Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

က်ြန္ေတာ္က လားရႈိးသားဆိုေတာ့ လားရႈိးသားေတြ ထံုးစံအတိုင္း ဆိုင္ကယ္ ကယ္ရီ စီးဖူးတာေပါ့..။
တရုတ္ျပည္ ေရႊလီ၊ ၾကယ္ေခါင္ထဲက တရုတ္ဆိုင္ကယ္ေတြကို ျမန္မာႏိုင္ငံထဲကို တရားမ၀င္တဲ့ နည္းလမ္းနဲ႕ စီးၾကတာေပါ့ဗ်ာ…၊ ျမန္မာႏိုင္ငံထဲကို ကၽြန္ေတာ္တို႕ လားရႈိးျမိဳ႕ကေန ျဖတ္ၿပီး တစ္ႏိုင္ငံလံုးကို ျဖန္႕တယ္..။ ဆိုင္ကယ္ ကယ္ရီ မစီးဖူးရင္ လားရႈိးသား မစစ္ဘူးလို႕ေတာင္ ဆိုရမလားပဲ..။ တစ္ခ်ိဳ႕က က်ေတာ့ ေငြရဖို႕အတြက္စီးတယ္..။ တစ္ခ်ိဳ႕က သူငယ္ခ်င္းအေပါင္းအေပၚနဲ႕ အေပ်ာ္အျဖစ္ စီးၾကတယ္..။ ကၽြန္ေတာ္ တစ္ခါက တရုတ္ျပည္နယ္စပ္ကို လိုက္လည္ခ်င္တာနဲ႕ပဲ ဆိုင္ကယ္ ကယ္ရီ စီးျဖစ္ခဲ့တယ္..။ 

မနက္ ၈း၀၀ နာရီေလာက္ သူငယ္ခ်င္း ၈ ေယာက္ ဗင္ကားတစ္စီးထဲမွာ လူၾကပ္ညပ္သပ္စြာစီးၿပီး မူဆယ္ကို ဆင္းခဲ့တယ္..။ ၿပီးေတာ့ နယ္စပ္ဂိတ္မွာ ၀င္ခြင့္ကဒ္လုပ္ရတယ္..။ ၀င္ေနက်လူေတြကေတာ့ လုပ္စရာမလိုပါဘူး..။ ကၽြန္ေတာ္က အခုမွ လိုက္လို႕သာ လုပ္ရတာ..။ သိပ္မေပးရပါဘူး..။ ျမန္မာေငြ တစ္ေထာင့္ငါးရာလား ႏွစ္ေထာင္လားပဲ..။ ျပီးေတာ့ တရုတ္ႏိုင္ငံေရႊလီထဲမွာ ရွိတဲ့ ဆိုင္ကယ္ ကုမၸဏီမွာ သယ္မယ့္ ဆိုင္ကယ္ေတြယူၿပီး သူငယ္ခ်င္းေတြ ဟိုတယ္မွာ အိပ္ၾကတယ္..။ သူငယ္ခ်င္း ရွစ္ေယာက္လံုး တစ္ခန္းထဲယူတယ္.. ခုတင္ဆက္ၿပီး အိပ္ၾကတာ..။ တရုတ္ ဟိုတယ္ေတြက လည္တယ္..။ ဘယ္ႏွစ္ေယာက္ အိပ္အိပ္ တစ္ခန္းေစ်းပဲ ယူတယ္..။ တစ္ေယာက္ခ်င္းဆီ တြက္ၾကည့္လိုက္ရင္ သိပ္မက်ဘူး..။ ႏွစ္ေထာင္လားပဲ..။ အဲ့ဒီေတာ့ တစ္ညလံုး ဟိုလည္ ဒီလည္နဲ႕ ၀ယ္ခ်င္တာေတြ ၀ယ္ၿပီး ညနက္မွ ဟိုတယ္ျပန္အိပ္ မနက္ေစာေစာ ၅း၀၀ နာရီေလာက္ ထၿပီး လားရႈိးကို ဆိုင္ကယ္ တစ္ေယာက္ တစ္စီး စီးျပီးေတာ့ ျပန္ၾကတယ္..။ 

