Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

အစားအေသာက္ကို ေကာင္းမြန္စြာ စားေသာက္ျခင္း၊ ေလ့က်င့္ခန္းလုပ္ျခင္း၊ ေဆးလိပ္မေသာက္ျခင္း၊ အရက္ကို အလြန္အကၽြံ မေသာက္ျခင္း စတဲ့ အခ်က္ေတြဟာ ေန႔စဥ္စတ္နဲ႔ ခႏၶာကို က်န္းမာေရး ေကာင္းမြန္ေနေစသလိုပဲ ေတးဂီတ သံစဥ္ေတြကေကာ က်န္းမာေရးကို ေကာင္းမြန္ေစသလားဆိုတာကို ေလ့လာခဲ့ၾကပါတယ္။ ေလ့လာမႈအရ ေတးဂီတ တူရိယာ ပစၥည္းတစ္ခုခုကို တီးခတ္ေပးတာဟာ ဘဝအေပၚ ၾကည္ႏူးခံစားမႈကို သိသိသာသာ ရရွိေစေၾကာင္း သိရပါတယ္။ေတးဂီတ၏ က်န္းမာေရးအေပၚ သက္ေရာက္မႈရွိပံု

ေတးဂီတဟာ လူေတြရဲ႕ စိတ္ကို အပန္းေျပေစပါတယ္။ ဒါဟာ စိတ္ဖိစီးမႈေတြထဲကေန ႐ုန္းထြက္ႏိုင္တဲ့ နည္းလမ္းတစ္ခုလည္း ျဖစ္ေနပါတယ္။ ေတးဂီတ အမ်ဳိးအစားေပၚ မူတည္ၿပီး လူေတြရဲ႕ ခံစားခ်က္အလိုက္ လက္ရွိေနရာကေန တျခားေနရာေတြကို ေရာက္ရွိသြားသလို ခံစားရေစကာ ေမွ်ာ္လင့္ခ်က္နဲ႔ သတၱိေတြကိုလည္း တိုးျမင့္ ရရွိလာေစပါတယ္။ ေတးဂီတဆိုတာ လူေတြကို စိတ္အပန္းေျပေအာင္ ကူညီႏိုင္ကာ ဘဝအတြက္ ခြန္အားသစ္ေတြကို ေပးပါတယ္။

ေတးဂီတဟာ ဘဝအခက္အခဲေတြကို ျဖတ္ေက်ာ္ရာမွာ အားျဖင့္ေပးတယ္

အားလပ္ခ်ိန္မွာ သင္တီးခတ္လိုတဲ့ တူရိယာ ပစၥည္းတစ္မ်ဳိးကို ရွာေဖြဝယ္ယူကာ တီးခတ္ေပးပါ။ တူရိယာ တီးခတ္နည္းကို အခ်ိန္ေပး မသင္ႏိုင္ရင္ေတာင္ သူငယ္ခ်င္းထံက တစ္ဆင့္၊ စာအုပ္ေတြက တစ္ဆင့္၊ အြန္လိုင္းက တစ္ဆင့္ သင္ယူေလ့လာႏိုင္ပါတယ္။ တူရိယာကို တီးခတ္ၿပီး ပေရာ္ဖက္ရွင္နယ္အျဖစ္ ရပ္တည္မွာ မဟုတ္တဲ့အတြက္ ဒီေလာက္တီးတတ္ရင္ အဆင္ေျပပါတယ္။

ဦးေႏွာက္စြမ္းအား ေကာင္းေစတယ္

တူရိယာပစၥည္း တစ္ခုခုကို တီးခတ္ရတာ ေပ်ာ္စရာေကာင္းသလို လြယ္လည္း လြယ္ပါတယ္။ အသံျမည္ေအာင္ တီးရတာပဲ ဘယ္သူမဆို တီးတတ္ပါတယ္။ တစ္ခါမွ မတီးခတ္ဖူးေသးတဲ့ တူရိယာပစၥည္းတစ္ခုကို စမ္းသပ္တီးခတ္ ၾကည့္တဲ့အခါ သင္ယူေလ့လာ ေနရတဲ့အတြက္ ဦးေႏွာက္စြမ္းအား ေကာင္းၿပီး အယ္လ္ဇိုင္းမားေရာဂါလို သက္ႀကီးအတိတ္ေမ့ ေရာဂါေတြရဲ႕ ျဖစ္ႏႈန္းကို ေလ်ာ့က်ေစပါတယ္။ ဒါ့အျပင္ ေတြးေခၚဖန္တီးႏိုင္ စြမ္းအားကိုလည္း ေကာင္းမြန္ေစပါတယ္။

