Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

တခ်ိဳ႕ဟင္းေတြက စပါးလင္ေလး အုပ္လိုက္မွ အနံ႕၊အရသာနဲ႔ ပိုၿပီးျပည္႔စံုသြားတာပါ။

စပါးလင္ကို ကြ်န္ေတာ္တို႔ေတြ ဟင္းခတ္အေမႊးအႀကိဳင္တစ္မ်ိဳးအျဖစ္ အသံုးျပဳၾကပါတယ္။ တခ်ိဳ႕ဟင္းေတြက စပါးလင္ေလး အုပ္လိုက္မွ အနံ႕၊အရသာနဲ႔ ပိုၿပီးျပည္႔စံုသြားတာပါ။ ဒါေပမယ္႔ ကြ်န္ေတာ္တို႔ သိပ္မသိေသးတဲ႔ အခ်က္တစ္ခ်က္က စပါးလင္ကို လက္ဖက္ရည္တစ္မ်ိဳးအျဖစ္ ေဖ်ာ္စပ္လို႔လည္း ရပါေသးတယ္။ စပါးလက္ဖက္ရည္ေသာက္ျခင္းကေန ဘာေတြရႏိုင္လဲဆိုေတာ႔...

၁။ အစာအိမ္္အတြက္ေကာင္းတယ္

စပါးလင္မွာ အစာအိမ္လုပ္ေဆာင္မႈကို ေကာင္းမြန္ေစၿပီး အစာေျခလမ္းေၾကာင္းတေလွ်ာက္မွာ ပံုမွန္ျဖစ္ေအာင္ ထိန္းညွိေပးႏိုင္တဲ႔ ဂုဏ္သတၱိလည္း ရွိပါတယ္။ စပါးလင္မွာပါဝင္တဲ႔ စစ္ထရယ္ (citral) ဆိုတဲ႔ ဓာတ္တစ္မ်ိဳးဟာ အစာေျချခင္းကို ကူညီေပးႏိုင္ပါတယ္။ ဒါေၾကာင္႔ စပါးလင္လက္ဖက္ရည္ကို ညစာစားၿပီးမွ ေသာက္တာအေကာင္းဆံုးပါပဲ။ စပါးလင္လက္ဖက္ရည္ကို ေရွးေခတ္တရုပ္ လူမ်ိဳးေတြကလည္း ဗိုက္ေအာင္႔ျခင္း၊ ဝမ္းခ်ဳပ္ျခင္းနဲ႔ အစာမေၾကျခင္းေတြကို ကုသဖို႔အတြက္ အသံုးျပဳခဲ႔ၾကပါေသးတယ္။

၂။ ေသြးဖိအားကို ထိန္းညွိေပးတယ္

စပါးလင္ဟာ ေသြးတိုးထိန္းရာမွာ အလြန္အသံုးဝင္တဲ႔ သဘာဝေဆးနည္းတစ္မ်ိဳးလည္း ျဖစ္ပါတယ္။ စပါးလင္မွာ ဆီးပိုသြားေစတဲ႔ ပိုတက္စီယမ္ဓာတ္ေတြ ၾကြယ္ဝစြာပါဝင္ပါတယ္။ ဆီးသြားျခင္းျဖင္႔ ေသြးလည္ပတ္မႈကို ေကာင္းမြန္ေအာင္ လႈံ႕ေဆာ္ေပးၿပီး ေသြးဖိအားကိုလည္း က်ဆင္းေစပါတယ္။

ေသြးလည္ပတ္မႈ ပိုမိုေကာင္းမြန္ေစျခင္းျဖင္႔ အသည္းကိုလည္း သန္႕ရွင္းေစပါတယ္။ ေနာက္ၿပီး စပါးလင္ဟာ အူတြင္းကလီစာေတြမွ ကိုလက္စထေရာစုပ္ယူမႈကို ထိန္းခ်ဳပ္ျခင္းျဖင္႔ ခႏၶာကိုယ္ကို က်စ္လ်စ္ေစရာမွာလည္း နာမည္ေက်ာ္ၾကားပါတယ္။

၃။ antioxidant ၾကြယ္ဝတယ္

စပါးလင္လက္ဖက္ရည္က detox လက္ဖက္ရည္ (ကိုယ္တြင္းအဆိပ္အေတာက္ေတြကို ရွင္းေပးႏိုင္တဲ႔ လက္ဖက္ရည္) တစ္မ်ိဳးလည္း ျဖစ္ပါတယ္။ သူ႔မွာ ခႏၶာကိုယ္တြင္းက အဆိပ္အေတာက္ေတြကို ရွင္းလင္းေပးရာမွာ ကူညီေပးႏိုင္တဲ႔ antioxidant ေတြလည္း ပါဝင္ပါတယ္။ သူဟာ ဆီးကေနတဆင္႔ ကိုယ္တြင္းကအဆိပ္အေတာက္ေတြ ပါသြားေစဖို႔အတြက္လည္း ကူညီလုပ္ေဆာင္ေပးပါတယ္။

