AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

အလွကုန္ပစၥည္းေတြဟာ အမ်ိဳးသားေရာ အမ်ိဳးသမီးေတြရဲ႕ေန႔စဥ္ဘဝမွာ တစ္စိတ္တစ္ေဒသအျဖစ္ပါဝင္လာေနပါတယ္။ လုပ္ငန္းလိုအပ္ခ်က္အရ ျဖစ္ျဖစ္ ကိုယ္တိုင္က အလွအပကို ျမတ္နိုးလို႔ျဖစ္ျဖစ္ အလွျပင္ဆင္တာကို အမ်ိဳးသားေရာ အမ်ိဳးသမီးေတြပါလုပ္လာၾကပါတယ္။ အမ်ိဳးသားေတြအေနနဲ႔လည္း အလွအပျပင္ဆင္တာကို စိတ္ဝင္စားမႈက ယခင္ကာလေတြကထက္ပိုမ်ားလာပါတယ္။

အမ်ိုးသမီးေလးေတြကေတာ့ ေျပာစရာေတာင္မလိုေလာက္ပါဘူး။ မိန္းကေလးေတြက ဗီဇအရအလွအပကိုျမတ္ႏိုးတတ္သူေတြလို႔ဆိုရပါမယ္။ အမ်ိဳးသမီးေတြဟာ ပ်မ္းမွ်အားျဖင့္ တစ္ေန႔ကို အလွအပထိန္းသိမ္းေရးပစၥည္း ၁၂ ခုေလာက္အသံုးျပဳေလ့ရွိၾကတယ္လို႔ Environmental Working Group (EWG) ရဲ႕စစ္တမ္းေကာက္ယူခ်က္အရ သိရပါတယ္။

ဒီေန႔ေခတ္မွာ အလွကုန္ေတြက ေရြးခ်ယ္စရာေတြအရမ္းမ်ားေတာ့ သံုးစြဲသူေတြအေနနဲ႔ ကိုယ္နဲ႔လိုက္ဖက္မယ့္ ပစၥည္းမ်ိဳး ကို ေရြးခ်ယ္၀ယ္ယူႏုိင္ဖို႔ အလွအပက႑အေၾကာင္း ထိုက္သင့္သေလာက္ နားလည္ထားဖို႔ လိုအပ္လာပါျပီ။ ေကာင္းက်ိဳး ဆိုးက်ိဳးေတြက ဘာေတြလဲ၊ ေရတိုေရရွည္ ဘယ္လိုသက္ေရာက္မႈေတြရွိမလဲစတာေတြကို သံုးစြဲသူေတြအေနနဲ႔ သိရွိေနဖို႔လိုအပ္ပါတယ္။

အလွကုန္ဝယ္ယူတဲ့အခါ အသားအေရအမ်ိဳးအစားနဲ႔လိုက္ဖက္မႈရွိ၊မရွိ၊ က်န္းမာေရးနဲ႔ညီညြတ္ေအာင္ထုတ္လုပ္ထားရဲ႕လားဆိုတာအျပင္ အဆိပ္အေတာက္ျဖစ္ေစတဲ့ ပစၥည္းေတြပါဝင္ေန၊မေနကိုပါ ေသေသခ်ာခ်ာၾကည့္ရႈ႕ဖို႔လိုအပ္ပါတယ္။ ဝယ္ယူမယ့္ အလွကုန္ေပၚမွာ သဘာဝအတိုင္းထုတ္လုပ္ထားတယ္ဆိုတိုင္း အလြယ္တကူယံုၾကည္လိုက္တာမ်ိဳး မျဖစ္ေစဖို႔လည္း လိုပါတယ္။