အတိုခ်ံဳး ေျပာရရင္ ဟိုေကြ႕ ဒီေက်ာ္ ဟိုေပးဒီေပးနဲ႕ လားရႈိးကို ညေန ၃း၀၀ နာရီေလာက္ ျပန္၀င္လာတယ္..။ အမွန္ဆို ဒီေလာက္ မၾကာဘူး..။ မိုးတြင္းဆိုေတာ့ ကြင္းလမ္းေတြက လမ္းေခ်ာ္ေနတာမို႕လို႕ ဒီေလာက္ၾကာသြားတာ… လားရႈိး ေရာက္ၿပီး ဆိုင္ကယ္အပ္မယ္ဆိုမွ ျပသနာတက္တယ္..။ ေငြထုတ္ေပးမယ့္ ပိုင္ရွင္က မန္းေလးဆင္းသြားၿပီတဲ့.. မန္းေလးကို လိုက္ခဲ့ပါတဲ့… မန္းေလးထိ စီးစရိတ္ပိုေပးပါ့မယ္ ေျပာတယ္…။ ကၽြန္ေတာ္က မလိုက္ခ်င္ေတာ့ဘူး.. လူလည္း ပင္ပန္းေနၿပီ.. ဒါေပမယ့္ ကၽြန္ေတာ္မလိုက္ရင္လည္း ဒီဆိုင္ကယ္ကို ဘယ္သူက ေမာင္းသြားမွာလဲ…။ သူငယ္ခ်င္းေတြကလည္း ဆက္စီးေပးဖို႕ ၀ိုင္းေျပာၾကတယ္..။ ၿပီးေတာ့ အဲ့ဒီအခ်ိန္က မန္းေလးမွာ စြယ္ေတာ္ အပူေဇာ္ခံေနတဲ့အခ်ိန္…. ဒါဆိုလည္း မန္းေလးကို စြယ္ေတာ္ဖူးရင္း လိုက္သြားလိုက္အံုးမယ္လို႕ေတြးၿပီး သူငယ္ခ်င္း ၈ ေယာက္ ည ၁၀း၀၀ နာရီေလာက္မွာ မန္းေလး ဆက္ဆင္းၾကတယ္…။ ဇာတ္လမ္းက အဲ့ဒီမွာ စတာပဲ…။ 

ဆိုင္ကယ္ ကယ္ရီ စီးပံုက သမၻာရင့္ ၀ါရင့္ ဆရာၾကီး ႏွစ္ေယာက္ကို ေရွ႕ပိတ္နဲ႕ ေနာက္ပိတ္ထားၿပီး စီးၾကတယ္..။ ေရွ႕က လမ္းရွင္း မရွင္း ၾကည့္ၿပီး ေနာက္ဆံုးက ဆိုင္ကယ္ ပ်က္တာတို႕ ဘီးေပါက္တာတို႕ကို လုပ္ေပးတယ္.. ကၽြန္ေတာ္တို႕က အလယ္ကေပါ့..။ ကၽြန္ေတာ္ကေတာ့ ေနာက္ဆံုး ဆိုင္ကယ္နဲ႕ ကပ္လ်က္မွာ စီးတယ္..။ 

ဒီလိုနဲ႕ စီးလာလိုက္တာ ျမိဳ႕ေတြ တစ္ျမိဳ႕ျပီး တစ္ျမိဳ႕ ေက်ာ္လာလိုက္တာ ဘယ္ေနရာ ေရာက္ေနမွန္းေတာင္ မသိဘူး..။ လမ္းတစ္ေလွ်ာက္လံုး ေမွာင္မဲေနျပီး ေရွ႕မွာ ဆိုင္ကယ္မီးကလြဲလို႕ ဘာမွ မျမင္ရဘူး..။ ဆိုင္ကယ္ေတြကလည္း ေမာင္းလာတာ အရွိန္ရတာနဲ႕ ျမန္လာလိုက္တာ တစ္စီးနဲ႕ တစ္စီး ေတာ္ေတာ္ေလး ကြာလာၾကတယ္..။ ကၽြန္ေတာ္က ဒီလမ္းကို အခုမွ စေမာင္းဖူးတာ ဆိုေတာ့ သိပ္မစီးရဲ ဘူး.. ေျဖးေျဖးျမန္ျမန္ပဲ ေနာက္ဆံုး ဘိတ္အစီးနဲ႕ မကြာေအာင္ ေမာင္းေနလိုက္တယ္..။ ခဏၾကာေတာ့ ကၽြန္ေတာ့္ ေနာက္က ေနာက္ပိတ္ ဆိုင္ကယ္ ရပ္သြားတာကို ေနာက္ၾကည့္မွန္ထဲကေန ျမင္လိုက္ရတယ္..။ ကၽြန္ေတာ္ ခ်က္ခ်င္း ေနာက္လွည့္ၿပီး သူ႕ဆီကို သြားလိုက္တယ္.. တစ္လမ္းလံုး ေမွာင္မဲ ေနၿပီး ကၽြန္ေတာ္တို႕ ႏွစ္စီးထဲ … မွတ္မွတ္ရရ အခ်ိန္က ည ၁း၁၅ မိနစ္ တိတိ…။ 

"ဟေရာင္…၊ ဘာျဖစ္တာလဲ…" 

"မသိဘူးကြ…၊ ဆိုင္ကယ္ ထိုးရပ္သြားလို႕…." 

