Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

စိတ္ပိုင္းဆိုင္ရာ အႏိုင္က်င့္တာဟာ အႏိုင္က်င့္ခံရတဲ့ သူရဲ့ စိတ္ထဲမွာ အမာရြတ္တသက္လုံး ထင္က်န္ရစ္ခဲ့ေစႏိုင္ျပီး ကိုယ္ရည္ကိုယ္ေသြးကိုပါ ထိခိုက္ေစတဲ့အတြက္ ဒါဟာ အင္မတန္ဆိုးရြားတဲ့ ကိစၥပဲ ျဖစ္ပါတယ္။ဒါျဖင့္ ဒီကိစၥကို ဘယ္လို ရင္ဆိုင္မလဲ။

စိတ္ပိုင္းဆိုင္ရာ အႏိုင္က်င့္တယ္ဆိုတာ ဘာလဲ။

ေအာက္ပါအခ်က္ေတြ ပါဝင္ပါတယ္။

    နာမည္ဖ်က္ျပီး ေျပာင္ေခၚျခင္း၊သေရာ္ျခင္း၊ေလွာင္ျခင္း။
    စကားလုံးေတြနဲ႕ သင့္ကို ထိခိုက္နာက်င္ေအာင္ လုပ္ျခင္း၊စိတ္ညစ္၊စိတ္ဆင္းရဲေအာင္ လုပ္ျခင္း။
    ျခိမ္းေျခာက္ျခင္း။
    သင့္ကို စိတ္အားငယ္ေအာင္၊ ကူတြယ္ရာမဲ့ျဖစ္ေအာင္၊သိမ္ငယ္ေအာင္ လုပ္ျခင္း။
    အဖြဲ႕ထဲကေန က်ဥ္ထားျခင္း၊ အေပါင္းအသင္းမလုပ္ျခင္း။
    အၾကီးအက်ယ္ စိတ္ထိခိုက္ေအာင္ လုပ္ျခင္း။
    အုပ္စုဖြဲ႕အႏိုင္က်င့္ျခင္း။
    အရွက္ခြဲျခင္း။ဒီျပႆနာကို ဘယ္လိုရင္ဆိုင္ရမလဲ။ ဒါဟာသင့္အျပစ္မဟုတ္ဘူးဆိုတာ နားလည္ပါ။

ဒီလိုအႏိုင္က်င့္ခံရတာဟာ အႏိုင္က်င့္သူေတြရဲ့ အျပစ္မဟုတ္ဘဲ သင့္အျပစ္သာျဖစ္တယ္၊သင့္မွာသာ တာဝန္ရွိတယ္လို႕

သင္ခံစားလာရေအာင္ သူတို႕ေတြက ေျပာပါလိမ့္မယ္၊လုပ္ပါလိမ့္မယ္။ဒါေပမယ့္ တကယ္တမ္းေတာ့ ဒါဟာ အႏိုင္က်င့္ေစာ္ကားတဲ့ သူေတြရဲ့ ႔အျပစ္သာ ျဖစ္ပါတယ္။တကယ္လို႕ ဒီလိုအႏိုင္က်င့္ခံရတာဟာ သင္ခံစားေနရတဲ့ စိတ္ေဝဒနာတခုခု၊စိတ္ခံစားမႈ အေျခအေနတခုခု၊သင့္ရဲ့ အတိတ္က မေကာင္းတဲ့ အေၾကာင္းျခင္းရာ တခုခုေၾကာင့္ဆိုရင္ေတာင္မွ သူတို႕အေနနဲ႕ ဒီလိုလုပ္စရာ ၊သင့္အေပၚရန္လိုစရာ ဘာအေၾကာင္းမွ မရွိဘူးဆိုတာ အျမဲသတိခ်ပ္ပါ။

