ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

( ၁ )သမီးကေလး တစ္နွစ္မျပည့္တျပည့္။ အူးအူး အားအား အသံေလးေတြ လုပ္တတ္ျပီ။ ကုလားထိုင္ေတြ ကိုင္၍ ေရြ႕ကာ ေရြ႕ကာ သြားတတ္ျပီ။ ေရြ႕ရင္းက သူ႔ေရွ႕ ေရာက္လာသည္။ သူ႔မ်က္နွာကို ေမာ့ၾကည့္သည္။
" ေဖေဖ ဒီမွာ ေတြ႔လား။ သမီး လမ္းေလ်ွာက္တတ္ျပီ "
မ်က္လံုးေလးက အဲသလို ဝင့္ဝါေနသည္။ သူက ျပံဳး၍ ေခါင္းခါျပလိုက္သည္။
" လက္လႊတ္ျပီး ရပ္နိုင္ေအာင္ ၾကိဳးစား သမီး။ သူမ်ားေတြ သမီးအရြယ္မွာ လက္လႊတ္ျပီး ေလ်ွာက္ေနၾကျပီ "
သမီးေလးမ်က္လံုးထဲက ၾကည္နူးရိပ္ေတြ ေပ်ာက္သြားသည္။ အဲသည္အခ်ိန္မွာ ဇနီးျဖစ္သူက
" သမီးေလး.... ရပ္နိုင္ေပ႔ ......ေဟ႔ .... ရပ္နိုင္ေပ႔ " ဟု လက္ခုပ္တီးျပီး လွမ္းျမွဴသည္။ သမီးေလးက ကုလားထိုင္ကို လက္လႊတ္ျပီး သူ႔မိခင္ရွိရာ သူ ေျပးသြားသည္။

( ၂ )သမီးေလးက ၁၆ နွစ္။ သူက နားစျပဳျပီ။ စားပြဲနွင့္ ကုလားထိုင္နွင့္ လုပ္ရေသာအလုပ္ဟု ဘယ္လိုပင္ေျပာေျပာ ခါးက ဒုကၡေပးျပီ။ ေက်ာရိုးဆစ္တစ္ခုက ကြ်ံေတာ့မတဲ႔။ အေညာင္းမထိုင္နဲ႔တဲ႔။ အေလးခ်ိန္ေလ်ွာ့တဲ႔။ ဘယ္လိုျဖစ္နိုင္ပါ႔မလဲ။ သမီးေလးပညာေရးအတြက္ မ်က္နွာမငယ္ရေအာင္ ရွာေပးခ်င္ေသးသည္။ ရွာလ်ွင္ နာမည္။ အေညာင္းထိုင္ရမည္။ အဝလြန္မည္။ ခါးကြ်ံမည္။ ေရွာင္လႊဲ၍ မရ။ ေရွာင္လႊဲစရာလား။
မိဘအေနနွင့္ သူ သိပ္တာဝန္ေက်ခ်င္သည္။ ဆယ္တန္းမွာ သမီးေလး တစ္ခုမွ မၿခိဳးျခံ မေခြ်တာေစရ။ ခက္တာက သမီးေလးက ေအာင္စာရင္းထြက္မွ ဂုဏ္ထူးကို ေခြ်တာသြားသည္။ ရမွတ္ကို ေခြ်တာသြားသည္။ သူ ျဖစ္ေစခ်င္ေသာ ဆရာဝန္ေလာင္း သမီးေလး ျဖစ္မလာခဲ႔ပါ။
" ဟိုဘက္တန္းလ်ားက ကေလးေတာင္ ေဆးေက်ာင္းဝင္ေသးတယ္ကြာ "
မေက်မနပ္နွင့္ ျမည္တြန္ေတာက္တီးေတာ့ ငိုေနေသာသမီးကို သူ႔မိခင္က တင္းက်ပ္စြာ ဖက္ထားသည္။
" ဒီစာေမးပြဲက ျပန္ေျဖလို႔မရဘူး။ ဟိုဘက္အိမ္က ကေလးက ေဆးေက်ာင္းဝင္သြားလို႔ သူ႔ကို မိတို႔ သားသမီးမေတာ္နိုင္ဘူး။ သမီးေလး ရိုးရိုးဘြဲ႔ရလည္း သမီးဟာ မိတို႔သမီးပဲ "
" ဟုတ္ပါတယ္။ ရနိုင္တဲ႔အရည္အခ်င္း မရွိရင္ ကိုယ္လည္း မေျပာပါဘူး ။ အခုက ဥာဏ္ေကာင္းလ်က္သားနဲ႔ စာ စိတ္မဝင္စားတာ"
" စာ စိတ္ဝင္စားတာ မွန္တယ္ မမွန္ဘူးဆိုတာ ကိုေရာ တကယ္သိလို႔လား။ စာရိတၱမေကာင္းရင္ ဆူခ်င္ဆူ။ စာနဲ႔ပတ္သက္လို႔ ေလာဘမရွိတာေတာ့ သူ႔ပင္ကိုယ္စရိုက္ပဲလို႔ လက္ခံေပးစမ္းပါကိုရယ္ "
သူ ေျပာစရာစကားမရွိေတာ့။

( ၃ )နွစ္နွစ္ခန္႔ၾကာေသာအခါ သမီးေလးက သူ ဂုဏ္ယူရမည့္ ကိစၥတစ္ခုကို လုပ္ျပလိုက္သည္။ ဘန္ေကာက္တြင္ အဝတ္အထည္ ဒီဇိုင္းပညာဒီပလိုမာကို စေကာလားရွစ္နွင့္ ဝင္ခြင့္ရသြားျခင္းျဖစ္သည္။
" အသက္ေမြးဝမ္းေက်ာင္းပညာ တစ္ခုခုျဖစ္ရင္ ပိုေကာင္းမွာ "
သူက မခ်င့္မရဲေျပာေတာ့ ဇနီးသည္က ျပံဳးသည္။
" ကိုကလည္း အဲဒါ အသက္ေမြးဝမ္းေက်ာင္းေပါ႔ "
" ဒီအသက္ေမြးဝမ္းေက်ာင္းက လူေတြကို အပိုအလုပ္ေတြ လုပ္ခိုင္းတဲ႔အသက္ေမြးဝမ္းေက်ာင္း မိရဲ႕။ ကိုက လူေတြကို ကူညီတဲ႔ အသက္ေမြးဝမ္းေက်ာင္းမ်ိဳး ျဖစ္ေစခ်င္တာ"
" ပညတ္ေတြခ်ည္းပါပဲကိုရယ္။ ကိုလည္း တရားေခြေတြ နားေထာင္ေနျပီးေတာ့ "
ေနာက္ငါးနွစ္အၾကာတြင္ ဇနီး ကြယ္လြန္ေလသည္။