၄။ အဆီေတြကို ပိုမိုျမန္ဆန္စြာ ေလာင္ကြ်မ္းေစတယ္

စပါးလင္ဟာ ဇီဝကမၼလုပ္ေဆာင္မႈေတြကို ျမန္ဆန္ေစတဲ႔အတြက္ အစာေျချခင္းကိုလည္း ပိုမိုလြယ္ကူေစၿပီး ကယ္လိုရီေတြကို ပိုမိုေလာင္ကြ်မ္းေစရာမွာ နာမည္ႀကီးပါတယ္။ ဒါေၾကာင္႔ diet plan ေတြမွာ ထည္႔သြင္းဖို႔အတြက္ သင္႔ေတာ္ပါတယ္။ ၂၀၀၃ ခုႏွစ္က အေမရိကန္ Clinical Nutrition ဂ်ာနယ္မွာေဖာ္ျပခဲ႔တဲ႔ ေဖာ္ျပမႈတစ္ေစာင္မွာဆိုရင္ သဘာဝအပင္ဓာတ္ေပါင္းေတြထဲမွာ ေတြ႕ရတဲ႔ ပိုလီဖီေနာ (polyphenol) နဲ႔ လက္ဖက္ရည္ထဲမွာပါဝင္တဲ႔ ကဖင္းဓာတ္ဟာ ခႏၶာကိုယ္ထဲက ဖက္တီးအက္ဆစ္ေတြကုိ ေအာက္ဆီဂ်င္ ခြဲထုတ္ျခင္း လုပ္ငန္းစဥ္ျပဳလုပ္ျခင္းျဖင္႔ စြမ္းအင္ေတြကို ပိုမိုရရွိေစပါတယ္တဲ႔။

၅။ အသားအေရျပားနဲ႔ ဆံပင္လွေစတယ္

စပါးလင္ဟာ လွပတဲ႔အေရျပားနဲ႔ ဆံပင္ကို ပိုင္ဆိုင္ႏိုင္ဖို႔အတြက္ မရွိမျဖစ္အေရးပါတဲ႔ ဗိုက္တာမင္ေအနဲ႔ စီ ၾကြယ္ဝပါတယ္။ ေသြးလည္ပတ္မႈကို ျမွင္႔တင္ေပးျခင္းျဖင္႔ စပါးလင္ဟာ အေရျပားကို ၾကည္လင္ေစတယ္။ အဆီျပန္ျခင္းကို ကုသေပးတယ္။ ေနာက္ၿပီး ဝက္ျခံတို႔၊ မွဲ႕ေျခာက္ေတြကို ကုသရာမွာလည္း ေထာက္ပံ႕ကူညီေပးႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
တချို့ဟင်းတွေက စပါးလင်လေး အုပ်လိုက်မှ အနံ့၊အရသာနဲ့ ပိုပြီးပြည့်စုံသွားတာပါ။

စပါးလင်ကို ကျွန်တော်တို့တွေ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးအဖြစ် အသုံးပြုကြပါတယ်။ တချို့ဟင်းတွေက စပါးလင်လေး အုပ်လိုက်မှ အနံ့၊အရသာနဲ့ ပိုပြီးပြည့်စုံသွားတာပါ။ ဒါပေမယ့် ကျွန်တော်တို့ သိပ်မသိသေးတဲ့ အချက်တစ်ချက်က စပါးလင်ကို လက်ဖက်ရည်တစ်မျိုးအဖြစ် ဖျော်စပ်လို့လည်း ရပါသေးတယ်။ စပါးလက်ဖက်ရည်သောက်ခြင်းကနေ ဘာတွေရနိုင်လဲဆိုတော့...

၁။ အစာအိမ်အတွက်ကောင်းတယ်

စပါးလင်မှာ အစာအိမ်လုပ်ဆောင်မှုကို ကောင်းမွန်စေပြီး အစာခြေလမ်းကြောင်းတလျှောက်မှာ ပုံမှန်ဖြစ်အောင် ထိန်းညှိပေးနိုင်တဲ့ ဂုဏ်သတ္တိလည်း ရှိပါတယ်။ စပါးလင်မှာပါဝင်တဲ့ စစ်ထရယ် (citral) ဆိုတဲ့ ဓာတ်တစ်မျိုးဟာ အစာခြေခြင်းကို ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် စပါးလင်လက်ဖက်ရည်ကို ညစာစားပြီးမှ သောက်တာအကောင်းဆုံးပါပဲ။ စပါးလင်လက်ဖက်ရည်ကို ရှေးခေတ်တရုပ် လူမျိုးတွေကလည်း ဗိုက်အောင့်ခြင်း၊ ဝမ်းချုပ်ခြင်းနဲ့ အစာမကြေခြင်းတွေကို ကုသဖို့အတွက် အသုံးပြုခဲ့ကြပါသေးတယ်။

