Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

Image result for electricityေႏြရာသီအတြက္ လွ်ပ္စစ္ဓာတ္အား မဂၢါဝပ္ ေလးရာေက်ာ္ တိုးရရန္ရွိ

ရန္ကုန္တုိင္းေဒသႀကီးတြင္ လာမည့္ေႏြရာသီ၌ လွ်ပ္စစ္မီး ျပတ္ ေတာက္မႈေလ်ာ့နည္းေစရန္ ျပင္ဆင္ ထားေၾကာင္း တိုင္းေဒသႀကီး လွ်ပ္စစ္၊ စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ ေရးဝန္ႀကီး ေဒၚနီလာေက်ာ္က ေျပာ သည္။

ရန္ကုန္တိုင္းေဒသႀကီးတြင္ လာ မည့္ေႏြရာသီ၌ လွ်ပ္စစ္ဓာတ္ အား ၄၃၉ မဂၢါဝပ္ တုိးျမႇင့္ရရွိရန္ စီစဥ္ေနၿပီးသဘာဝဓာတ္ေငြ႕ႏွင့္ ဒီဇယ္ႏွစ္မ်ဳိးသံုးလွ်ပ္စစ္ဓာတ္အားေပးစက္မ်ားကို အဆင္သင့္ျပင္ဆင္ထားရွိေၾကာင္း ၎က ဆိုသည္။

တိုးျမႇင့္ရရွိမည့္ လွ်ပ္စစ္ ဓာတ္အားမ်ားကို သာေကတ လွ်ပ္စစ္ဓာတ္အားေပး စက္႐ံုမွ ၁၀၆ မဂၢါဝပ္၊ သထံုသဘာဝ ဓာတ္ေငြ႕သံုး လွ်ပ္စစ္ဓာတ္အား ေပးစက္႐ံုမွ ၁၀၈ မဂၢါဝပ္ႏွင့္ ျမင္း ၿခံသဘာဝဓာတ္ေငြ႕သံုး ဓာတ္ အားေပးစက္႐ံုမွ ၂၂၅ မဂၢါဝပ္ ထပ္မံရရွိမည္ဟု ဝန္ႀကီးေဒၚနီ လာေက်ာ္က ေျပာသည္။

ႏိုဝင္ဘာ ၇ ရက္က ျပဳလုပ္သည့္ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ အစည္းအေဝးတြင္ လာမည့္ေႏြရာသီ၌လွ်ပ္စစ္မီးျပတ္ ေတာက္မႈ ေလ်ာ့နည္းေအာင္ မည္ကဲ့သို႔ စီမံထားေၾကာင္း သံုးခြ ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၁) မွ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္ စားလွယ္ ဦးေနဝင္း၏ ေမးျမန္း ခ်က္ကို ၎က အထက္ပါအတိုင္း ျပန္လည္ေျဖၾကားသည္။

‘‘ျပတ္ေတာက္မႈ ေလ်ာ့နည္း ေအာင္ေတာ့ တတ္အားသေရြ႕ စီမံေဆာင္ရြက္လ်က္ရွိပါတယ္’’ ဟု ေဒၚနီလာေက်ာ္က ေျပာ ၾကားသည္။

ရန္ကုန္တုိင္း ေဒသႀကီး အစိုးရအဖြဲ႕အေနျဖင့္ လွ်ပ္စစ္ ဓာတ္အားကို ျပည္ေထာင္စုအစိုးရ ထံမွ မည္သည့္ႏႈန္းျဖင့္ ဝယ္ယူၿပီး အမ်ားျပည္သူသို႔ မည္သည့္ႏႈန္း ျဖင့္ ျဖန္႔ျဖဴးေပးေနသည္ကို သိရွိ လိုေၾကာင္း ဦးေနဝင္းက ဆက္ လက္ ေမးျမန္းခဲ့သည္။

လွ်ပ္စစ္ဓာတ္အားကို ရန္ ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ က ဝယ္ယူျခင္းမရွိဘဲ ရန္ကုန္ လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္း (YESC) ကဝယ္ယူ၍ အမ်ားျပည္သူထံ ျပန္လည္ျဖန္႔ျဖဴးေပးေနေၾကာင္း ေဒၚနီလာေက်ာ္က ျပန္လည္ရွင္းလင္း ေျဖၾကားသည္။

YESC သည္ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနထံမွ တစ္ယူ နစ္လွ်င္ ၅၀ က်ပ္ႏႈန္းျဖင့္ ဝယ္ယူ ၿပီး အမ်ားျပည္သူအား အိမ္သံုး မီတာ တစ္ယူနစ္မွ တစ္ရာယူနစ္ အထိ တစ္ယူနစ္လွ်င္ ၃၅ က်ပ္၊ ၁၀၁ ယူနစ္မွ ၂၀၀ ယူနစ္အထိ က်ပ္ ၄၀ ၊ ၂၀၁ ယူနစ္ႏွင့္ အထက္ကို က်ပ္ ၅၀ ျဖင့္ ျဖန္႔ျဖဴး ေပးေနသည္ဟု ၎က ဆိုသည္။

