Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အဘက္ဘက္မွ နိမ့္က်လာသည့္ ထန္းပိုင္ရွင္မ်ားႏွင့္ ထန္းေတာင္သူမ်ားအား ၎တို႔လုပ္ငန္းႏွင့္အတူ ရပ္တည္ႏုိင္ေရးအတြက္ ေခ်းေငြရရွိရန္ စီမံေဆာင္ရြက္သြားမည္ဟု စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ ဒုဝန္ႀကီး ဦးလွေက်ာ္က ေျပာၾကားသည္။

ျမန္မာႏုိင္ငံအလယ္ပိုင္းရွိ ထန္းပင္ႏွင့္ထန္းေတာမ်ား ထိန္းသိမ္းရန္ႏွင့္ ထန္းေတာင္သူမ်ားဘဝ တိုးတက္ျမင့္မားလာေစေရးအတြက္ အေလးထားေဆာင္ရြက္ေပးရန္ ႏိုဝင္ဘာ ၆ရက္က က်င္းပသည့္ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးတြင္ ေအာင္ေျမသာဇံမဲဆႏၵနယ္မွ လႊတ္ေတာ္အမတ္ ေဒါက္တာလွမိုး၏ ေမးျမန္းမႈအေပၚ ဒုဝန္ႀကီးက ထိုသို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“လိုအပ္မယ့္ အေထာက္အပံ့ အမေတာ္ေၾကး(ေခ်းေငြ)အတြက္ကို သက္ဆိုင္ရာ စီမံ/ဘ႑ာဝန္ႀကီးဌာနနဲ႔ ဆက္စပ္ညွိႏႈိင္း ေဆာင္ရြက္သြားမည္” ဟု ဒုဝန္ႀကီး ဦးလွေက်ာ္က ေျပာသည္။

ထန္းေတာင္သူမ်ား ေခ်းေငြရရွိရန္ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနႏွင့္ ညွိႏႈိင္းသြားမည္ဟု ဒုဝန္ႀကီး  ေျပာၾကားေသာ္လည္း မည္သည့္ကာလတြင္ စတင္ထုတ္ေခ်းေပးမည္ကိုမူ ၎က “အေႏွးနဲ႔အျမန္ စီမံေဆာင္ရြက္သြားမွာ ျဖစ္ပါေၾကာင္း” ဟုဆိုၿပီး အတိအက် ေျပာၾကားခဲ့ျခင္း မရွိေပ။

ျမန္မာႏုိင္ငံအလယ္ပိုင္းတြင္ ထန္းပိုင္ရွင္၊ ထန္းေတာင္သူဦးေရ သံုးသိန္းခန္႔ရွိၿပီး ၎တို႔ကို မွီခိုေနရသည့္ မိသားစုမ်ားမွာ ပညာေရး၊ က်န္းမာေရး၊ လူမႈေရး၊ စီးပြားေရး အဘက္ဘက္တြင္ နိမ့္က်ေနသည္ဟု ေဒါက္တာလွမိုးက လႊတ္ေတာ္တြင္ ေျပာသည္။

“ယေန႔အခ်ိန္မွာ အဘက္ဘက္မွ နိမ့္က်ေနတဲ့ ထန္းပိုင္ရွင္နဲ႔ ထန္းေတာင္သူေတြနဲ႔အတူ မိမိတို႔လုပ္ငန္းနဲ႔အတူ ဘဝတူရွင္သန္ႏုိင္ရန္ ရပ္တည္ႏုိင္ေရးအတြက္ ထန္းနဲ႔ပတ္သက္တဲ့ အမေတာ္ေၾကးေတြ၊ ေခ်းေငြေတြ ရရွိေရး ျဖစ္ပါတယ္။ ႏို႔မို႔ရင္ သူတို႔ ဘယ္လိုမွ မရပ္တည္ႏုိင္ေတာ့ပါဘူး။ သူတို႔ရဲ့ဘဝ ေတာ္ေတာ္နိမ့္ပါးေနတာကို ေတြ႔ရပါတယ္။ ဒီေန႔အခ်ိန္ထိ ဘယ္ဝန္ႀကီးဌနမွ ေခတ္အဆက္ဆက္ တာဝန္ယူေဆာင္ရြက္ေပးျခင္း မရွိသလို ဒီေန႔အထိလည္း တာဝန္ယူေဆာင္ရြက္ေပးျခင္း မရွိေသးတာကို ေတြ႔ရပါတယ္” ဟု ၎က ဆိုသည္။

