ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အသည္းေတြ ယားေအာင္ လုပ္တဲ့ အမ်ိဳးသား ဖက္ရွင္စတိုင္လ္ (၅) ခု
ဖက္ရွင္ဆိုတဲ့ စကားလံုးၾကားလိုက္တာနဲ႔ ေကာင္မေလးေတြကိုပဲ ေျပးျမင္ၾကတာ အက်င့္ျဖစ္ေနၾကတယ္။ ဟုတ္ေတာ့လည္း ဟုတ္ပါတယ္။ မိန္းကေလးေတြက အလွ ႀကိဳက္တာကိုး။ အလွ ႀကိဳက္တတ္သလို ဘယ္လို လွေအာင္ ေနရလဲ၊ ဘယ္ေလာက္ အားထုတ္ရလည္း ဆိုတာလည္း သိၾကတယ္။ ဒါေၾကာင့္ သူတို႔ကို ဆဲြြေဆာင္ႏိုင္ဖို႔၊ သူတုိ႔ ဂရုျပဳၿပီး သတိထားမိေစခ်င္တယ္ဆိုရင္ အေရးႀကီးတာက ေယာက်္ားဆန္ဆန္နဲ႔ ဖက္ရွင္က်ေနရင္ ခ်က္ခ်င္း မွတ္မိတယ္၊ သေဘာက်တတ္ၾကပါတယ္။ ေျပာရရင္ အမ်ားႀကီးရွိတယ္ဆိုေပမယ့္ ဒီမွာ ( ၅ ) ခ်က္ ေဖာ္ျပေပးထားပါတယ္။

(၁) ေစ်းႀကီးတဲ့ နာရီေကာင္းေကာင္းတစ္လံုး
အမ်ိဳးသားေတြ ၾကည့္ေကာင္းသြားေစဖို႔ မရွိမျဖစ္လိုအပ္တဲ့ အရာတစ္ခု ျဖစ္ပါတယ္။ ဝတ္ထားတဲ့နာရီကို ၾကည့္ၿပီး ေကာင္မေလးေတြက သင့္အေၾကာင္းကို အေတာ္အတန္ အေျဖထုတ္တတ္ၾကတာမို႔  မဝယ္ခင္ ေသခ်ာေရြးဖို႔ လိုတာေပါ့။ နာမည္ႀကီး နာရီတစ္လံုးေလာက္ေတာ့ ပစ္ဝယ္လို္က္ပါ။ ကိုယ္နဲ႔ လိုက္ဖက္မယ့္ ဒီဇိုင္းနဲ႔ အမ်ိဳးအစား၊ အေရာင္ကိုပါ အခ်ိန္ေပးေရြးခ်ယ္ေစခ်င္ပါတယ္။

(၂) အျဖဴေရာင္ ရွပ္အက်ႌ
စိတ္ထဲမွာ မေရမရာျဖစ္ေနရင္ အျဖဴေရာင္ရွပ္အက်ႌကိုသာ ဝတ္သြားပါ။ အျဖဴေရာင္ ရွပ္အက်ႌက မိန္းကေလးျဖစ္ျဖစ္ ေယာက်္ားေလးျဖစ္ျဖစ္ အားလံုးနဲ႔လိုက္ဖက္တဲ့ အေကာင္းဆံုး ေရြးခ်ယ္မႈတစ္ခု ျဖစ္ပါတယ္။ နည္းနည္းေအးတဲ့ ရာသီဥတုဆိုရင္ သားေရဂ်ာကင္ တစ္ထည္ေလာက္ အေပၚကေန ထပ္ဝတ္လိုက္ပါ။ မေအးဘူး ေသေအာင္ပူလို႔ပါ ဆိုရင္ေတာ့ ရွပ္အက်ႌရဲ့ အေပၚဆံုးၾကယ္သီးတစ္လံုးသာ ေကာက္ျဖဳတ္ၿပီး ဟထားလိုက္ေတာ့။ ဒီလို အလန္းဇယား စတိုင္လ္မ်ိဳးဆို ျမင္တာနဲ႔ မေနႏိုင္ဘဲ အသည္းေတြ ယားတတ္လြန္းလို႔ပါ။