အေပါင္းအသင္း ဝင္ဆံ့ေစတယ္

ေတးဂီတဟာ ဘယ္အသက္အရြယ္မဆို၊ ဘယ္လို အသိုင္းအဝုိင္းမွာမဆို တစုတစည္းတည္း ျဖစ္သြားေစၿပီး ေပါင္းသင္းဆက္ဆံေရးကို ခိုင္မာေကာင္းမြန္ေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဇြန္ (Good Health)

# Unicode Version ျဖင့္ ဖတ္ပါ #

အစားအသောက်ကို ကောင်းမွန်စွာ စားသောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဆေးလိပ်မသောက်ခြင်း၊ အရက်ကို အလွန်အကျွံ မသောက်ခြင်း စတဲ့ အချက်တွေဟာ နေ့စဉ်စတ်နဲ့ ခန္ဓာကို ကျန်းမာရေး ကောင်းမွန်နေစေသလိုပဲ တေးဂီတ သံစဉ်တွေကကော ကျန်းမာရေးကို ကောင်းမွန်စေသလားဆိုတာကို လေ့လာခဲ့ကြပါတယ်။ လေ့လာမှုအရ တေးဂီတ တူရိယာ ပစ္စည်းတစ်ခုခုကို တီးခတ်ပေးတာဟာ ဘဝအပေါ် ကြည်နူးခံစားမှုကို သိသိသာသာ ရရှိစေကြောင်း သိရပါတယ်။တေးဂီတ၏ ကျန်းမာရေးအပေါ် သက်ရောက်မှုရှိပုံ

တေးဂီတဟာ လူတွေရဲ့ စိတ်ကို အပန်းပြေစေပါတယ်။ ဒါဟာ စိတ်ဖိစီးမှုတွေထဲကနေ ရုန်းထွက်နိုင်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်နေပါတယ်။ တေးဂီတ အမျိုးအစားပေါ် မူတည်ပြီး လူတွေရဲ့ ခံစားချက်အလိုက် လက်ရှိနေရာကနေ တခြားနေရာတွေကို ရောက်ရှိသွားသလို ခံစားရစေကာ မျှော်လင့်ချက်နဲ့ သတ္တိတွေကိုလည်း တိုးမြင့် ရရှိလာစေပါတယ်။ တေးဂီတဆိုတာ လူတွေကို စိတ်အပန်းပြေအောင် ကူညီနိုင်ကာ ဘဝအတွက် ခွန်အားသစ်တွေကို ပေးပါတယ်။

တေးဂီတဟာ ဘဝအခက်အခဲတွေကို ဖြတ်ကျော်ရာမှာ အားဖြင့်ပေးတယ်

အားလပ်ချိန်မှာ သင်တီးခတ်လိုတဲ့ တူရိယာ ပစ္စည်းတစ်မျိုးကို ရှာဖွေဝယ်ယူကာ တီးခတ်ပေးပါ။ တူရိယာ တီးခတ်နည်းကို အချိန်ပေး မသင်နိုင်ရင်တောင် သူငယ်ချင်းထံက တစ်ဆင့်၊ စာအုပ်တွေက တစ်ဆင့်၊ အွန်လိုင်းက တစ်ဆင့် သင်ယူလေ့လာနိုင်ပါတယ်။ တူရိယာကို တီးခတ်ပြီး ပရော်ဖက်ရှင်နယ်အဖြစ် ရပ်တည်မှာ မဟုတ်တဲ့အတွက် ဒီလောက်တီးတတ်ရင် အဆင်ပြေပါတယ်။

ဦးနှောက်စွမ်းအား ကောင်းစေတယ်

တူရိယာပစ္စည်း တစ်ခုခုကို တီးခတ်ရတာ ပျော်စရာကောင်းသလို လွယ်လည်း လွယ်ပါတယ်။ အသံမြည်အောင် တီးရတာပဲ ဘယ်သူမဆို တီးတတ်ပါတယ်။ တစ်ခါမှ မတီးခတ်ဖူးသေးတဲ့ တူရိယာပစ္စည်းတစ်ခုကို စမ်းသပ်တီးခတ် ကြည့်တဲ့အခါ သင်ယူလေ့လာ နေရတဲ့အတွက် ဦးနှောက်စွမ်းအား ကောင်းပြီး အယ်လ်ဇိုင်းမားရောဂါလို သက်ကြီးအတိတ်မေ့ ရောဂါတွေရဲ့ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။ ဒါ့အပြင် တွေးခေါ်ဖန်တီးနိုင် စွမ်းအားကိုလည်း ကောင်းမွန်စေပါတယ်။

အပေါင်းအသင်း ဝင်ဆံ့စေတယ်

တေးဂီတဟာ ဘယ်အသက်အရွယ်မဆို၊ ဘယ်လို အသိုင်းအဝိုင်းမှာမဆို တစုတစည်းတည်း ဖြစ်သွားစေပြီး ပေါင်းသင်းဆက်ဆံရေးကို ခိုင်မာကောင်းမွန်စေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဇွန် (Good Health)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top