၂။ သွေးဖိအားကို ထိန်းညှိပေးတယ်

စပါးလင်ဟာ သွေးတိုးထိန်းရာမှာ အလွန်အသုံးဝင်တဲ့ သဘာဝဆေးနည်းတစ်မျိုးလည်း ဖြစ်ပါတယ်။ စပါးလင်မှာ ဆီးပိုသွားစေတဲ့ ပိုတက်စီယမ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဆီးသွားခြင်းဖြင့် သွေးလည်ပတ်မှုကို ကောင်းမွန်အောင် လှုံ့ဆော်ပေးပြီး သွေးဖိအားကိုလည်း ကျဆင်းစေပါတယ်။

သွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေခြင်းဖြင့် အသည်းကိုလည်း သန့်ရှင်းစေပါတယ်။ နောက်ပြီး စပါးလင်ဟာ အူတွင်းကလီစာတွေမှ ကိုလက်စထရောစုပ်ယူမှုကို ထိန်းချုပ်ခြင်းဖြင့် ခန္ဓာကိုယ်ကို ကျစ်လျစ်စေရာမှာလည်း နာမည်ကျော်ကြားပါတယ်။

၃။ antioxidant ကြွယ်ဝတယ်

စပါးလင်လက်ဖက်ရည်က detox လက်ဖက်ရည် (ကိုယ်တွင်းအဆိပ်အတောက်တွေကို ရှင်းပေးနိုင်တဲ့ လက်ဖက်ရည်) တစ်မျိုးလည်း ဖြစ်ပါတယ်။ သူ့မှာ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ရှင်းလင်းပေးရာမှာ ကူညီပေးနိုင်တဲ့ antioxidant တွေလည်း ပါဝင်ပါတယ်။ သူဟာ ဆီးကနေတဆင့် ကိုယ်တွင်းကအဆိပ်အတောက်တွေ ပါသွားစေဖို့အတွက်လည်း ကူညီလုပ်ဆောင်ပေးပါတယ်။

၄။ အဆီတွေကို ပိုမိုမြန်ဆန်စွာ လောင်ကျွမ်းစေတယ်

စပါးလင်ဟာ ဇီဝကမ္မလုပ်ဆောင်မှုတွေကို မြန်ဆန်စေတဲ့အတွက် အစာခြေခြင်းကိုလည်း ပိုမိုလွယ်ကူစေပြီး ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းစေရာမှာ နာမည်ကြီးပါတယ်။ ဒါကြောင့် diet plan တွေမှာ ထည့်သွင်းဖို့အတွက် သင့်တော်ပါတယ်။ ၂၀၀၃ ခုနှစ်က အမေရိကန် Clinical Nutrition ဂျာနယ်မှာဖော်ပြခဲ့တဲ့ ဖော်ပြမှုတစ်စောင်မှာဆိုရင် သဘာဝအပင်ဓာတ်ပေါင်းတွေထဲမှာ တွေ့ရတဲ့ ပိုလီဖီနော (polyphenol) နဲ့ လက်ဖက်ရည်ထဲမှာပါဝင်တဲ့ ကဖင်းဓာတ်ဟာ ခန္ဓာကိုယ်ထဲက ဖက်တီးအက်ဆစ်တွေကို အောက်ဆီဂျင် ခွဲထုတ်ခြင်း လုပ်ငန်းစဉ်ပြုလုပ်ခြင်းဖြင့် စွမ်းအင်တွေကို ပိုမိုရရှိစေပါတယ်တဲ့။

၅။ အသားအရေပြားနဲ့ ဆံပင်လှစေတယ်

စပါးလင်ဟာ လှပတဲ့အရေပြားနဲ့ ဆံပင်ကို ပိုင်ဆိုင်နိုင်ဖို့အတွက် မရှိမဖြစ်အရေးပါတဲ့ ဗိုက်တာမင်အေနဲ့ စီ ကြွယ်ဝပါတယ်။ သွေးလည်ပတ်မှုကို မြှင့်တင်ပေးခြင်းဖြင့် စပါးလင်ဟာ အရေပြားကို ကြည်လင်စေတယ်။ အဆီပြန်ခြင်းကို ကုသပေးတယ်။ နောက်ပြီး ဝက်ခြံတို့၊ မှဲ့ခြောက်တွေကို ကုသရာမှာလည်း ထောက်ပံ့ကူညီပေးနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top