(၃) အက်ႌ လက္ေခါက္တင္ထားတဲ့စတို္င္လ္
မိန္းမေတြ အႀကိဳက္ဆံုး အဂၤါအစိတ္အပိုင္းက ဘာေနရာျဖစ္မလဲ သိခ်င္လား။ တစ္လဲြ ေတြးေနမွာစိုးလို႔ ေျပာျပပါ့မယ္။ သူတို႔ တစ္ခ်ိန္လံုုး တဲြထားခ်င္တဲ့ အဲဒၤီ မာေတာင္ဖုထစ္ေနတဲ့ ၾကြက္သားႀကီးေတြနဲ႔ လက္ေမာင္းေတြ ျဖစ္ပါတယ္။ ကိုယ္တိုင္လည္း တစ္ခ်ိန္လံုး ဒီလက္ေမာင္းကို တဲြေလာင္းဆဲြၿပီး သြားခ်င္တယ္။ တစ္ခုခုဆို စိတ္တုိလာရင္ (မနာေအာင္ ဖြဖြေလး) ထုရုိက္လို႔ရတယ္။ တစ္ခါတစ္ေလ ရုပ္ရွင္ၾကည့္ရင္း အိပ္ဖို႔ ေခါင္းအံုးႀကီး လုပ္မယ္။ ဒီလို ဒီလို ခ်စ္စရာလက္ေမာင္းႀကီးေတြကို အက်ႌလက္ရွည္ႀကီးဝတ္ၿပီး ဖံုးမထားပါနဲ႔လို႔ ေျပာခ်င္ပါတယ္။ အတတ္ႏိုင္ဆံုုး တံေတာင္ဆစ္နားေလာက္ထိ ေခါက္တင္ထားေပ့ါ။ ေကာင္မေလးေတြက အဲဒီလို စတိုင္လ္ကိုမွ ေရေရလည္လည္ ခိုက္ၾကတယ္ဆိုတာ သိေစခ်င္ပါတယ္။

(၄) မုတ္ဆိတ္ေမႊးေရးေရးေလး
ေျပာင္ေခ်ာေနေအာင္ ရိတ္ထားတာက ၾကည့္လို႔ေတာ့ ေကာင္းပါတယ္။ ရင္ခုန္စရာ မေကာင္းဘူး။ ေျပာင္ေခ်ာ္ေခ်ာ္နဲ႔။ တကယ္က ရိတ္ထားၿပီး တစ္ရက္ ႏွစ္ရက္ေလာက္မွာ ထြက္လာတဲ့ မုတ္ဆိတ္ေမႊး၊ ႏႈတ္ခမ္းေမႊး တုိတုိငုတ္စိေလး အေနအထားကမွ မိုက္တာ။ အေမႊးငုတ္စိေလးေတြက ပါးရုိးနဲ႔ ေမးရုိးကို ေပၚသြားေစေတာ့ က်ားက်ားလ်ားလ်ား ရွိတာေပါ့။ ေနာက္ၿပီး အဲဒီ မုတ္ဆိတ္ပါးပါးနဲ႔ ေကာင္မေလးကို နမ္းၾကည့္လိုက္၊ ဘာလို႔ ပိုမိုက္တယ္ေျပာလည္းဆိုတာ သိလိမ့္မယ္။