( ၄ )သူ႔ကိုယ္သူ ကင္ဆာေရာဂါရွိမွန္း စသိေသာအခ်ိန္က ဇနီး၏အသက္က ၄၅။ သမီးက ၂၅ နွစ္။ သမီးက ခ်စ္သူရွိေနျပီ။ သူ႔လိုပင္ ဘန္ေကာက္ကုမၸဏီတစ္ခုမွာ အလုပ္လုပ္ေနသည္။ ေကာင္ေလးကို ဇနီးက သေဘာက်သည္။ ေဆြၾကီးမ်ိဳးၾကီးဆိုပဲ။ သူ မ်က္စိမမွိတ္ခင္ စီစဥ္ေပးခဲ႔ခ်င္သည္ ေျပာသည္။
ေနာက္ေတာ့ ဘာေတြျဖစ္ၾကသည္မသိ။ ေကာင္ေလးနွင့္သမီး လက္ထပ္သည့္ကိစၥ အရင္ျဖစ္မလာပဲ ဇနီးဆံုးသည့္ကိစၥက အရင္ျဖစ္လာသည္။ သမီးကလည္း ငို။ သူကလည္း ငို။ အဲသည္ကိစၥ စကားမစျဖစ္လိုက္ၾက

( ၅ )ဇနီးဆံုးေတာ့ သူနွင့္သမီး နည္းနည္း ပိုစိမ္းသြားသည္။
သမီးက ဖုန္းမွန္မွန္ဆက္ေသာ္လည္း သူ႔အေၾကာင္း သူ ေျပာျပခဲသည္။
" ေဖေဖ ေနေကာင္းလား။ မီးမလာေတာ့ ရာသီဥတုက သိပ္ပူတယ္ေနာ္။ ေဖေဖက်န္းမာေရးကို ဂရုစိုက္။ သမီးနဲ႔ ခဏ လာေနမလား "
ဒါမ်ိဳးေတြပဲ မ်ားသည္။ သူကေတာ့ တစ္ခါမွ ျပန္မလာ။ တစ္နွစ္ေလာက္ေနေသာအခါ ဖခင္ျဖစ္သူက ဘဝမွာ ပထမဦးဆံုးေသာ နွလံုးအေမာေဖာက္မွဳနွင့္ ရင္ဆိုင္ရသည္။

( ၆ )ဒါလည္း သမီးက ျပန္မလာပါ။ သူ႔ဆီ လိုက္လာဖို႔သာ ေခၚသည္။
" ဒီမွာက တစ္ခါျဖစ္လည္း ( stent ) တန္းထည့္တာပဲ ေဖေဖရဲ႕။ ေရရွည္အတြက္ စိတ္ေအးရတာေပါ႔။ ကုန္က်စားရိတ္ကို ဘာမွ မပူနဲ႔။ ေဖေဖ လွဳပ္ရွားသြားလာနိုင္တာနဲ႔ လာခဲ႔။ သမီးက ေလာေလာဆယ္ ဒီက ကုမၸဏီအလုပ္ေတြနဲ႔ ဘယ္လိုမွ ထြက္မရေသးလို႔ "
နိုင္ငံျခားတြင္ အလုပ္လုပ္ေနေသာ လူငယ္တစ္ေယာက္ ဖခင္ေနမေကာင္းတိုင္း မျပန္နိုင္သည္ကို သူ ေကာင္းစြာ သေဘာေပါက္သျဖင့္ အျပစ္မျမင္မိ။ ျမန္မာနိုင္ငံမွ ေဆြမ်ိဳးဥာတိ တပည့္တပန္းတို႔ကလည္း သမီးဆီလိုက္၍ ေဆးကုရန္ တိုက္တြန္းၾကသည္။ ေနာက္ဆံုးေတာ့ အနည္းငယ္ က်န္းမာလာခိုက္တြင္ သူ ဘန္ေကာက္သို႔ ခရီးနွင္ျဖစ္သည္။
သမီးက ေလဆိပ္တြင္ လာၾကိဳသည္။ သမီး ဝတ္ထားစားထားပံု ၊ ေနပံုထိုင္ပံု ၊ ေျပာပံုဆိုပံုအရ သမီးသည္ လစာေကာင္းေသာ အရာရွိအဆင့္ ဝန္ထမ္းတစ္ဦးျဖစ္ေနမွန္းေတာ့ ေသခ်ာလွသည္။ သမီးက သူ႔လက္ေမာင္းတစ္ဖက္ကို ခ်စ္ျမတ္နိုးစြာ တြယ္ဖက္ထားသည္။
" သမီးတို႔ ဘန္ေကာက္ေဆးရံုၾကီးကို တန္းသြားမွာ ေဖေဖ "
သူ မ်က္ေမွာင္ၾကဳတ္သည္။
" သမီးအိမ္မွာ တစ္ညေလာက္ အိပ္ျပီးမွ သြားျပရေအာင္ေလ။ ေဖေဖ သမီး ဘယ္လိုေနရ ထိုင္ရတယ္ဆိုတာ ၾကည့္ခ်င္ေသးတယ္ "
သမီးက သက္ျပင္းခ်သည္။
" ဟုတ္ပါရဲ႕။ ဒါေပမဲ႔ ေဆးရံုက ဒီလိုၾကိဳခ်ိန္းျပီး စစ္ေဆးတာမ်ိဳးဆိုရင္ ဘြတ္ကင္ၾကိဳတင္ရတာ ေဖေဖရဲ႕။ ဒီေန႔ေတာ့ ေဆးရံုပဲ သြားၾကရေအာင္ပါ။ ေဖေဖ ေဆးရံုဆင္းေတာ့ သမီးအိမ္မွာ ခဏေနတာေပါ႔ "
သူ သက္ျပင္းခ်၍ ေခါင္းျငိမ့္မိသည္။ ေလဆိပ္ေကာ္ရစ္တာအတိုင္း လမ္းေလ်ွာက္လာစဥ္ ျမန္မာဟုထင္ရေသာ လူငယ္စံုတြဲတစ္တြဲက လက္လွမ္းျပသည္။
" ဟာ ... မ်ိဳးတို႔ပါလား။ ေဖေဖ မ်ိဳးကို မွတ္မိတယ္မဟုတ္လား "
သမီးေျပာသည့္ မ်ိဳးဆိုေသာမိန္းကေလးက အလြန္ခ်စ္စရာေကာင္းေသာ တစ္နွစ္သားအရြယ္ ကေလးငယ္တစ္ဦးကို ခါးထစ္ခြင္၍ ခ်ီထာသည္။ ကေလးက သူ႔ကို လွမ္းရယ္ျပေနသျဖင့္ ခ်စ္စရာေကာင္းေသာ ကေလး၏ပါးေလးကို သူ မနာေအာင္ ဖြဖြ ဆြဲလိုက္သည္။
" သမီးက ဦးအိမ္ကို ခဏခဏ ေရာက္ဖူးတယ္။ သမီနဲ႔ ဦးသမီးက ယူအက္ဖ္အယ္လ္မွာ အတူတူေလ "
" ဟုတ္လား။ ေတြ႕ရတာ ဝမ္းသာတယ္ကြယ္။ ဘန္ေကာက္မွာပဲ ေနၾကတာလား "
" ဟုတ္ပါတယ္ဦး "
