆိတ္ ေတြ တစ္ေကာင္မွ စားတာ မေတြ႕ဘူးတဲ့ ဒါနဲ႔ သူလည္း မစားရဲေတာ့ဘဲ ဒီအတိုင္း ထားလိုက္တာ ေနာက္တစ္ရက္ ေရာက္တာေတာင္ ငါး ေတြက ပုတ္မသြားဘူးတဲ့
ေအာ္ က်ေနာ္သိလိုက္ၿပီ အခုေခတ္ ေစ်းသည္ ေတာ္ေတာ္မ်ားမ်ားဟာ ငါးေတြ ၾကက္ေတြ ပုဇြန္ေတြ ျမန္ျမန္ မပုတ္သိုးေအာင္ လူေသေတြကို ၾကာေရွ အထားခံေအာင္ သံုးတဲ့ ေဖာ္မလင္ ကို ဒီအသားငါး ေတြကို ထိုးေပးေနတာကိုး ဒီေဆးထိုးထားတဲ့ အသားငါး ေတြကို က်ေနာ္တို႔ စားလိုက္ၿပီဆိုရင္ ဘာျဖစ္မယ္ ထင္ပါသလဲ မိတ္ေဆြတို႔
အဲဒီအစာေတြကို အစာအိမ္က  ခ်က္ၿပီး စုတ္ယူလို႔ရတဲ့ အဟာရမွန္သမၽွကို ေကာင္းတာေရာ မေကာင္းတာေရာ ေသြးထဲကေနတဆင့္ အသည္းကို အရင္ဆံုး ေရာက္ရတယ္ အသည္း ရဲ႕ တာဝန္က ေသြးထဲက အဆိပ္အေတာက္ေတြကို ဖယ္ထုတ္ၿပီး သန္႔စင္ေပးရတယ္ အဲလိုမ်ိဳး အသားေတြ စားပါမ်ားရင္ ၾကာလာေတာ့ က်ေနာ္တို႔တေတြရဲ႕ အသည္းကို ထိခိုက္လာတယ္ အဲလိုနည္းနဲ႔ လူေတြဟာ အေႏွးနဲ႔ အျမန္ အသည္း ေရာဂါေတြ ျဖစ္ ကုန္ၾကမွာကို ဒီ ေစ်းသည္ ေတြ မသိၾကဘူးလားဗ်ာ သိေတာ့သိၾက မွာပါ
အခုဆိုရင္ က်ေနာ္တို႔ ျမန္မာႏိုင္ငံ မွာ အသည္းေျခာက္ အသည္း ကင္ဆာ ေရဖ်င္းစြဲၿပီး အသည္းေရာဂါနဲ႔ ေသတဲ့သူေတြ ေတာ္ေတာ္ မ်ားေနၿပီဗ် သူတို႔က ဆရာဝန္ မဟုတ္ဘဲ ေဆးထိုးအပ္ကိုင္ၿပီး ေဆးထိုးေနမွေတာ့ ေဆးရဲ႕ဆိုးက်ိဳးေတြ လည္း မသိဘဲေတာ့ မေနေလာက္ဘူး သူတို႔ေရာင္းတဲ့အသားေတြ အခ်ိန္မွီ မေရာင္းရရင္ ပုတ္
ကုန္မွာစိုးလို႔ သိသိႀကီးနဲ႔ လုပ္တယ္ဆိုတာ ထင္ရွားေန တာဘဲ
ဘယ့္နယ္ဗ်ာ အခုေတာ့ ခရမ္းခ်ဥ္သီးေတာင္ အ
လႊတ္ မေပးၾကေတာ့ဘူး ..ေအာ္..ဒီ လိုလုပ္တဲ့ ေစ်းသည္ ေတြဟာ ဘယ္သူေသေသ ငေတမာရင္ ၿပီးေရာဆိုတဲ့ ဝိႆမ ေလာဘသားေတြ တနည္းေျပာရရင္ လၽွို႔ဝွက္ လူသတ္သမားေတြလို႔ဘဲ ေျပာရေတာ့မယ္နဲ႔ တူတယ္
ကဲ က်ေနာ္တို႔ ေရွ႕ေလၽွာက္ ဘာေတြစားၾကမလဲ က်ေနာ္တို႔အားလံုး က်န္းမာေရးအတြက္ ေရြးျခယ္စရာ အစားအစာေတြ ဒီကမၻာႀကီးမွာသိပ္ရွားပါးေနၿပီ အင္း…ငါတို႔ လူသားေတြရဲ႕ ေရွ႕ေရးကေတာ့ ရင္ေလးစရာပါလားေနာ္ လို႔ ကိုေအာင္ႏိုင္က ေတြးေနရင္း ခရမ္းခ်ဥ္သီးမပါဘဲ ခေလာက္ထားတဲ့ ၾကက္ဥကို ဆီေငြ႕ေတြ လွိုင္လွိုင္ ထြက္ေနၿပီျဖစ္တဲ့ ဒယ္အိုးထဲသို႔ ေလာင္းထည့္ရင္း အဆုတ္ထဲက ေလပူမ်ားကို မႈတ္ထုတ္ လိုက္ပါေတာ့တယ္
စာဖတ္သူ မိတ္ေဆြမ်ား အားလံုး က်န္းမာေရး ဗဟုသုတ
မ်ား ရၾက၍ ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာ ၾကပါေစ
Create…
(ပုံကေတာ့ မွန္ရင္မွ မွန္မယ္ ဒါေပမယ့္ စာကမွန္ဖုိ႔
မ်ားပါတယ္ သိျကတဲ့အတိုငး္ပဲ )