(၅) ေယာက်္ားေလးသံုး ေရေမႊး (သို႔) ေခၽြးနံ႔ေပ်ာက္ေစတဲ့ Roll On
အဲဒါ ဘာဓာတ္လည္းေတာ့ မသိဘူး။ ေတာ္ေတာ္ႀကီး အဆင္မေျပတဲ့ရုပ္နဲ႔ဆိုရင္ေတာင္ ေရေမႊး ေကာင္းေကာင္းဆြတ္ထားမယ္ဆိုရင္ နည္းနည္းေတာ့ ၾကည့္ရ အဆင္ေျပသြားသလိုလို ဘာလိုလို ျဖစ္တာကိုး။ ေရေမြးရဲ႔အစြမ္းတစ္ခုက ခႏၶာကိုယ္က ထြက္တဲ့ ေခၽြးနံ႔နဲ႔ အဆီနဲ႔ ေပါင္းစပ္သြားၿပီး အနံ႔ေနာက္တစ္မ်ိဳးထြက္တတ္တယ္။ ေရေမႊးအေရြးေတာ္လို႔ကေတာ့ ဆြတ္သြားတဲ့ေန႔ ေကာင္မေလးေတြ ေဘးနားကေန တစ္ဖဝါးမွကို မခြာႏိုင္ျဖစ္ေနမွာလို႔သာ မွတ္ထားလိုက္ေတာ့။
 ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
အသည်းတွေ ယားအောင် လုပ်တဲ့ အမျိုးသား ဖက်ရှင်စတိုင်လ် (၅) ခု
ဖက်ရှင်ဆိုတဲ့ စကားလုံးကြားလိုက်တာနဲ့ ကောင်မလေးတွေကိုပဲ ပြေးမြင်ကြတာ အကျင့်ဖြစ်နေကြတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ မိန်းကလေးတွေက အလှ ကြိုက်တာကိုး။ အလှ ကြိုက်တတ်သလို ဘယ်လို လှအောင် နေရလဲ၊ ဘယ်လောက် အားထုတ်ရလည်း ဆိုတာလည်း သိကြတယ်။ ဒါကြောင့် သူတို့ကို ဆွဲွဆောင်နိုင်ဖို့၊ သူတို့ ဂရုပြုပြီး သတိထားမိစေချင်တယ်ဆိုရင် အရေးကြီးတာက ယောကျ်ားဆန်ဆန်နဲ့ ဖက်ရှင်ကျနေရင် ချက်ချင်း မှတ်မိတယ်၊ သဘောကျတတ်ကြပါတယ်။ ပြောရရင် အများကြီးရှိတယ်ဆိုပေမယ့် ဒီမှာ ( ၅ ) ချက် ဖော်ပြပေးထားပါတယ်။


(၁) ဈေးကြီးတဲ့ နာရီကောင်းကောင်းတစ်လုံး

အမျိုးသားတွေ ကြည့်ကောင်းသွားစေဖို့ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဝတ်ထားတဲ့နာရီကို ကြည့်ပြီး ကောင်မလေးတွေက သင့်အကြောင်းကို အတော်အတန် အဖြေထုတ်တတ်ကြတာမို့  မဝယ်ခင် သေချာရွေးဖို့ လိုတာပေါ့။ နာမည်ကြီး နာရီတစ်လုံးလောက်တော့ ပစ်ဝယ်လိုက်ပါ။ ကိုယ်နဲ့ လိုက်ဖက်မယ့် ဒီဇိုင်းနဲ့ အမျိုးအစား၊ အရောင်ကိုပါ အချိန်ပေးရွေးချယ်စေချင်ပါတယ်။

(၂) အဖြူရောင် ရှပ်အကျႌ

စိတ်ထဲမှာ မရေမရာဖြစ်နေရင် အဖြူရောင်ရှပ်အကျႌကိုသာ ဝတ်သွားပါ။ အဖြူရောင် ရှပ်အကျႌက မိန်းကလေးဖြစ်ဖြစ် ယောကျ်ားလေးဖြစ်ဖြစ် အားလုံးနဲ့လိုက်ဖက်တဲ့ အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။ နည်းနည်းအေးတဲ့ ရာသီဥတုဆိုရင် သားရေဂျာကင် တစ်ထည်လောက် အပေါ်ကနေ ထပ်ဝတ်လိုက်ပါ။ မအေးဘူး သေအောင်ပူလို့ပါ ဆိုရင်တော့ ရှပ်အကျႌရဲ့ အပေါ်ဆုံးကြယ်သီးတစ်လုံးသာ ကောက်ဖြုတ်ပြီး ဟထားလိုက်တော့။ ဒီလို အလန်းဇယား စတိုင်လ်မျိုးဆို မြင်တာနဲ့ မနေနိုင်ဘဲ အသည်းတွေ ယားတတ်လွန်းလို့ပါ။

(၃) အကျႌ လက်ခေါက်တင်ထားတဲ့စတိုင်လ်

မိန်းမတွေ အကြိုက်ဆုံး အင်္ဂါအစိတ်အပိုင်းက ဘာနေရာဖြစ်မလဲ သိချင်လား။ တစ်လွဲ တွေးနေမှာစိုးလို့ ပြောပြပါ့မယ်။ သူတို့ တစ်ချိန်လုံုး တွဲထားချင်တဲ့ အဲင်္ဒီ မာတောင်ဖုထစ်နေတဲ့ ကြွက်သားကြီးတွေနဲ့ လက်မောင်းတွေ ဖြစ်ပါတယ်။ ကိုယ်တိုင်လည်း တစ်ချိန်လုံး ဒီလက်မောင်းကို တွဲလောင်းဆွဲပြီး သွားချင်တယ်။ တစ်ခုခုဆို စိတ်တိုလာရင် (မနာအောင် ဖွဖွလေး) ထုရိုက်လို့ရတယ်။ တစ်ခါတစ်လေ ရုပ်ရှင်ကြည့်ရင်း အိပ်ဖို့ ခေါင်းအုံးကြီး လုပ်မယ်။ ဒီလို ဒီလို ချစ်စရာလက်မောင်းကြီးတွေကို အကျႌလက်ရှည်ကြီးဝတ်ပြီး ဖုံးမထားပါနဲ့လို့ ပြောချင်ပါတယ်။ အတတ်နိုင်ဆုံုး တံတောင်ဆစ်နားလောက်ထိ ခေါက်တင်ထားပေ့ါ။ ကောင်မလေးတွေက အဲဒီလို စတိုင်လ်ကိုမှ ရေရေလည်လည် ခိုက်ကြတယ်ဆိုတာ သိစေချင်ပါတယ်။

(၄) မုတ်ဆိတ်မွှေးရေးရေးလေး

ပြောင်ချောနေအောင် ရိတ်ထားတာက ကြည့်လို့တော့ ကောင်းပါတယ်။ ရင်ခုန်စရာ မကောင်းဘူး။ ပြောင်ချော်ချော်နဲ့။ တကယ်က ရိတ်ထားပြီး တစ်ရက် နှစ်ရက်လောက်မှာ ထွက်လာတဲ့ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး တိုတိုငုတ်စိလေး အနေအထားကမှ မိုက်တာ။ အမွှေးငုတ်စိလေးတွေက ပါးရိုးနဲ့ မေးရိုးကို ပေါ်သွားစေတော့ ကျားကျားလျားလျား ရှိတာပေါ့။ နောက်ပြီး အဲဒီ မုတ်ဆိတ်ပါးပါးနဲ့ ကောင်မလေးကို နမ်းကြည့်လိုက်၊ ဘာလို့ ပိုမိုက်တယ်ပြောလည်းဆိုတာ သိလိမ့်မယ်။

(၅) ယောကျ်ားလေးသုံး ရေမွှေး (သို့) ချွေးနံ့ပျောက်စေတဲ့ Roll On

အဲဒါ ဘာဓာတ်လည်းတော့ မသိဘူး။ တော်တော်ကြီး အဆင်မပြေတဲ့ရုပ်နဲ့ဆိုရင်တောင် ရေမွှေး ကောင်းကောင်းဆွတ်ထားမယ်ဆိုရင် နည်းနည်းတော့ ကြည့်ရ အဆင်ပြေသွားသလိုလို ဘာလိုလို ဖြစ်တာကိုး။ ရေမွေးရဲ့အစွမ်းတစ်ခုက ခန္ဓာကိုယ်က ထွက်တဲ့ ချွေးနံ့နဲ့ အဆီနဲ့ ပေါင်းစပ်သွားပြီး အနံ့နောက်တစ်မျိုးထွက်တတ်တယ်။ ရေမွှေးအရွေးတော်လို့ကတော့ ဆွတ်သွားတဲ့နေ့ ကောင်မလေးတွေ ဘေးနားကနေ တစ်ဖဝါးမှကို မခွာနိုင်ဖြစ်နေမှာလို့သာ မှတ်ထားလိုက်တော့။

 ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top