အကူအညီ ရွာေဖြပါ။

 သင့္အေနနဲ႕ အႏိုင္က်င့္ခံေနရတယ္ဆိုရင္ ရင္ဖြင့္လို႕ရမယ့္သူကို ရွာေဖြသင့္ပါတယ္။ သင့္ပတ္ဝန္းက်င္မွာ သင့္ကို ကူညီႏိုင္တဲ့၊ကူညီမယ့္သူေတြ အမ်ားၾကီးရွိပါတယ္။သင္ ရင္းႏွီးခ်စ္ခင္တဲ့ သူငယ္ခ်င္းကို ရင္ဖြင့္ျပလိုက္႐ံုနဲ႕ ျပႆနာက ေျပလည္သြားမွာ မဟုတ္တာမွန္ေပမယ့္ အနည္းဆုံးေတာ့ သင့္ဖက္မွာ သူတို႕ရွိေနမယ္၊ သင့္စိတ္ခံစားခ်က္ေတြကို မွ်ေဝခံစားေပးႏိုင္မယ္ ဒါမွမဟုတ္ သင့္ကို နည္းလမ္းေတြ၊အၾကံဉာဏ္ေတြ ေပးႏိုင္ပါလိမ့္မယ္။ဒါမွမဟုတ္ သင့္မိသားစုဝင္တေယာက္ေယာက္ကို ေျပာျပမယ္ဆိုရင္လည္း သူတို႕အေနနဲ႕ အေျခအေနကို ေျပာင္းလဲေပးႏိုင္ေကာင္းေပးႏိုင္မွာျဖစ္ျပီး အနည္းဆုံးေတာ့ ဒီအေျခအေနကို ရင္ဆိုင္ႏိုင္ဖို႕ နည္းလမ္းေတြ

သင္ၾကားေပးမွာ ျဖစ္ပါတယ္။ဒီလို လုပ္လို႕လည္း မျဖစ္ႏိုင္ဖူးဆိုရင္ သင္တိုင္ပင္ ေမးျမန္းဖို႕ ဆရာဆရာမေတြ၊ေက်ာင္းတာဝန္ရွိသူေတြ ရွိေနပါေသးတယ္ဆိုတာ မေမ့ပါနဲ႕။သင့္အေနနဲ႕ အထက္မွာ ေဖာ္ျပခဲ့သလို လူတေယာက္ေယာက္နဲ႕ မ်က္ႏွာခ်င္းဆိုင္ေျပာဆိုရမွာ အခက္ေတြ႕ေနတယ္၊အဆင္မေျပဘူးဆိုရင္လည္း မပူပါနဲ႕။အင္တာနက္နဲ႕ ဆိုရွယ္မီဒီယာေတြမွာ အခမဲ့ ကူညီေပးေနသူေတြနဲ႕ ဆက္သြယ္အၾကံဉာဏ္ေတာင္းခံလို႕ ရပါေသးတယ္။သင့္ကို ဘယ္သူမွ ဂ႐ုစိုက္မွာ မဟုတ္ဖူး၊သင့္အသက္ဟာ ဘယ္သူအတြက္မွ တန္ဖိုးမရွိ၊အေရးမပါဘူးဆိုတဲ့ မဟုတ္တမ္းတရား အေတြးေတြ သင့္စိတ္ထဲ ဝင္မလာပါေစနဲ႕။သူငယ္ခ်င္း၊မိသားစု၊ဆရာဆရာမေတြ၊ေက်ာင္းတာဝန္ရွိသူ အတိုင္ပင္ခံေတြ ဒါမွမဟုတ္ သင္နဲ႕ ဘဝတူေတြ စသျဖင့္ သင့္ကို ဂ႐ုစိုက္မယ့္သူ တစ္ေယာက္မဟုတ္ တစ္ေယာက္ေတာ့ ရွိေနပါတယ္။အကူအညီဟာလည္း လက္တကမ္းမွာ အျမဲတမ္းရွိေနတတ္ပါတယ္။ရေအာင္ ယူတတ္ဖို႕ပဲ လိုတာပါ။