အလွျပင္တဲ့အခါ အသားအေရမပ်က္စီးေစဖို႔နဲ႔ တာရွည္ခံလွပေနေစဖို႔ အသားအေရထိန္းသိမ္းတဲ့ပစၥည္းေတြကေနစလို႔ လွပေအာင္ျခယ္မႈန္းရတဲ့အထိ အႏုပညာဆန္ဆန္အဆင့္ဆင့္ လူးျခယ္ရသလို ျပီးျပည့္စံုတဲ့လွပမႈတစ္ရပ္ျဖစ္ေစဖို႔ အခ်ိန္လည္း ေတာ္ေတာ္ေပးရပါတယ္။ ဒီေနရာမွာ ေျပာျပခ်င္တာက အလွကုန္ပစၥည္းတိုင္း က်န္းမာေရးနဲ႔မညီညြတ္တာမဟုတ္ပါဘူး။ အလွၾကိဳက္တဲ့သူေတြအတြက္ အခ်ိန္အမ်ားၾကီးလည္း ေပးစရာမလို က်န္းမာေရးနဲ႔ ညီညြတ္ျပီး လွပေစတဲ့ အလွကုန္ပစၥည္းေတြလည္းရွိပါတယ္ အဲဒီအလွကုန္ပစၥည္းေတြထဲကမွ moisturizer၊ primer၊ sunscreen၊  skin treatment၊ concealer နဲ႔ foundation ေတြအားလံုးကိုေပါင္းစပ္ထုတ္လုပ္ထားတဲ့ BB cream အေၾကာင္း မိတ္ဆက္ေပးခ်င္တယ္။ အလွျပင္ဖို႔အခ်ိန္မေပးႏုိင္တဲ့ ပ်ိဳေမေတြအတြက္ BB Cream က ျပည့္စံုတဲ့ လွပမႈနဲ႔ က်န္းမာမႈကိုပါ ပိုင္ဆိုင္နိုင္ေစမွာျဖစ္ပါတယ္။

BB Cream ဆိုတာကဘာမ်ားလဲ။

BB ဆိုတာ Beauty Balm ကို ကိုယ္စားျပဳၿပီး BB cream တစ္ခုတည္းနဲ႔ အသားအေရကိုထိန္းသိမ္းမႈေရာ လွပမႈေရာေပးႏိုင္ပါ့မလားလို႔ သံသယျဖစ္ေကာင္းျဖစ္ၾကပါလိမ့္မယ္။ သံသယကင္းကင္းထားလိုက္ၾကပါလို႔ အၾကံျပဳလိုက္ပါရေစ။ BB cream အမ်ားစုမွာ SPF 30  ဒါမွမဟုတ္ 30 ထက္ပိုမ်ားတဲ့ပမာဏပါဝင္ေနျပီး ေနေရာင္ေၾကာင့္ အသားအေရထိခိုက္ပ်က္စီးမႈကိုကာကြယ္ေပးပါတယ္။ BB cream ေတြမွာ ဇင့္ေအာက္ဆိုဒ္နဲ႔ တိုက္ေတနီယမ္ေအာက္ဆိုဒ္တို႔လိုမ်ိဳး ေနေရာင္ေၾကာင့္ အသားအေရထိခိုက္ပ်က္စီးမႈကို ကာကြယ္ေပးတဲ့အာနိသင္ေတြပါဝင္ေနပါတယ္။

BB cream ေတြမွာ အသားအေရကိုထိန္းသိမ္းေပးႏိုင္မယ့္

    ဗီတာမင္ A၊ E နဲ႔ C တို႔လိုမ်ိဳး ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြနဲ႔ peptides လိုမ်ိဳး အရြယ္တင္ ေစႏိုင္တဲ့ ျဒပ္ေပါင္းေတြပါဝင္ေနပါတယ္။
    hyaluronic acid နဲ႔ glycerin လိုမ်ိဳး အစိုဓာတ္ထိန္းေပးတဲ့ ျဒပ္ေပါင္းေတြလည္းပါဝင္ပါတယ္။
    အသားအေရာင္ကို ျဖဴစင္ေစေအာင္ အေထာက္အကူျပဳတဲ့ licorice နဲ႔ arbutin တို႔လည္းပါဝင္ေနပါတယ္။
    အသားအေရကိုေတာက္ပေစတဲ့ ျဒပ္ေပါင္းေတြလည္းပါဝင္ေနပါတယ္။
    ေနာက္တစ္ခုက BB cream ေတြမွာ အသားအေရကိုေခ်ာေမြ႔ေစတဲ့ ျဒပ္ေပါင္းေတြလည္းပါဝင္ေနပါတယ္။