" ဒါ ..... သမီးကေလးလား။ သေဘာေကာင္းလိုက္တာ "
" ေကာင္းသလားမေမးနဲ႔။ ဘယ္သူေခၚေခၚ လိုက္တာပဲ။ ဦး ေခၚၾကည့္ပါလား "
" လာ "
လက္ကမ္းေပးလိုက္ေတာ့ ကေလးက သူ႔အေပၚ ထိုးခ်၍ လိုက္လာသည္။ ကေလးငယ္ငယ္လွလွေလးေတြ မခ်ီရတာၾကာသျဖင့္ ခ်ီရတာ ရင္ထဲတြင္ ေႏြးေႏြးေထြးေထြး ရွိလွသည္။
" ခ်စ္စရာေကာင္းလိုက္တာကြယ္ ။ ေဆးရံုသြားစရာရွိလို႔။ နို႔မို႔ဆို သူ႔ခ်ီခ်င္တာနဲ႔ သမီးတို႔ဆီ လိုက္လည္တယ္ "
မ်ိဳးက ရယ္သည္။
" ဦး ေဆးလာစစ္မွာ ဦးသမီး ေျပာထားပါတယ္ ဦးရဲ႕။ ေဆးရံုဆင္းရင္ ဦးတို႔အိမ္ လာလည္ပါ႔မယ္။ ကေလး ေခၚခဲ႔ပါ႔မယ္ "
" မ်ိဳးတို႔ ဘယ္လာတာလဲ "
သမီးက ဝင္ေမးသည္။ မ်ိဳးက ကေလးကို ျပန္ယူသည္။
" အမ်ိဳးတစ္ေယာက္ ေရာက္မယ္ဆိုလို႔ လာၾကိဳတာ။ ဒီေန႔ မဟုတ္ဘူးထင္ပါရဲ႕။ ပါမလာဘူး။ အဲဒါ ျပန္မလို႔ လုပ္ေနတုန္း ညည္းတို႔နဲ႔ ဆံုတာ "
" ကဲ ... ဒါဆိုလည္း တို႔ေတြ ေဆးရံုဆက္သြားလိုက္ဦးမယ္ "
" သြား . သြား .. ဦး ... ဂြတ္လပ္ခ္ "
( ၇ )
သူ႔ႏွလံုးေရာဂါမွာ ထင္သေလာက္ မဆိုး။ စတင့္ ေခၚ ႏွလံုးေသြးေၾကာခ်ဲ႕ကိရိယာထည့္ရန္ မလိုအပ္။ စားေဆးမ်ားေပး၍ ျမန္မာျပည္ ျပန္ေစသည္။ ေဆးရံုဆင္းေတာ့ သူ သမီးအိမ္မွာ နွစ္ညေလာက္ လိုက္ေနသည္။ မ်ိဳးတို႔သားအမိလည္း တစ္ေနကုန္ တစ္ေနခန္း လာလည္သည္။ ညပိုင္း သူတို႔ျပန္ေတာ့ သူ သမီးကို စြန္႔စား၍ စကား စၾကည့္သည္။
" သမီး ... ေမာင္ေဇာ္ေရာ "
ဇနီးမကြယ္လြန္ခင္က သေဘာတူခ်င္ခ်င္ျဖစ္ေနသည့္ သမီးခ်စ္သူ ေကာင္ေလးအေၾကာင္းကို ေမးေတာ့ သမီးက မ်က္နွာ သိသိသာသာ ပ်က္သြားသည္။ အတန္ၾကာေအာင္ တိတ္ဆိတ္ေနသည္။
" ေဆာရီး သမီး။ မေျပာျပခ်င္ရင္လည္း ရပါတယ္ "
" ေဖေဖ "
သမီးက သက္မတစ္ခ်က္ ရွိဳက္သည္။
" သူ အက်င့္စာရိတၱ သိပ္မေကာင္းဘူးေဖေဖ။ သမီး ေနာက္ပိုင္းမွ သိလာရေတာ့ သူ႔ကို ျဖတ္လိုက္တယ္ "
သူ စာၾကည့္မ်က္မွန္ေပၚမွ သမီးကို ေက်ာ္ၾကည့္သည္။
" သမီး ေမေမ သိသြားလား "
" သိတယ္ ေဖေဖ "
လက္စသတ္ေတာ့ သမီးအိမ္ေထာင္ေရးကို သိခြင့္မရွိသူမွာ သူတစ္ေယာက္တည္းသာပါလား။
" ေမေမမွ မရွိေတာ့တာ သမီးရယ္။ ေဖေဖ႔ကို ေျပာျပမွေပါ႔ "
သမီးက ဖြဖြ ရယ္သည္။
" ေဖေဖက ငယ္ငယ္ကတည္းက သမီးကို နည္းနည္းမွ မွားေစခ်င္ ေပ်ာ့ညံ႔ေစခ်င္တာမဟုတ္ဘူး။ သမီးမွားတာရွိရင္ ေဖေဖ႔ကို မေျပာရဲဘူး။ ေမေမက ဘာေျပာေျပာ ျပႆနာမရွိဘူးပဲ ေျပာတာ "
သူ သက္ျပင္းခ်သည္။
" ျပႆနာရွိတာကို ရွိေၾကာင္း ေထာက္ျပဖို႔ ေဖေဖ႔မွာ တာဝန္ရွိတယ္မဟုတ္လား "
သမီး ေခါင္းျငိမ္႔သည္။
" ေဖေဖ မွန္ပါတယ္။ ျပင္မရေတာ့တဲ႔ အမွားမ်ိဳးက်ေတာ့လည္း မိဘက ခြင့္လႊတ္ဖို႔ သားသမီးက ေမ်ွာ္လင့္တတ္ၾကတာေလ။ ေမေမက အျမဲခြင့္လႊတ္ေတာ့ ေမေမ႔ကို ေျပာျပရဲတာေပါ႔ "
သူက ျပံဳးသည္။
" သမီးလည္း ရင့္က်က္တည္ျငိမ္လာျပီပဲကြယ္။ ေဖေဖလည္း ခြင့္လႊတ္မွာေပါ႔။ေနာက္ဆို ဘာျဖစ္ျဖစ္ ေဖေဖ႔ကို ေျပာျပေနာ္ "
သမီးက ေခါင္းျငိမ့္သည္။
" ဟုတ္ကဲ႔ပါ ေဖေဖ "
( ၈ )
ျမဘုရားဝင္းထဲတြင္ ကမ႓ာလွည့္ခရီးသည္မ်ား ၾကိတ္ၾကိတ္တိုး စည္ကားေနသည္။ အလြန္ေခတ္မီပါသည္ဆိုေသာ ထိုင္းနိုင္ငံတြင္ပင္ ဘုရင့္နန္းေတာ္ရာနွင့္ ျမဘုရားဝင္းတို႔၌ ေဘာင္းဘီတိုနွင့္ စကတ္တို ဝတ္ခြင့္မရွိသည္ကို သတိထားမိရင္း သူ ျမန္မာသၾကၤန္ကို စိတ္ပ်က္လက္ပ်က္ သတိရေနမိသည္။