ထို႔အျပင္ စက္မႈလုပ္ငန္းရွင္ မ်ား၊ စက္မႈလက္မႈ စီးပြားေရးသံုး အေနျဖင့္ တစ္ယူနစ္မွ ၅၀၀ ယူနစ္အထိ ၇၅ က်ပ္၊ ၅၀၁ ယူနစ္မွ တစ္ေသာင္းယူနစ္အထိ တစ္ရာက်ပ္ႏႈန္းျဖင့္ ျဖန္႔ျဖဴးေပး ေနေၾကာင္း ဝန္ႀကီးက ေျပာသည္။ ထုိ႔အျပင္ တစ္ေသာင္းတစ္ယူနစ္ မွ ငါးေသာင္းယူနစ္အထိ ၁၂၅ က်ပ္ႏႈန္းႏွင့္ ငါးေသာင္းတစ္ယူနစ္ မွ ႏွစ္သိန္းယူနစ္အထိ ၁၅၀ က်ပ္ ႏႈန္းျဖင့္ ဓာတ္အား ျပန္လည္ျဖန္႔ ျဖဴးေရာင္းခ်ေပးေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။

YESC သည္ လွ်ပ္စစ္ဝယ္ ယူၿပီးေနာက္ ျဖန္႔ျဖဴးေရးအတြက္ ကုန္က်မႈမ်ားရွိၿပီး ယင္းကုန္က်မႈ မ်ားကိုပါ ထည့္သြင္းတြက္ခ်က္ ပါက တစ္ယူနစ္ ကုန္က်စရိတ္ သည္ ပ်မ္းမွ် ၆၆ ဒသမ ၄၄ က်ပ္ ႏႈန္းရွိၿပီး တစ္ယူနစ္ေရာင္းရေငြ သည္ ပ်မ္းမွ် ၇၃ ဒသမ ၆၃ က်ပ္ ရွိေၾကာင္း ေဒၚနီလာေက်ာ္က ေျပာသည္။

‘‘ရရွိတဲ့အျမတ္ေငြကို တိုး ျမႇင့္လာတဲ့ မီးသံုးသူဦးေရအတြက္ ဝန္အားနဲ႔အညီ ခြဲ႐ံုမ်ား၊ ဓာတ္ အားလိုင္းမ်ား ျပဳျပင္ထိန္းသိမ္း ျခင္းလုပ္ငန္းမ်ားကို ေဆာင္ရြက္ ရပါတယ္’’ဟု ၎ကဆိုသည္။

ႏိုင္ငံေတာ္အေနျဖင့္ လွ်ပ္ စစ္မီးထုတ္လုပ္မႈအတြက္ ေန႔စဥ္ ေငြအ႐ံႈးခံရမႈမ်ား ရွိေနၿပီး လွ်ပ္ စစ္ဓာတ္အားခ တိုးျမႇင့္သတ္မွတ္ ရန္ ျပည္ေထာင္စုဝႏ္ႀကီးဌာနက တာဝန္ယူ၍ ညႇိႏိႈင္းေဆာင္ရြက္ ေနေၾကာင္း ေဒၚနီလာေက်ာ္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
နွေရာသီအတွက် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် လေးရာကျော် တိုးရရန်ရှိ

ရန်ကုန်တိုင်းဒေသကြီးတွင် လာမည့်နွေရာသီ၌ လျှပ်စစ်မီး ပြတ် တောက်မှုလျော့နည်းစေရန် ပြင်ဆင် ထားကြောင်း တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြော သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လာ မည့်နွေရာသီ၌ လျှပ်စစ်ဓာတ် အား ၄၃၉ မဂ္ဂါဝပ် တိုးမြှင့်ရရှိရန် စီစဉ်နေပြီးသဘာဝဓာတ်ငွေ့နှင့် ဒီဇယ်နှစ်မျိုးသုံးလျှပ်စစ်ဓာတ်အားပေးစက်များကို အဆင်သင့်ပြင်ဆင်ထားရှိကြောင်း ၎င်းက ဆိုသည်။

တိုးမြှင့်ရရှိမည့် လျှပ်စစ် ဓာတ်အားများကို သာကေတ လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ ၁၀၆ မဂ္ဂါဝပ်၊ သထုံသဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံမှ ၁၀၈ မဂ္ဂါဝပ်နှင့် မြင်း ခြံသဘာဝဓာတ်ငွေ့သုံး ဓာတ် အားပေးစက်ရုံမှ ၂၂၅ မဂ္ဂါဝပ် ထပ်မံရရှိမည်ဟု ဝန်ကြီးဒေါ်နီ လာကျော်က ပြောသည်။