"ဆီျပတ္တာလား.." 

"မဟုတ္ဘူးကြာ.. ငါရွာၾကည့္တာေတာ့ ဆိုင္ကယ္ဘာမွ မျဖစ္ဘူး.. ပလပ္ လစ္သြားတာလား မသိဘူး..၊ ဒါဆိုရင္ေတာ့ သြားပီ.. ဟိုေကာင္ေတြေရာ…" 

"သြားတာ မႈန္ေနတာပဲ… ျမင္ေတာင္မျမင္ေတာ့ဘူး…" 

"ဒုကၡပဲကြာ.. ဖုန္းလိုင္းက မရနဲ႕… ဒီေနရာမွာမွ လာျဖစ္ရတယ္လို႕…" 

"အမ္.. ဒီေနရာက… ဘာျဖစ္လို႕လဲ…" 

"ဟာ… ဟိုမွာ မိုင္တိုင္ ၂၆ ၾကီး မင္းမျမင္ဘူးလား…" 

"ေအာင္မေလးဗ်…." 

ကၽြန္ေတာ္ တစ္ကယ္ကိုလန္႕သြားခဲ့သည္။ လမ္းေဘးမိုင္တိုင္ အမွတ္က ၂၆ တဲ့..၊ ေဘးမွာက ေစတီ တစ္ဆူေတာင္ ရွိေသး…၊ ျပင္ဦးလြင္က နာမည္ၾကီး မိုင္တိုင္အမွတ္ ၂၆ေပါ့..၊ တစ္ေလာက ရုပ္ရွင္ရိုက္ဖို႕ ကန္ေတာ့ပြဲ လုပ္ေတာ့ေတာင္ ၀င္ပူးတယ္ဆိုပဲ…. ျပီးေတာ့ အဲ့ဒီ အမ်ိဳးသမီးနဲ႕ ကေလးက သူတို႕ကိုသတ္ၿပီး ပိုက္ဆံယူသြားတဲ့ ေယာက္်ားေလး နွစ္ေယာက္ကို အခုခ်ိန္ထိ ဒီေနရာကေန ေစာင့္ေနတယ္လို႕ၾကားဖူးတယ္… ေတြးရင္း ကၽြန္ေတာ့္ တစ္ကုိယ္လံုး ၾကက္သီးေမြးသီးေတြ အလိပ္လိုက္ ထလာတယ္..။ 

"ဟေရာင္… ငါေၾကာက္တယ္ကြာ… ငါတို႕ ဘာလုပ္ၾကမလဲ အခု…" 

"ဘာလုပ္ရမလဲကြ.. ဆိုင္ကယ္ကို ဆြဲရမွာေပါ့..၊ မင္းေနာက္ကေနစီး..၊ ငါေရွ႕ကေန ဆိုင္ကယ္နဲ႕ဆြဲမယ္…" 

"ဟာ… ငါေနာက္ကေန မစီးရဲဘူး…" 

"ဒါဆိုမင္းေရွ႕က ဆြဲတတ္လို႕လား.." 

"ဟာ.. ငါမွ မဆြဲဘူးတာ…" 

"ဘာမွမျဖစ္ပါဘူးကြာ.. ဒီေနရာက နာမည္သာၾကီးတာ.. ငါတို႕ ျဖတ္သြားျဖတ္လာ လုပ္လာတာ ႏွစ္ခ်ီေနၿပီ.. တစ္ခါမွ အေျခာက္မခံရဖူးဘူး… စိတ္ကိုသာ တစ္ျခားေနရာပို႕ထား.." 

ကၽြန္ေတာ္လည္း ဘာမွမတတ္ႏိုင္ေတာ့…. ဒီေကာင္က ၾကိဳးနဲ႕ သူ႕ဆိုင္ကယ္ေခါင္းကို ကုန္းခ်ီလိုက္သည္။ သူခါးကုန္းလိုက္ေတာ့ သူ႕ေနာက္ မလွမ္းမကမ္းမွာ ရပ္ေနတဲ့ သားအမိ ႏွစ္ေယာက္ကို ကၽြန္ေတာ္ ရုတ္တရက္ ျမင္လိုက္ရတယ္…။ 

"အား….၊ ေအာင္မေလးဗ်..… သရဲ…." 