ျဖစ္ႏိုင္ရင္ လက္ရွိအေျခအေနက ခ်က္ခ်င္းရုန္းထြက္ပါ။

 ဒီအဆင့္ဟာ သင့္ဘဝရဲ့ အခ်ိဳးအေကြ႕တခု ျဖစ္သြားႏိုင္တာမို႕ အေတာ္ေတာ့ ေၾကာက္ဖို႕ေကာင္းျပီး သင့္အေနနဲ႕ ႐ုပ္ပိုင္းဆိုင္ရာ အရေရာ စိတ္ပိုင္းဆိုင္ရာ အရပါ နာက်င္မႈေတြကို ခံစားရပါလိမ့္မယ္။ဒါေပမယ့္ လူေတြ သိေအာင္လုပ္ျပီး အကူအညီ ေတာင္းခံပါ။ဘာလို႕လဲ ဆိုေတာ့ ဒီလိုမ်ိဳး အႏိုင္က်င့္ခံ၊ေစာ္ကားခံေနရတဲ့ အေျခအေနကေန လြတ္ေျမာက္ဖို႕ ဒီတနည္းပဲ ရွိလို႕ ျဖစ္ပါတယ္။ေက်ာင္းတာဝန္ရွိသူ(အတိုင္ပင္ခံ)ကို အသိေပးပါ ဒါမွမဟုတ္ ေက်ာင္းအုပ္နဲ႕ သင္ကိုယ္တိုင္သြားေတြ႔ႏိုင္ပါတယ္။

အႏိုင္က်င့္ခံေနရတဲ့ အေျခအေနက လြတ္ေျမာက္ျပီဆိုတာနဲ႕ စိတ္ပိုင္းဆိုင္ရာကုသမႈ ခံယူပါ။

လူအေတာ္မ်ားမ်ား သတိမျပဳမိၾကေပမယ့္ အႏိုင္က်င့္ခံရတာဟာ တသက္တာဖူလံုတဲ့ စိတ္ဒဏ္ရာ က်န္ရစ္ခဲ့တတ္ပါတယ္။ဒါေၾကာင့္ ျဖစ္ႏိုင္ရင္ (တတ္ႏိုင္ရင္) စိတ္ပိုင္းဆိုင္ရာကုသမႈခံယူပါ။

တကယ္လို႕ သင္ဟာ စိတ္ပိုင္းဆိုင္ရာ အႏိုင္က်င့္ခံေနရျပီဆိုရင္ မေၾကာက္ပါနဲ႕။ရဲရဲၾကီး ရင္ဆိုင္ျပီး အကူအညီ ရွာေဖြေတာင္းခံပါ။ အခ်ိန္ၾကာလာတာနဲ႕အမွ် ပိုဆိုးလာမယ္၊သင့္အေနနဲ႕လည္းပိုမိုနာက်င္ခံစားရမယ္ဆိုရင္ အဆိုပါ အႏိုင္က်င့္ခံေနရတဲ့ အေျခအေနကေန အျမန္ရုန္းထြက္ပါ။ နာက်င္မႈေတြကေန ျဖစ္ႏိုင္သမွ် အျမန္ဆုံးသာ လြတ္ေျမာက္ဖို႕ ၾကံေဆာင္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာဟာ အနိုင်ကျင့်ခံရတဲ့ သူရဲ့ စိတ်ထဲမှာ အမာရွတ်တသက်လုံး ထင်ကျန်ရစ်ခဲ့စေနိုင်ပြီး ကိုယ်ရည်ကိုယ်သွေးကိုပါ ထိခိုက်စေတဲ့အတွက် ဒါဟာ အင်မတန်ဆိုးရွားတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ဒါဖြင့် ဒီကိစ္စကို ဘယ်လို ရင်ဆိုင်မလဲ။

စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်တယ်ဆိုတာ ဘာလဲ။

အောက်ပါအချက်တွေ ပါဝင်ပါတယ်။

    နာမည်ဖျက်ပြီး ပြောင်ခေါ်ခြင်း၊သရော်ခြင်း၊လှောင်ခြင်း။
    စကားလုံးတွေနဲ့ သင့်ကို ထိခိုက်နာကျင်အောင် လုပ်ခြင်း၊စိတ်ညစ်၊စိတ်ဆင်းရဲအောင် လုပ်ခြင်း။
    ခြိမ်းခြောက်ခြင်း။
    သင့်ကို စိတ်အားငယ်အောင်၊ ကူတွယ်ရာမဲ့ဖြစ်အောင်၊သိမ်ငယ်အောင် လုပ်ခြင်း။
    အဖွဲ့ထဲကနေ ကျဉ်ထားခြင်း၊ အပေါင်းအသင်းမလုပ်ခြင်း။
    အကြီးအကျယ် စိတ်ထိခိုက်အောင် လုပ်ခြင်း။
    အုပ်စုဖွဲ့အနိုင်ကျင့်ခြင်း။
    အရှက်ခွဲခြင်း။ဒီပြဿနာကို ဘယ်လိုရင်ဆိုင်ရမလဲ။ ဒါဟာသင့်အပြစ်မဟုတ်ဘူးဆိုတာ နားလည်ပါ။