ထန္းပင္မ်ားမွာလည္း တစ္ေန႔ထက္တစ္ေန႔ ခုတ္ယူေရာင္းခ်မႈေၾကာင့္ ေလ်ာ့နည္းလာသည့္အတြက္ ထိန္းသိမ္းကာကြယ္ေပးရန္ လိုအပ္ေနသည္ဟုလည္း ေဒါက္တာလွမိုးက ေျပာၾကားသည္။

ျမန္မာႏုိင္ငံတြင္ ထန္းပင္မွထြက္သည့္ ထန္းရည္ကို ေသာက္သံုးက်သလို ထန္းရည္ခ်ိဳမွ ထန္းလ်က္ခ်က္လုပ္ငန္း၊ ထန္းပင္မွ ႐ိုးရာလက္မႈပစၥည္းျပဳလုပ္သည့္ လုပ္ငန္းႏွင့္ ထန္းပင္ကိုခုတ္လွဲၿပီး ပရိေဘာဂႏွင့္ အိမ္ေဆာက္ပစၥည္း လုပ္ငန္းမ်ားကို လုပ္ကိုင္လ်က္ရွိသည္။

ပ်ဥ္းမွ်အားျဖင့္ ထန္းပင္တစ္ဧအတြက္ တစ္ႏွစ္လ်င္ ဝင္ေငြအျဖစ္ က်ပ္ဆယ္သိန္းေက်ာ္ ရရွိႏုိင္သည္ဟု ဒုဝန္ႀကီး ဦးလွေက်ာ္က လႊတ္ေတာ္တြင္ ေျပာၾကားသည္။

“ေလ့လာေတြ႔ရွိခ်က္ေတြအရ ထန္းပင္တစ္ဧက ကေန ပ်ဥ္းမွ် ထန္းသီးခိုင္ဟာ ၃၃၀၀ခန္႔ ရရွိပါတယ္။ ထန္းရည္ တစ္ေန႔ ၁၂လီတာ ရရွိႏုိင္ပါတယ္။ တစ္ရာသီစာ ၄၅ရက္အတြက္ ၅၄၀လီတာ ထြက္ရွိတဲ့အတြက္ တစ္ႏွစ္ဝင္ေငြဟာ က်ပ္ဆယ္သိန္းနဲ႔ ရွစ္ေထာင္ေက်ာ္ခန္႔ ရရွိမွာ ျဖစ္ပါတယ္” ဟု ၎က ေျပာသည္။

ထိုသို႔ ေမွ်ာ္မွန္းဝင္ေငြ ရရွိေသာ္လည္း လက္ရွိအေျခအေနတြင္ ျမန္မာႏုိင္ငံအလယ္ပိုင္းရွိ ထန္းပင္မ်ားသည္ သက္တမ္းႀကီးလြန္းျခင္း၊ အပင္အရပ္ျမင့္လြန္းျခင္း၊ ထန္းတက္လုပ္သား ရွားပါးျခင္း စသည္တုိ႔ေၾကာင့္ ထုတ္လုပ္မႈအပိုင္း က်ဆင္းၿပီး ေဈးကြက္ ေလ်ာ့နည္းလာေနၿပီ ျဖစ္သည္ဟုလည္း ဦးလွေက်ာ္က ဆိုသည္။