"ဟေရာင္…ဘာျဖစ္ေနတာလဲ….." 

"မင္း .....မင္း.... ေနာက္မွာ…မင္းေနာက္မွာ…." 

ကၽြန္ေတာ့္ သူငယ္ခ်င္းေနာက္လွည့္ၾကည့္လိုက္သည္။ ဘာမွ မရွိေတာ့… 

"ဟေရာင္.. မင္း စိတ္ကို တစ္ျခားေနရာပို႕ထား…၊ ဘာသရဲမွ မရွိဘူး..၊ မင္းစိတ္က မင္းကို ျပန္ေျခာက္ေနတာ.." 

ဒီသားအမိကို ကၽြန္ေတာ္ ေတြ႕လုိက္ရတာေတာ့ ေသခ်ာကၽြန္ေတာ္သိသည္။ ကၽြန္ေတာ္လည္း ဘာမွမေတြးေတာ့ပဲ သူ ဆိုင္ကယ္ ေခါင္းကို ၾကိဳးခ်ည္ေနတာကို ေသခ်ာငံု႕ၾကည့္ေနလိုက္သည္။ 

"ကဲ..ၿပီးျပီ…၊ မင္းဒီဆိုင္ကယ္ကို ေခါင္းထိန္းျပီး လုိက္ခဲ့ေပေတာ့..၊ ငါေရွ႕ကေန ဆြဲမယ္.." ေျပာေျပာဆိုဆို နဲ႕ သူ ထၿပီး ကၽြန္ေတာ့္ဖက္ကို လွည့္ၾကည္လိုက္သည္။ 

"ေအာင္မေလးဗ်…." ကၽြန္ေတာ့္မ်က္ႏွာကို မ်က္လံုးျပဴး မ်က္ဆံျပဴးၾကည့္ၿပီး အသားကုန္ ကုန္းေအာ္ေတာ့တယ္..။ 

"ဟေရာင္… ဘာျဖစ္တာလဲ… ငါ…ငါ့ကို လန္႕ေအာင္ မလုပ္နဲ႕ေနာ္…" 

"အား…. မလာနဲ႕…. ငါနား မလာနဲ႕….. အမေလး…သရဲ….သရဲ…." ကၽြန္ေတာ့္ သူငယ္ခ်င္း ေအာ္ရင္းနဲ႕ ေဘာင္းဘီထဲက ေသးေတာင္ ထြက္က်လာသည္။ 

ကၽြန္ေတာ္ ေနာက္လွည့္ၾကည့္သည္။ ဘာမွမေတြ႕..။ ဒါဆို ဒီေကာင္ ဘာကိုၾကည့္ၿပီး ေၾကာက္ေနတာလဲ..။ 

"ဟေရာင္ ဘာျဖစ္တာလဲလို႕…. မင္းပဲ သရဲ မေျခာက္ဘူးဆို…ငါ့ကို မစနဲ႕ေတာ့…" 

"မလာနဲ႕…. မလာနဲ႕….အေမေရ…. ဂစ္…ဂစ္…ဂစ္…." ကၽြန္ေတာ့္ကို မ်က္လံုးျပဴး မ်က္ဆံျပဴးၾကည့္ရင္း တက္ပါ တက္သြားသည္။ ဟာ… ဒါဆိုရင္ေတာ့ ဒီေကာင္ စတာ မဟုတ္ေတာ့ဘူး.. ငါ့မ်က္ႏွာကို ဘာလို႕ ဒီေလာက္ေတာင္ ေၾကာက္ေနရတာလဲ..။ ကၽြန္ေတာ္ ဆိုင္ကယ္ဘက္မွန္ေလးကိုင္ၿပီး ကၽြန္ေတာ့္ မ်က္ႏွာကို ၾကည့္လိုက္သည္။ ကၽြန္ေတာ္ ေတြ႕လိုက္ရတာက… 

ျဖဴဖတ္ျဖဴေရာ္နဲ႕ နဖူးမွာေသြးေတြ ေပေနတဲ့ ရုပ္ဆိုးဆိုး မိန္းမၾကီးတစ္ဦး မ်က္ႏွာ….. သူ႕မ်က္ႏွာေတြကေတာ့ ဒဏ္ရာ ပလေတြနဲ႕ ဒါေပမယ့္ သူမရဲ႕ ႏႈတ္ခမ္းေတြကေတာ့ ျပံဳးလို႕…….။ 

