Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေမွာ္ဘီၿမိဳ႕နယ္မွ လုယူ လာသည့္ အျဖဴေရာင္တကၠစီကား ႏွင့္အတူ အမ်ဳိးသား သံုးဦးကို ျပည္ၿမိဳ႕တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း ျပည္ခ႐ိုင္ယာဥ္ထိန္းရဲတပ္ဖြဲ႕မွ ဒု ရဲမွဴး ၀င္းေဇာ္ဟန္က ေျပာသည္။

ေပါင္းတည္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕၏ သတင္းေပးခ်က္အရ ျပည္ၿမိဳ႕အ၀င္ ရန္ကုန္ျပည္လမ္း၊ န၀ေဒးတံတားေအာက္တြင္ ပိတ္ဆို႔စစ္ေဆးရာ ႏုိ၀င္ဘာ ၁၀ ရက္နံနက္ ၆ နာရီခန္႔က ဖမ္းဆီးရမိခဲ့ ျခင္း ျဖစ္ေၾကာင္း ၎က ေျပာ သည္။

‘‘ကြၽန္ေတာ္တို႔ကေတာ့ ဖမ္း ဆီးၿပီး ၿမိဳ႕မရဲစခန္းကို အပ္လိုက္ တယ္။ ရဲစခန္းရဲ႕ စစ္ေဆးခ်က္ အရ ေမွာ္ဘီစားေသာက္ဆိုင္တစ္ ဆိုင္မွာ ပိုက္ဆံမရွင္းႏုိင္ဘဲ ထြက္ လာၿပီး တကၠစီငွားတယ္။ တကၠ စီသမားဆီကေန ကားကိုလုၿပီး ထြက္ေျပးလာတာလို႔ သိရတယ္။ ဖမ္းဆီးခံရစဥ္ကလည္း လုယူလာ တာပါလို႔ ေျပာတယ္’’ဟု ၎က ေျပာသည္။

အဆိုပါကားေပၚတြင္ ေမွာ္ ဘီၿမိဳ႕ႏွင့္ တိုက္ႀကီးၿမိဳ႕တို႔တြင္ ေနထိုင္သည့္ အသက္ (၂၀) အရြယ္ အမ်ဳိးသားႏွစ္ဦးႏွင့္ (၂၂) ႏွစ္အရြယ္ အမ်ဳိးသားတစ္ဦးတို႔ကို ဖမ္းမိခဲ့သည္။

၎တို႔သံုးဦးကို ေမွာ္ဘီၿမိဳ႕ ၿမိဳ႕မရဲစခန္းတြင္ လုယက္မႈရာဇသတ္ႀကီးပုဒ္မ ၃၉၂ အရ အမႈဖြင့္ထားရာ ဖမ္းမိသည့္ရက္ နံနက္က ေမွာ္ဘီၿမိဳ႕မရဲစခန္းသို႔ ျပန္လည္လႊဲေျပာင္းေပးခဲ့ေၾကာင္း  ျပည္ၿမိဳ႕မရဲစခန္းမွ တာ၀န္က် ရဲတပ္ဖြဲ႕၀င္တစ္ဦးက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 မှော်ဘီမြို့နယ်မှ လုယူ လာသည့် အဖြူရောင်တက္ကစီကား နှင့်အတူ အမျိုးသား သုံးဦးကို ပြည်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒု ရဲမှူး ဝင်းဇော်ဟန်က ပြောသည်။

ပေါင်းတည်မြို့နယ်ရဲတပ်ဖွဲ့၏ သတင်းပေးချက်အရ ပြည်မြို့အဝင် ရန်ကုန်ပြည်လမ်း၊ နဝဒေးတံတားအောက်တွင် ပိတ်ဆို့စစ်ဆေးရာ နိုဝင်ဘာ ၁၀ ရက်နံနက် ၆ နာရီခန့်က ဖမ်းဆီးရမိခဲ့ ခြင်း ဖြစ်ကြောင်း ၎င်းက ပြော သည်။

‘‘ကျွန်တော်တို့ကတော့ ဖမ်း ဆီးပြီး မြို့မရဲစခန်းကို အပ်လိုက် တယ်။ ရဲစခန်းရဲ့ စစ်ဆေးချက် အရ မှော်ဘီစားသောက်ဆိုင်တစ် ဆိုင်မှာ ပိုက်ဆံမရှင်းနိုင်ဘဲ ထွက် လာပြီး တက္ကစီငှားတယ်။ တက္က စီသမားဆီကနေ ကားကိုလုပြီး ထွက်ပြေးလာတာလို့ သိရတယ်။ ဖမ်းဆီးခံရစဉ်ကလည်း လုယူလာ တာပါလို့ ပြောတယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါကားပေါ်တွင် မှော် ဘီမြို့နှင့် တိုက်ကြီးမြို့တို့တွင် နေထိုင်သည့် အသက် (၂၀) အရွယ် အမျိုးသားနှစ်ဦးနှင့် (၂၂) နှစ်အရွယ် အမျိုးသားတစ်ဦးတို့ကို ဖမ်းမိခဲ့သည်။

၎င်းတို့သုံးဦးကို မှော်ဘီမြို့ မြို့မရဲစခန်းတွင် လုယက်မှုရာဇသတ်ကြီးပုဒ်မ ၃၉၂ အရ အမှုဖွင့်ထားရာ ဖမ်းမိသည့်ရက် နံနက်က မှော်ဘီမြို့မရဲစခန်းသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း  ပြည်မြို့မရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top