ဒီလိုအနိုင်ကျင့်ခံရတာဟာ အနိုင်ကျင့်သူတွေရဲ့ အပြစ်မဟုတ်ဘဲ သင့်အပြစ်သာဖြစ်တယ်၊သင့်မှာသာ တာဝန်ရှိတယ်လို့

သင်ခံစားလာရအောင် သူတို့တွေက ပြောပါလိမ့်မယ်၊လုပ်ပါလိမ့်မယ်။ဒါပေမယ့် တကယ်တမ်းတော့ ဒါဟာ အနိုင်ကျင့်စော်ကားတဲ့ သူတွေရဲ့အပြစ်သာ ဖြစ်ပါတယ်။တကယ်လို့ ဒီလိုအနိုင်ကျင့်ခံရတာဟာ သင်ခံစားနေရတဲ့ စိတ်ဝေဒနာတခုခု၊စိတ်ခံစားမှု အခြေအနေတခုခု၊သင့်ရဲ့ အတိတ်က မကောင်းတဲ့ အကြောင်းခြင်းရာ တခုခုကြောင့်ဆိုရင်တောင်မှ သူတို့အနေနဲ့ ဒီလိုလုပ်စရာ ၊သင့်အပေါ်ရန်လိုစရာ ဘာအကြောင်းမှ မရှိဘူးဆိုတာ အမြဲသတိချပ်ပါ။

အကူအညီ ရှာဖွေပါ။

 သင့်အနေနဲ့ အနိုင်ကျင့်ခံနေရတယ်ဆိုရင် ရင်ဖွင့်လို့ရမယ့်သူကို ရှာဖွေသင့်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာ သင့်ကို ကူညီနိုင်တဲ့၊ကူညီမယ့်သူတွေ အများကြီးရှိပါတယ်။သင် ရင်းနှီးချစ်ခင်တဲ့ သူငယ်ချင်းကို ရင်ဖွင့်ပြလိုက်ရုံနဲ့ ပြဿနာက ပြေလည်သွားမှာ မဟုတ်တာမှန်ပေမယ့် အနည်းဆုံးတော့ သင့်ဖက်မှာ သူတို့ရှိနေမယ်၊ သင့်စိတ်ခံစားချက်တွေကို မျှဝေခံစားပေးနိုင်မယ် ဒါမှမဟုတ် သင့်ကို နည်းလမ်းတွေ၊အကြံဉာဏ်တွေ ပေးနိုင်ပါလိမ့်မယ်။ဒါမှမဟုတ် သင့်မိသားစုဝင်တယောက်ယောက်ကို ပြောပြမယ်ဆိုရင်လည်း သူတို့အနေနဲ့ အခြေအနေကို ပြောင်းလဲပေးနိုင်ကောင်းပေးနိုင်မှာဖြစ်ပြီး အနည်းဆုံးတော့ ဒီအခြေအနေကို ရင်ဆိုင်နိုင်ဖို့ နည်းလမ်းတွေ