ေနာက္ေန႕ ကၽြန္ေတာ္ သတိရလာေတာ့… ကားတစ္စင္းေပၚမွာ…၊ လမ္းေပၚမွာ လဲက်ေနလို႕ ေတြ႕တဲ့ ကားက ေခၚတင္လာတာတဲ့..။ ဒီျဖစ္ရပ္ေတြကို ကၽြန္ေတာ္တို႕ ျပန္ေျပာျပေတာ့ ယံုတဲ့သူေတြ ရွိသလို မယံုတဲ့သူေတြ လည္းရွိသည္။ ကၽြန္ေတာ္ႏွင့္ သူငယ္ခ်င္းကေတာ့ ေနာက္ခါ ဆိုင္ကယ္ ကယ္ရီဆိုရင္ အေျဖက တစ္သံတည္း ပဲ ထြက္လာေတာ့သည္။ 

"ဟင့္အင္း…."

 ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေအာင္ထြန္းဦး

#Unicode Version#
ကျွန်တော်က လားရှိုးသားဆိုတော့ လားရှိုးသားတွေ ထုံးစံအတိုင်း ဆိုင်ကယ် ကယ်ရီ စီးဖူးတာပေါ့..။
တရုတ်ပြည် ရွှေလီ၊ ကြယ်ခေါင်ထဲက တရုတ်ဆိုင်ကယ်တွေကို မြန်မာနိုင်ငံထဲကို တရားမဝင်တဲ့ နည်းလမ်းနဲ့ စီးကြတာပေါ့ဗျာ…၊ မြန်မာနိုင်ငံထဲကို ကျွန်တော်တို့ လားရှိုးမြို့ကနေ ဖြတ်ပြီး တစ်နိုင်ငံလုံးကို ဖြန့်တယ်..။ ဆိုင်ကယ် ကယ်ရီ မစီးဖူးရင် လားရှိုးသား မစစ်ဘူးလို့တောင် ဆိုရမလားပဲ..။ တစ်ချို့က ကျတော့ ငွေရဖို့အတွက်စီးတယ်..။ တစ်ချို့က သူငယ်ချင်းအပေါင်းအပေါ်နဲ့ အပျော်အဖြစ် စီးကြတယ်..။ ကျွန်တော် တစ်ခါက တရုတ်ပြည်နယ်စပ်ကို လိုက်လည်ချင်တာနဲ့ပဲ ဆိုင်ကယ် ကယ်ရီ စီးဖြစ်ခဲ့တယ်..။

မနက် ၈း၀၀ နာရီလောက် သူငယ်ချင်း ၈ ယောက် ဗင်ကားတစ်စီးထဲမှာ လူကြပ်ညပ်သပ်စွာစီးပြီး မူဆယ်ကို ဆင်းခဲ့တယ်..။ ပြီးတော့ နယ်စပ်ဂိတ်မှာ ဝင်ခွင့်ကဒ်လုပ်ရတယ်..။ ဝင်နေကျလူတွေကတော့ လုပ်စရာမလိုပါဘူး..။ ကျွန်တော်က အခုမှ လိုက်လို့သာ လုပ်ရတာ..။ သိပ်မပေးရပါဘူး..။ မြန်မာငွေ တစ်ထောင့်ငါးရာလား နှစ်ထောင်လားပဲ..။ ပြီးတော့ တရုတ်နိုင်ငံရွှေလီထဲမှာ ရှိတဲ့ ဆိုင်ကယ် ကုမ္ပဏီမှာ သယ်မယ့် ဆိုင်ကယ်တွေယူပြီး သူငယ်ချင်းတွေ ဟိုတယ်မှာ အိပ်ကြတယ်..။ သူငယ်ချင်း ရှစ်ယောက်လုံး တစ်ခန်းထဲယူတယ်.. ခုတင်ဆက်ပြီး အိပ်ကြတာ..။ တရုတ် ဟိုတယ်တွေက လည်တယ်..။ ဘယ်နှစ်ယောက် အိပ်အိပ် တစ်ခန်းဈေးပဲ ယူတယ်..။ တစ်ယောက်ချင်းဆီ တွက်ကြည့်လိုက်ရင် သိပ်မကျဘူး..။ နှစ်ထောင်လားပဲ..။ အဲ့ဒီတော့ တစ်ညလုံး ဟိုလည် ဒီလည်နဲ့ ဝယ်ချင်တာတွေ ဝယ်ပြီး ညနက်မှ ဟိုတယ်ပြန်အိပ် မနက်စောစော ၅း၀၀ နာရီလောက် ထပြီး လားရှိုးကို ဆိုင်ကယ် တစ်ယောက် တစ်စီး စီးပြီးတော့ ပြန်ကြတယ်..။