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original Uploder
#Unicode Version#
 သု့ရဲ့ အပေါက်ထဲ ကို ချောင်းကြည့်လိုက်တော့ အထဲမှာ မဲနေတာကြောင့် ကိုအောင်နိုင်တစ်ယောက် တွေသွားတယ်……….ကိုအောင်နိုင် တစ်ယောက် ညနေ ထမင်းစား တော့ မလို့ ကြောင်အိမ် လေးကို ဖွင့်ကြည့်တော့ မနက်က အမေချက်ထားတဲ့ ဟင်း က သိပ်မကျန်တော့တာ တွေ့ရတယ် အံမယ် သူ့အဖို့က ဟင်း မကျန်လည်း ကိစ္စမရှိဘူး ညနေဘက်ဆိုရင် ကြက်ဥ ကို ခရမ်းချဉ်သီးလေး လှီးထည့်ပြီး ဇွန်းနဲ့ နာနာ ခလောက် ပြီးရင် ဆီလေးနဲ့ကြော် ထားတဲ့ ကြက်ဥ မွှေကြော် ပူပူလေးနဲ့ ထမင်းစားရတာကို သူက သိပ်သဘောကျတာကလား
ဒါနဲ့ ကိုအောင်နိုင်က ကြက်ဥ တစ်လုံးကို ပုဂံထဲ ဖောက်ထည့်လိုက်ပြီး ရေခဲသေတ္တာ ထဲက ခရမ်း
ချဉ်သီး တစ်လုံးကို ယူလာခဲ့တယ် ပြီးတော့ ဘေဇင် က ရေပိုက်ကို ဖွင့်ပြီး ရေဆေးရင်း အမှတ်တမဲ့ ကြည့်လိုက်တော့ ခရမ်းချဉ်သီး ရဲ့ အညှာဘေးမှာ အပေါက်လေး တစ်ပေါက် ရှိနေတာကို သတိထားမိလိုက်တယ်
အော် ပိုးဖောက်ထားတာဘဲ လို့ သူတွေးလိုက်တယ် အဲဒါနဲ့ ကိုအောင်နိုင် က ခရမ်းချဉ်သီး က အပေါက်လေးကို ဓားနဲ့ လှီးထုတ်မလို့ လုပ်နေရင်း သေခြာကြည့်လိုက်တော့ အပေါက်ကလေးက စက် နဲ့ ဝိုင်းထားသလား ထင်ရအောင် ညီညီညာညာ ဝိုင်းစက်စက်လေး ဖြစ်နေတယ် သူ့ရဲ့ အပေါက်ထဲ ကို ချောင်းကြည့်လိုက်တော့ အထဲမှာ မဲနေတာကြောင့် ကိုအောင်နိုင် တစ်ယောက် တွေသွားတယ်
စိတ်ထဲ မသိုးမသန့် ဖြစ်လာလို့ အဲဒီ ခရမ်းချဉ်သီး ကို ဘေးဖယ်ထားလိုက်ပြီး နောက်ထပ် ခရမ်း
ချဉ်သီး တစ်လုံးကို ရေခဲသေတ္တာ ထဲက သွားယူလာပြီး ရေဆေးမယ်လုပ်တော့ ဟင်..ဒါကလည်း
အပေါက်လေးနဲ့ပါလား
ဒါနဲ့ သူမသင်္ကာလို့ ခရမ်းချဉ်သီး တွေ အကုန်လုံးကို ရေခဲသေတ္တာ ထဲက ထုတ်ကြည့် လိုက်တဲ့ အခါမှာ ခရမ်းချဉ်သီး အားလုံးမှာ အပေါက်တွေက တစ်ပုံစံထဲ ပါနေတာ တွေ့ရတယ် နောက်တော့ သူစဉ်းစားရင်း သဘောပေါက်လာတယ် အို ဘုရားရေ သူတို့တတွေက ခရမ်းချဉ်သီး တောင် အလွှတ်မပေးတော့ပါလား
အဲဒီမှာ Facebook မှာ အိမ်ရှင်မ ဖြစ်ဟန်တူတဲ့ အမျိုးသမီး တစ်ယောက် ရေးထားတာကို သွားသတိ ရမိတယ် အဲဒီ Facebook မှာ ဘာရေးထားသလဲ ဆိုတော့ အဲဒီ အမျိုးသမီး က ဈေးကနေ ငါးရံ့လေး ငါးကောင်ဝယ်လာပြီး ချက်ဘို့ ပြင်ဆင်တော့ ငါးအားလုံးရဲ့ ပါးဟက် အောက်တည့်တည့်မှာ အပေါက်ဝိုင်းဝိုင်းလေးတွေ တွေ့လို့ စိတ်ထဲ မသင်္ကာတာနဲ့ ပုရွက်ဆိတ်တွေနား ငါးကို ချကြည့်တဲ့အခါမှာ ပုရွက်ဆိတ် တွေ တစ်ကောင်မှ စားတာ မတွေ့ဘူးတဲ့ ဒါနဲ့ သူလည်း မစားရဲတော့ဘဲ ဒီအတိုင်း ထားလိုက်တာ နောက်တစ်ရက် ရောက်တာတောင် ငါး တွေက ပုတ်မသွားဘူးတဲ့