သင်ကြားပေးမှာ ဖြစ်ပါတယ်။ဒီလို လုပ်လို့လည်း မဖြစ်နိုင်ဖူးဆိုရင် သင်တိုင်ပင် မေးမြန်းဖို့ ဆရာဆရာမတွေ၊ကျောင်းတာဝန်ရှိသူတွေ ရှိနေပါသေးတယ်ဆိုတာ မမေ့ပါနဲ့။သင့်အနေနဲ့ အထက်မှာ ဖော်ပြခဲ့သလို လူတယောက်ယောက်နဲ့ မျက်နှာချင်းဆိုင်ပြောဆိုရမှာ အခက်တွေ့နေတယ်၊အဆင်မပြေဘူးဆိုရင်လည်း မပူပါနဲ့။အင်တာနက်နဲ့ ဆိုရှယ်မီဒီယာတွေမှာ အခမဲ့ ကူညီပေးနေသူတွေနဲ့ ဆက်သွယ်အကြံဉာဏ်တောင်းခံလို့ ရပါသေးတယ်။သင့်ကို ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဖူး၊သင့်အသက်ဟာ ဘယ်သူအတွက်မှ တန်ဖိုးမရှိ၊အရေးမပါဘူးဆိုတဲ့ မဟုတ်တမ်းတရား အတွေးတွေ သင့်စိတ်ထဲ ဝင်မလာပါစေနဲ့။သူငယ်ချင်း၊မိသားစု၊ဆရာဆရာမတွေ၊ကျောင်းတာဝန်ရှိသူ အတိုင်ပင်ခံတွေ ဒါမှမဟုတ် သင်နဲ့ ဘဝတူတွေ စသဖြင့် သင့်ကို ဂရုစိုက်မယ့်သူ တစ်ယောက်မဟုတ် တစ်ယောက်တော့ ရှိနေပါတယ်။အကူအညီဟာလည်း လက်တကမ်းမှာ အမြဲတမ်းရှိနေတတ်ပါတယ်။ရအောင် ယူတတ်ဖို့ပဲ လိုတာပါ။

ဖြစ်နိုင်ရင် လက်ရှိအခြေအနေက ချက်ချင်းရုန်းထွက်ပါ။

 ဒီအဆင့်ဟာ သင့်ဘဝရဲ့ အချိုးအကွေ့တခု ဖြစ်သွားနိုင်တာမို့ အတော်တော့ ကြောက်ဖို့ကောင်းပြီး သင့်အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ အရရော စိတ်ပိုင်းဆိုင်ရာ အရပါ နာကျင်မှုတွေကို ခံစားရပါလိမ့်မယ်။ဒါပေမယ့် လူတွေ သိအောင်လုပ်ပြီး အကူအညီ တောင်းခံပါ။ဘာလို့လဲ ဆိုတော့ ဒီလိုမျိုး အနိုင်ကျင့်ခံ၊စော်ကားခံနေရတဲ့ အခြေအနေကနေ လွတ်မြောက်ဖို့ ဒီတနည်းပဲ ရှိလို့ ဖြစ်ပါတယ်။ကျောင်းတာဝန်ရှိသူ(အတိုင်ပင်ခံ)ကို အသိပေးပါ ဒါမှမဟုတ် ကျောင်းအုပ်နဲ့ သင်ကိုယ်တိုင်သွားတွေ့နိုင်ပါတယ်။

အနိုင်ကျင့်ခံနေရတဲ့ အခြေအနေက လွတ်မြောက်ပြီဆိုတာနဲ့ စိတ်ပိုင်းဆိုင်ရာကုသမှု ခံယူပါ။

လူအတော်များများ သတိမပြုမိကြပေမယ့် အနိုင်ကျင့်ခံရတာဟာ တသက်တာဖူလုံတဲ့ စိတ်ဒဏ်ရာ ကျန်ရစ်ခဲ့တတ်ပါတယ်။ဒါကြောင့် ဖြစ်နိုင်ရင် (တတ်နိုင်ရင်) စိတ်ပိုင်းဆိုင်ရာကုသမှုခံယူပါ။

တကယ်လို့ သင်ဟာ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံနေရပြီဆိုရင် မကြောက်ပါနဲ့။ရဲရဲကြီး ရင်ဆိုင်ပြီး အကူအညီ ရှာဖွေတောင်းခံပါ။ အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာမယ်၊သင့်အနေနဲ့လည်းပိုမိုနာကျင်ခံစားရမယ်ဆိုရင် အဆိုပါ အနိုင်ကျင့်ခံနေရတဲ့ အခြေအနေကနေ အမြန်ရုန်းထွက်ပါ။ နာကျင်မှုတွေကနေ ဖြစ်နိုင်သမျှ အမြန်ဆုံးသာ လွတ်မြောက်ဖို့ ကြံဆောင်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top