" ေဖေဖ ေနေကာင္းရဲ႕လား "
ေခါင္းျငိမ္႔ျပလိုက္သည္။ သမီးက ဖခင္ၾကီးလက္ကို ခ်စ္ျမတ္နိုးစြာ တြဲထားျမဲ။
" ဓာတ္ပံုေပးမရိုက္ဘူး.... ဟုတ္လား သမီး "
" ဘုရားကိုေတာ့ ေပးမရိုက္ဘူး။ က်န္တဲ႔ေနရာေတာ့ ရိုက္လို႔ရပါတယ္။ ေဖေဖ႔ကို သမီး ရိုက္ေပးမယ္ေလ "
" ေဖေဖက သမီးပံု ယူသြားခ်င္တာ။ သမီးကိုပဲ ေဖေဖ ရိုက္မွာေပါ႔ "
" နွစ္ေယာက္တြဲရိုက္ရင္ ပိုေကာင္းတာေပါ႔။ ဟယ္ .. ကံေကာင္းလိုက္တာ။ ဟိုမွာ ကိုေအးေအာင္ရယ္ "
ခပ္လွမ္းလွမ္းမွ သမီးအရြယ္ ေယာက်္ားေလးတစ္ေယာက္က လက္ျပေနသည္။ ျပီးေတာ့ လူအုပ္ထဲ တိုးေဝွ႔၍ ေလ်ွာက္လာသည္။
" သမီးနဲ႔ ကုမၸဏီတစ္ခုတည္း လုပ္တာေလ။ ကိုေအးေအာင္တဲ႔ "
မြန္ရည္ပံုရေသာလူငယ္က လက္ဆြဲမနွဳတ္ဆက္ပဲ ေခါင္းကေလး ညြတ္ျပသည္။
" ကိုေအးေအာင္.. ေဖေဖနဲ႔ ကြ်န္မကို ဓာတ္ပံုရိုက္ေပးစမ္းပါ။ ျပီးရင္ ကိုေအးေအာင္ကို အေအးတိုက္ပါ႔မယ္ "
" မတိုက္လည္း ရိုက္ေပးပါတယ္ဗ်ာ "
( ၉ )
တာမီနယ္ထဲအဝင္မွာ တစ္ခ်က္လွည့္၍ လက္ျပသည္။ သမီး ၊ မ်ိဳး ၊ မ်ိဳး၏ကေလး ၊ ေမာင္ေအးေအာင္တို႔အားလံုး လက္ျပန္ျပသည္။ တစ္ခုခုေျပာလိုက္မည္ဟု စိတ္ကူးနွင့္ တစ္ခ်က္ လွည့္ၾကည့္သည္။ ျပီးေတာ့ စိတ္ေျပာင္း၍ ေလယာဥ္ဆီသို႔ ဆက္ေလ်ွာက္သြားခဲ႔သည္။ ေလယာဥ္ေပၚမွာ ေနရာယူျပီးေတာ့ ေလယာဥ္မယ္ေလးက ေခါင္းေပၚမွ ေလေအးစက္ခလုတ္ကို သူ႔မ်က္နွာတည့္တည့္ ခ်ိန္ေပးျပီး " အဲဒီအတိုင္း နွစ္သက္ပါသလား " ဟု ယိုးဒယားသံဝဲဝဲ အဂၤလိပ္စကားနွင့္ ေမးသည္။ ျပံဳး၍ ေခါင္းျငိမ္႔ျပလိုက္သည္။
တစ္နာရီခြဲခန္႔ခရီး။ ေလယာဥ္ထဲေရာက္ျပီး မၾကာခင္ သူ အိပ္ေပ်ာ္သြားသည္။
( ၁၀ )
သမီးက တစ္နွစ္။ ယိုင္ထိုး ယိုင္ထိုးနွင့္ တေတာက္ေတာက္ ေလ်ွာက္လာျပီး သူ႔ေရွ႕ ေရာက္လာသည္။ မ်က္လံုးဝိုင္းဝိုင္း လွလွေလးနွင့္ သူ႔ကို ေမာ့ၾကည့္သည္။
" သမီးေလး "
" ရွင္.. ေဖေဖ "
အိပ္မက္ထဲမွာေတာ့ တစ္နွစ္သား သမီးေလးက စကားေကာင္းေကာင္း ေျပာတတ္ေနေလသည္။
" မ်ိဳး ခ်ီထားတာ ေဖေဖ႔ေျမး မဟုတ္လား "
သမီးက ေခါင္းျငိမ္႔ျပသည္။
" ေျပာျပေရာေပါ႔ သမီးရယ္ "
" ေမာင္ေဇာ္နဲ႔ ရခဲ႔တာ ေဖေဖ။ ဒီေကာင္ကလည္း တာဝန္မယူေတာ့ သမီး ဆင္ဂယ္လ္မားသား ( အိမ္ေထာင္မရွိကေလးအေမ ) ျဖစ္ေနတာ ေဖေဖမသိေစခ်င္ပါဘူး။ ဒါေၾကာင့္ မ်ိဳးကို အကူညီေတာင္းရတာ။ အဘိုးနဲ႔ ေျမးေတာ့လည္း ေတြ႕ေပးေစခ်င္တယ္ေလ "
" ေမာင္ေအးေအာင္ကေတာ့ ခြင့္လႊတ္တယ္မဟုတ္လား "
" ဒါလည္း ေဖေဖ သိတာပဲ "
" ေမာင္ေအးေအာင္က ဘန္ေကာက္မွာေနတာ။ ဧည့္သည္မပါပဲ ျမဘုရားလာစရာ အၾကာင္းမွမရွိတာသမီးရယ္။ ေဖေဖနဲ႔ ေတြ႕ေပးခ်င္လို႔ သမီးေစာင့္ခိုင္းထားတာသာ ျဖစ္ရေတာ့မွာေပါ႔ "
သမီးက ေခါင္းညိတ္ျပသည္။
" သမီးေျခလွမ္းမွားလည္း ေဖေဖ႔သမီးပါပဲ။ ေခ်ာ္လဲလည္း ေဖေဖ႔သမီးပါပဲကြယ္။ ေဖေဖ႔ကို အကုန္ေျပာျပမွေပါ႔ "
" သမီးေၾကာက္တယ္ ေဖေဖ "
သက္ျပင္းခ်မိသည္။
" ေဖေဖမ်ား သမီးကို ခ်စ္ျပခဲ႔တာ မွားခဲ႔ေလသလားသမီးရယ္ "
" ေဖေဖ မမွားပါဘူး။ ဒါေပမဲ႔ ေမေမက ပိုမွန္သလိုပဲ "
သမီးက ယိုင္ထုိး ယိုင္ထိုး အေဝးသို႔ ျပန္ေလ်ွာက္သြားပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ( လကၤာရည္ေက်ာ္ )ဇီဝကမဂၢဇင္း