အော် ကျနော်သိလိုက်ပြီ အခုခေတ် ဈေးသည် တော်တော်များများဟာ ငါးတွေ ကြက်တွေ ပုဇွန်တွေ မြန်မြန် မပုတ်သိုးအောင် လူသေတွေကို ကြာရှေ အထားခံအောင် သုံးတဲ့ ဖော်မလင် ကို ဒီအသားငါး တွေကို ထိုးပေးနေတာကိုး ဒီဆေးထိုးထားတဲ့ အသားငါး တွေကို ကျနော်တို့ စားလိုက်ပြီဆိုရင် ဘာဖြစ်မယ် ထင်ပါသလဲ မိတ်ဆွေတို့
အဲဒီအစာတွေကို အစာအိမ်က  ချက်ပြီး စုတ်ယူလို့ရတဲ့ အဟာရမှန်သမျှကို ကောင်းတာရော မကောင်းတာရော သွေးထဲကနေတဆင့် အသည်းကို အရင်ဆုံး ရောက်ရတယ် အသည်း ရဲ့ တာဝန်က သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ထုတ်ပြီး သန့်စင်ပေးရတယ် အဲလိုမျိုး အသားတွေ စားပါများရင် ကြာလာတော့ ကျနော်တို့တတွေရဲ့ အသည်းကို ထိခိုက်လာတယ် အဲလိုနည်းနဲ့ လူတွေဟာ အနှေးနဲ့ အမြန် အသည်း ရောဂါတွေ ဖြစ် ကုန်ကြမှာကို ဒီ ဈေးသည် တွေ မသိကြဘူးလားဗျာ သိတော့သိကြ မှာပါ
အခုဆိုရင် ကျနော်တို့ မြန်မာနိုင်ငံ မှာ အသည်းခြောက် အသည်း ကင်ဆာ ရေဖျင်းစွဲပြီး အသည်းရောဂါနဲ့ သေတဲ့သူတွေ တော်တော် များနေပြီဗျ သူတို့က ဆရာဝန် မဟုတ်ဘဲ ဆေးထိုးအပ်ကိုင်ပြီး ဆေးထိုးနေမှတော့ ဆေးရဲ့ဆိုးကျိုးတွေ လည်း မသိဘဲတော့ မနေလောက်ဘူး သူတို့ရောင်းတဲ့အသားတွေ အချိန်မှီ မရောင်းရရင် ပုတ်
ကုန်မှာစိုးလို့ သိသိကြီးနဲ့ လုပ်တယ်ဆိုတာ ထင်ရှားနေ တာဘဲ
ဘယ့်နယ်ဗျာ အခုတော့ ခရမ်းချဉ်သီးတောင် အ
လွှတ် မပေးကြတော့ဘူး ..အော်..ဒီ လိုလုပ်တဲ့ ဈေးသည် တွေဟာ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ ဝိဿမ လောဘသားတွေ တနည်းပြောရရင် လျှို့ဝှက် လူသတ်သမားတွေလို့ဘဲ ပြောရတော့မယ်နဲ့ တူတယ်
ကဲ ကျနော်တို့ ရှေ့လျှောက် ဘာတွေစားကြမလဲ ကျနော်တို့အားလုံး ကျန်းမာရေးအတွက် ရွေးခြယ်စရာ အစားအစာတွေ ဒီကမ္ဘာကြီးမှာသိပ်ရှားပါးနေပြီ အင်း…ငါတို့ လူသားတွေရဲ့ ရှေ့ရေးကတော့ ရင်လေးစရာပါလားနော် လို့ ကိုအောင်နိုင်က တွေးနေရင်း ခရမ်းချဉ်သီးမပါဘဲ ခလောက်ထားတဲ့ ကြက်ဥကို ဆီငွေ့တွေ လှိုင်လှိုင် ထွက်နေပြီဖြစ်တဲ့ ဒယ်အိုးထဲသို့ လောင်းထည့်ရင်း အဆုတ်ထဲက လေပူများကို မှုတ်ထုတ် လိုက်ပါတော့တယ်
စာဖတ်သူ မိတ်ဆွေများ အားလုံး ကျန်းမာရေး ဗဟုသုတ
များ ရကြ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ
Create…
(ပုံကတော့ မှန်ရင်မှ မှန်မယ် ဒါပေမယ့် စာကမှန်ဖို့
များပါတယ် သိကြတဲ့အတိုင်းပဲ )

ဖိုးသူတော် (www.phothutaw.com)
Credit: Original Uploder
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top