
၁။ အသက္ျပင္းျပင္းရႈလိုက္ပါ။
မ်က္ႏွာခ်င္းဆိုင္ၿပီး ေျဖရွင္းၾကတဲ့အခါ အရင္ဆံုး အသက္ျပင္းျပင္းရႈလိုက္ပါ။ ဒါဟာ သင့္ရဲ့ေဒါသကို ထိန္းခ်ဳပ္ၿပီး ရန္သူကို ပညာသားပါးပါးနဲ႔ျပန္လည္ တုံ႕ျပန္ႏိုင္တဲ့ အေကာင္းဆံုးနည္းလမ္းတစ္ခုပါပဲ။
၂။ ေသခ်ာနားေထာင္ပါ။
လူေတြအမ်ားအားျဖင့္ ေဒါသျဖစ္လာတဲ့အခါ တစ္ဖက္ကလူရဲ့ ေျပာစကားကို ေသခ်ာနားေထာင္ေလ့မရွိပါဘူး။ တျခားသူကိုယ့္ကို ေပာလာတဲ့အစကားေတြကို ေသခ်ာနားေထင္ပါ။ သူတို႔ဘာေျပာတယ္ ဆိုတာကို သင္ေသခ်ာနားေထာင္ၿပီးမွ ေအးေအးေဆးေဆးျပန္လည္တံု႔ျပန္လိုက္ပါ။
၃။ ခႏၶာကိုယ္အေနအထားကုိ ဂရုစိုက္ပါ။
ေဒါသထြက္လာတဲ့အခါ သင့္ရဲ့ ခႏၶာကိုယ္မွာ ထူးထူးျခားျခားတစ္ခုခု ျဖစ္သြားတာ သင္သတိထားမိမွာပါ။ ခႏၶာကိုယ္ကို ေတာင့္ေတာင့္တင္းတင္းမထားဘဲ Relax လုပ္ထားပါ။ အသက္ရႈတာမမွန္ေတာ့ရင္ အသက္ကိုခပ္ျပင္းျပင္းရႈဖို႔ သတိရပါ။
၄။ ေလသံကိုသတိထားပါ။
သင့္ရဲ့ ေလသံအနိမ့္အျမင့္က သင့္အဆင့္တန္းကို ေဖာ္ျပေနပါတယ္။ တျခားသူနဲ႔ စကားမ်ားတဲ့အခါမွာပဲျဖစ္ျဖစ္ ေဒါသျဖစ္တာအခါမွာပဲျဖစ္ျဖစ္ ေလသံကုိ နိမ့္ထားပါ။ လူေတြအမ်ားအားျဖင့္ သူတို႔ရဲ့ အင္အားႀကီးမႈကို ျပသခ်င္လို႔ ေအာ္ေျပာၾကပါတယ္။ ေအာ္ေျပာတာဟာ တျခားသူကို နားလည္ေအာင္ေျပာဖို႔ ဘာမွအေထာက္အကူျဖစ္ေစမွာမဟုတ္ပါဘူး။ ေလသံေအးေအးနဲ႔ ေျပာပါ။
၅။ သေဘာမတူတဲ့အခ်က္ကို သေဘာတူလိုက္ပါ။
ရန္ျဖစ္စကားမ်ားရတဲ့အဓိက ရည္ရြယ္ခ်က္ကေတာ့ တျခားသူက ကိုယ့္ဖက္ကိုၾကည့္ဖို႔ ကို္ယ့္အေျခအေန ခံစားခ်က္ကို သိႏိုင္ဖို႔ျဖစ္သလို တျခားသူရဲ့ စိတ္သေဘာထား တျခားသူဖက္ကေန ခံစားေပးဖို႔လည္းလိုပါတယ္။ တခါတေလမွာလည္း တျခားသူေျပာတဲ့ သင္သေဘာမတူခဲ့တဲ့အရာေတြကို သေဘာတူလိုက္ပါ။
၆။ အမွားကို၀န္ခံဖို႔ မေၾကာက္ပါနဲ႔။
သင္တကယ္မွားေနတဲ့အခါ သင့္ရဲ့ အမွားကို ၀န္ခံဖို႔ ၀န္မေလးပါနဲ႔။ သင္မွားရင္ မွားတဲ့အေၾကာင္း ၀န္ခံရဲတဲ့ သတၱိရွိရပါမယ္။ လူတိုင္းအမွားနဲ႔မွမကင္းတာ။ မွားတာကို မွန္ခ်င္ဟန္ေဆာင္ေနတာကမွ တျခားသူေတြက ကိုယ့္ကို အထင္ေသးစရာျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
ရန်ဖြစ်စကားများတဲ့အခါ (သို့) စကားအချေအတင်ပြောကြတဲ့အခါ သင့်ရဲ့ ဒေါသတွေ ထွက်ပေါက်ပေးသလိုဖြစ်သွားပြီး ဒေါသမထိန်းနိုင်ပဲ မဆင်မချင်ပြောမိတာမျိုးမဖြစ်အောင် သင့်ရဲ့စိတ်ကို အတည်ငြိမ်ဆုံး ထိန်းထားနိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ စိတ်ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိမှုတွေကို မျှဝေပေးသွားပါမယ်။
