Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×






Credit: Duwun
#Unicode Version#
နောက်တစ်ပတ်ထဲလို့လည်း သတင်းကြားရပါတယ်။ သရုပ်ဆောင် ရဲတိုက် ဟာ နိုဝင်ဘာလအတွင်းမှာပဲ တောင်ငူထောင်ကနေ ထွက်ရတော့မယ်လို့ တောင်ငူ အကျဉ်းထောင် မှ စုံစမ်း သိရရှိ ရတာ ဖြစ်ပါတယ်။

ရဲတိုက် ဟာ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ထော င်က ထွက်ရမယ်လို့ သတင်းတွေ ကြားတဲ့အတွက် တောင်ငူအကျဉ်းထောင်ကို ဆက်သွယ်ခဲ့ရာမှာ တောင်ငူ အကျဉ်းထောင် မှတာဝန်ရှိသူတစ်ဦးက အခုလို အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။မီးထိုး၊မှန်ထိုး ဘဝ ကနေ ပရိသတ် လက်ခံတဲ့ မင်းသား တစ်ယောက်ဖြစ်လာတဲ့ သရုပ်ဆောင်နေနော် မီးထိုး၊မှန်ထိုး ဘဝကနေ ပရိသတ်လက်ခံတဲ့ မင်းသားတ စ်ယောက်ဖြစ်လာတဲ့ သရုပ်ဆောင် နေနော်

” ကို ရဲတိုက် က ဒီလ ၁၄ ရက်နေ့လွတ်မယ်ဆိုတာ မဟုတ်ပါဘူး၊ ဒါပေမယ့် ဒီလအတွင်းမှာပဲ လွတ်မှာပါ။ ရက်ကတော့ ကျွန်တော်တို့ လည်း မသိသေးဘူး။ သူ့ ရက်စေ့ သွားလို့ လွတ်တာပါ”လို့ တောင်ငူ အကျဉ်းထော င်မှ တပ်သားကျော်စိုးလွင်က ပြောပါတယ်။

သရုပ်ဆောင် ရဲတိုက် ဟာ ၂၀၁၃ ခုနှစ် ဇူလိုင်လတုန်းက ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မှာ ဆေးခြောက် တစ်ကျပ်သားခန့် လက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ဒဏ် ၆ နှစ်ကျခံခဲ့ရတာဖြစ်ပါတယ်။ အခုဆိုရင်တော့ သရုပ်ဆောင် ရဲတိုက်က  ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှာ လွတ်တော့မယ်လို့ သိရှိထားသော်လည်း တောင်ငူ အကျဉ်းထောင် ကို စုံစမ်းမေးမြန်းခဲ့ရာ ရက်အတိအကျ မပြောနိုင် သေးဘူး လို့ဆိုပါတယ်။

သရုပ်ဆောင် ရဲတိုက် ကို ခေါင်းဆောင် မင်းသား တစ်ယောက်အဖြစ် လက်တွဲခဲ့တဲ့ ဆာတိုရီ ထုတ်လုပ်ရေး အနေနဲ့ သရုပ်ဆောင် ရဲတိုက် လွတ်လာပါက ” သူ ထောင်က လွတ်လာတာနဲ့ ဒီ အလုပ် တွေ ပြန်လုပ်လာနိုင်အောင် ကျွန်တော်တို့ ဘက်က အကောင်းဆုံး ကြိုးစား နေပါတယ်၊စောင့်မျှော်နေရတဲ့ ပရိသတ် တွေ မျှော်ရကျိုးနပ်အောင် ဇာတ်ကားကောင်းတွေကို အရင်ဆုံးရိုက်ထုတ်ဖို့ စဉ်းလည်း စဉ်းစားတယ် ပြင်လည်းပြင်ဆင်နေပါတယ်” လို့ ဆာတိုရီရုပ်ရှင်နဲ့ဗီဒီယိုထုတ်လုပ်ရေးက ဦးမျိုးဇော်က  ဖြေကြား ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top