# Unicode Version ျဖင့္ ဖတ္ပါ #
( ၁ )သမီးကလေး တစ်နှစ်မပြည့်တပြည့်။ အူးအူး အားအား အသံလေးတွေ လုပ်တတ်ပြီ။ ကုလားထိုင်တွေ ကိုင်၍ ရွေ့ကာ ရွေ့ကာ သွားတတ်ပြီ။ ရွေ့ရင်းက သူ့ရှေ့ ရောက်လာသည်။ သူ့မျက်နှာကို မော့ကြည့်သည်။
" ဖေဖေ ဒီမှာ တွေ့လား။ သမီး လမ်းလျှောက်တတ်ပြီ "
မျက်လုံးလေးက အဲသလို ဝင့်ဝါနေသည်။ သူက ပြုံး၍ ခေါင်းခါပြလိုက်သည်။
" လက်လွှတ်ပြီး ရပ်နိုင်အောင် ကြိုးစား သမီး။ သူများတွေ သမီးအရွယ်မှာ လက်လွှတ်ပြီး လျှောက်နေကြပြီ "
သမီးလေးမျက်လုံးထဲက ကြည်နူးရိပ်တွေ ပျောက်သွားသည်။ အဲသည်အချိန်မှာ ဇနီးဖြစ်သူက
" သမီးလေး.... ရပ်နိုင်ပေ့ ......ဟေ့ .... ရပ်နိုင်ပေ့ " ဟု လက်ခုပ်တီးပြီး လှမ်းမြှူသည်။ သမီးလေးက ကုလားထိုင်ကို လက်လွှတ်ပြီး သူ့မိခင်ရှိရာ သူ ပြေးသွားသည်။

( ၂ )သမီးလေးက ၁၆ နှစ်။ သူက နားစပြုပြီ။ စားပွဲနှင့် ကုလားထိုင်နှင့် လုပ်ရသောအလုပ်ဟု ဘယ်လိုပင်ပြောပြော ခါးက ဒုက္ခပေးပြီ။ ကျောရိုးဆစ်တစ်ခုက ကျွံတော့မတဲ့။ အညောင်းမထိုင်နဲ့တဲ့။ အလေးချိန်လျှော့တဲ့။ ဘယ်လိုဖြစ်နိုင်ပါ့မလဲ။ သမီးလေးပညာရေးအတွက် မျက်နှာမငယ်ရအောင် ရှာပေးချင်သေးသည်။ ရှာလျှင် နာမည်။ အညောင်းထိုင်ရမည်။ အဝလွန်မည်။ ခါးကျွံမည်။ ရှောင်လွှဲ၍ မရ။ ရှောင်လွှဲစရာလား။
မိဘအနေနှင့် သူ သိပ်တာဝန်ကျေချင်သည်။ ဆယ်တန်းမှာ သမီးလေး တစ်ခုမှ မခြိုးခြံ မချွေတာစေရ။ ခက်တာက သမီးလေးက အောင်စာရင်းထွက်မှ ဂုဏ်ထူးကို ချွေတာသွားသည်။ ရမှတ်ကို ချွေတာသွားသည်။ သူ ဖြစ်စေချင်သော ဆရာဝန်လောင်း သမီးလေး ဖြစ်မလာခဲ့ပါ။
" ဟိုဘက်တန်းလျားက ကလေးတောင် ဆေးကျောင်းဝင်သေးတယ်ကွာ "
မကျေမနပ်နှင့် မြည်တွန်တောက်တီးတော့ ငိုနေသောသမီးကို သူ့မိခင်က တင်းကျပ်စွာ ဖက်ထားသည်။
" ဒီစာမေးပွဲက ပြန်ဖြေလို့မရဘူး။ ဟိုဘက်အိမ်က ကလေးက ဆေးကျောင်းဝင်သွားလို့ သူ့ကို မိတို့ သားသမီးမတော်နိုင်ဘူး။ သမီးလေး ရိုးရိုးဘွဲ့ရလည်း သမီးဟာ မိတို့သမီးပဲ "
" ဟုတ်ပါတယ်။ ရနိုင်တဲ့အရည်အချင်း မရှိရင် ကိုယ်လည်း မပြောပါဘူး ။ အခုက ဉာဏ်ကောင်းလျက်သားနဲ့ စာ စိတ်မဝင်စားတာ"
" စာ စိတ်ဝင်စားတာ မှန်တယ် မမှန်ဘူးဆိုတာ ကိုရော တကယ်သိလို့လား။ စာရိတ္တမကောင်းရင် ဆူချင်ဆူ။ စာနဲ့ပတ်သက်လို့ လောဘမရှိတာတော့ သူ့ပင်ကိုယ်စရိုက်ပဲလို့ လက်ခံပေးစမ်းပါကိုရယ် "
သူ ပြောစရာစကားမရှိတော့။

( ၃ )နှစ်နှစ်ခန့်ကြာသောအခါ သမီးလေးက သူ ဂုဏ်ယူရမည့် ကိစ္စတစ်ခုကို လုပ်ပြလိုက်သည်။ ဘန်ကောက်တွင် အဝတ်အထည် ဒီဇိုင်းပညာဒီပလိုမာကို စကောလားရှစ်နှင့် ဝင်ခွင့်ရသွားခြင်းဖြစ်သည်။
" အသက်မွေးဝမ်းကျောင်းပညာ တစ်ခုခုဖြစ်ရင် ပိုကောင်းမှာ "
သူက မချင့်မရဲပြောတော့ ဇနီးသည်က ပြုံးသည်။
" ကိုကလည်း အဲဒါ အသက်မွေးဝမ်းကျောင်းပေါ့ "
" ဒီအသက်မွေးဝမ်းကျောင်းက လူတွေကို အပိုအလုပ်တွေ လုပ်ခိုင်းတဲ့အသက်မွေးဝမ်းကျောင်း မိရဲ့။ ကိုက လူတွေကို ကူညီတဲ့ အသက်မွေးဝမ်းကျောင်းမျိုး ဖြစ်စေချင်တာ"
" ပညတ်တွေချည်းပါပဲကိုရယ်။ ကိုလည်း တရားခွေတွေ နားထောင်နေပြီးတော့ "
နောက်ငါးနှစ်အကြာတွင် ဇနီး ကွယ်လွန်လေသည်။

