ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မႏၱေလးတုိင္း၊ စဥ့္ကူးၿမိဳ႕နယ္၊ ငါးျပားေပးေက်းရြာမွာ ေရႊခိုးတူးတဲ့ အမ်ိဳးသားေလးဦးဟာ အင္းအတြင္း ေရေတြနဲ႔ပိတ္မိေနၿပီး တစ္ဦးကိုဆယ္ယူထားၿပီျဖစ္တယ္လို႔ လက္ပံလွနယ္ေျမရဲစခန္းမွ သိရပါတယ္။

ငါးျပားေပးေက်းရြာရွိ အင္းအနီးမွာ ေရႊခိုးတူးတဲ့ အမ်ိဳးသားေလးဦးဟာ ႏိုဝင္ဘာလ ၁၄ ရက္ မနက္ ၉ နာရီခြဲခန္႔က ေရႊခိုးတူးေနစဥ္ အင္းထဲက ေရလံုးေပါက္ၿပီး ပိတ္မိတာျဖစ္တယ္လို႔သိရပါတယ္။

“အင္းထဲကို တူးတဲ့အခ်ိန္မွာ ပိုၿပီးနက္လာေတာ့ ေရလံုးက သူတို႔တူးတဲ့ေနရာကို ေပါက္လာၿပီး ပိတ္မိတာ။ အင္းနံရံၿပိဳက်တာမဟုတ္ပါဘူး” လို႔ လက္ပံလွနယ္ေျမရဲစခန္းက တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။
သူတို႔ေရႊခိုးတူးတဲ့ေနရာမွာ ေရေတြဝင္ေရာက္ၿပီး အမ်ိဳးသားေလးဦးစလံုး တြင္းထဲမွာ ပိတ္မိေနတာျဖစ္ပါတယ္။ တြင္းဟာ ေလးေပပတ္လည္သာ အက်ယ္အဝန္းရွိတာေၾကာင့္ ဆယ္ယူဖို႔ ခက္ခဲေနၿပီး ေရစုပ္စက္ေတြ၊ ေမာ္တာေတြနဲ႔ ေရေတြကိုစုပ္ထုတ္ၿပီး ဆယ္ယူေနတယ္လို႔ သိရပါတယ္။

“ေလးေပပတ္လည္ဆိုေတာ့ လူအမ်ားႀကီးဝင္လို႔ အဆင္မေျပဘူးေလ။ အခုေတာ့ တစ္ေယာက္ကို ဆယ္ထားတယ္။ ဒါေပမယ့္ ေသဆံုးေနၿပီျဖစ္ပါတယ္”လို႔ လက္ပံလွရဲစခန္းမွ တာဝန္ရွိသူတစ္ဦးက ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ငါးပြားပေးကျေးရွာမှာ ရွှေခိုးတူးတဲ့ အမျိုးသားလေးဦးဟာ အင်းအတွင်း ရေတွေနဲ့ပိတ်မိနေပြီး တစ်ဦးကိုဆယ်ယူထားပြီဖြစ်တယ်လို့ လက်ပံလှနယ်မြေရဲစခန်းမှ သိရပါတယ်။

ငါးပြားပေးကျေးရွာရှိ အင်းအနီးမှာ ရွှေခိုးတူးတဲ့ အမျိုးသားလေးဦးဟာ နိုဝင်ဘာလ ၁၄ ရက် မနက် ၉ နာရီခွဲခန့်က ရွှေခိုးတူးနေစဉ် အင်းထဲက ရေလုံးပေါက်ပြီး ပိတ်မိတာဖြစ်တယ်လို့သိရပါတယ်။

“အင်းထဲကို တူးတဲ့အချိန်မှာ ပိုပြီးနက်လာတော့ ရေလုံးက သူတို့တူးတဲ့နေရာကို ပေါက်လာပြီး ပိတ်မိတာ။ အင်းနံရံပြိုကျတာမဟုတ်ပါဘူး” လို့ လက်ပံလှနယ်မြေရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သူတို့ရွှေခိုးတူးတဲ့နေရာမှာ ရေတွေဝင်ရောက်ပြီး အမျိုးသားလေးဦးစလုံး တွင်းထဲမှာ ပိတ်မိနေတာဖြစ်ပါတယ်။ တွင်းဟာ လေးပေပတ်လည်သာ အကျယ်အဝန်းရှိတာကြောင့် ဆယ်ယူဖို့ ခက်ခဲနေပြီး ရေစုပ်စက်တွေ၊ မော်တာတွေနဲ့ ရေတွေကိုစုပ်ထုတ်ပြီး ဆယ်ယူနေတယ်လို့ သိရပါတယ်။

“လေးပေပတ်လည်ဆိုတော့ လူအများကြီးဝင်လို့ အဆင်မပြေဘူးလေ။ အခုတော့ တစ်ယောက်ကို ဆယ်ထားတယ်။ ဒါပေမယ့် သေဆုံးနေပြီဖြစ်ပါတယ်”လို့ လက်ပံလှရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top