၁။ အသက်ပြင်းပြင်းရှုလိုက်ပါ။
မျက်နှာချင်းဆိုင်ပြီး ဖြေရှင်းကြတဲ့အခါ အရင်ဆုံး အသက်ပြင်းပြင်းရှုလိုက်ပါ။ ဒါဟာ သင့်ရဲ့ဒေါသကို ထိန်းချုပ်ပြီး ရန်သူကို ပညာသားပါးပါးနဲ့ပြန်လည် တုံ့ပြန်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။
၂။ သေချာနားထောင်ပါ။
လူတွေအများအားဖြင့် ဒေါသဖြစ်လာတဲ့အခါ တစ်ဖက်ကလူရဲ့ ပြောစကားကို သေချာနားထောင်လေ့မရှိပါဘူး။ တခြားသူကိုယ့်ကို ပောလာတဲ့အစကားတွေကို သေချာနားထေင်ပါ။ သူတို့ဘာပြောတယ် ဆိုတာကို သင်သေချာနားထောင်ပြီးမှ အေးအေးဆေးဆေးပြန်လည်တုံ့ပြန်လိုက်ပါ။
၃။ ခန္ဓာကိုယ်အနေအထားကို ဂရုစိုက်ပါ။
ဒေါသထွက်လာတဲ့အခါ သင့်ရဲ့ ခန္ဓာကိုယ်မှာ ထူးထူးခြားခြားတစ်ခုခု ဖြစ်သွားတာ သင်သတိထားမိမှာပါ။ ခန္ဓာကိုယ်ကို တောင့်တောင့်တင်းတင်းမထားဘဲ Relax လုပ်ထားပါ။ အသက်ရှုတာမမှန်တော့ရင် အသက်ကိုခပ်ပြင်းပြင်းရှုဖို့ သတိရပါ။
၄။ လေသံကိုသတိထားပါ။
သင့်ရဲ့ လေသံအနိမ့်အမြင့်က သင့်အဆင့်တန်းကို ဖော်ပြနေပါတယ်။ တခြားသူနဲ့ စကားများတဲ့အခါမှာပဲဖြစ်ဖြစ် ဒေါသဖြစ်တာအခါမှာပဲဖြစ်ဖြစ် လေသံကို နိမ့်ထားပါ။ လူတွေအများအားဖြင့် သူတို့ရဲ့ အင်အားကြီးမှုကို ပြသချင်လို့ အော်ပြောကြပါတယ်။ အော်ပြောတာဟာ တခြားသူကို နားလည်အောင်ပြောဖို့ ဘာမှအထောက်အကူဖြစ်စေမှာမဟုတ်ပါဘူး။ လေသံအေးအေးနဲ့ ပြောပါ။
၅။ သဘောမတူတဲ့အချက်ကို သဘောတူလိုက်ပါ။
ရန်ဖြစ်စကားများရတဲ့အဓိက ရည်ရွယ်ချက်ကတော့ တခြားသူက ကိုယ့်ဖက်ကိုကြည့်ဖို့ ကိုယ့်အခြေအနေ ခံစားချက်ကို သိနိုင်ဖို့ဖြစ်သလို တခြားသူရဲ့ စိတ်သဘောထား တခြားသူဖက်ကနေ ခံစားပေးဖို့လည်းလိုပါတယ်။ တခါတလေမှာလည်း တခြားသူပြောတဲ့ သင်သဘောမတူခဲ့တဲ့အရာတွေကို သဘောတူလိုက်ပါ။
၆။ အမှားကိုဝန်ခံဖို့ မကြောက်ပါနဲ့။
သင်တကယ်မှားနေတဲ့အခါ သင့်ရဲ့ အမှားကို ဝန်ခံဖို့ ဝန်မလေးပါနဲ့။ သင်မှားရင် မှားတဲ့အကြောင်း ဝန်ခံရဲတဲ့ သတ္တိရှိရပါမယ်။ လူတိုင်းအမှားနဲ့မှမကင်းတာ။ မှားတာကို မှန်ချင်ဟန်ဆောင်နေတာကမှ တခြားသူတွေက ကိုယ့်ကို အထင်သေးစရာဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle