ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ကြ်န္​မ ေ႐ွ႕မွာ ကြ်န္မ ေကာင္းေၾကာင္း
ကြ်န္​မ ေတာ္ေၾကာင္း ပါးစပ္အျမႇဳပ္ထြက္မတတ္ ခ်ီးမြမ္းေနၿပီး
ကြ်န္​မ ကြယ္တာနဲ႔ မဲ့ကာရြဲ႔ကာ မေကာင္းေျပာ
အပုပ္ခ်တတ္တဲ့ လူတခ်ိဳ ့ကို ကြ်န္​မေၾကာက္တယ္။

ကြ်န္​မ ကူညီႏုိင္တဲ့အခ်ိန္တုန္းက
ဘာမွမေျပာဘဲတြယ္ကပ္ေနသေလာက္
ကြ်န္​မလည္း မကူညီႏုိင္ေတာ့ေရာ
ကြ်န္​မကိုေတာင္ လွည့္မၾကည့္
ႏႈတ္မဆက္ေတာ့တဲ့လူတခ်ိဳ႕ကို ကြ်န္​မေၾကာက္တယ္။

ကြ်န္​မ မွာ႐ွိတုန္းက တဝတျပဲ စားေသာက္ၿပီး
ကြ်န္​မလည္း မေကြၽးႏုိင္ေတာ့ေရာ
အဖက္မလုပ္မေခၚမေျပာတဲ့ လူတခိ်ဳ ့ကို ကြ်န္​မေၾကာက္တယ္။

ကြၽန္​မ လူတိုင္းအေပၚ ႐ုိး႐ုိးသားသား ဆက္ဆံခဲ့သမ်ွ
ကြ်န္​မရဲ႕႐ုိးသားမႈကို ကြက္ေက်ာ္႐ုိက္ ခုတံုး လုပ္သြားတဲ့
လူတခ်ိဳ ့ကို ကြ်န္​မေၾကာက္တယ္။

လူတိုင္းအေပၚ ျဖဴ ျဖဴ စင္စင္ ခင္မင္ခဲ့သမ်ွ
ကိုယ္​႕ရဲ႕ ျဖဴ စင္မႈကို အေရာင္ဆိုးသြားၾကတဲ့
လူတခ်ိဳ ့ကိုက်ြန္​မေၾကာက္တယ္။

ကြ်န္​မလူတိုင္းကို စိတ္ရင္းနဲ႔ ကူညီေပးေသာ္ျငား
ကြ်န္​မကို နာက်င္မႈေတြသာ ျပန္ေပးတတ္တဲ့
လူတခ်ိဳ႕ကို ကြ်န္​မေၾကာက္တယ္။

က်ြန္​မ လူတိုင္းကို ေကာင္းခဲ့ေသာ္ျငား
က်ြန္​မေ႐ွ႕မွာသာ ဟန္ေဆာင္ေကာင္းျပတတ္ၿပီး
ေနာက္ကြယ္က် သိကၡာခ်တတ္တဲ့
လူတခ်ိဳ႕ ကိုက်ြန္​မေၾကာက္တယ္။

ဟုတ္ကဲ့... အဲလို လူတခ်ိဳ ့ကိုေၾကာက္သြားလို႔
ကြ်န္​မအရင္လို စိတ္ထားမ်ိဳး မထားႏုိင္တာ ခြင့္လႊတ္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: su

# Unicode Version ျဖင့္ ဖတ္ပါ #
ကျွန်မ ရှေ့မှာ ကျွန်မ ကောင်းကြောင်း
ကျွန်မ တော်ကြောင်း ပါးစပ်အမြှုပ်ထွက်မတတ် ချီးမွမ်းနေပြီး
ကျွန်မ ကွယ်တာနဲ့ မဲ့ကာရွဲ့ကာ မကောင်းပြော
အပုပ်ချတတ်တဲ့ လူတချို့ကို ကျွန်မကြောက်တယ်။

ကျွန်မ ကူညီနိုင်တဲ့အချိန်တုန်းက
ဘာမှမပြောဘဲတွယ်ကပ်နေသလောက်
ကျွန်မလည်း မကူညီနိုင်တော့ရော
ကျွန်မကိုတောင် လှည့်မကြည့်
နှုတ်မဆက်တော့တဲ့လူတချို့ကို ကျွန်မကြောက်တယ်။

ကျွန်မ မှာရှိတုန်းက တဝတပြဲ စားသောက်ပြီး
ကျွန်မလည်း မကျွေးနိုင်တော့ရော
အဖက်မလုပ်မခေါ်မပြောတဲ့ လူတချို့ကို ကျွန်မကြောက်တယ်။

ကျွန်မ လူတိုင်းအပေါ် ရိုးရိုးသားသား ဆက်ဆံခဲ့သမျှ
ကျွန်မရဲ့ရိုးသားမှုကို ကွက်ကျော်ရိုက် ခုတုံး လုပ်သွားတဲ့
လူတချို့ကို ကျွန်မကြောက်တယ်။

လူတိုင်းအပေါ် ဖြူ ဖြူ စင်စင် ခင်မင်ခဲ့သမျှ
ကိုယ့်ရဲ့ ဖြူ စင်မှုကို အရောင်ဆိုးသွားကြတဲ့
လူတချို့ကိုကျွန်မကြောက်တယ်။

ကျွန်မလူတိုင်းကို စိတ်ရင်းနဲ့ ကူညီပေးသော်ငြား
ကျွန်မကို နာကျင်မှုတွေသာ ပြန်ပေးတတ်တဲ့
လူတချို့ကို ကျွန်မကြောက်တယ်။

ကျွန်မ လူတိုင်းကို ကောင်းခဲ့သော်ငြား
ကျွန်မရှေ့မှာသာ ဟန်ဆောင်ကောင်းပြတတ်ပြီး
နောက်ကွယ်ကျ သိက္ခာချတတ်တဲ့
လူတချို့ ကိုကျွန်မကြောက်တယ်။

ဟုတ်ကဲ့... အဲလို လူတချို့ကိုကြောက်သွားလို့
ကျွန်မအရင်လို စိတ်ထားမျိုး မထားနိုင်တာ ခွင့်လွှတ်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: su
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top