အျခားတစ္ဖက္တြင္လည္း ထန္းပင္မ်ားကို ခုတ္လွဲေရာင္းခ်ၿပီး ပရိေဘာဂမ်ား၊ အိမ္ေဆာက္ပစၥည္းမ်ားအျဖစ္ အသံုးျပဳၾကလ်က္ရွိရာ ထန္းပင္တစ္ပင္ ခုတ္လွဲေရာင္းခ်လွ်င္ က်ပ္ေငြ ႏွစ္ေသာင္းခန္႔အထိ ေဈးကြက္ရွိေနသည့္အတြက္ ျမန္မာႏုိင္ငံအလယ္ပိုင္းရွိ ထန္းေတာမ်ား ေရရွည္တည္တံ့ရန္ အဟန္႔အတားမ်ားႏွင့္ ရင္ဆိုင္ေနရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
အဘက်ဘက်မှ နိမ့်ကျလာသည့် ထန်းပိုင်ရှင်များနှင့် ထန်းတောင်သူများအား ၎င်းတို့လုပ်ငန်းနှင့်အတူ ရပ်တည်နိုင်ရေးအတွက် ချေးငွေရရှိရန် စီမံဆောင်ရွက်သွားမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးလှကျော်က ပြောကြားသည်။

မြန်မာနိုင်ငံအလယ်ပိုင်းရှိ ထန်းပင်နှင့်ထန်းတောများ ထိန်းသိမ်းရန်နှင့် ထန်းတောင်သူများဘဝ တိုးတက်မြင့်မားလာစေရေးအတွက် အလေးထားဆောင်ရွက်ပေးရန် နိုဝင်ဘာ ၆ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အောင်မြေသာဇံမဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဒေါက်တာလှမိုး၏ မေးမြန်းမှုအပေါ် ဒုဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“လိုအပ်မယ့် အထောက်အပံ့ အမတော်ကြေး(ချေးငွေ)အတွက်ကို သက်ဆိုင်ရာ စီမံ/ဘဏ္ဍာဝန်ကြီးဌာနနဲ့ ဆက်စပ်ညှိနှိုင်း ဆောင်ရွက်သွားမည်” ဟု ဒုဝန်ကြီး ဦးလှကျော်က ပြောသည်။

ထန်းတောင်သူများ ချေးငွေရရှိရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းသွားမည်ဟု ဒုဝန်ကြီး  ပြောကြားသော်လည်း မည်သည့်ကာလတွင် စတင်ထုတ်ချေးပေးမည်ကိုမူ ၎င်းက “အနှေးနဲ့အမြန် စီမံဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း” ဟုဆိုပြီး အတိအကျ ပြောကြားခဲ့ခြင်း မရှိပေ။

မြန်မာနိုင်ငံအလယ်ပိုင်းတွင် ထန်းပိုင်ရှင်၊ ထန်းတောင်သူဦးရေ သုံးသိန်းခန့်ရှိပြီး ၎င်းတို့ကို မှီခိုနေရသည့် မိသားစုများမှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အဘက်ဘက်တွင် နိမ့်ကျနေသည်ဟု ဒေါက်တာလှမိုးက လွှတ်တော်တွင် ပြောသည်။

“ယနေ့အချိန်မှာ အဘက်ဘက်မှ နိမ့်ကျနေတဲ့ ထန်းပိုင်ရှင်နဲ့ ထန်းတောင်သူတွေနဲ့အတူ မိမိတို့လုပ်ငန်းနဲ့အတူ ဘဝတူရှင်သန်နိုင်ရန် ရပ်တည်နိုင်ရေးအတွက် ထန်းနဲ့ပတ်သက်တဲ့ အမတော်ကြေးတွေ၊ ချေးငွေတွေ ရရှိရေး ဖြစ်ပါတယ်။ နို့မို့ရင် သူတို့ ဘယ်လိုမှ မရပ်တည်နိုင်တော့ပါဘူး။ သူတို့ရဲ့ဘဝ တော်တော်နိမ့်ပါးနေတာကို တွေ့ရပါတယ်။ ဒီနေ့အချိန်ထိ ဘယ်ဝန်ကြီးဌနမှ ခေတ်အဆက်ဆက် တာဝန်ယူဆောင်ရွက်ပေးခြင်း မရှိသလို ဒီနေ့အထိလည်း တာဝန်ယူဆောင်ရွက်ပေးခြင်း မရှိသေးတာကို တွေ့ရပါတယ်” ဟု ၎င်းက ဆိုသည်။