အတိုချုံး ပြောရရင် ဟိုကွေ့ ဒီကျော် ဟိုပေးဒီပေးနဲ့ လားရှိုးကို ညနေ ၃း၀၀ နာရီလောက် ပြန်ဝင်လာတယ်..။ အမှန်ဆို ဒီလောက် မကြာဘူး..။ မိုးတွင်းဆိုတော့ ကွင်းလမ်းတွေက လမ်းချော်နေတာမို့လို့ ဒီလောက်ကြာသွားတာ… လားရှိုး ရောက်ပြီး ဆိုင်ကယ်အပ်မယ်ဆိုမှ ပြသနာတက်တယ်..။ ငွေထုတ်ပေးမယ့် ပိုင်ရှင်က မန်းလေးဆင်းသွားပြီတဲ့.. မန်းလေးကို လိုက်ခဲ့ပါတဲ့… မန်းလေးထိ စီးစရိတ်ပိုပေးပါ့မယ် ပြောတယ်…။ ကျွန်တော်က မလိုက်ချင်တော့ဘူး.. လူလည်း ပင်ပန်းနေပြီ.. ဒါပေမယ့် ကျွန်တော်မလိုက်ရင်လည်း ဒီဆိုင်ကယ်ကို ဘယ်သူက မောင်းသွားမှာလဲ…။ သူငယ်ချင်းတွေကလည်း ဆက်စီးပေးဖို့ ဝိုင်းပြောကြတယ်..။ ပြီးတော့ အဲ့ဒီအချိန်က မန်းလေးမှာ စွယ်တော် အပူဇော်ခံနေတဲ့အချိန်…. ဒါဆိုလည်း မန်းလေးကို စွယ်တော်ဖူးရင်း လိုက်သွားလိုက်အုံးမယ်လို့တွေးပြီး သူငယ်ချင်း ၈ ယောက် ည ၁၀း၀၀ နာရီလောက်မှာ မန်းလေး ဆက်ဆင်းကြတယ်…။ ဇာတ်လမ်းက အဲ့ဒီမှာ စတာပဲ…။

ဆိုင်ကယ် ကယ်ရီ စီးပုံက သမ္ဘာရင့် ဝါရင့် ဆရာကြီး နှစ်ယောက်ကို ရှေ့ပိတ်နဲ့ နောက်ပိတ်ထားပြီး စီးကြတယ်..။ ရှေ့က လမ်းရှင်း မရှင်း ကြည့်ပြီး နောက်ဆုံးက ဆိုင်ကယ် ပျက်တာတို့ ဘီးပေါက်တာတို့ကို လုပ်ပေးတယ်.. ကျွန်တော်တို့က အလယ်ကပေါ့..။ ကျွန်တော်ကတော့ နောက်ဆုံး ဆိုင်ကယ်နဲ့ ကပ်လျက်မှာ စီးတယ်..။

ဒီလိုနဲ့ စီးလာလိုက်တာ မြို့တွေ တစ်မြို့ပြီး တစ်မြို့ ကျော်လာလိုက်တာ ဘယ်နေရာ ရောက်နေမှန်းတောင် မသိဘူး..။ လမ်းတစ်လျှောက်လုံး မှောင်မဲနေပြီး ရှေ့မှာ ဆိုင်ကယ်မီးကလွဲလို့ ဘာမှ မမြင်ရဘူး..။ ဆိုင်ကယ်တွေကလည်း မောင်းလာတာ အရှိန်ရတာနဲ့ မြန်လာလိုက်တာ တစ်စီးနဲ့ တစ်စီး တော်တော်လေး ကွာလာကြတယ်..။ ကျွန်တော်က ဒီလမ်းကို အခုမှ စမောင်းဖူးတာ ဆိုတော့ သိပ်မစီးရဲ ဘူး.. ဖြေးဖြေးမြန်မြန်ပဲ နောက်ဆုံး ဘိတ်အစီးနဲ့ မကွာအောင် မောင်းနေလိုက်တယ်..။ ခဏကြာတော့ ကျွန်တော့် နောက်က နောက်ပိတ် ဆိုင်ကယ် ရပ်သွားတာကို နောက်ကြည့်မှန်ထဲကနေ မြင်လိုက်ရတယ်..။ ကျွန်တော် ချက်ချင်း နောက်လှည့်ပြီး သူ့ဆီကို သွားလိုက်တယ်.. တစ်လမ်းလုံး မှောင်မဲ နေပြီး ကျွန်တော်တို့ နှစ်စီးထဲ … မှတ်မှတ်ရရ အချိန်က ည ၁း၁၅ မိနစ် တိတိ…။

"ဟရောင်…၊ ဘာဖြစ်တာလဲ…"

"မသိဘူးကွ…၊ ဆိုင်ကယ် ထိုးရပ်သွားလို့…."