BB cream က သယ္ေဆာင္ရလြယ္ကူသလို နည္းနည္းေလာက္လိမ္းေပးရံုနဲ႔ အသားအေရအတြက္အက်ိဳးျပဳေပးတဲ့အျပင္ အခ်ိန္ကုန္သက္သာစြာနဲ႔လွပမႈကိုပါရရွိေစမွာျဖစ္ပါတယ္။ BB cream ကမိတ္ကပ္အထူၾကီး လိမ္းျခယ္စရာ မလိုဘဲနဲ႔  ျပီးျပည့္စံုတဲ့အလွအပကိုရရွိေစႏိုင္တဲ့ ခရင္မ္တစ္မ်ိဳးပါ။

BB cream က လွပမႈကိုေပးစြမ္းတဲ့အျပင္ အသားအေရကိုလည္းထိန္းသိမ္းေပးပါတယ္။ BB cream ေတြဝယ္ယူတဲ့အခါ တစ္ခုသတိထားရမွာက SPF သာမက PA ပါ။ SPF က အသားအေရ ေလာင္ကၽြမ္းမႈကို ျဖစ္ေစတဲ့ UVB ကို ကာကြယ္ေပးၿပီး SPF မ်ားေလ ကာကြယ္ခ်ိန္ ျမင့္ေလပါ။ PA ဆိုတာက UVA ကိုကာကြယ္ေပးတဲ့အတိုင္းအတာတစ္ခုပါ။ UVA ကအရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္မႈကိုျဖစ္ေပၚေစျပီး မ်က္ႏွာေပၚမွာ အေရးအေၾကာင္းေတြနဲ႔ အစက္အေျပာက္ ေတြကိုျဖစ္ေပၚေစႏိုင္ပါတယ္။ PA ဆိုတဲ့ေနရာမွာလည္း PA +၊ PA ++ နဲ႔ PA +++ ဆိုျပီး အမ်ိဳးမ်ိဳးကြဲျပားပါတယ္။ PA+ ဆိုတာက medium UV radiation ေတြက ေနသာ ကာကြယ္ေပးႏိုင္တာ ျဖစ္ပါတယ္။ PA++ ဆိုတာက  Persistent Pigment Darkening (PPD) ၄ ကေန ၈ အတြင္းပမာဏကို အကာအကြယ္ေပးႏုိင္ တာျဖစ္ျပီး PA+++ ကေတာ့ PPD 8 ထက္ေက်ာ္ေနတဲ့ UVA ကေနကာကြယ္ေပးႏိုင္တယ္လို႔ဆိုလိုတာပါ။ PA+++ က UVA ကိုအျမင့္မားဆံုး ကာကြယ္ေပးထားတယ္လို႔ ဆိုလို႔ရပါတယ္။

အလွကုန္ပစၥည္းေဈးကြက္မွာ SPF ပါတဲ့အလွကုန္ေတြအမ်ားၾကီးရွိေနျပီး အလွကုန္ပစၥည္းအခ်ိဳ႕က ေရာင္းအားေကာင္းေစဖို႔အတြက္ SPF 30 ပါတယ္၊ SPF 30 အထက္ပါဝင္တယ္လို႔ေရးသားေဖာ္ျပထားေပမယ့္ အမွန္တကယ္ပါဝင္မႈမရွိတဲ့အခါ အသားအေရကိုထိခိုက္ပ်က္စီးတာမ်ိဳးျဖစ္ေစႏိုင္ပါတယ္။ ေနာက္တစ္ခ်က္က ေနေရာင္ေအာက္ကိုထြက္မွ  SPF, PA ပါတဲ့အလွကုန္ေတြကို အသံုးျပဳဖို႔လိုတာ မဟုတ္ပါဘူး။ ေနေရာင္ဝင္ေရာက္ႏိုင္တဲ့ ရံုးခန္းေတြ၊အိမ္ခန္းေတြနဲ႔ ကားေတြထဲမွာေနတဲ့သူေတြ အေနနဲ႔လည္း SPF, PA ပါဝင္တဲ့အလွကုန္ေတြကိုအသံုးျပဳေပးဖို႔လိုပါတယ္။ Maybelline ရဲ႕ထုတ္ကုန္တစ္ခုျဖစ္တဲ့ Maybelline BB Super Cover  မွာေတာ့SPF 50 PA++++ ပါဝင္တာေၾကာင့္ UVA ေရာ UVB ကိုပါ အျမင့္မားဆံုး ကာကြယ္ေပးႏိုင္ပါတယ္။ အလွကုန္ေတြေရြးခ်ယ္တဲ့အခါ အသားအေရထိခိုက္မႈနည္းႏုိင္သမွ် နည္းေစဖို႔အတြက္ အေသအခ်ာစိစစ္ေရြးခ်ယ္ဖို႔ကလည္းအေရးၾကီးလွပါတယ္။

တိုးတက္လာတဲ့ျမိဳ႕ျပစနစ္ေၾကာင့္ ညစ္ညမ္းတဲ့ေလထု၊ေရထုေတြနဲ႔ ထိေတြ႔ေနရျပီး အသားအေရထိန္းသိမ္းဖို႔အတြက္အခ်ိန္မရတဲ့ ပ်ိဳေမေတြအေနနဲ႔ တစ္ခုတည္းလိမ္းရံုနဲ႔ ျပည့္စံုတဲ့အလွအပအျပင္ က်န္းမာတဲ့အသားအေရကိုပါ ပိုင္ဆိုင္ခ်င္တယ္ ဆိုရင္ေတာ့ ေနေလာင္ဒဏ္၊ ေလထု ညစ္ညမ္းမႈဒဏ္ ကေနကာကြယ္ေပးျပီး မ်က္ႏွာ အသားအေရကိုေခ်ာေမြ႔ေတာက္ပေစတဲ့အျပင္ မ်က္ႏွာေပၚကအျပစ္အနာအဆာေတြကိုပါ ဖံုးကြယ္ေပးႏိုင္တဲ့ Maybelline BB Super Cover လိုမ်ိဳး BB cream ကိုလိမ္းေပးလို႔ရပါတယ္။အသားအေရအမ်ိဳးအစား အားလံုးအတြက္ အသံုးျပဳေပးလို႔ရေအာင္လည္း ထုတ္လုပ္ထားပါတယ္။

အဆီျပန္တဲ့ အသားအေရပိုင္ရွင္ ေတြကေတာ့ အဆီျပန္တာကို သက္သာေစျပီး အသားအေရေျခာက္ေသြ႔မႈမရွိေအာင္ မ်က္ႏွာကိုေရဓာတ္ျဖည့္ေပးႏိုုင္တဲ့ Maybelline Super BB Fresh Matte လိုမ်ိဳး BB cream ကိုသံုးစြဲေပးလို႔ရပါတယ္။ Cream type ကိုမႏွစ္သက္သူေတြအေနနဲ႔လည္း  Maybelline ရဲ႕ Super BB Cushion လိုမ်ိဳး အလွကုန္ပစၥည္းသံုးစြဲေပးလို႔ရပါတယ္။ Cushion ဆိုတာကေတာ့ အခု ေရပန္းစားေနတဲ့ Liquid Foundation ကို Cushion Sponge ထဲမွာ ထည့္ထားတဲ့ အမ်ိဳးအစားျဖစ္ၿပီး Tap Tap လုပ္ရံုနဲ႔ အခ်ိန္တိုအတြင္း ပါးပါးေျပာင္ေျပာင္ေလးနဲ႔ လွေစပါတယ္။ Technology ေတြ ဆန္းသစ္လာတာနဲ႔အမွ် ယေန႔ေခတ္လူေတြရဲ႕ Living Life Style ကိုပါျဖည့္ဆည္းေပးႏိုင္ဖို႔ အတြက္ Liquid Foundation တစ္ခါ Two Way တစ္ခါ အဆင့္ဆင့္ သံုးဖို႔မလိုေတာ့ဘဲ Cushion တစ္ခုတည္းသံုးရံုနဲ႔ အခ်ိန္တိုအတြင္း ၿပီးျပည့္စံုတဲ့ အလွတရားကို ရရွိေစလို႔ အရမ္း အဆင္ေျပပါတယ္။ Maybelline Super BB Cushion မွာဆိုရင္ Cushion Puff ကအစ Anti Bacteria ျဖစ္တာေၾကာင့္ ကိုယ့္မ်က္ႏွာ အသားအေရ အတြက္ အရမ္း စိတ္ခ်ရၿပီး ခဲေျခာက္သြားမွာ စိုးရိမ္စရာလဲ မလိုပါဘူး၊ ယေန႔ေခတ္မွာ အမ်ိဳးသမီးေတြအတြက္သာမက အမ်ိဳးသားေတြအတြက္ပါ BB cream ေတြ ထြက္ရွိလာေနျပီျဖစ္ပါတယ္။  BB cream ဝယ္ယူတဲ့အခါ ကိုယ့္အသားအေရအေရာင္၊ အမ်ိဳးအစားေတြနဲ႔ လိုက္ဖက္မႈ ရွိေအာင္ ေရြးခ်ယ္ ဖို႔ ေတာ့လိုအပ္လွပါတယ္။ Maybelline ရဲ႕ BB Cream နဲ႔ BB Cushion အားလံုးဟာ 8 Benefits အထိ ပါ၀င္တာေၾကာင့္ တစ္ခုသံုး ရံုနဲ႕ Complete Look ကို ရေစလို႕ အရည္အေသြးျမင့္တဲ့ BB cream ေတြကိုမွန္မွန္ကန္ကန္ေရြးခ်ယ္ျပီး လွပမႈနဲ႔က်န္းမာမႈကို တျပိဳင္နက္ တည္း ပိုင္ဆိုင္ ႏိုင္ၾကပါေစ ေၾကာင္း…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
အလှကုန်ပစ္စည်းတွေဟာ အမျိုးသားရော အမျိုးသမီးတွေရဲ့နေ့စဉ်ဘဝမှာ တစ်စိတ်တစ်ဒေသအဖြစ်ပါဝင်လာနေပါတယ်။ လုပ်ငန်းလိုအပ်ချက်အရ ဖြစ်ဖြစ် ကိုယ်တိုင်က အလှအပကို မြတ်နိုးလို့ဖြစ်ဖြစ် အလှပြင်ဆင်တာကို အမျိုးသားရော အမျိုးသမီးတွေပါလုပ်လာကြပါတယ်။ အမျိုးသားတွေအနေနဲ့လည်း အလှအပပြင်ဆင်တာကို စိတ်ဝင်စားမှုက ယခင်ကာလတွေကထက်ပိုများလာပါတယ်။

