မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×
Credit: lwinpyin
#Unicode Version#
ဇာတ်ရုပ်တိုင်းကို ပီပြင်စွာနဲ့ သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်ယောက် အနေနဲ့ အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးလဲ ဖြစ်တဲ့ သရုပ်ဆောင်ပိုင်းမှာ ပရိတ်သတ် အားပေးမှု အခိုင်အမာရရှိလာသူကတော့ အိချောပိုပါ။ သူမက အခုဆိုရင် ရုပ်ရှင်ကားကြီးများစွာလဲ ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်စွမ်းရှိတဲ့ သူမက အဆိုပိုင်းကိုလဲ ဝါသနာပါပြီး သီချင်းခွေ တစ်ခွေစီစဉ်နေတယ်လို့လဲ သိရပါတယ်။
အိချောက သရုပ်ဆောင်ပိုင်းကိုပဲ သေချာ လုပ်မှာပါ။ အဆိုပိုင်းကို ကူးတာတော့ မဟုတ်ဘူး။ အိချောတို့က အနုပညာရှင်ဆိုတော့ အဆိုပိုင်းလည်း လေ့လာထားရတယ်။ ပရိတ်သတ်က အဆိုပိုင်းတောင်းဆိုတဲ့အခါ သီချင်းဆိုရတာလည်း ရှိတယ်။ ဒါကြောင့် အဆိုပိုင်းကို နည်းနည်းလုပ်ဖြစ်တာပါ။
နယ်ပွဲတွေမှာ သီချင်းဆိုရင်လည်း ကိုယ်ပိုင်သီချင်းလေးတွေ မရှိဘူးဖြစ်နေတယ်။ ဒါကြောင့်လည်း ကိုယ့်သီချင်းလေးတွေရှိအောင် တစ်ကိုယ်တော်ခွေလေးလုပ်ဖြစ်တာ။ အခွေကစီစဉ်နေတုန်းပါ။ နည်းနည်းပဲပြီးသေးတယ်။ ပရိတ်သတ်ကိုချ ပြဖို့တော့နီးနေပါပြီး။ အနုပညာ အသစ်အဆန်းတစ်ခုအနေနဲ့ အကောင်းဆုံးပြင်ဆင်ချပြသွားမယ်လို့ သိရပါတယ်။
အိချောက သီချင်းတွေ ဆိုရင်လဲ အားပေးကြမယ် မဟုတ်လား ပရိသတ်ကြီးရေ။
ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top