"ဆီပြတ်တာလား.."

"မဟုတ်ဘူးကွာ.. ငါရှာကြည့်တာတော့ ဆိုင်ကယ်ဘာမှ မဖြစ်ဘူး.. ပလပ် လစ်သွားတာလား မသိဘူး..၊ ဒါဆိုရင်တော့ သွားပီ.. ဟိုကောင်တွေရော…"

"သွားတာ မှုန်နေတာပဲ… မြင်တောင်မမြင်တော့ဘူး…"

"ဒုက္ခပဲကွာ.. ဖုန်းလိုင်းက မရနဲ့… ဒီနေရာမှာမှ လာဖြစ်ရတယ်လို့…"

"အမ်.. ဒီနေရာက… ဘာဖြစ်လို့လဲ…"

"ဟာ… ဟိုမှာ မိုင်တိုင် ၂၆ ကြီး မင်းမမြင်ဘူးလား…"

"အောင်မလေးဗျ…."

ကျွန်တော် တစ်ကယ်ကိုလန့်သွားခဲ့သည်။ လမ်းဘေးမိုင်တိုင် အမှတ်က ၂၆ တဲ့..၊ ဘေးမှာက စေတီ တစ်ဆူတောင် ရှိသေး…၊ ပြင်ဦးလွင်က နာမည်ကြီး မိုင်တိုင်အမှတ် ၂၆ပေါ့..၊ တစ်လောက ရုပ်ရှင်ရိုက်ဖို့ ကန်တော့ပွဲ လုပ်တော့တောင် ဝင်ပူးတယ်ဆိုပဲ…. ပြီးတော့ အဲ့ဒီ အမျိုးသမီးနဲ့ ကလေးက သူတို့ကိုသတ်ပြီး ပိုက်ဆံယူသွားတဲ့ ယောက်ျားလေး နှစ်ယောက်ကို အခုချိန်ထိ ဒီနေရာကနေ စောင့်နေတယ်လို့ကြားဖူးတယ်… တွေးရင်း ကျွန်တော့် တစ်ကိုယ်လုံး ကြက်သီးမွေးသီးတွေ အလိပ်လိုက် ထလာတယ်..။

"ဟရောင်… ငါကြောက်တယ်ကွာ… ငါတို့ ဘာလုပ်ကြမလဲ အခု…"

"ဘာလုပ်ရမလဲကွ.. ဆိုင်ကယ်ကို ဆွဲရမှာပေါ့..၊ မင်းနောက်ကနေစီး..၊ ငါရှေ့ကနေ ဆိုင်ကယ်နဲ့ဆွဲမယ်…"

"ဟာ… ငါနောက်ကနေ မစီးရဲဘူး…"

"ဒါဆိုမင်းရှေ့က ဆွဲတတ်လို့လား.."

"ဟာ.. ငါမှ မဆွဲဘူးတာ…"

"ဘာမှမဖြစ်ပါဘူးကွာ.. ဒီနေရာက နာမည်သာကြီးတာ.. ငါတို့ ဖြတ်သွားဖြတ်လာ လုပ်လာတာ နှစ်ချီနေပြီ.. တစ်ခါမှ အခြောက်မခံရဖူးဘူး… စိတ်ကိုသာ တစ်ခြားနေရာပို့ထား.."

ကျွန်တော်လည်း ဘာမှမတတ်နိုင်တော့…. ဒီကောင်က ကြိုးနဲ့ သူ့ဆိုင်ကယ်ခေါင်းကို ကုန်းချီလိုက်သည်။ သူခါးကုန်းလိုက်တော့ သူ့နောက် မလှမ်းမကမ်းမှာ ရပ်နေတဲ့ သားအမိ နှစ်ယောက်ကို ကျွန်တော် ရုတ်တရက် မြင်လိုက်ရတယ်…။

"အား….၊ အောင်မလေးဗျ..… သရဲ…."

"ဟရောင်…ဘာဖြစ်နေတာလဲ….."

"မင်း .....မင်း.... နောက်မှာ…မင်းနောက်မှာ…."