အမျိုးသမီးလေးတွေကတော့ ပြောစရာတောင်မလိုလောက်ပါဘူး။ မိန်းကလေးတွေက ဗီဇအရအလှအပကိုမြတ်နိုးတတ်သူတွေလို့ဆိုရပါမယ်။ အမျိုးသမီးတွေဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို အလှအပထိန်းသိမ်းရေးပစ္စည်း ၁၂ ခုလောက်အသုံးပြုလေ့ရှိကြတယ်လို့ Environmental Working Group (EWG) ရဲ့စစ်တမ်းကောက်ယူချက်အရ သိရပါတယ်။

ဒီနေ့ခေတ်မှာ အလှကုန်တွေက ရွေးချယ်စရာတွေအရမ်းများတော့ သုံးစွဲသူတွေအနေနဲ့ ကိုယ်နဲ့လိုက်ဖက်မယ့် ပစ္စည်းမျိုး ကို ရွေးချယ်ဝယ်ယူနိုင်ဖို့ အလှအပကဏ္ဍအကြောင်း ထိုက်သင့်သလောက် နားလည်ထားဖို့ လိုအပ်လာပါပြီ။ ကောင်းကျိုး ဆိုးကျိုးတွေက ဘာတွေလဲ၊ ရေတိုရေရှည် ဘယ်လိုသက်ရောက်မှုတွေရှိမလဲစတာတွေကို သုံးစွဲသူတွေအနေနဲ့ သိရှိနေဖို့လိုအပ်ပါတယ်။

အလှကုန်ဝယ်ယူတဲ့အခါ အသားအရေအမျိုးအစားနဲ့လိုက်ဖက်မှုရှိ၊မရှိ၊ ကျန်းမာရေးနဲ့ညီညွတ်အောင်ထုတ်လုပ်ထားရဲ့လားဆိုတာအပြင် အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းတွေပါဝင်နေ၊မနေကိုပါ သေသေချာချာကြည့်ရှု့ဖို့လိုအပ်ပါတယ်။ ဝယ်ယူမယ့် အလှကုန်ပေါ်မှာ သဘာဝအတိုင်းထုတ်လုပ်ထားတယ်ဆိုတိုင်း အလွယ်တကူယုံကြည်လိုက်တာမျိုး မဖြစ်စေဖို့လည်း လိုပါတယ်။

အလှပြင်တဲ့အခါ အသားအရေမပျက်စီးစေဖို့နဲ့ တာရှည်ခံလှပနေစေဖို့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေကနေစလို့ လှပအောင်ခြယ်မှုန်းရတဲ့အထိ အနုပညာဆန်ဆန်အဆင့်ဆင့် လူးခြယ်ရသလို ပြီးပြည့်စုံတဲ့လှပမှုတစ်ရပ်ဖြစ်စေဖို့ အချိန်လည်း တော်တော်ပေးရပါတယ်။ ဒီနေရာမှာ ပြောပြချင်တာက အလှကုန်ပစ္စည်းတိုင်း ကျန်းမာရေးနဲ့မညီညွတ်တာမဟုတ်ပါဘူး။ အလှကြိုက်တဲ့သူတွေအတွက် အချိန်အများကြီးလည်း ပေးစရာမလို ကျန်းမာရေးနဲ့ ညီညွတ်ပြီး လှပစေတဲ့ အလှကုန်ပစ္စည်းတွေလည်းရှိပါတယ် အဲဒီအလှကုန်ပစ္စည်းတွေထဲကမှ moisturizer၊ primer၊ sunscreen၊  skin treatment၊ concealer နဲ့ foundation တွေအားလုံးကိုပေါင်းစပ်ထုတ်လုပ်ထားတဲ့ BB cream အကြောင်း မိတ်ဆက်ပေးချင်တယ်။ အလှပြင်ဖို့အချိန်မပေးနိုင်တဲ့ ပျိုမေတွေအတွက် BB Cream က ပြည့်စုံတဲ့ လှပမှုနဲ့ ကျန်းမာမှုကိုပါ ပိုင်ဆိုင်နိုင်စေမှာဖြစ်ပါတယ်။

BB Cream ဆိုတာကဘာများလဲ။

BB ဆိုတာ Beauty Balm ကို ကိုယ်စားပြုပြီး BB cream တစ်ခုတည်းနဲ့ အသားအရေကိုထိန်းသိမ်းမှုရော လှပမှုရောပေးနိုင်ပါ့မလားလို့ သံသယဖြစ်ကောင်းဖြစ်ကြပါလိမ့်မယ်။ သံသယကင်းကင်းထားလိုက်ကြပါလို့ အကြံပြုလိုက်ပါရစေ။ BB cream အများစုမှာ SPF 30  ဒါမှမဟုတ် 30 ထက်ပိုများတဲ့ပမာဏပါဝင်နေပြီး နေရောင်ကြောင့် အသားအရေထိခိုက်ပျက်စီးမှုကိုကာကွယ်ပေးပါတယ်။ BB cream တွေမှာ ဇင့်အောက်ဆိုဒ်နဲ့ တိုက်တေနီယမ်အောက်ဆိုဒ်တို့လိုမျိုး နေရောင်ကြောင့် အသားအရေထိခိုက်ပျက်စီးမှုကို ကာကွယ်ပေးတဲ့အာနိသင်တွေပါဝင်နေပါတယ်။

BB cream တွေမှာ အသားအရေကိုထိန်းသိမ်းပေးနိုင်မယ့်

    ဗီတာမင် A၊ E နဲ့ C တို့လိုမျိုး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ peptides လိုမျိုး အရွယ်တင် စေနိုင်တဲ့ ဒြပ်ပေါင်းတွေပါဝင်နေပါတယ်။
    hyaluronic acid နဲ့ glycerin လိုမျိုး အစိုဓာတ်ထိန်းပေးတဲ့ ဒြပ်ပေါင်းတွေလည်းပါဝင်ပါတယ်။
    အသားအရောင်ကို ဖြူစင်စေအောင် အထောက်အကူပြုတဲ့ licorice နဲ့ arbutin တို့လည်းပါဝင်နေပါတယ်။
    အသားအရေကိုတောက်ပစေတဲ့ ဒြပ်ပေါင်းတွေလည်းပါဝင်နေပါတယ်။
    နောက်တစ်ခုက BB cream တွေမှာ အသားအရေကိုချောမွေ့စေတဲ့ ဒြပ်ပေါင်းတွေလည်းပါဝင်နေပါတယ်။