ထန်းပင်များမှာလည်း တစ်နေ့ထက်တစ်နေ့ ခုတ်ယူရောင်းချမှုကြောင့် လျော့နည်းလာသည့်အတွက် ထိန်းသိမ်းကာကွယ်ပေးရန် လိုအပ်နေသည်ဟုလည်း ဒေါက်တာလှမိုးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ထန်းပင်မှထွက်သည့် ထန်းရည်ကို သောက်သုံးကျသလို ထန်းရည်ချိုမှ ထန်းလျက်ချက်လုပ်ငန်း၊ ထန်းပင်မှ ရိုးရာလက်မှုပစ္စည်းပြုလုပ်သည့် လုပ်ငန်းနှင့် ထန်းပင်ကိုခုတ်လှဲပြီး ပရိဘောဂနှင့် အိမ်ဆောက်ပစ္စည်း လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။

ပျဉ်းမျှအားဖြင့် ထန်းပင်တစ်ဧအတွက် တစ်နှစ်လျင် ဝင်ငွေအဖြစ် ကျပ်ဆယ်သိန်းကျော် ရရှိနိုင်သည်ဟု ဒုဝန်ကြီး ဦးလှကျော်က လွှတ်တော်တွင် ပြောကြားသည်။

“လေ့လာတွေ့ရှိချက်တွေအရ ထန်းပင်တစ်ဧက ကနေ ပျဉ်းမျှ ထန်းသီးခိုင်ဟာ ၃၃၀၀ခန့် ရရှိပါတယ်။ ထန်းရည် တစ်နေ့ ၁၂လီတာ ရရှိနိုင်ပါတယ်။ တစ်ရာသီစာ ၄၅ရက်အတွက် ၅၄၀လီတာ ထွက်ရှိတဲ့အတွက် တစ်နှစ်ဝင်ငွေဟာ ကျပ်ဆယ်သိန်းနဲ့ ရှစ်ထောင်ကျော်ခန့် ရရှိမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ မျှော်မှန်းဝင်ငွေ ရရှိသော်လည်း လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံအလယ်ပိုင်းရှိ ထန်းပင်များသည် သက်တမ်းကြီးလွန်းခြင်း၊ အပင်အရပ်မြင့်လွန်းခြင်း၊ ထန်းတက်လုပ်သား ရှားပါးခြင်း စသည်တို့ကြောင့် ထုတ်လုပ်မှုအပိုင်း ကျဆင်းပြီး ဈေးကွက် လျော့နည်းလာနေပြီ ဖြစ်သည်ဟုလည်း ဦးလှကျော်က ဆိုသည်။

အခြားတစ်ဖက်တွင်လည်း ထန်းပင်များကို ခုတ်လှဲရောင်းချပြီး ပရိဘောဂများ၊ အိမ်ဆောက်ပစ္စည်းများအဖြစ် အသုံးပြုကြလျက်ရှိရာ ထန်းပင်တစ်ပင် ခုတ်လှဲရောင်းချလျှင် ကျပ်ငွေ နှစ်သောင်းခန့်အထိ ဈေးကွက်ရှိနေသည့်အတွက် မြန်မာနိုင်ငံအလယ်ပိုင်းရှိ ထန်းတောများ ရေရှည်တည်တံ့ရန် အဟန့်အတားများနှင့် ရင်ဆိုင်နေရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top