ကျွန်တော့် သူငယ်ချင်းနောက်လှည့်ကြည့်လိုက်သည်။ ဘာမှ မရှိတော့…

"ဟရောင်.. မင်း စိတ်ကို တစ်ခြားနေရာပို့ထား…၊ ဘာသရဲမှ မရှိဘူး..၊ မင်းစိတ်က မင်းကို ပြန်ခြောက်နေတာ.."

ဒီသားအမိကို ကျွန်တော် တွေ့လိုက်ရတာတော့ သေချာကျွန်တော်သိသည်။ ကျွန်တော်လည်း ဘာမှမတွေးတော့ပဲ သူ ဆိုင်ကယ် ခေါင်းကို ကြိုးချည်နေတာကို သေချာငုံ့ကြည့်နေလိုက်သည်။

"ကဲ..ပြီးပြီ…၊ မင်းဒီဆိုင်ကယ်ကို ခေါင်းထိန်းပြီး လိုက်ခဲ့ပေတော့..၊ ငါရှေ့ကနေ ဆွဲမယ်.." ပြောပြောဆိုဆို နဲ့ သူ ထပြီး ကျွန်တော့်ဖက်ကို လှည့်ကြည်လိုက်သည်။

"အောင်မလေးဗျ…." ကျွန်တော့်မျက်နှာကို မျက်လုံးပြူး မျက်ဆံပြူးကြည့်ပြီး အသားကုန် ကုန်းအော်တော့တယ်..။

"ဟရောင်… ဘာဖြစ်တာလဲ… ငါ…ငါ့ကို လန့်အောင် မလုပ်နဲ့နော်…"

"အား…. မလာနဲ့…. ငါနား မလာနဲ့….. အမလေး…သရဲ….သရဲ…." ကျွန်တော့် သူငယ်ချင်း အော်ရင်းနဲ့ ဘောင်းဘီထဲက သေးတောင် ထွက်ကျလာသည်။

ကျွန်တော် နောက်လှည့်ကြည့်သည်။ ဘာမှမတွေ့..။ ဒါဆို ဒီကောင် ဘာကိုကြည့်ပြီး ကြောက်နေတာလဲ..။

"ဟရောင် ဘာဖြစ်တာလဲလို့…. မင်းပဲ သရဲ မခြောက်ဘူးဆို…ငါ့ကို မစနဲ့တော့…"

"မလာနဲ့…. မလာနဲ့….အမေရေ…. ဂစ်…ဂစ်…ဂစ်…." ကျွန်တော့်ကို မျက်လုံးပြူး မျက်ဆံပြူးကြည့်ရင်း တက်ပါ တက်သွားသည်။ ဟာ… ဒါဆိုရင်တော့ ဒီကောင် စတာ မဟုတ်တော့ဘူး.. ငါ့မျက်နှာကို ဘာလို့ ဒီလောက်တောင် ကြောက်နေရတာလဲ..။ ကျွန်တော် ဆိုင်ကယ်ဘက်မှန်လေးကိုင်ပြီး ကျွန်တော့် မျက်နှာကို ကြည့်လိုက်သည်။ ကျွန်တော် တွေ့လိုက်ရတာက…

ဖြူဖတ်ဖြူရော်နဲ့ နဖူးမှာသွေးတွေ ပေနေတဲ့ ရုပ်ဆိုးဆိုး မိန်းမကြီးတစ်ဦး မျက်နှာ….. သူ့မျက်နှာတွေကတော့ ဒဏ်ရာ ပလတွေနဲ့ ဒါပေမယ့် သူမရဲ့ နှုတ်ခမ်းတွေကတော့ ပြုံးလို့…….။

နောက်နေ့ ကျွန်တော် သတိရလာတော့… ကားတစ်စင်းပေါ်မှာ…၊ လမ်းပေါ်မှာ လဲကျနေလို့ တွေ့တဲ့ ကားက ခေါ်တင်လာတာတဲ့..။ ဒီဖြစ်ရပ်တွေကို ကျွန်တော်တို့ ပြန်ပြောပြတော့ ယုံတဲ့သူတွေ ရှိသလို မယုံတဲ့သူတွေ လည်းရှိသည်။ ကျွန်တော်နှင့် သူငယ်ချင်းကတော့ နောက်ခါ ဆိုင်ကယ် ကယ်ရီဆိုရင် အဖြေက တစ်သံတည်း ပဲ ထွက်လာတော့သည်။

"ဟင့်အင်း…."

 ဖိုးသူတော် (www.phothutaw.com)
Credit: အောင်ထွန်းဦး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top