BB cream က သယ်ဆောင်ရလွယ်ကူသလို နည်းနည်းလောက်လိမ်းပေးရုံနဲ့ အသားအရေအတွက်အကျိုးပြုပေးတဲ့အပြင် အချိန်ကုန်သက်သာစွာနဲ့လှပမှုကိုပါရရှိစေမှာဖြစ်ပါတယ်။ BB cream ကမိတ်ကပ်အထူကြီး လိမ်းခြယ်စရာ မလိုဘဲနဲ့  ပြီးပြည့်စုံတဲ့အလှအပကိုရရှိစေနိုင်တဲ့ ခရင်မ်တစ်မျိုးပါ။

BB cream က လှပမှုကိုပေးစွမ်းတဲ့အပြင် အသားအရေကိုလည်းထိန်းသိမ်းပေးပါတယ်။ BB cream တွေဝယ်ယူတဲ့အခါ တစ်ခုသတိထားရမှာက SPF သာမက PA ပါ။ SPF က အသားအရေ လောင်ကျွမ်းမှုကို ဖြစ်စေတဲ့ UVB ကို ကာကွယ်ပေးပြီး SPF များလေ ကာကွယ်ချိန် မြင့်လေပါ။ PA ဆိုတာက UVA ကိုကာကွယ်ပေးတဲ့အတိုင်းအတာတစ်ခုပါ။ UVA ကအရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကိုဖြစ်ပေါ်စေပြီး မျက်နှာပေါ်မှာ အရေးအကြောင်းတွေနဲ့ အစက်အပြောက် တွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ PA ဆိုတဲ့နေရာမှာလည်း PA +၊ PA ++ နဲ့ PA +++ ဆိုပြီး အမျိုးမျိုးကွဲပြားပါတယ်။ PA+ ဆိုတာက medium UV radiation တွေက နေသာ ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ PA++ ဆိုတာက  Persistent Pigment Darkening (PPD) ၄ ကနေ ၈ အတွင်းပမာဏကို အကာအကွယ်ပေးနိုင် တာဖြစ်ပြီး PA+++ ကတော့ PPD 8 ထက်ကျော်နေတဲ့ UVA ကနေကာကွယ်ပေးနိုင်တယ်လို့ဆိုလိုတာပါ။ PA+++ က UVA ကိုအမြင့်မားဆုံး ကာကွယ်ပေးထားတယ်လို့ ဆိုလို့ရပါတယ်။

အလှကုန်ပစ္စည်းဈေးကွက်မှာ SPF ပါတဲ့အလှကုန်တွေအများကြီးရှိနေပြီး အလှကုန်ပစ္စည်းအချို့က ရောင်းအားကောင်းစေဖို့အတွက် SPF 30 ပါတယ်၊ SPF 30 အထက်ပါဝင်တယ်လို့ရေးသားဖော်ပြထားပေမယ့် အမှန်တကယ်ပါဝင်မှုမရှိတဲ့အခါ အသားအရေကိုထိခိုက်ပျက်စီးတာမျိုးဖြစ်စေနိုင်ပါတယ်။ နောက်တစ်ချက်က နေရောင်အောက်ကိုထွက်မှ  SPF, PA ပါတဲ့အလှကုန်တွေကို အသုံးပြုဖို့လိုတာ မဟုတ်ပါဘူး။ နေရောင်ဝင်ရောက်နိုင်တဲ့ ရုံးခန်းတွေ၊အိမ်ခန်းတွေနဲ့ ကားတွေထဲမှာနေတဲ့သူတွေ အနေနဲ့လည်း SPF, PA ပါဝင်တဲ့အလှကုန်တွေကိုအသုံးပြုပေးဖို့လိုပါတယ်။ Maybelline ရဲ့ထုတ်ကုန်တစ်ခုဖြစ်တဲ့ Maybelline BB Super Cover  မှာတော့SPF 50 PA++++ ပါဝင်တာကြောင့် UVA ရော UVB ကိုပါ အမြင့်မားဆုံး ကာကွယ်ပေးနိုင်ပါတယ်။ အလှကုန်တွေရွေးချယ်တဲ့အခါ အသားအရေထိခိုက်မှုနည်းနိုင်သမျှ နည်းစေဖို့အတွက် အသေအချာစိစစ်ရွေးချယ်ဖို့ကလည်းအရေးကြီးလှပါတယ်။