( ၄ )သူ့ကိုယ်သူ ကင်ဆာရောဂါရှိမှန်း စသိသောအချိန်က ဇနီး၏အသက်က ၄၅။ သမီးက ၂၅ နှစ်။ သမီးက ချစ်သူရှိနေပြီ။ သူ့လိုပင် ဘန်ကောက်ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေသည်။ ကောင်လေးကို ဇနီးက သဘောကျသည်။ ဆွေကြီးမျိုးကြီးဆိုပဲ။ သူ မျက်စိမမှိတ်ခင် စီစဉ်ပေးခဲ့ချင်သည် ပြောသည်။
နောက်တော့ ဘာတွေဖြစ်ကြသည်မသိ။ ကောင်လေးနှင့်သမီး လက်ထပ်သည့်ကိစ္စ အရင်ဖြစ်မလာပဲ ဇနီးဆုံးသည့်ကိစ္စက အရင်ဖြစ်လာသည်။ သမီးကလည်း ငို။ သူကလည်း ငို။ အဲသည်ကိစ္စ စကားမစဖြစ်လိုက်ကြ

( ၅ )ဇနီးဆုံးတော့ သူနှင့်သမီး နည်းနည်း ပိုစိမ်းသွားသည်။
သမီးက ဖုန်းမှန်မှန်ဆက်သော်လည်း သူ့အကြောင်း သူ ပြောပြခဲသည်။
" ဖေဖေ နေကောင်းလား။ မီးမလာတော့ ရာသီဥတုက သိပ်ပူတယ်နော်။ ဖေဖေကျန်းမာရေးကို ဂရုစိုက်။ သမီးနဲ့ ခဏ လာနေမလား "
ဒါမျိုးတွေပဲ များသည်။ သူကတော့ တစ်ခါမှ ပြန်မလာ။ တစ်နှစ်လောက်နေသောအခါ ဖခင်ဖြစ်သူက ဘဝမှာ ပထမဦးဆုံးသော နှလုံးအမောဖောက်မှုနှင့် ရင်ဆိုင်ရသည်။

( ၆ )ဒါလည်း သမီးက ပြန်မလာပါ။ သူ့ဆီ လိုက်လာဖို့သာ ခေါ်သည်။
" ဒီမှာက တစ်ခါဖြစ်လည်း ( stent ) တန်းထည့်တာပဲ ဖေဖေရဲ့။ ရေရှည်အတွက် စိတ်အေးရတာပေါ့။ ကုန်ကျစားရိတ်ကို ဘာမှ မပူနဲ့။ ဖေဖေ လှုပ်ရှားသွားလာနိုင်တာနဲ့ လာခဲ့။ သမီးက လောလောဆယ် ဒီက ကုမ္ပဏီအလုပ်တွေနဲ့ ဘယ်လိုမှ ထွက်မရသေးလို့ "
နိုင်ငံခြားတွင် အလုပ်လုပ်နေသော လူငယ်တစ်ယောက် ဖခင်နေမကောင်းတိုင်း မပြန်နိုင်သည်ကို သူ ကောင်းစွာ သဘောပေါက်သဖြင့် အပြစ်မမြင်မိ။ မြန်မာနိုင်ငံမှ ဆွေမျိုးဉာတိ တပည့်တပန်းတို့ကလည်း သမီးဆီလိုက်၍ ဆေးကုရန် တိုက်တွန်းကြသည်။ နောက်ဆုံးတော့ အနည်းငယ် ကျန်းမာလာခိုက်တွင် သူ ဘန်ကောက်သို့ ခရီးနှင်ဖြစ်သည်။
သမီးက လေဆိပ်တွင် လာကြိုသည်။ သမီး ဝတ်ထားစားထားပုံ ၊ နေပုံထိုင်ပုံ ၊ ပြောပုံဆိုပုံအရ သမီးသည် လစာကောင်းသော အရာရှိအဆင့် ဝန်ထမ်းတစ်ဦးဖြစ်နေမှန်းတော့ သေချာလှသည်။ သမီးက သူ့လက်မောင်းတစ်ဖက်ကို ချစ်မြတ်နိုးစွာ တွယ်ဖက်ထားသည်။
" သမီးတို့ ဘန်ကောက်ဆေးရုံကြီးကို တန်းသွားမှာ ဖေဖေ "
သူ မျက်မှောင်ကြုတ်သည်။
" သမီးအိမ်မှာ တစ်ညလောက် အိပ်ပြီးမှ သွားပြရအောင်လေ။ ဖေဖေ သမီး ဘယ်လိုနေရ ထိုင်ရတယ်ဆိုတာ ကြည့်ချင်သေးတယ် "
သမီးက သက်ပြင်းချသည်။
" ဟုတ်ပါရဲ့။ ဒါပေမဲ့ ဆေးရုံက ဒီလိုကြိုချိန်းပြီး စစ်ဆေးတာမျိုးဆိုရင် ဘွတ်ကင်ကြိုတင်ရတာ ဖေဖေရဲ့။ ဒီနေ့တော့ ဆေးရုံပဲ သွားကြရအောင်ပါ။ ဖေဖေ ဆေးရုံဆင်းတော့ သမီးအိမ်မှာ ခဏနေတာပေါ့ "
သူ သက်ပြင်းချ၍ ခေါင်းငြိမ့်မိသည်။ လေဆိပ်ကော်ရစ်တာအတိုင်း လမ်းလျှောက်လာစဉ် မြန်မာဟုထင်ရသော လူငယ်စုံတွဲတစ်တွဲက လက်လှမ်းပြသည်။
" ဟာ ... မျိုးတို့ပါလား။ ဖေဖေ မျိုးကို မှတ်မိတယ်မဟုတ်လား "
သမီးပြောသည့် မျိုးဆိုသောမိန်းကလေးက အလွန်ချစ်စရာကောင်းသော တစ်နှစ်သားအရွယ် ကလေးငယ်တစ်ဦးကို ခါးထစ်ခွင်၍ ချီထာသည်။ ကလေးက သူ့ကို လှမ်းရယ်ပြနေသဖြင့် ချစ်စရာကောင်းသော ကလေး၏ပါးလေးကို သူ မနာအောင် ဖွဖွ ဆွဲလိုက်သည်။
" သမီးက ဦးအိမ်ကို ခဏခဏ ရောက်ဖူးတယ်။ သမီနဲ့ ဦးသမီးက ယူအက်ဖ်အယ်လ်မှာ အတူတူလေ "
" ဟုတ်လား။ တွေ့ရတာ ဝမ်းသာတယ်ကွယ်။ ဘန်ကောက်မှာပဲ နေကြတာလား "
" ဟုတ်ပါတယ်ဦး "
" ဒါ ..... သမီးကလေးလား။ သဘောကောင်းလိုက်တာ "
" ကောင်းသလားမမေးနဲ့။ ဘယ်သူခေါ်ခေါ် လိုက်တာပဲ။ ဦး ခေါ်ကြည့်ပါလား "
" လာ "
လက်ကမ်းပေးလိုက်တော့ ကလေးက သူ့အပေါ် ထိုးချ၍ လိုက်လာသည်။ ကလေးငယ်ငယ်လှလှလေးတွေ မချီရတာကြာသဖြင့် ချီရတာ ရင်ထဲတွင် နွေးနွေးထွေးထွေး ရှိလှသည်။
" ချစ်စရာကောင်းလိုက်တာကွယ် ။ ဆေးရုံသွားစရာရှိလို့။ နို့မို့ဆို သူ့ချီချင်တာနဲ့ သမီးတို့ဆီ လိုက်လည်တယ် "
မျိုးက ရယ်သည်။
" ဦး ဆေးလာစစ်မှာ ဦးသမီး ပြောထားပါတယ် ဦးရဲ့။ ဆေးရုံဆင်းရင် ဦးတို့အိမ် လာလည်ပါ့မယ်။ ကလေး ခေါ်ခဲ့ပါ့မယ် "
" မျိုးတို့ ဘယ်လာတာလဲ "
သမီးက ဝင်မေးသည်။ မျိုးက ကလေးကို ပြန်ယူသည်။
" အမျိုးတစ်ယောက် ရောက်မယ်ဆိုလို့ လာကြိုတာ။ ဒီနေ့ မဟုတ်ဘူးထင်ပါရဲ့။ ပါမလာဘူး။ အဲဒါ ပြန်မလို့ လုပ်နေတုန်း ညည်းတို့နဲ့ ဆုံတာ "
" ကဲ ... ဒါဆိုလည်း တို့တွေ ဆေးရုံဆက်သွားလိုက်ဦးမယ် "
" သွား . သွား .. ဦး ... ဂွတ်လပ်ခ် "
( ၇ )
သူ့နှလုံးရောဂါမှာ ထင်သလောက် မဆိုး။ စတင့် ခေါ် နှလုံးသွေးကြောချဲ့ကိရိယာထည့်ရန် မလိုအပ်။ စားဆေးများပေး၍ မြန်မာပြည် ပြန်စေသည်။ ဆေးရုံဆင်းတော့ သူ သမီးအိမ်မှာ နှစ်ညလောက် လိုက်နေသည်။ မျိုးတို့သားအမိလည်း တစ်နေကုန် တစ်နေခန်း လာလည်သည်။ ညပိုင်း သူတို့ပြန်တော့ သူ သမီးကို စွန့်စား၍ စကား စကြည့်သည်။
" သမီး ... မောင်ဇော်ရော "
ဇနီးမကွယ်လွန်ခင်က သဘောတူချင်ချင်ဖြစ်နေသည့် သမီးချစ်သူ ကောင်လေးအကြောင်းကို မေးတော့ သမီးက မျက်နှာ သိသိသာသာ ပျက်သွားသည်။ အတန်ကြာအောင် တိတ်ဆိတ်နေသည်။
" ဆောရီး သမီး။ မပြောပြချင်ရင်လည်း ရပါတယ် "
" ဖေဖေ "
သမီးက သက်မတစ်ချက် ရှိုက်သည်။
" သူ အကျင့်စာရိတ္တ သိပ်မကောင်းဘူးဖေဖေ။ သမီး နောက်ပိုင်းမှ သိလာရတော့ သူ့ကို ဖြတ်လိုက်တယ် "
သူ စာကြည့်မျက်မှန်ပေါ်မှ သမီးကို ကျော်ကြည့်သည်။
" သမီး မေမေ သိသွားလား "
" သိတယ် ဖေဖေ "
လက်စသတ်တော့ သမီးအိမ်ထောင်ရေးကို သိခွင့်မရှိသူမှာ သူတစ်ယောက်တည်းသာပါလား။
" မေမေမှ မရှိတော့တာ သမီးရယ်။ ဖေဖေ့ကို ပြောပြမှပေါ့ "
သမီးက ဖွဖွ ရယ်သည်။
" ဖေဖေက ငယ်ငယ်ကတည်းက သမီးကို နည်းနည်းမှ မှားစေချင် ပျော့ညံ့စေချင်တာမဟုတ်ဘူး။ သမီးမှားတာရှိရင် ဖေဖေ့ကို မပြောရဲဘူး။ မေမေက ဘာပြောပြော ပြဿနာမရှိဘူးပဲ ပြောတာ "
သူ သက်ပြင်းချသည်။
" ပြဿနာရှိတာကို ရှိကြောင်း ထောက်ပြဖို့ ဖေဖေ့မှာ တာဝန်ရှိတယ်မဟုတ်လား "
သမီး ခေါင်းငြိမ့်သည်။
" ဖေဖေ မှန်ပါတယ်။ ပြင်မရတော့တဲ့ အမှားမျိုးကျတော့လည်း မိဘက ခွင့်လွှတ်ဖို့ သားသမီးက မျှော်လင့်တတ်ကြတာလေ။ မေမေက အမြဲခွင့်လွှတ်တော့ မေမေ့ကို ပြောပြရဲတာပေါ့ "
သူက ပြုံးသည်။
" သမီးလည်း ရင့်ကျက်တည်ငြိမ်လာပြီပဲကွယ်။ ဖေဖေလည်း ခွင့်လွှတ်မှာပေါ့။နောက်ဆို ဘာဖြစ်ဖြစ် ဖေဖေ့ကို ပြောပြနော် "
သမီးက ခေါင်းငြိမ့်သည်။
" ဟုတ်ကဲ့ပါ ဖေဖေ "
( ၈ )
မြဘုရားဝင်းထဲတွင် ကမ္ဘာလှည့်ခရီးသည်များ ကြိတ်ကြိတ်တိုး စည်ကားနေသည်။ အလွန်ခေတ်မီပါသည်ဆိုသော ထိုင်းနိုင်ငံတွင်ပင် ဘုရင့်နန်းတော်ရာနှင့် မြဘုရားဝင်းတို့၌ ဘောင်းဘီတိုနှင့် စကတ်တို ဝတ်ခွင့်မရှိသည်ကို သတိထားမိရင်း သူ မြန်မာသင်္ကြန်ကို စိတ်ပျက်လက်ပျက် သတိရနေမိသည်။
" ဖေဖေ နေကောင်းရဲ့လား "
ခေါင်းငြိမ့်ပြလိုက်သည်။ သမီးက ဖခင်ကြီးလက်ကို ချစ်မြတ်နိုးစွာ တွဲထားမြဲ။
" ဓာတ်ပုံပေးမရိုက်ဘူး.... ဟုတ်လား သမီး "
" ဘုရားကိုတော့ ပေးမရိုက်ဘူး။ ကျန်တဲ့နေရာတော့ ရိုက်လို့ရပါတယ်။ ဖေဖေ့ကို သမီး ရိုက်ပေးမယ်လေ "
" ဖေဖေက သမီးပုံ ယူသွားချင်တာ။ သမီးကိုပဲ ဖေဖေ ရိုက်မှာပေါ့ "
" နှစ်ယောက်တွဲရိုက်ရင် ပိုကောင်းတာပေါ့။ ဟယ် .. ကံကောင်းလိုက်တာ။ ဟိုမှာ ကိုအေးအောင်ရယ် "
ခပ်လှမ်းလှမ်းမှ သမီးအရွယ် ယောကျ်ားလေးတစ်ယောက်က လက်ပြနေသည်။ ပြီးတော့ လူအုပ်ထဲ တိုးဝှေ့၍ လျှောက်လာသည်။
" သမီးနဲ့ ကုမ္ပဏီတစ်ခုတည်း လုပ်တာလေ။ ကိုအေးအောင်တဲ့ "
မွန်ရည်ပုံရသောလူငယ်က လက်ဆွဲမနှုတ်ဆက်ပဲ ခေါင်းကလေး ညွတ်ပြသည်။
" ကိုအေးအောင်.. ဖေဖေနဲ့ ကျွန်မကို ဓာတ်ပုံရိုက်ပေးစမ်းပါ။ ပြီးရင် ကိုအေးအောင်ကို အအေးတိုက်ပါ့မယ် "
" မတိုက်လည်း ရိုက်ပေးပါတယ်ဗျာ "
( ၉ )
တာမီနယ်ထဲအဝင်မှာ တစ်ချက်လှည့်၍ လက်ပြသည်။ သမီး ၊ မျိုး ၊ မျိုး၏ကလေး ၊ မောင်အေးအောင်တို့အားလုံး လက်ပြန်ပြသည်။ တစ်ခုခုပြောလိုက်မည်ဟု စိတ်ကူးနှင့် တစ်ချက် လှည့်ကြည့်သည်။ ပြီးတော့ စိတ်ပြောင်း၍ လေယာဉ်ဆီသို့ ဆက်လျှောက်သွားခဲ့သည်။ လေယာဉ်ပေါ်မှာ နေရာယူပြီးတော့ လေယာဉ်မယ်လေးက ခေါင်းပေါ်မှ လေအေးစက်ခလုတ်ကို သူ့မျက်နှာတည့်တည့် ချိန်ပေးပြီး " အဲဒီအတိုင်း နှစ်သက်ပါသလား " ဟု ယိုးဒယားသံဝဲဝဲ အင်္ဂလိပ်စကားနှင့် မေးသည်။ ပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။
တစ်နာရီခွဲခန့်ခရီး။ လေယာဉ်ထဲရောက်ပြီး မကြာခင် သူ အိပ်ပျော်သွားသည်။
( ၁၀ )
သမီးက တစ်နှစ်။ ယိုင်ထိုး ယိုင်ထိုးနှင့် တတောက်တောက် လျှောက်လာပြီး သူ့ရှေ့ ရောက်လာသည်။ မျက်လုံးဝိုင်းဝိုင်း လှလှလေးနှင့် သူ့ကို မော့ကြည့်သည်။
" သမီးလေး "
" ရှင်.. ဖေဖေ "
အိပ်မက်ထဲမှာတော့ တစ်နှစ်သား သမီးလေးက စကားကောင်းကောင်း ပြောတတ်နေလေသည်။
" မျိုး ချီထားတာ ဖေဖေ့မြေး မဟုတ်လား "
သမီးက ခေါင်းငြိမ့်ပြသည်။
" ပြောပြရောပေါ့ သမီးရယ် "
" မောင်ဇော်နဲ့ ရခဲ့တာ ဖေဖေ။ ဒီကောင်ကလည်း တာဝန်မယူတော့ သမီး ဆင်ဂယ်လ်မားသား ( အိမ်ထောင်မရှိကလေးအမေ ) ဖြစ်နေတာ ဖေဖေမသိစေချင်ပါဘူး။ ဒါကြောင့် မျိုးကို အကူညီတောင်းရတာ။ အဘိုးနဲ့ မြေးတော့လည်း တွေ့ပေးစေချင်တယ်လေ "
" မောင်အေးအောင်ကတော့ ခွင့်လွှတ်တယ်မဟုတ်လား "
" ဒါလည်း ဖေဖေ သိတာပဲ "
" မောင်အေးအောင်က ဘန်ကောက်မှာနေတာ။ ဧည့်သည်မပါပဲ မြဘုရားလာစရာ အကြာင်းမှမရှိတာသမီးရယ်။ ဖေဖေနဲ့ တွေ့ပေးချင်လို့ သမီးစောင့်ခိုင်းထားတာသာ ဖြစ်ရတော့မှာပေါ့ "
သမီးက ခေါင်းညိတ်ပြသည်။
" သမီးခြေလှမ်းမှားလည်း ဖေဖေ့သမီးပါပဲ။ ချော်လဲလည်း ဖေဖေ့သမီးပါပဲကွယ်။ ဖေဖေ့ကို အကုန်ပြောပြမှပေါ့ "
" သမီးကြောက်တယ် ဖေဖေ "
သက်ပြင်းချမိသည်။
" ဖေဖေများ သမီးကို ချစ်ပြခဲ့တာ မှားခဲ့လေသလားသမီးရယ် "
" ဖေဖေ မမှားပါဘူး။ ဒါပေမဲ့ မေမေက ပိုမှန်သလိုပဲ "
သမီးက ယိုင်ထိုး ယိုင်ထိုး အဝေးသို့ ပြန်လျှောက်သွားပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ( လင်္ကာရည်ကျော် )ဇီဝကမဂ္ဂဇင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top