နိုဝင်ဘာ ၇ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် လာမည့်နွေရာသီ၌လျှပ်စစ်မီးပြတ် တောက်မှု လျော့နည်းအောင် မည်ကဲ့သို့ စီမံထားကြောင်း သုံးခွ မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးနေဝင်း၏ မေးမြန်း ချက်ကို ၎င်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားသည်။

‘‘ပြတ်တောက်မှု လျော့နည်း အောင်တော့ တတ်အားသရွေ့ စီမံဆောင်ရွက်လျက်ရှိပါတယ်’’ ဟု ဒေါ်နီလာကျော်က ပြော ကြားသည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လျှပ်စစ် ဓာတ်အားကို ပြည်ထောင်စုအစိုးရ ထံမှ မည်သည့်နှုန်းဖြင့် ဝယ်ယူပြီး အများပြည်သူသို့ မည်သည့်နှုန်း ဖြင့် ဖြန့်ဖြူးပေးနေသည်ကို သိရှိ လိုကြောင်း ဦးနေဝင်းက ဆက် လက် မေးမြန်းခဲ့သည်။

လျှပ်စစ်ဓာတ်အားကို ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က ဝယ်ယူခြင်းမရှိဘဲ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ကဝယ်ယူ၍ အများပြည်သူထံ ပြန်လည်ဖြန့်ဖြူးပေးနေကြောင်း ဒေါ်နီလာကျော်က ပြန်လည်ရှင်းလင်း ဖြေကြားသည်။

YESC သည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ တစ်ယူ နစ်လျှင် ၅၀ ကျပ်နှုန်းဖြင့် ဝယ်ယူ ပြီး အများပြည်သူအား အိမ်သုံး မီတာ တစ်ယူနစ်မှ တစ်ရာယူနစ် အထိ တစ်ယူနစ်လျှင် ၃၅ ကျပ်၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ကျပ် ၄၀ ၊ ၂၀၁ ယူနစ်နှင့် အထက်ကို ကျပ် ၅၀ ဖြင့် ဖြန့်ဖြူး ပေးနေသည်ဟု ၎င်းက ဆိုသည်။

ထို့အပြင် စက်မှုလုပ်ငန်းရှင် များ၊ စက်မှုလက်မှု စီးပွားရေးသုံး အနေဖြင့် တစ်ယူနစ်မှ ၅၀၀ ယူနစ်အထိ ၇၅ ကျပ်၊ ၅၀၁ ယူနစ်မှ တစ်သောင်းယူနစ်အထိ တစ်ရာကျပ်နှုန်းဖြင့် ဖြန့်ဖြူးပေး နေကြောင်း ဝန်ကြီးက ပြောသည်။ ထို့အပြင် တစ်သောင်းတစ်ယူနစ် မှ ငါးသောင်းယူနစ်အထိ ၁၂၅ ကျပ်နှုန်းနှင့် ငါးသောင်းတစ်ယူနစ် မှ နှစ်သိန်းယူနစ်အထိ ၁၅၀ ကျပ် နှုန်းဖြင့် ဓာတ်အား ပြန်လည်ဖြန့် ဖြူးရောင်းချပေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

YESC သည် လျှပ်စစ်ဝယ် ယူပြီးနောက် ဖြန့်ဖြူးရေးအတွက် ကုန်ကျမှုများရှိပြီး ယင်းကုန်ကျမှု များကိုပါ ထည့်သွင်းတွက်ချက် ပါက တစ်ယူနစ် ကုန်ကျစရိတ် သည် ပျမ်းမျှ ၆၆ ဒသမ ၄၄ ကျပ် နှုန်းရှိပြီး တစ်ယူနစ်ရောင်းရငွေ သည် ပျမ်းမျှ ၇၃ ဒသမ ၆၃ ကျပ် ရှိကြောင်း ဒေါ်နီလာကျော်က ပြောသည်။

‘‘ရရှိတဲ့အမြတ်ငွေကို တိုး မြှင့်လာတဲ့ မီးသုံးသူဦးရေအတွက် ဝန်အားနဲ့အညီ ခွဲရုံများ၊ ဓာတ် အားလိုင်းများ ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းများကို ဆောင်ရွက် ရပါတယ်’’ဟု ၎င်းကဆိုသည်။

နိုင်ငံတော်အနေဖြင့် လျှပ် စစ်မီးထုတ်လုပ်မှုအတွက် နေ့စဉ် ငွေအရှုံးခံရမှုများ ရှိနေပြီး လျှပ် စစ်ဓာတ်အားခ တိုးမြှင့်သတ်မှတ် ရန် ပြည်ထောင်စုဝန်ကြီးဌာနက တာဝန်ယူ၍ ညှိနှိုင်းဆောင်ရွက် နေကြောင်း ဒေါ်နီလာကျော်က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top