တိုးတက်လာတဲ့မြို့ပြစနစ်ကြောင့် ညစ်ညမ်းတဲ့လေထု၊ရေထုတွေနဲ့ ထိတွေ့နေရပြီး အသားအရေထိန်းသိမ်းဖို့အတွက်အချိန်မရတဲ့ ပျိုမေတွေအနေနဲ့ တစ်ခုတည်းလိမ်းရုံနဲ့ ပြည့်စုံတဲ့အလှအပအပြင် ကျန်းမာတဲ့အသားအရေကိုပါ ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ နေလောင်ဒဏ်၊ လေထု ညစ်ညမ်းမှုဒဏ် ကနေကာကွယ်ပေးပြီး မျက်နှာ အသားအရေကိုချောမွေ့တောက်ပစေတဲ့အပြင် မျက်နှာပေါ်ကအပြစ်အနာအဆာတွေကိုပါ ဖုံးကွယ်ပေးနိုင်တဲ့ Maybelline BB Super Cover လိုမျိုး BB cream ကိုလိမ်းပေးလို့ရပါတယ်။အသားအရေအမျိုးအစား အားလုံးအတွက် အသုံးပြုပေးလို့ရအောင်လည်း ထုတ်လုပ်ထားပါတယ်။

အဆီပြန်တဲ့ အသားအရေပိုင်ရှင် တွေကတော့ အဆီပြန်တာကို သက်သာစေပြီး အသားအရေခြောက်သွေ့မှုမရှိအောင် မျက်နှာကိုရေဓာတ်ဖြည့်ပေးနိုုင်တဲ့ Maybelline Super BB Fresh Matte လိုမျိုး BB cream ကိုသုံးစွဲပေးလို့ရပါတယ်။ Cream type ကိုမနှစ်သက်သူတွေအနေနဲ့လည်း  Maybelline ရဲ့ Super BB Cushion လိုမျိုး အလှကုန်ပစ္စည်းသုံးစွဲပေးလို့ရပါတယ်။ Cushion ဆိုတာကတော့ အခု ရေပန်းစားနေတဲ့ Liquid Foundation ကို Cushion Sponge ထဲမှာ ထည့်ထားတဲ့ အမျိုးအစားဖြစ်ပြီး Tap Tap လုပ်ရုံနဲ့ အချိန်တိုအတွင်း ပါးပါးပြောင်ပြောင်လေးနဲ့ လှစေပါတယ်။ Technology တွေ ဆန်းသစ်လာတာနဲ့အမျှ ယနေ့ခေတ်လူတွေရဲ့ Living Life Style ကိုပါဖြည့်ဆည်းပေးနိုင်ဖို့ အတွက် Liquid Foundation တစ်ခါ Two Way တစ်ခါ အဆင့်ဆင့် သုံးဖို့မလိုတော့ဘဲ Cushion တစ်ခုတည်းသုံးရုံနဲ့ အချိန်တိုအတွင်း ပြီးပြည့်စုံတဲ့ အလှတရားကို ရရှိစေလို့ အရမ်း အဆင်ပြေပါတယ်။ Maybelline Super BB Cushion မှာဆိုရင် Cushion Puff ကအစ Anti Bacteria ဖြစ်တာကြောင့် ကိုယ့်မျက်နှာ အသားအရေ အတွက် အရမ်း စိတ်ချရပြီး ခဲခြောက်သွားမှာ စိုးရိမ်စရာလဲ မလိုပါဘူး၊ ယနေ့ခေတ်မှာ အမျိုးသမီးတွေအတွက်သာမက အမျိုးသားတွေအတွက်ပါ BB cream တွေ ထွက်ရှိလာနေပြီဖြစ်ပါတယ်။  BB cream ဝယ်ယူတဲ့အခါ ကိုယ့်အသားအရေအရောင်၊ အမျိုးအစားတွေနဲ့ လိုက်ဖက်မှု ရှိအောင် ရွေးချယ် ဖို့ တော့လိုအပ်လှပါတယ်။ Maybelline ရဲ့ BB Cream နဲ့ BB Cushion အားလုံးဟာ 8 Benefits အထိ ပါဝင်တာကြောင့် တစ်ခုသုံး ရုံနဲ့ Complete Look ကို ရစေလို့ အရည်အသွေးမြင့်တဲ့ BB cream တွေကိုမှန်မှန်ကန်ကန်ရွေးချယ်ပြီး လှပမှုနဲ့ကျန်းမာမှုကို တပြိုင်နက် တည်း ပိုင်ဆိုင် နိုင်ကြပါစေ ကြောင်း…

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top